ကိုဗစ်ကာလ အလုပ်လက်မဲ့ဖြစ်သွားသူတွေအတွက် ဘာတွေလုပ်ပေးနေလဲ

ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတခုတွင် အလုပ်လုပ်နေကြတဲ့ အလုပ်သမားများ။ (မေ ၀၈၊ ၂၀၂၀)
(Unicode)⤵⤵⤵
ကိုဗစ်ကာလမှာ ပြည်တွင်းအလုပ်လက်မဲ့ ဖြစ်သွားသူ စက်ရုံလုပ်သား ၂၀၀,၀၀၀ ဝန်းကျင်နဲ့ နေရပ်ပြန် ရွှေ့ပြောင်းလုပ်သား ၁၀၀,၀၀၀ ကျော်တို့အတွက် အလုပ်သမားရေးရာဌာနက ဘာတွေဆောင်ရွက်ပေးနေလဲဆိုတာကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက တင်ဆက်ပေးပါမယ်။

ကိုဗစ်ကပ်ရောဂါဖြစ်နေချိန် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ မလေးရှားမှာ သွားရောက်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းလုပ်သားအများစုဟာ သူတို့ရဲ့လုပ်ငန်းခွင် ပိတ်သိမ်းမှုတွေကြောင့် ပြည်တွင်းကို အလုံးအရင်းနဲ့ ပြန်ဝင်လာကြတာ ၁၀၀,၀၀၀ ကျော် ရှိထားပါပြီ။

ပြန်ဝင်လာသူတွေထဲမှာ တဘက်နိုင်ငံမှာရှိတဲ့ သူတို့ရဲ့လုပ်ငန်းခွင်ကို ပြန်သွားကြမယ့်သူတွေရှိသလို၊ အလုပ်လက်မဲ့ဖြစ်သွားလို့ အပြီးပြန်ဝင်လာကြသူတွေလည်း ရှိနေပါတယ်။

အခုလို နေရပ်ကိုပြန်လာသူ ၁၀၀,၀၀၀ ကျော်အတွက် ပြည်တွင်းအလုပ်အကိုင်တွေနဲ့ ချိတ်ဆက်ပေးနိုင်ဖို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက စာရင်းပြုစုဆောင်ရွက်နေတယ်လို့ သိရပါတယ်။

“ကြိုးစားနေတဲ့အပိုင်းတွေ ရှိတာပေါ့နော်။ ဒါပေမဲ့လည်း ဒီကာလမှာတော့ အများကြီးပေါင်းစပ်လုပ်ရမှာပေါ့။ ဘာကြိုးစားလည်းဆိုတော့ အခုပြည်ပကပြန်လာတဲ့ အလုပ်သမားတွေနဲ့ပတ်သက်လို့ သူတို့ရဲ့ကျွမ်းကျင်မှုတွေကို ပြည်နယ်နဲ့တိုင်းအလိုက် စာရင်းဇယားတွေလုပ်နေတာပေါ့။ သက်ဆိုင်ရာဝန်ကြီးဌာနတွေပဲဖြစ်ဖြစ်၊ နိုင်ငံတော်အဆင့်ပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကပဲဖြစ်ဖြစ် အလုပ်အကိုင်တွေဖော်လာလို့ရှိရင် ချိတ်ဆက်ပေးနိုင်အောင် ကြိုးစားပြီး စာရင်းပြုစုနေတာပေါ့နော်။ ဒီပြည်တွင်းမှာလည်း အခုဆိုရင် ၉၆ ရုံလောက်ရှိတာပေါ့။ သူတို့အလုပ်အကိုင်ပြန်ဖွင့်ပြီး လူ ၁၄,၀၀၀ လောက် အလုပ်ပြန်ခန့်ပေးနေတာပေါ့နော်။”

ဒါကတော့ အလုပ်သမားရေးရာ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်ပြောသွားတာပါ။ အလုပ်ရှင်အလုပ်သမားကြား အလုပ်အကိုင်ရရှိရေးကို ချိတ်ဆက်ပေးနေတယ်လို့ သူကဆိုပါတယ်။

အလုပ်ရုံတွေ ပိတ်သိမ်းလိုက်လို့ အလုပ်လက်မဲ့ဖြစ်သွားသူတွေနဲ့ ယာယီလုပ်ငန်းခွင်ရပ်နားထားလို့ အထောက်အပံ့မဲ့နေသူတွေလည်း ရှိလို့နေပါတယ်။ ကိုဗစ်ကြောင့် ပြည်တွင်းမှာ အလုပ်လက်မဲ့ဖြစ်သွားသူဦးရေကတော့ ၂၀၀,၀၀၀ ဝန်းကျင်အထိရှိနေတာပါ။

ကိုဗစ်ကြောင့်အလုပ်လက်မဲ့ ဖြစ်သွားသူတွေထဲက အထည်ချုပ်အလုပ်သမားတွေအတွက် ဥရောပသမဂ္ဂကနေ မြန်မာကျပ်ငွေ ၈ ဘီလီယံ နီးပါးညီမျှတဲ့ ယူရိုငွေ ၅,၀၀၀,၀၀၀ လျာထား ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် အစိုးရဘက်ပိုင်းမှာတော့ အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမားတွေကို ထောက်ပံ့ပေးနေတာမျိုး မရှိဘဲ အခုထုတ်ပေးနေတဲ့ လူမှုဖူလုံရေးကြေး ၄၀ ရာခိုင်နှုန်းဟာလည်း ကန့်သတ်ချက်တွေရှိနေတယ်လို့ စက်မှုလက်မှု အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်က ဦးသက်နှင်းအောင်က ပြောပါတယ်။

“အလုပ်သမားတွေသည် ဒီကာလအတွင်းမှာ အလုပ်သစ်ရှာဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့ကာလ ဖြစ်တယ်ပေါ့နော်။ အဲဒီလိုကာလအတွင်းမှာ အစိုးရကနေထောက်ပံ့တဲ့ ထောက်ပံ့ကြေးဟာလည်း တကယ်တော့အလုပ်ပြုတ်သွားတဲ့ အလုပ်သမားတွေအတွက် ထောက်ပံ့တာမရှိဘဲနဲ့ ဝင်ရောက်စစ်ဆေးခံဖို့အတွက် ဖူလုံရေးထဲကနေပြီးမှ လစာရဲ့ ၄၀ရာခိုင်နှုန်းပေါ့။ အဲတော့ တွက်ကြည့်လိုက်တဲ့အခါမှာလည်း ကျနော်တို့ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ၅၀,၀၀၀ တောင်မပြည့်တဲ့ ငွေကြေးဖြစ်ပါတယ်။ ဒီဟာကလည်း လုံလောက်တယ်လို့ပြောဖို့ နေနေသာသာ အထောက်အပံ့ဖြစ်တယ်လို့ ပြောရမယ့်အနေအထားကိုတောင်မှ မရောက်တာကို ကျနော်တို့က သွားတွေ့ရတယ်ခင်ဗျ။”

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အနေနဲ့ လူမှုဖူလုံရေး အကျုံးဝင်သူတိုင်းကို ထုတ်ပေးနေတယ်လို့ အလုပ်သမားရေးရာ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က အခုလိုပြောပါတယ်။

“ပြည်တွင်းမှာတော့ လူမှုဖူလုံရေးအကျုံးဝင်သူတွေကို အမျိုးအစား နှစ်မျိုးနဲ့ ဆောင်ရွက်ပေးနေတယ်။ လူမှုဖူလုံရေး အကျုံးဝင်ပြီးတော့ အလုပ်ရပ်နားခံရတာတို့၊ အလုပ်ပိတ်တဲ့ကာလမှာ ခံစားခွင့်မရသူတွေကိုကျတော့ လူမှုထောက်ပံ့ရေး လုပ်ခလစာ ၄၀ ရာခိုင်နှုန်းကို ထောက်ပံ့နေတာပေါ့။ တို့တွေလုပ်ပေးနိုင်တာကတော့ လူမှုဖူလုံရေး ဆောင်ရွက်ပေးခဲ့ပြီးပြီ။ အခုလည်းဆောင်ရွက်ဆဲပဲ။ တောင်းနေတာတွေ ပေးနေတုန်းပဲလေနော်။”

အစိုးရကဆောင်ရွက်နေတဲ့ လူမှုဖူလုံရေးထောက်ပံ့ငွေဟာ ထုတ်ယူနိုင်ဖို့ ကန့်သတ်ချက်တွေရှိနေပြီး အလုပ်လက်မဲ့ဖြစ်သူတိုင်းအတွက် အကျိုးခံစားခွင့် မရှိတာကြောင့် ဒါတွေကိုဖြေရှင်းဆောင်ရွက်ပေးဖို့ အလုပ်သမားရေးကူညီနေသူတွေက ထောက်ပြပြောဆိုနေတာပါ။

တဆက်တည်းမှာပဲ ကိုဗစ်ကာလအတွင်း အလုပ်ရှင်တွေရဲ့ အခက်အခဲကိုနားလည် သဘောပေါက်ပေမယ့် ဒီကာလကိုအကြောင်းပြပြီး စက်ရုံ၊ အလုပ်ရုံတွေ ပိတ်တာကို အစိုးရအနေနဲ့ အလွယ်တကူခွင့် မပြုသင့်ဘဲ သေချာစိစစ်ပေးဖို့ကို တောင်းဆိုနေကြပါတယ်။

စုစု  / ဗွီအိုအေ (မြန်မာပိုင်း)
--------------------------------------------
(Zawgyi)⤵⤵⤵
ကိုဗစ္ကာလ အလုပ္လက္မဲ့ျဖစ္သြားသူေတြအတြက္ ဘာေတြလုပ္ေပးေနလဲ

ကိုဗစ္ကာလမွာ ျပည္တြင္းအလုပ္လက္မဲ့ ျဖစ္သြားသူ စက္႐ုံလုပ္သား ၂၀၀,၀၀၀ ဝန္းက်င္နဲ႔ ေနရပ္ျပန္ ေ႐ႊ႕ေျပာင္းလုပ္သား ၁၀၀,၀၀၀ ေက်ာ္တို႔အတြက္ အလုပ္သမားေရးရာဌာနက ဘာေတြေဆာင္႐ြက္ေပးေနလဲဆိုတာကို ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ မစုစုက တင္ဆက္ေပးပါမယ္။

ကိုဗစ္ကပ္ေရာဂါျဖစ္ေနခ်ိန္ အိမ္နီးခ်င္းႏိုင္ငံေတြျဖစ္တဲ့ ထိုင္းနဲ႔ မေလးရွားမွာ သြားေရာက္လုပ္ကိုင္ေနတဲ့ ေ႐ႊ႕ေျပာင္းလုပ္သားအမ်ားစုဟာ သူတို႔ရဲ႕လုပ္ငန္းခြင္ ပိတ္သိမ္းမႈေတြေၾကာင့္ ျပည္တြင္းကို အလုံးအရင္းနဲ႔ ျပန္ဝင္လာၾကတာ ၁၀၀,၀၀၀ ေက်ာ္ ရွိထားပါၿပီ။

ျပန္ဝင္လာသူေတြထဲမွာ တဘက္ႏိုင္ငံမွာရွိတဲ့ သူတို႔ရဲ႕လုပ္ငန္းခြင္ကို ျပန္သြားၾကမယ့္သူေတြရွိသလို၊ အလုပ္လက္မဲ့ျဖစ္သြားလို႔ အၿပီးျပန္ဝင္လာၾကသူေတြလည္း ရွိေနပါတယ္။

အခုလို ေနရပ္ကိုျပန္လာသူ ၁၀၀,၀၀၀ ေက်ာ္အတြက္ ျပည္တြင္းအလုပ္အကိုင္ေတြနဲ႔ ခ်ိတ္ဆက္ေပးႏိုင္ဖို႔ကို အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဝန္ႀကီးဌာနက စာရင္းျပဳစုေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။

“ႀကိဳးစားေနတဲ့အပိုင္းေတြ ရွိတာေပါ့ေနာ္။ ဒါေပမဲ့လည္း ဒီကာလမွာေတာ့ အမ်ားႀကီးေပါင္းစပ္လုပ္ရမွာေပါ့။ ဘာႀကိဳးစားလည္းဆိုေတာ့ အခုျပည္ပကျပန္လာတဲ့ အလုပ္သမားေတြနဲ႔ပတ္သက္လို႔ သူတို႔ရဲ႕ကြၽမ္းက်င္မႈေတြကို ျပည္နယ္နဲ႔တိုင္းအလိုက္ စာရင္းဇယားေတြလုပ္ေနတာေပါ့။ သက္ဆိုင္ရာဝန္ႀကီးဌာနေတြပဲျဖစ္ျဖစ္၊ ႏိုင္ငံေတာ္အဆင့္ပဲျဖစ္ျဖစ္၊ ပုဂၢလိကပဲျဖစ္ျဖစ္ အလုပ္အကိုင္ေတြေဖာ္လာလို႔ရွိရင္ ခ်ိတ္ဆက္ေပးႏိုင္ေအာင္ ႀကိဳးစားၿပီး စာရင္းျပဳစုေနတာေပါ့ေနာ္။ ဒီျပည္တြင္းမွာလည္း အခုဆိုရင္ ၉၆ ႐ုံေလာက္ရွိတာေပါ့။ သူတို႔အလုပ္အကိုင္ျပန္ဖြင့္ၿပီး လူ ၁၄,၀၀၀ ေလာက္ အလုပ္ျပန္ခန႔္ေပးေနတာေပါ့ေနာ္။”

ဒါကေတာ့ အလုပ္သမားေရးရာ အၿမဲတမ္းအတြင္းဝန္ ဦးမ်ိဳးေအာင္ေျပာသြားတာပါ။ အလုပ္ရွင္အလုပ္သမားၾကား အလုပ္အကိုင္ရရွိေရးကို ခ်ိတ္ဆက္ေပးေနတယ္လို႔ သူကဆိုပါတယ္။

အလုပ္႐ုံေတြ ပိတ္သိမ္းလိုက္လို႔ အလုပ္လက္မဲ့ျဖစ္သြားသူေတြနဲ႔ ယာယီလုပ္ငန္းခြင္ရပ္နားထားလို႔ အေထာက္အပံ့မဲ့ေနသူေတြလည္း ရွိလို႔ေနပါတယ္။ ကိုဗစ္ေၾကာင့္ ျပည္တြင္းမွာ အလုပ္လက္မဲ့ျဖစ္သြားသူဦးေရကေတာ့ ၂၀၀,၀၀၀ ဝန္းက်င္အထိရွိေနတာပါ။

ကိုဗစ္ေၾကာင့္အလုပ္လက္မဲ့ ျဖစ္သြားသူေတြထဲက အထည္ခ်ဳပ္အလုပ္သမားေတြအတြက္ ဥေရာပသမဂၢကေန ျမန္မာက်ပ္ေငြ ၈ ဘီလီယံ နီးပါးညီမွ်တဲ့ ယူ႐ိုေငြ ၅,၀၀၀,၀၀၀ လ်ာထား ေထာက္ပံ့ေပးေနတယ္လို႔ သိရပါတယ္။ ဒါေပမယ့္ အစိုးရဘက္ပိုင္းမွာေတာ့ အလုပ္လက္မဲ့ျဖစ္သြားတဲ့ အလုပ္သမားေတြကို ေထာက္ပံ့ေပးေနတာမ်ိဳး မရွိဘဲ အခုထုတ္ေပးေနတဲ့ လူမႈဖူလုံေရးေၾကး ၄၀ ရာခိုင္ႏႈန္းဟာလည္း ကန႔္သတ္ခ်က္ေတြရွိေနတယ္လို႔ စက္မႈလက္မႈ အလုပ္သမားသမဂၢအဖြဲ႕ခ်ဳပ္က ဦးသက္ႏွင္းေအာင္က ေျပာပါတယ္။

“အလုပ္သမားေတြသည္ ဒီကာလအတြင္းမွာ အလုပ္သစ္ရွာဖို႔ဆိုတာ အင္မတန္ခက္ခဲတဲ့ကာလ ျဖစ္တယ္ေပါ့ေနာ္။ အဲဒီလိုကာလအတြင္းမွာ အစိုးရကေနေထာက္ပံ့တဲ့ ေထာက္ပံ့ေၾကးဟာလည္း တကယ္ေတာ့အလုပ္ျပဳတ္သြားတဲ့ အလုပ္သမားေတြအတြက္ ေထာက္ပံ့တာမရွိဘဲနဲ႔ ဝင္ေရာက္စစ္ေဆးခံဖို႔အတြက္ ဖူလုံေရးထဲကေနၿပီးမွ လစာရဲ႕ ၄၀ရာခိုင္ႏႈန္းေပါ့။ အဲေတာ့ တြက္ၾကည့္လိုက္တဲ့အခါမွာလည္း က်ေနာ္တို႔ပြင့္ပြင့္လင္းလင္းေျပာရရင္ေတာ့ ၅၀,၀၀၀ ေတာင္မျပည့္တဲ့ ေငြေၾကးျဖစ္ပါတယ္။ ဒီဟာကလည္း လုံေလာက္တယ္လို႔ေျပာဖို႔ ေနေနသာသာ အေထာက္အပံ့ျဖစ္တယ္လို႔ ေျပာရမယ့္အေနအထားကိုေတာင္မွ မေရာက္တာကို က်ေနာ္တို႔က သြားေတြ႕ရတယ္ခင္ဗ်။”

အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဝန္ႀကီးဌာန အေနနဲ႔ လူမႈဖူလုံေရး အက်ဳံးဝင္သူတိုင္းကို ထုတ္ေပးေနတယ္လို႔ အလုပ္သမားေရးရာ အၿမဲတမ္းအတြင္းဝန္ ဦးမ်ိဳးေအာင္က အခုလိုေျပာပါတယ္။

“ျပည္တြင္းမွာေတာ့ လူမႈဖူလုံေရးအက်ဳံးဝင္သူေတြကို အမ်ိဳးအစား ႏွစ္မ်ိဳးနဲ႔ ေဆာင္႐ြက္ေပးေနတယ္။ လူမႈဖူလုံေရး အက်ံဳးဝင္ၿပီးေတာ့ အလုပ္ရပ္နားခံရတာတို႔၊ အလုပ္ပိတ္တဲ့ကာလမွာ ခံစားခြင့္မရသူေတြကိုက်ေတာ့ လူမႈေထာက္ပံ့ေရး လုပ္ခလစာ ၄၀ ရာခိုင္ႏႈန္းကို ေထာက္ပံ့ေနတာေပါ့။ တို႔ေတြလုပ္ေပးႏိုင္တာကေတာ့ လူမႈဖူလုံေရး ေဆာင္႐ြက္ေပးခဲ့ၿပီးၿပီ။ အခုလည္းေဆာင္႐ြက္ဆဲပဲ။ ေတာင္းေနတာေတြ ေပးေနတုန္းပဲေလေနာ္။”

အစိုးရကေဆာင္႐ြက္ေနတဲ့ လူမႈဖူလုံေရးေထာက္ပံ့ေငြဟာ ထုတ္ယူႏိုင္ဖို႔ ကန႔္သတ္ခ်က္ေတြရွိေနၿပီး အလုပ္လက္မဲ့ျဖစ္သူတိုင္းအတြက္ အက်ိဳးခံစားခြင့္ မရွိတာေၾကာင့္ ဒါေတြကိုေျဖရွင္းေဆာင္႐ြက္ေပးဖို႔ အလုပ္သမားေရးကူညီေနသူေတြက ေထာက္ျပေျပာဆိုေနတာပါ။

တဆက္တည္းမွာပဲ ကိုဗစ္ကာလအတြင္း အလုပ္ရွင္ေတြရဲ႕ အခက္အခဲကိုနားလည္ သေဘာေပါက္ေပမယ့္ ဒီကာလကိုအေၾကာင္းျပၿပီး စက္႐ုံ၊ အလုပ္႐ုံေတြ ပိတ္တာကို အစိုးရအေနနဲ႔ အလြယ္တကူခြင့္ မျပဳသင့္ဘဲ ေသခ်ာစိစစ္ေပးဖို႔ကို ေတာင္းဆိုေနၾကပါတယ္။

စုစု  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/myanmar-covid-labour-woker/5458445.html
ကိုဗစ်ကာလ အလုပ်လက်မဲ့ဖြစ်သွားသူတွေအတွက် ဘာတွေလုပ်ပေးနေလဲ ကိုဗစ်ကာလ အလုပ်လက်မဲ့ဖြစ်သွားသူတွေအတွက် ဘာတွေလုပ်ပေးနေလဲ Reviewed by THITHTOOLWIN on 20:46 Rating: 5
Powered by Blogger.