ကော့စ်ဘဇား မြန်မာဒုက္ခသည်စခန်းတွင် ကိုရိုနာကြောင့် နောက်ထပ် နှစ်ဦးသေဆုံး


(Unicode)⤵⤵⤵
နိရဉ္စရာ၊ ဇွန် ၁၁/ ၂ဝ၂ဝ

ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားရှိ မြန်နိုင်ငံမှ ထွက်ပြေးခိုလှုံနေသည့် မူဆလင် ဒုက္ခသည်စခန်းတွင် နောက်ထပ် နှစ်ဦး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဇွန်လ ၆ ရက်နေ့က သေဆုံးသွားခဲ့သည်ဟု Ukhiyanews တွင် သတင်းဖော်ပြသည်။

သေဆုံးသူနှစ်ဦးစလုံးမှာ အမျိုးသားများဖြစ်ကြပြီး တစ်ဦးမှာ စခန်းအမှတ် (၁ဝ) တွင်နေထိုင်သည့် အသက် (၆၅) နှစ် အရွယ်ရှိသူ တစ်ဦးနှင့် နောက်တစ်ဦးမှာ စခန်းအမှတ် (၆) မှ အသက် ၆ဝ နှစ်အရွယ်ရှိသူ ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

ယခုလက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃ ဦးရှိသွားပြီဟု သိရသည်။

လက်ရှိ အချိန်ထိ စခန်းထဲတွင် ရောဂါ ကူးစက်နေသူ ၃၅ ဦးရှိသည့်အနက် ၃ ဦးသေကာ ၂ ဦးပြန်သက်သာလာပြီး ၃ဝ ဦးမှာ ဆေးကုသနေရသည်ဟု သတင်းတွင်ဖော်ပြထားသည်။

ဘင်္ဂလာဒေ့ရှ် တစ်နိုင်ငံလုံးတွင် ယနေ့နံနက်ထိ ရောဂါကူးစက်ခံနေရသူ ၇၄၈၆၅ ဦးရှိပြီး သေဆုံးသူမှာ ၁ဝ၁၂ ဦးနှင့် ပြန်ကောင်းလာသူမှာ ၁၅၈၉၉ ဦးရှိကြောင်း The Daily Star တွင် သတင်းဖော်ပြသည်။

Narinjara
------------------------------------
(Zawgyi)⤵⤵⤵

နိရဉ္စရာ၊ ဇွန် ၁၁/ ၂ဝ၂ဝ






Narinjara
https://www.facebook.com/narinjara.info
ကော့စ်ဘဇား မြန်မာဒုက္ခသည်စခန်းတွင် ကိုရိုနာကြောင့် နောက်ထပ် နှစ်ဦးသေဆုံး ကော့စ်ဘဇား မြန်မာဒုက္ခသည်စခန်းတွင် ကိုရိုနာကြောင့် နောက်ထပ် နှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 20:45 Rating: 5
Powered by Blogger.