အမေရိကန်မှာ COVID-19 ကူးစက်သူ ၂ သန်းကျော်ပြီ


(Unicode)⤵⤵⤵
Johns Hopkins တက္ကသိုလ် ကိုရိုနာဗိုင်းရပ်စ် သုတေသန စင်တာနောက်ဆုံးရ စာရင်းတွေအရ အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၂,၀၀၀,၀၀၀ ကျော်၊ သေဆုံးသူ ၁၁၀,၀၀၀ ကျော်နဲ့ တကမ္ဘာလုံးမှာ ကူးစက်မှု အများဆုံးဖြစ်နေပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဒီသီတင်းပတ်တွေထဲ အသွားအလာတွေကိုဖြေလျှော့ပေး လိုက်တဲ့အတွက် ရောဂါကူးစက်မှုနှုန်း ပိုတိုးလာတာပါ။ Arizona ၊ New Mexico ၊ Texas နဲ့ Utah အပါအဝင် ပြည်နယ် ၂၁ ခုမှာ ရောဂါကူးစက်မှုနှုန်း မြင့်တက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ လကုန်ပိုင်းက လူမည်း အမျိုးသား ၁ ဦးကို ရဲက ဖမ်းဆီးတဲ့အချိန်မှာ သေဆုံးခဲ့တဲ့ အပေါ်နိုင်ငံအဝှမ်း လူစုလူဝေးနဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာကြောင့် ရောဂါကူးစက်မှုနှုန်း ပိုတိုးလာမှာကို ကျန်းမာရေး ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်မှာတော့ Disneyland နဲ့ Disney California Adventure ဥယျာဉ်တွေကို Disneyland အပန်းဖြေဥယျာဉ်စတင်ဖွင့်လှစ်ခဲ့တဲ့ ၆၅ နှစ်မြောက်နှစ်ပတ်လည်နေ့ ဖြစ်တဲ့ ဇူလိုင်လ ၁၇ ရက်နေ့က စပြီး သတ်မှတ်အဆင့်တွေနဲ့ တဖြည်းဖြည်းပြန် ဖွင့်သွားမယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ Florida ပြည်နယ် Orlando မြို့က Disneyland ဥယျာဉ်တွေကိုလည်း ဇူလိုင်လ အလယ်လောက်မှာ ပြန်ပြီးဖွင့်သွားမယ်လို့ ကြေညာထားပါတယ်။

ရောဂါကူးစက်သူ ၁,၀၀၀,၀၀၀ သန်းကျော်နဲ့ သေဆုံးသူ ၇၀,၀၀၀ ကျော်နေပြီဖြစ်တဲ့ လက်တင်အမေရိကတိုက်နိုင်ငံတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရာ အချက်အချာ နေရာသစ်တွေဖြစ်လာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ကပြောပါတယ်။

ဘရာဇီးနိုင်ငံမှာ ကူးစက်သူ စုစုပေါင်း ၇၇၀,၀၀၀ ကျော်နဲ့ ဒေသတွင်း ရောဂါကူးစက်မှုဒဏ်ကို အများဆုံးခံနေရသလို အမေရိကန်ပြီးရင် ကမ္ဘာမှာ ကူးစက်မှုနှုန်း ဒုတိယနေရာမှာရှိနေပါတယ်။ ပီရူးနိုင်ငံမှာ ကူးစက်သူပေါင်း ၂၀၀,၀၀၀ ကျော်၊ ချီလီမှာ ၁၄၀,၀၀၀ ကျော်နဲ့ မက္ကဆီကိုမှာ ၁၂၀,၀၀၀ ကျော်ရှိပါတယ်။

ဗုဒ္ဓဟူးနေ့ထိ နောက်ဆုံးရ စာရင်းတွေအရ တကမ္ဘာလုံးမှာ ရောဂါကူးစက်ခံထားရသူ ၇,၃၀၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၄၁၀,၀၀၀ ကျော်နေပြီ ဖြစ်ပါတယ်ရှင်။

ဗွီအိုအေ (မြန်မာပိုင်း)
--------------------------------------------
(Zawgyi)⤵⤵⤵
အေမရိကန္မွာ COVID-19 ကူးစက္သူ ၂ သန္းေက်ာ္ၿပီ

Johns Hopkins တကၠသိုလ္ ကို႐ိုနာဗိုင္းရပ္စ္ သုေတသန စင္တာေနာက္ဆုံးရ စာရင္းေတြအရ အေမရိကန္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္သူ ၂,၀၀၀,၀၀၀ ေက်ာ္၊ ေသဆုံးသူ ၁၁၀,၀၀၀ ေက်ာ္နဲ႔ တကမာၻလုံးမွာ ကူးစက္မႈ အမ်ားဆုံးျဖစ္ေနပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ ဒီသီတင္းပတ္ေတြထဲ အသြားအလာေတြကိုေျဖေလွ်ာ့ေပး လိုက္တဲ့အတြက္ ေရာဂါကူးစက္မႈႏႈန္း ပိုတိုးလာတာပါ။ Arizona ၊ New Mexico ၊ Texas နဲ႔ Utah အပါအဝင္ ျပည္နယ္ ၂၁ ခုမွာ ေရာဂါကူးစက္မႈႏႈန္း ျမင့္တက္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ လကုန္ပိုင္းက လူမည္း အမ်ိဳးသား ၁ ဦးကို ရဲက ဖမ္းဆီးတဲ့အခ်ိန္မွာ ေသဆုံးခဲ့တဲ့ အေပၚႏိုင္ငံအဝွမ္း လူစုလူေဝးနဲ႔ ဆႏၵျပပြဲေတြ ေပၚေပါက္ေနတာေၾကာင့္ ေရာဂါကူးစက္မႈႏႈန္း ပိုတိုးလာမွာကို က်န္းမာေရး ပညာရွင္ေတြက စိုးရိမ္ေနၾကပါတယ္။

ကယ္လီဖိုးနီးယားျပည္နယ္မွာေတာ့ Disneyland နဲ႔ Disney California Adventure ဥယ်ာဥ္ေတြကို Disneyland အပန္းေျဖဥယ်ာဥ္စတင္ဖြင့္လွစ္ခဲ့တဲ့ ၆၅ ႏွစ္ေျမာက္ႏွစ္ပတ္လည္ေန႔ ျဖစ္တဲ့ ဇူလိုင္လ ၁၇ ရက္ေန႔က စၿပီး သတ္မွတ္အဆင့္ေတြနဲ႔ တျဖည္းျဖည္းျပန္ ဖြင့္သြားမယ္လို႔ တာဝန္ရွိသူေတြကေျပာပါတယ္။ Florida ျပည္နယ္ Orlando ၿမိဳ႕က Disneyland ဥယ်ာဥ္ေတြကိုလည္း ဇူလိုင္လ အလယ္ေလာက္မွာ ျပန္ၿပီးဖြင့္သြားမယ္လို႔ ေၾကညာထားပါတယ္။

ေရာဂါကူးစက္သူ ၁,၀၀၀,၀၀၀ သန္းေက်ာ္နဲ႔ ေသဆုံးသူ ၇၀,၀၀၀ ေက်ာ္ေနၿပီျဖစ္တဲ့ လက္တင္အေမရိကတိုက္ႏိုင္ငံေတြဟာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ရာ အခ်က္အခ်ာ ေနရာသစ္ေတြျဖစ္လာတယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီး WHO ကေျပာပါတယ္။

ဘရာဇီးႏိုင္ငံမွာ ကူးစက္သူ စုစုေပါင္း ၇၇၀,၀၀၀ ေက်ာ္နဲ႔ ေဒသတြင္း ေရာဂါကူးစက္မႈဒဏ္ကို အမ်ားဆုံးခံေနရသလို အေမရိကန္ၿပီးရင္ ကမာၻမွာ ကူးစက္မႈႏႈန္း ဒုတိယေနရာမွာရွိေနပါတယ္။ ပီ႐ူးႏိုင္ငံမွာ ကူးစက္သူေပါင္း ၂၀၀,၀၀၀ ေက်ာ္၊ ခ်ီလီမွာ ၁၄၀,၀၀၀ ေက်ာ္နဲ႔ မကၠဆီကိုမွာ ၁၂၀,၀၀၀ ေက်ာ္ရွိပါတယ္။

ဗုဒၶဟူးေန႔ထိ ေနာက္ဆုံးရ စာရင္းေတြအရ တကမာၻလုံးမွာ ေရာဂါကူးစက္ခံထားရသူ ၇,၃၀၀,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၄၁၀,၀၀၀ ေက်ာ္ေနၿပီ ျဖစ္ပါတယ္ရွင္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/covid-main/5458459.html 
အမေရိကန်မှာ COVID-19 ကူးစက်သူ ၂ သန်းကျော်ပြီ အမေရိကန်မှာ COVID-19 ကူးစက်သူ ၂ သန်းကျော်ပြီ Reviewed by THITHTOOLWIN on 20:46 Rating: 5
Powered by Blogger.