နိုင်ငံရေးအရအသုံးချခံရတဲ့ ကမ္ဘာ့ကပ်ရောဂါ အခြေအနေပိုဆိုးလာ

WHO အကြီးအကဲ ဒေါက္တာ Tedros Adhanom Ghebreyesus
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ တိုက်ဖျက်ရေးမှာ ဗိုင်းရပ်စ် ထက် ပိုပြီး ကြီးမားလာတဲ့ ခြိမ်းခြောက်မှုက ကမ္ဘာ့ဦးဆောင်မှု လစ်ဟင်းလာတာ ဖြစ်ပြီး ကပ်ဘေး အရေးက နိုင်ငံရေးအသွင်ဆောင်လာနေတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO အကြီးအကဲက တနလာင်္နေ့မှာ ပြောဆိုလိုက်ပါတယ်။

အမျိုးသား ညီညွတ်မှုနဲ့ ကမ္ဘာတလွှား စည်းရုံးမှု အရေးတကြီး လိုအပ်နေပါတယ်။ ကပ်ဘေးရောဂါကို နိုင်ငံရေး ဇာတ်သွင်းတာကြောင့် ပိုပြီး ကြီးထွားလာနေတယ်လို့ WHO အကြီးအကဲ ဒေါက်တာ Tedros Adhanom Ghebreyesus က တနလာင်္နေ့က ရုပ်သံကနေ တဆင့် ဒူဘိုင်းအခြေစိုက် World Government Summit မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်မှာ အကြီးမားဆုံး ခြိမ်းခြောက်မှုက ဗိုင်းရပ်စ် မဟုတ်တော့ဘဲ ကမ္ဘာမှာ စည်းလုံးညီညွတ်မှုနဲ့ ခေါင်းဆောင်မှု မရှိတာ ဖြစ်တယ်လို့ WHO အကြီးအကဲ ဒေါက်တာ Tedros Adhanom Ghebreyesus က ထပ်လောင်း ပြောပါတယ်။

ကပ်ရောဂါဘေး အရေးကို နိုင်ငံရေး ဇာတ်သွင်းနေတယ်လို့ သူထင်မြင် ယူဆထားသူ ဘယ်သူ ဆိုတာကိုတော့ WHO အကြီးအကဲက ပြောဆိုမသွားပါဘူး။ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှုကို WHO က တုံ့ပြန် ကိုင်တွယ်မှု သိပ်ပြီး နှေးကွေးလွန်းတယ်၊ နောက် တရုတ်ကို သိပ်ပြီး အမွှန်းတင်တယ်လို့ အမေရိကန် သမ္မတ Donald Trump က ဝေဖန်ထားတာပါ။ ဒါ့အပြင် WHO ကို ပေးနေတဲ့ အမေရိကန် ရံပုံငွေ အားလုံးကို ဖြတ်ဖို့လည်း ခြိမ်းခြောက်ထားတာပါ။

ကမ္ဘာတလွှား COVID 19 ကူးစက်မှုကတော့ တနလာင်္နေ့မှာ ၉ သန်းကျော်ထိ ရောက်ရှိသွားပါပြီ။ ကမ္ဘာတလွှား COVID-19 ကူးစက်သူ လူနာသစ်က တနင်္ဂနွေနေ့မှာ ၁၈၃,၀၀၀ ထိ တိုးမြင့် ရောက်ရှိခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က ပြောဆိုလိုက်ပြီး ဒါဟာဆိုရင် ကပ်ရောဂါဘေး ကာလအတွင်း တရက်တည်းနဲ့ အများဆုံး စံချိန်တင် ကူုးစက်ခံရမှု ဖြစ်ပါတယ်။

အမေရိကတိုက် နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှု အဓိက ဖြစ်ပွားနေတယ်လို့ WHO တာဝန်ရှိသူတွေက သီတင်းပတ် အတော်ကြာ ကတည်းက ပြောဆိုနေတာ ဖြစ်ပြီး တနင်္ဂနွေနေ့ တရက်တည်းမှာတင် ဒေသတွင်း ကူးစက်မှု ၁၁၆,၀၀၀ ကျော် ရှိခဲ့တာကို တွေ့ရပါတယ်။ ဘရာဇီလ်းနိုင်ငံက ကူးစက်ခံ လူနာသစ် ၅၅,၀၀၀ နီးပါးနဲ့ အများဆုံး ဖြစ်ပြီး အမေရိကန် ပြည်ထောင်စုက ကူးစက်ခံ လူနာသစ် ၃၆,၀၀၀ ကျော်နဲ့ ဒုတိယ၊ နောက် အိန္ဒိယက ကူးစက်ခံ လူနာသစ် ၁၅,၀၀၀ လောက်ရှိပြီး တတိယ အများဆုံး ဖြစ်ပါတယ်။

COVID ကူးစက်ခံ မရှိေတော့ဘူးလို့ ကြေညာခဲ့တဲ့ နယူးဇီလန် နိုင်ငံမှာ တနလာင်္နေ့က ဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာသစ် ၂ ဦး အပါအဝင် ကူးစက်ခံရသူ ၉ ဦး ရှိလာပြီးနောက်မှာတော့ နိုင်ငံတွင်း ဗိုင်းရပ်စ် ပျံ့နှံ့ ကူးစက်မှု တားဆီးရေး ကန့်သတ်ဆောင်ရွက်မှု တချို့ကို တနလာင်္နေ့မှာ ကြေညာခဲ့ပါတယ်။ တောင်ကိုရီးယား နိုင်ငံမှာ တနလာင်္နေ့က ဗိုင်းရပ်စ် ကူးစက်သူ ၁၇ ဦး ထပ်တွေ့ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
-----------------------------------
(Zawgyi)⤵⤵⤵
ႏိုင္ငံေရးအရအသုံးခ်ခံရတဲ့ ကမာၻ႔ကပ္ေရာဂါ အေျခအေနပိုဆိုးလာ

ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါ တိုက္ဖ်က္ေရးမွာ ဗိုင္းရပ္စ္ ထက္ ပိုၿပီး ႀကီးမားလာတဲ့ ၿခိမ္းေျခာက္မႈက ကမာၻ႔ဦးေဆာင္မႈ လစ္ဟင္းလာတာ ျဖစ္ၿပီး ကပ္ေဘး အေရးက ႏိုင္ငံေရးအသြင္ေဆာင္လာေနတယ္လို႔ ကမာၻ႔က်န္းမာေရး အဖြဲ႕ႀကီး WHO အႀကီးအကဲက တနလာေနၤ့မွာ ေျပာဆိုလိုက္ပါတယ္။

အမ်ိဳးသား ညီၫြတ္မႈနဲ႔ ကမာၻတလႊား စည္း႐ုံးမႈ အေရးတႀကီး လိုအပ္ေနပါတယ္။ ကပ္ေဘးေရာဂါကို ႏိုင္ငံေရး ဇာတ္သြင္းတာေၾကာင့္ ပိုၿပီး ႀကီးထြားလာေနတယ္လို႔ WHO အႀကီးအကဲ ေဒါက္တာ Tedros Adhanom Ghebreyesus က တနလာေနၤ့က ႐ုပ္သံကေန တဆင့္ ဒူဘိုင္းအေျခစိုက္ World Government Summit မွာ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ အခုအခ်ိန္မွာ အႀကီးမားဆုံး ၿခိမ္းေျခာက္မႈက ဗိုင္းရပ္စ္ မဟုတ္ေတာ့ဘဲ ကမာၻမွာ စည္းလုံးညီၫြတ္မႈနဲ႔ ေခါင္းေဆာင္မႈ မရွိတာ ျဖစ္တယ္လို႔ WHO အႀကီးအကဲ ေဒါက္တာ Tedros Adhanom Ghebreyesus က ထပ္ေလာင္း ေျပာပါတယ္။

ကပ္ေရာဂါေဘး အေရးကို ႏိုင္ငံေရး ဇာတ္သြင္းေနတယ္လို႔ သူထင္ျမင္ ယူဆထားသူ ဘယ္သူ ဆိုတာကိုေတာ့ WHO အႀကီးအကဲက ေျပာဆိုမသြားပါဘူး။ ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ကူးစက္မႈကို WHO က တုံ႔ျပန္ ကိုင္တြယ္မႈ သိပ္ၿပီး ေႏွးေကြးလြန္းတယ္၊ ေနာက္ တ႐ုတ္ကို သိပ္ၿပီး အမႊန္းတင္တယ္လို႔ အေမရိကန္ သမၼတ Donald Trump က ေဝဖန္ထားတာပါ။ ဒါ့အျပင္ WHO ကို ေပးေနတဲ့ အေမရိကန္ ရံပုံေငြ အားလုံးကို ျဖတ္ဖို႔လည္း ၿခိမ္းေျခာက္ထားတာပါ။

ကမာၻတလႊား COVID 19 ကူးစက္မႈကေတာ့ တနလာေနၤ့မွာ ၉ သန္းေက်ာ္ထိ ေရာက္ရွိသြားပါၿပီ။ ကမာၻတလႊား COVID-19 ကူးစက္သူ လူနာသစ္က တနဂၤေႏြေန႔မွာ ၁၈၃,၀၀၀ ထိ တိုးျမင့္ ေရာက္ရွိခဲ့တယ္လို႔ ကမာၻ႔က်န္းမာေရး အဖြဲ႕ႀကီး WHO က ေျပာဆိုလိုက္ၿပီး ဒါဟာဆိုရင္ ကပ္ေရာဂါေဘး ကာလအတြင္း တရက္တည္းနဲ႔ အမ်ားဆုံး စံခ်ိန္တင္ ကူုးစက္ခံရမႈ ျဖစ္ပါတယ္။

အေမရိကတိုက္ ႏိုင္ငံေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ကူးစက္မႈ အဓိက ျဖစ္ပြားေနတယ္လို႔ WHO တာဝန္ရွိသူေတြက သီတင္းပတ္ အေတာ္ၾကာ ကတည္းက ေျပာဆိုေနတာ ျဖစ္ၿပီး တနဂၤေႏြေန႔ တရက္တည္းမွာတင္ ေဒသတြင္း ကူးစက္မႈ ၁၁၆,၀၀၀ ေက်ာ္ ရွိခဲ့တာကို ေတြ႕ရပါတယ္။ ဘရာဇီလ္းႏိုင္ငံက ကူးစက္ခံ လူနာသစ္ ၅၅,၀၀၀ နီးပါးနဲ႔ အမ်ားဆုံး ျဖစ္ၿပီး အေမရိကန္ ျပည္ေထာင္စုက ကူးစက္ခံ လူနာသစ္ ၃၆,၀၀၀ ေက်ာ္နဲ႔ ဒုတိယ၊ ေနာက္ အိႏၵိယက ကူးစက္ခံ လူနာသစ္ ၁၅,၀၀၀ ေလာက္ရွိၿပီး တတိယ အမ်ားဆုံး ျဖစ္ပါတယ္။

COVID ကူးစက္ခံ မရွိေေတာ့ဘူးလို႔ ေၾကညာခဲ့တဲ့ နယူးဇီလန္ ႏိုင္ငံမွာ တနလာေနၤ့က ဗိုင္းရပ္စ္ ကူးစက္ခံရသူ လူနာသစ္ ၂ ဦး အပါအဝင္ ကူးစက္ခံရသူ ၉ ဦး ရွိလာၿပီးေနာက္မွာေတာ့ ႏိုင္ငံတြင္း ဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ ကူးစက္မႈ တားဆီးေရး ကန႔္သတ္ေဆာင္႐ြက္မႈ တခ်ိဳ႕ကို တနလာေနၤ့မွာ ေၾကညာခဲ့ပါတယ္။ ေတာင္ကိုရီးယား ႏိုင္ငံမွာ တနလာေနၤ့က ဗိုင္းရပ္စ္ ကူးစက္သူ ၁၇ ဦး ထပ္ေတြ႕ခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/world-pendemic-become-worse-because-of-political-misuse/5473538.html
နိုင်ငံရေးအရအသုံးချခံရတဲ့ ကမ္ဘာ့ကပ်ရောဂါ အခြေအနေပိုဆိုးလာ နိုင်ငံရေးအရအသုံးချခံရတဲ့ ကမ္ဘာ့ကပ်ရောဂါ အခြေအနေပိုဆိုးလာ Reviewed by THITHTOOLWIN on 08:40 Rating: 5
Powered by Blogger.