တာလီဘန်လက်ချက်နဲ့ တပတ်အတွင်း အာဖဂန်တပ်ဖွဲ့ဝင် ၃၀၀ နီးပါး သေဆုံး


(Unicode)⤵⤵⤵
အာဖဂန်နစ္စတန်နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တာလီဘန်တွေရဲ့တိုက်ခိုက်မှုဟာ ၁၉နှစ်ကြာ အာဖဂန်စစ်ပွဲအတွင်း အစိုးရတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု အများဆုံးဖြစ်ခဲ့တဲ့ သီတင်းပတ်ဖြစ်တယ်လို့ အာဖဂန် အမျိုးသားလုံခြုံရေးကောင်စီက ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က တာလီဘန်တွေရဲ့ တိုက်ခိုက်မှုတွေအတွင်း အာဖဂန် အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၉၁ ယောက် သေဆုံးပြီး ၅၅၀ ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

တာလီဘန်တွေဟာ ခရိုင် ၃၂ ခုမှာ တိုက်ခိုက်မှုပေါင်း ၄၂၂ ကြိမ်လုပ်ခဲ့ပြီး အကြမ်းဖက်မှုတွေ လျှော့ချဖို့ ပြောနေတာတွေဟာ အဓိပ္ပါယ်မဲ့မရှိသလို၊ သူတို့ရဲ့ လုပ်ရပ်တွေက ငြိမ်းချမ်းရေးအတွက် သူတို့ပြောနေတာတွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ အာဖဂန်အမျိုးသားလုံခြုံရေးကောင်စီရဲ့ ပြောခွင့်ရ Javid Faisal က တွစ်တာမှာ ပြောလိုက်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ခရိုင် ၁၈ ခုမှာ အာဖဂန်တွေရဲ့ တိုက်ခိုက်မှုအတွင်း အမျိုးသမီးတွေ နဲ့ ကလေးတွေအပါအဝင် အရပ်သား ၄၂ ယောက်သေဆုံးခဲ့ပြီး ၁၀၅ ယောက် ဒဏ်ရာရခဲ့တယ်လို့လည်း အမျိုးသားလုံခြုံရေးကောင်စီရဲ့ ကြေငြာချက်မှာ ပြောထားပါတယ်။

အာဖဂန်အစိုးရအပါအဝင် နိုင်ငံရေးအဖွဲ့တွေ၊ လူထုအခြေပြုလူမှုအဖွဲအစည်းတွေက တက်ကြွလှုပ်ရှားသူတွေပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ နဲ့ တာလီဘန်အဖွဲ့ကြား ဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး မျှော်လင့်ချက်တွေ မြင့်တက်နေချိန်မှာ အခုလို ကြေငြာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
---------------------------------------------
(Zawgyi)⤵⤵⤵
တာလီဘန္လက္ခ်က္နဲ႔ တပတ္အတြင္း အာဖဂန္တပ္ဖြဲ႕ဝင္ ၃၀၀ နီးပါး ေသဆုံး

အာဖဂန္နစၥတန္ႏိုင္ငံမွာ ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း တာလီဘန္ေတြရဲ႕တိုက္ခိုက္မႈဟာ ၁၉ႏွစ္ၾကာ အာဖဂန္စစ္ပြဲအတြင္း အစိုးရတပ္ဖြဲ႕ဝင္ေတြ ထိခိုက္ေသဆုံးမႈ အမ်ားဆုံးျဖစ္ခဲ့တဲ့ သီတင္းပတ္ျဖစ္တယ္လို႔ အာဖဂန္ အမ်ိဳးသားလုံၿခဳံေရးေကာင္စီက ေျပာလိုက္ပါတယ္။ ၿပီးခဲ့တဲ့သီတင္းပတ္က တာလီဘန္ေတြရဲ႕ တိုက္ခိုက္မႈေတြအတြင္း အာဖဂန္ အမ်ိဳးသား ကာကြယ္ေရးတပ္ဖြဲ႕ဝင္ ၂၉၁ ေယာက္ ေသဆုံးၿပီး ၅၅၀ ဒဏ္ရာရခဲ့တယ္လို႔ ေျပာပါတယ္။

တာလီဘန္ေတြဟာ ခ႐ိုင္ ၃၂ ခုမွာ တိုက္ခိုက္မႈေပါင္း ၄၂၂ ႀကိမ္လုပ္ခဲ့ၿပီး အၾကမ္းဖက္မႈေတြ ေလွ်ာ့ခ်ဖို႔ ေျပာေနတာေတြဟာ အဓိပၸါယ္မဲ့မရွိသလို၊ သူတို႔ရဲ႕ လုပ္ရပ္ေတြက ၿငိမ္းခ်မ္းေရးအတြက္ သူတို႔ေျပာေနတာေတြနဲ႔ ကိုက္ညီမႈမရွိဘူးလို႔ အာဖဂန္အမ်ိဳးသားလုံၿခဳံေရးေကာင္စီရဲ႕ ေျပာခြင့္ရ Javid Faisal က တြစ္တာမွာ ေျပာလိုက္ပါတယ္။ ဒါ့အျပင္ ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း ခ႐ိုင္ ၁၈ ခုမွာ အာဖဂန္ေတြရဲ႕ တိုက္ခိုက္မႈအတြင္း အမ်ိဳးသမီးေတြ နဲ႔ ကေလးေတြအပါအဝင္ အရပ္သား ၄၂ ေယာက္ေသဆုံးခဲ့ၿပီး ၁၀၅ ေယာက္ ဒဏ္ရာရခဲ့တယ္လို႔လည္း အမ်ိဳးသားလုံၿခဳံေရးေကာင္စီရဲ႕ ေၾကျငာခ်က္မွာ ေျပာထားပါတယ္။

အာဖဂန္အစိုးရအပါအဝင္ ႏိုင္ငံေရးအဖြဲ႕ေတြ၊ လူထုအေျချပဳလူမႈအဖြဲအစည္းေတြက တက္ႂကြလႈပ္ရွားသူေတြပါဝင္တဲ့ ကိုယ္စားလွယ္အဖြဲ႕ နဲ႔ တာလီဘန္အဖြဲ႕ၾကား ေဆြးေႏြးမႈေတြနဲ႔ ပတ္သက္ၿပီး ေမွ်ာ္လင့္ခ်က္ေတြ ျမင့္တက္ေနခ်ိန္မွာ အခုလို ေၾကျငာခ်က္ထြက္ေပၚလာတာျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/merely-300-afghanistan-troops-died-because-of-taliban/5473550.html
တာလီဘန်လက်ချက်နဲ့ တပတ်အတွင်း အာဖဂန်တပ်ဖွဲ့ဝင် ၃၀၀ နီးပါး သေဆုံး တာလီဘန်လက်ချက်နဲ့ တပတ်အတွင်း အာဖဂန်တပ်ဖွဲ့ဝင် ၃၀၀ နီးပါး သေဆုံး Reviewed by THITHTOOLWIN on 08:40 Rating: 5
Powered by Blogger.