ဖမ်းဆီးမိတဲ့ မူးယစ်ဆေးပမာဏ တစ်နှစ်ထက်တစ်နှစ် ပိုတိုးလာနေ

ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးနဲ့ ဆက်စပ်ပစ္စည်းတွေကို ၂ဝ၂ဝ ဇွန် ၂၆ ရက်နေ့က လားရှိုးမြို့မှာ မီးရှို့ဖျက်ဆီးခဲ့စဉ် / Photo: Kan Thar/RFA
(Unicode)⤵⤵⤵
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖမ်းဆီးရမိထားတဲ့ အမေရိကန်ဒေါ်လာသန်းပေါင်း ၈၄၀ နီးပါး တန်ဖိုးရှိတဲ့ မူးယစ် ဆေးနဲ့ ဆက်စပ်ပစ္စည်းတွေကို ဇွန်လ၂၆ ရက် ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့မှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒီပမာဏဟာ ပြီးခဲ့တဲ့နှစ်က ဖမ်းဆီးရမိတဲ့ပမာဏထက် သုံးဆနီးနီး တိုးလာတာဖြစ်ပါတယ်။

နှစ်စဉ် နှစ်တိုင်းမူးယစ်ဆေးတွေ ပမာဏတိုးပြီး ဖမ်းဆီးနိုင်တာဟာ ဂုဏ်ယူစရာမဟုတ်ဘဲ လက်ရှိဆောင်ရွက်နေတဲ့ နှိမ်နင်းတိုက်ဖျက်ရေးလုပ်ငန်းစဉ် အားနည်းချက်တွေကို ပြန်လည်သုံးသပ်ပြီး အရှိန်မြင့်တင်ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ မူးယစ်ဆေးဆန့်ကျင်ရေး လှုပ်ရှားနေတဲ့ အရပ်ဖက်အဖွဲ့တွေနဲ့ တိုင်းရင်းသားအရေး လေ့လာ သူတွေက ထောက်ပြကြပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးနဲ့ ဆက်စပ်ပစ္စည်းတွေကို ရန်ကုန်၊ လားရှိုး၊ တောင်ကြီး၊ ကွတ်ခိုင်တို့မှာ ဒီနေ့ မီးရှို့ဖျက်ဆီးခဲ့တာပါ။ ဖျက်ဆီးခဲ့တဲ့ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၈၃၉ သန်းခန့် ရှိပြီး မြန်မာငွေနဲ့ဆိုရင် ဘီလျံ ၁၂၀၀ ကျော် ရှိပါတယ်။

ဒါဟာ အရင်နှစ်ကထက် သုံးဆနီးပါး ပိုများပါတယ်။ ဒီထဲမှာ ဖေဖော်ဝါရီလ ၂၀ရက်နေ့ကနေ မေလ ၁ ရက်နေ့အထိ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကောင်းခါးအုပ်စု လွယ်ခန်ကျေးရွာက ပြည်သူ့စစ် ထိန်းချုပ်နယ်မြေအတွင်း ဖမ်းဆီးရမိတဲ့ အမေရိကန် ဒေါ်လာသန်းပေါင်း ၄၂၀ ဝန်းကျင် တန်ဖိုးရှိတဲ့ ဘိန်းဖြူ၊ စိတ်ကြွ ဆေးပြား၊ အိုက်စ်၊ ဘိန်းညိုမုန့်တွေ ပါဝင်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ ဖေဖော်ဝါရီလနဲ့ မတ်လအတွင်း ဖမ်းဆီးမိခဲ့တဲ့  မူးယစ်ဆေးဝါး ပမာဏဟာ အာရှတိုက်မှာ အများဆုံး စံချိန်တင် ဖမ်းဆီးမိခဲ့တဲ့ပမာဏဖြစ်တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး UNODC က ပြောထားပါတယ်။

တစ်နှစ်ထက်တစ်နှစ် မူးယစ်ဆေးဝါးတွေ သုံးစွဲမှုများပြားလာသလို၊ ဈေးကွက်ဝယ်လိုအား မြင့်တက်လာတဲ့ အတွက် နိုင်ငံတော်က ပိုမိုအလေးထားဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်က ဒီနေ့ အခမ်းအနားမှာ ပြောခဲ့ပါတယ်။

ဖမ်းမိတဲ့ ပမာဏ တစ်နှစ်ထက်တစ်နှစ် ပိုတိုးလာတာဟာ မူးယစ်ဆေး အဓိက ထုတ်လုပ်ဖြန့်ဖြူးနေတဲ့ အဖွဲ့အစည်းတွေကို မဖမ်းဆီးနိုင်တာကြောင့်ဖြစ်တဲ့အတွက် အဲဒါတွေကို ဖမ်းမိဖို့ အားစိုက်ထုတ်သင့်တယ်လို့ တိုင်းရင်းသားအရေး လေ့လာသူ ဦးမောင်မောင်စိုး က သုံးသပ်ပါတယ်။

ကွတ်ခိုင်က အမှုမှာ မူးယစ်ဆေးတွေနဲ့အတူ အမျိုးသား၂၉ ဦး၊ အမျိုးသမီး လေးဦး စုစုပေါင်း ၃၃ ဦးကို ဖမ်းဆီးရမိထားပြီး ကျန် ၉၇ ဦးကတော့ လွတ်မြောက်နေဆဲဖြစ်ပါတယ်။

အဲဒီအမှုမှာ ဖမ်းဆီးရမိခဲ့တာတွေဟာ တပ်မတော် လက်အောက်ခံ ကောင်းခါးပြည်သူ့စစ်အဖွဲ့ ထိန်းချုပ်နယ်မြေ ထဲမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဒီအတွက် တပ်မတော်က ကောင်းခါးပြည်သူ့စစ်အဖွဲ့ကို လက်နက်အပ်ခိုင်းခဲ့သလို လွယ်ခမ်ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်အချို့ကို ထိန်းသိမ်းထားခဲ့တာရှိတယ်လို့ အမည်မဖော်လိုတဲ့ ကောင်းခါး ပြည်သူ့စစ်အဖွဲ့ အရာရှိတစ်ဦးက RFA ကို ပြောထားပါတယ်။ မူးယစ်ဆေးနဲ့ ပြည်သူ့စစ်လို လက်နက်ကိုင်အဖွဲ့တွေ ဆက်စပ်ပတ်သက်မှုနဲ့ ပတ်သက်ရင်တော့ တပ်မတော်ကသာ အဓိက ကိုင်တွယ်ထိန်းချုပ်ဖို့ လိုအပ်တယ်လို့ ဦးမောင်မောင်စိုးက ထောက်ပြပါတယ်။

အစိုးရက မူးယစ်တိုက်ဖျက်ရေး ဆောင်ရွက်နေတယ်ဆိုပေမယ့် မြို့ထဲ ရွာထဲအနှံ့မှာတော့ မူးယစ်ဆေးတွေကို ဈေးသက်သက်သာသာနဲ့ ဝယ်ယူရရှိနေတဲ့အတွက် စိုးရိမ်စရာ အခြေအနေဖြစ်နေတယ်လို့ သုံးသပ်ကြပါတယ်။

ရဲတပ်ဖွဲ့အတွင်းမှာတော့ မူးယစ်ဆေးဝါး ဖမ်းဆီးနိုင်ရေးအတွက် ဆောင်ရွက်တဲ့လုပ်ငန်းစဉ်မှာ ကန့်သတ်ချက်တွေ အများကြီးရှိနေတယ်လို့ မူဆယ်ခရိုင် ရဲတပ်ဖွဲ့က ဒုတိယရဲမှူးကြီး အောင်ထိန်လင်းက ပြောပါတယ်။

NLD အစိုးရလက်ထက်မှာ သမ္မတရုံးက ၂၀၁၈ ခုနှစ် ဇွန်လမှာ မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနကို စတင်ဖွဲ့စည်းပြီး မူးယစ်ဆေးဝါးအမှုတွေကို သမ္မတက တိုက်ရိုက်ကွပ်ကဲနေပါတယ်။ မူးယစ်ဆေးအမှုတွေနဲ့ ပတ်သက်ရင် သတင်းပေးတိုင်ကြားသူကို ဆုကြေးပေးဖို့အထိ သမ္မတရုံးက ကြေညာထားတာပါ။ သမ္မတကိုယ်တိုင် ကွပ်ကဲကြီးကြပ်ပြီး မူးယစ်တိုက်ဖျက်ရေး ဆောင်ရွက်နေပေမယ့် ဖမ်းဆီးရမိတဲ့ပမာဏ ပိုတိုးလာတာ၊ ဖမ်းဆီးမှု တွေရှိနေတဲ့ကြားက လူထုကြားထဲမှာ ဈေးပေါပေါနဲ့ အလွယ်တကူ ဝယ်ယူလို့ရနေတဲ့ အခြေအနေတွေဟာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

အခုလို ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာနိုင်ငံအပါအဝင် အရှေ့နဲ့ အရှေ့တောင်အာရှနိုင်ငံအားလုံးလိုလို ကပ်ဘေး ရင်ဆိုင်နေရချိန်မှာ ကဏ္ဍမျိုးစုံမှာ ထိခိုက်နေပေမယ့် မူးယစ်မှောင်ခိုဈေးကွက်ကတော့ ကြီးကြီးမားမား ရိုက်ခတ်မှု မရှိနိုင်ဘူးလို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုတိုက်ဖျက်ရေးရုံး (UNODC) က သုံးသပ်ထားပါတယ်။

ကံသာ / RFA Burmese
-------------------------------------------
(Zawgyi)⤵⤵⤵
ဖမ္းဆီးမိတဲ့ မူးယစ္ေဆးပမာဏ တစ္ႏွစ္ထက္တစ္ႏွစ္ ပိုတိုးလာေန

တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ ဖမ္းဆီးရမိထားတဲ့ အေမရိကန္ေဒၚလာသန္းေပါင္း ၈၄၀ နီးပါး တန္ဖိုးရွိတဲ့ မူးယစ္ ေဆးနဲ႔ ဆက္စပ္ပစၥည္းေတြကို ဇြန္လ၂၆ ရက္ ဒီကေန႔ က်ေရာက္တဲ့ အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆးဝါး အလြဲသုံးမႈနဲ႔ တရားမဝင္ေရာင္းဝယ္တိုက္ဖ်က္ေရးေန႔မွာ မီးရႈိ႕ဖ်က္ဆီးခဲ့ပါတယ္။ ဒီပမာဏဟာ ၿပီးခဲ့တဲ့ႏွစ္က ဖမ္းဆီးရမိတဲ့ပမာဏထက္ သုံးဆနီးနီး တိုးလာတာျဖစ္ပါတယ္။

ႏွစ္စဥ္ ႏွစ္တိုင္းမူးယစ္ေဆးေတြ ပမာဏတိုးၿပီး ဖမ္းဆီးႏိုင္တာဟာ ဂုဏ္ယူစရာမဟုတ္ဘဲ လက္ရွိေဆာင္႐ြက္ေနတဲ့ ႏွိမ္နင္းတိုက္ဖ်က္ေရးလုပ္ငန္းစဥ္ အားနည္းခ်က္ေတြကို ျပန္လည္သုံးသပ္ၿပီး အရွိန္ျမင့္တင္ေဆာင္႐ြက္ဖို႔ လိုအပ္ေနတယ္လို႔ မူးယစ္ေဆးဆန႔္က်င္ေရး လႈပ္ရွားေနတဲ့ အရပ္ဖက္အဖြဲ႕ေတြနဲ႔ တိုင္းရင္းသားအေရး ေလ့လာ သူေတြက ေထာက္ျပၾကပါတယ္။

တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ ဖမ္းဆီးရမိထားတဲ့ မူးယစ္ေဆးနဲ႔ ဆက္စပ္ပစၥည္းေတြကို ရန္ကုန္၊ လားရႈိး၊ ေတာင္ႀကီး၊ ကြတ္ခိုင္တို႔မွာ ဒီေန႔ မီးရႈိ႕ဖ်က္ဆီးခဲ့တာပါ။ ဖ်က္ဆီးခဲ့တဲ့ တန္ဖိုးကေတာ့ အေမရိကန္ေဒၚလာ ၈၃၉ သန္းခန႔္ ရွိၿပီး ျမန္မာေငြနဲ႔ဆိုရင္ ဘီလ်ံ ၁၂၀၀ ေက်ာ္ ရွိပါတယ္။

ဒါဟာ အရင္ႏွစ္ကထက္ သုံးဆနီးပါး ပိုမ်ားပါတယ္။ ဒီထဲမွာ ေဖေဖာ္ဝါရီလ ၂၀ရက္ေန႔ကေန ေမလ ၁ ရက္ေန႔အထိ ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္ ေကာင္းခါးအုပ္စု လြယ္ခန္ေက်း႐ြာက ျပည္သူ႔စစ္ ထိန္းခ်ဳပ္နယ္ေျမအတြင္း ဖမ္းဆီးရမိတဲ့ အေမရိကန္ ေဒၚလာသန္းေပါင္း ၄၂၀ ဝန္းက်င္ တန္ဖိုးရွိတဲ့ ဘိန္းျဖဴ၊ စိတ္ႂကြ ေဆးျပား၊ အိုက္စ္၊ ဘိန္းညိဳမုန႔္ေတြ ပါဝင္ပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္မွာ ေဖေဖာ္ဝါရီလနဲ႔ မတ္လအတြင္း ဖမ္းဆီးမိခဲ့တဲ့  မူးယစ္ေဆးဝါး ပမာဏဟာ အာရွတိုက္မွာ အမ်ားဆုံး စံခ်ိန္တင္ ဖမ္းဆီးမိခဲ့တဲ့ပမာဏျဖစ္တယ္လို႔ ကုလသမဂၢ မူးယစ္ေဆးဝါးနဲ႔ ရာဇဝတ္မႈဆိုင္ရာ႐ုံး UNODC က ေျပာထားပါတယ္။

တစ္ႏွစ္ထက္တစ္ႏွစ္ မူးယစ္ေဆးဝါးေတြ သုံးစြဲမႈမ်ားျပားလာသလို၊ ေဈးကြက္ဝယ္လိုအား ျမင့္တက္လာတဲ့ အတြက္ ႏိုင္ငံေတာ္က ပိုမိုအေလးထားေဆာင္႐ြက္ဖို႔ လိုအပ္ေနတယ္လို႔ မႏၲေလးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မႉး ရဲမႉးခ်ဳပ္ စိန္လြင္က ဒီေန႔ အခမ္းအနားမွာ ေျပာခဲ့ပါတယ္။

ဖမ္းမိတဲ့ ပမာဏ တစ္ႏွစ္ထက္တစ္ႏွစ္ ပိုတိုးလာတာဟာ မူးယစ္ေဆး အဓိက ထုတ္လုပ္ျဖန႔္ျဖဴးေနတဲ့ အဖြဲ႕အစည္းေတြကို မဖမ္းဆီးႏိုင္တာေၾကာင့္ျဖစ္တဲ့အတြက္ အဲဒါေတြကို ဖမ္းမိဖို႔ အားစိုက္ထုတ္သင့္တယ္လို႔ တိုင္းရင္းသားအေရး ေလ့လာသူ ဦးေမာင္ေမာင္စိုး က သုံးသပ္ပါတယ္။

ကြတ္ခိုင္က အမႈမွာ မူးယစ္ေဆးေတြနဲ႔အတူ အမ်ိဳးသား၂၉ ဦး၊ အမ်ိဳးသမီး ေလးဦး စုစုေပါင္း ၃၃ ဦးကို ဖမ္းဆီးရမိထားၿပီး က်န္ ၉၇ ဦးကေတာ့ လြတ္ေျမာက္ေနဆဲျဖစ္ပါတယ္။

အဲဒီအမႈမွာ ဖမ္းဆီးရမိခဲ့တာေတြဟာ တပ္မေတာ္ လက္ေအာက္ခံ ေကာင္းခါးျပည္သူ႔စစ္အဖြဲ႕ ထိန္းခ်ဳပ္နယ္ေျမ ထဲမွာ ဖမ္းဆီးရမိခဲ့တာျဖစ္ၿပီး ဒီအတြက္ တပ္မေတာ္က ေကာင္းခါးျပည္သူ႔စစ္အဖြဲ႕ကို လက္နက္အပ္ခိုင္းခဲ့သလို လြယ္ခမ္ျပည္သူ႔စစ္အဖြဲ႕ ေခါင္းေဆာင္အခ်ိဳ႕ကို ထိန္းသိမ္းထားခဲ့တာရွိတယ္လို႔ အမည္မေဖာ္လိုတဲ့ ေကာင္းခါး ျပည္သူ႔စစ္အဖြဲ႕ အရာရွိတစ္ဦးက RFA ကို ေျပာထားပါတယ္။ မူးယစ္ေဆးနဲ႔ ျပည္သူ႔စစ္လို လက္နက္ကိုင္အဖြဲ႕ေတြ ဆက္စပ္ပတ္သက္မႈနဲ႔ ပတ္သက္ရင္ေတာ့ တပ္မေတာ္ကသာ အဓိက ကိုင္တြယ္ထိန္းခ်ဳပ္ဖို႔ လိုအပ္တယ္လို႔ ဦးေမာင္ေမာင္စိုးက ေထာက္ျပပါတယ္။

အစိုးရက မူးယစ္တိုက္ဖ်က္ေရး ေဆာင္႐ြက္ေနတယ္ဆိုေပမယ့္ ၿမိဳ႕ထဲ ႐ြာထဲအႏွံ႔မွာေတာ့ မူးယစ္ေဆးေတြကို ေဈးသက္သက္သာသာနဲ႔ ဝယ္ယူရရွိေနတဲ့အတြက္ စိုးရိမ္စရာ အေျခအေနျဖစ္ေနတယ္လို႔ သုံးသပ္ၾကပါတယ္။

ရဲတပ္ဖြဲ႕အတြင္းမွာေတာ့ မူးယစ္ေဆးဝါး ဖမ္းဆီးႏိုင္ေရးအတြက္ ေဆာင္႐ြက္တဲ့လုပ္ငန္းစဥ္မွာ ကန႔္သတ္ခ်က္ေတြ အမ်ားႀကီးရွိေနတယ္လို႔ မူဆယ္ခ႐ိုင္ ရဲတပ္ဖြဲ႕က ဒုတိယရဲမႉးႀကီး ေအာင္ထိန္လင္းက ေျပာပါတယ္။

NLD အစိုးရလက္ထက္မွာ သမၼတ႐ုံးက ၂၀၁၈ ခုႏွစ္ ဇြန္လမွာ မူးယစ္ေဆးဝါး အထူးသတင္းတိုင္ၾကားေရးဌာနကို စတင္ဖြဲ႕စည္းၿပီး မူးယစ္ေဆးဝါးအမႈေတြကို သမၼတက တိုက္႐ိုက္ကြပ္ကဲေနပါတယ္။ မူးယစ္ေဆးအမႈေတြနဲ႔ ပတ္သက္ရင္ သတင္းေပးတိုင္ၾကားသူကို ဆုေၾကးေပးဖို႔အထိ သမၼတ႐ုံးက ေၾကညာထားတာပါ။ သမၼတကိုယ္တိုင္ ကြပ္ကဲႀကီးၾကပ္ၿပီး မူးယစ္တိုက္ဖ်က္ေရး ေဆာင္႐ြက္ေနေပမယ့္ ဖမ္းဆီးရမိတဲ့ပမာဏ ပိုတိုးလာတာ၊ ဖမ္းဆီးမႈ ေတြရွိေနတဲ့ၾကားက လူထုၾကားထဲမွာ ေဈးေပါေပါနဲ႔ အလြယ္တကူ ဝယ္ယူလို႔ရေနတဲ့ အေျခအေနေတြဟာ ေမးခြန္းထုတ္စရာ ျဖစ္ေနပါတယ္။

အခုလို ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ျမန္မာႏိုင္ငံအပါအဝင္ အေရွ႕နဲ႔ အေရွ႕ေတာင္အာရွႏိုင္ငံအားလုံးလိုလို ကပ္ေဘး ရင္ဆိုင္ေနရခ်ိန္မွာ က႑မ်ိဳးစုံမွာ ထိခိုက္ေနေပမယ့္ မူးယစ္ေမွာင္ခိုေဈးကြက္ကေတာ့ ႀကီးႀကီးမားမား ႐ိုက္ခတ္မႈ မရွိႏိုင္ဘူးလို႔ ကုလသမဂၢ မူးယစ္ေဆးဝါးနဲ႔ ရာဇဝတ္မႈတိုက္ဖ်က္ေရး႐ုံး (UNODC) က သုံးသပ္ထားပါတယ္။

ကံသာ / RFA Burmese
https://www.rfa.org/burmese/news/government-burned-over-830-million-drugs-06262020061409.html
ဖမ်းဆီးမိတဲ့ မူးယစ်ဆေးပမာဏ တစ်နှစ်ထက်တစ်နှစ် ပိုတိုးလာနေ ဖမ်းဆီးမိတဲ့ မူးယစ်ဆေးပမာဏ တစ်နှစ်ထက်တစ်နှစ် ပိုတိုးလာနေ Reviewed by THITHTOOLWIN on 19:32 Rating: 5
Powered by Blogger.