ဘင်္ဂလာဒေ့ရှ်တွင် ကိုရိုနာကူးစက်ခံရသူ ၉ဝဝဝဝ ကျော်၊ သေဆုံးသူ ၁၂ဝဝ ကျော်ရှိသွားပြီဖြစ်ကာ သေဆုံးသူများအထဲတွင် ဝန်ကြီးတစ်ဦးပါဝင်


(Unicode)⤵⤵⤵
နိရဉ္စရာ၊ ဇွန် ၁၆/ ၂ဝ၂ဝ

ဘင်္ဂလာဒေ့ရှ်တွင် ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းထိ ကိုရိုနာကူးစက်ခံရသူ ၉ဝ၆၁၉ ဦး၊ သေဆုံးသူ ၁၂ဝ၉ ဦးရှိသွားပြီဖြစ်ပြီး သေဆုံးသူများအထဲတွင် ဝန်ကြီးတစ်ဦး ပါဝင်သည်ဟု သိရသည်။

သေဆုံးသွားသည့် ဝန်ကြီးမှာ ဘင်္ဂလာဒေ့ရှ် ဘာသာရေးဝန်ကြီး Sheikh Mohammad Abdullah ဖြစ်သည်။ ၎င်းသည် လွန်ခဲ့သော စနေနေ့က ကိုရိုနာ ရောဂါဖြင့် သေဆုံးသွားခဲ့သည်ဟု ဘင်္ဂလာဒေ့ရှ် အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက ထုတ်ဖော် ပြောကြားသည်။

၎င်းပြင် လက်ရှိ အာဏာရ အစိုးရပါတီ အဝါမိလိဂ်ထိပ်တန်းခေါင်းဆောင် ယခင်ဝန်ကြီးဟောင်း တစ်ဦးဖြစ်သူ  Mohammed Nasim ကိုရိုနာရောဂါ Positive တွေ့ရှိပြီး ဆေးကုသနေစဉ်  တနင်္ဂနွေနေ့က သေဆုံးခဲ့သည်။

ဇွန်လ ၁၅ ရက်နေ့ တစ်နေ့အတွင်း ဘင်္ဂလာဒေ့ရှ်တွင် သေဆုံးသူ ၃၈ ဦးရှိပြီး လူပေါင်း ၁၅ဝ၃၈ တို့၏ နမူနာများကို စစ်ဆေးခဲ့ရာ  ၃ဝ၉၉ ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့သည်ဟု  ဘင်္ဂလာဒေ့ရှ်ကျန်းမာရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။ 

မြန်မာနိုင်ငံ အနောက်ဘက်အစွန်ဆုံး မောင်တောမြို့နယ် မြောက်ပိုင်းနှင့်  ကပ်ရပ် တည်ရှိသည့် ကော့စ်ဘဇား ခရိုင်မှ အိုကီယားမြို့နယ်တွင် ကူးစက်ခံရသူ ၂၂၈ ယောက်ရှိပြီး မြန်မာနိုင်ငံမှ ထွက်ပြေး လာကြသူများ နေထိုင်သည့် မူဆလင်ဒုက္ခသည်စခန်းတွင် ၃၈ ယောက်ရှိကာ ၃ ဦးသေဆုံးသွားခဲ့သည်ဟု ဆိုသည်။

Narinjara
-----------------------------------
(Zawgyi)⤵⤵⤵
ဘဂၤလာေဒ့ရွ္တြင္ ကို႐ိုနာကူးစက္ခံရသူ ၉ဝဝဝဝ ေက်ာ္၊ ေသဆုံးသူ ၁၂ဝဝ ေက်ာ္ရွိသြားၿပီျဖစ္ကာ ေသဆုံးသူမ်ားအထဲတြင္ ဝန္ႀကီးတစ္ဦးပါဝင္

နိရၪၥရာ၊ ဇြန္ ၁၆/ ၂ဝ၂ဝ

ဘဂၤလာေဒ့ရွ္တြင္ ဇြန္လ ၁၅ ရက္ေန႔ ညေနပိုင္းထိ ကို႐ိုနာကူးစက္ခံရသူ ၉ဝ၆၁၉ ဦး၊ ေသဆုံးသူ ၁၂ဝ၉ ဦးရွိသြားၿပီျဖစ္ၿပီး ေသဆုံးသူမ်ားအထဲတြင္ ဝန္ႀကီးတစ္ဦး ပါဝင္သည္ဟု သိရသည္။

ေသဆုံးသြားသည့္ ဝန္ႀကီးမွာ ဘဂၤလာေဒ့ရွ္ ဘာသာေရးဝန္ႀကီး Sheikh Mohammad Abdullah ျဖစ္သည္။ ၎သည္ လြန္ခဲ့ေသာ စေနေန႔က ကို႐ိုနာ ေရာဂါျဖင့္ ေသဆုံးသြားခဲ့သည္ဟု ဘဂၤလာေဒ့ရွ္ အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးတစ္ဦးက ထုတ္ေဖာ္ ေျပာၾကားသည္။

၎ျပင္ လက္ရွိ အာဏာရ အစိုးရပါတီ အဝါမိလိဂ္ထိပ္တန္းေခါင္းေဆာင္ ယခင္ဝန္ႀကီးေဟာင္း တစ္ဦးျဖစ္သူ  Mohammed Nasim ကို႐ိုနာေရာဂါ Positive ေတြ႕ရွိၿပီး ေဆးကုသေနစဥ္  တနဂၤေႏြေန႔က ေသဆုံးခဲ့သည္။

ဇြန္လ ၁၅ ရက္ေန႔ တစ္ေန႔အတြင္း ဘဂၤလာေဒ့ရွ္တြင္ ေသဆုံးသူ ၃၈ ဦးရွိၿပီး လူေပါင္း ၁၅ဝ၃၈ တို႔၏ နမူနာမ်ားကို စစ္ေဆးခဲ့ရာ  ၃ဝ၉၉ ဦးတြင္ ေရာဂါပိုးေတြ႕ရွိခဲ့သည္ဟု  ဘဂၤလာေဒ့ရွ္က်န္းမာေရး ဝန္ႀကီးဌာနမွ သတင္းထုတ္ျပန္သည္။ 

ျမန္မာႏိုင္ငံ အေနာက္ဘက္အစြန္ဆုံး ေမာင္ေတာၿမိဳ႕နယ္ ေျမာက္ပိုင္းႏွင့္  ကပ္ရပ္ တည္ရွိသည့္ ေကာ့စ္ဘဇား ခ႐ိုင္မွ အိုကီယားၿမိဳ႕နယ္တြင္ ကူးစက္ခံရသူ ၂၂၈ ေယာက္ရွိၿပီး ျမန္မာႏိုင္ငံမွ ထြက္ေျပး လာၾကသူမ်ား ေနထိုင္သည့္ မူဆလင္ဒုကၡသည္စခန္းတြင္ ၃၈ ေယာက္ရွိကာ ၃ ဦးေသဆုံးသြားခဲ့သည္ဟု ဆိုသည္။

Narinjara
https://www.facebook.com/narinjara.info/
ဘင်္ဂလာဒေ့ရှ်တွင် ကိုရိုနာကူးစက်ခံရသူ ၉ဝဝဝဝ ကျော်၊ သေဆုံးသူ ၁၂ဝဝ ကျော်ရှိသွားပြီဖြစ်ကာ သေဆုံးသူများအထဲတွင် ဝန်ကြီးတစ်ဦးပါဝင် ဘင်္ဂလာဒေ့ရှ်တွင် ကိုရိုနာကူးစက်ခံရသူ ၉ဝဝဝဝ ကျော်၊ သေဆုံးသူ ၁၂ဝဝ ကျော်ရှိသွားပြီဖြစ်ကာ သေဆုံးသူများအထဲတွင် ဝန်ကြီးတစ်ဦးပါဝင် Reviewed by THITHTOOLWIN on 21:25 Rating: 5
Powered by Blogger.