ခါမ်းပါတ်မြို့တွင် သေနတ်ပစ်ခံရ၍ အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိ


(Unicode)⤵⤵⤵
ခါမ်းပါတ်    ဇွန်   ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ခါမ်းပါတ်မြို့ ပြည့်သူ့ဆေးရုံတွင် ဇွန် ၁၅ ရက် က သေနတ်ပစ်ခံရ၍ ဒဏ်ရာရရှိသူ အမျိုးသမီးနှစ်ဦး ရောက်ရှိနေကြောင်း ပြည်သူ့ဆေးရုံမှ သိရသည်။

ခါမ်းပါတ်မြို့၊ အမှတ်၁ရပ်ကွက်နေ ဦးဌေးအောင်သည် ဇွန် ၁၅ ရက် ည ၉ နာရီ ခန့်တွင် ၎င်း၏ နေအိမ်အတွင်း တီဗွီကြည့်လျက်ရှိပြီး ဇနီးဖြစ်သူ ဒေါ်ကျိန်လော့နွမ်းနှင့် အိမ်နီးနားချင်းဖြစ်သူ မဝုန်ညင်းကျိန်တို့မှာ နေအိမ်ဝရန်တာ ခုံတန်း၌ ထိုင်နေကြစဉ် အိမ်ရှေ့လမ်းအတိုင်း အရှေ့ဘက်မှ အမည်မသိအမျိုးသားနှစ်ဦး မောင်းနှင်လာသော ဆိုင်ကယ်မှာ ရပ်တန့်ခြင်းမရှိဘဲ အနောက်မှစီးနင်းလာသူက သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ကာ လမ်းအတိုင်း အနောက်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုကြောင့် မဝုန်ညင်းကျိန်၏ ဝဲဘက်လက်ခလည်နှင့် လက်သူကြွယ်တွင် စုတ်ပြဲဒဏ်ရာ(မစိုးရိမ်ရ) တစ်ချက်နှင့် ဒေါ်ကျိန်လော့နွမ်း၏ ဝဲဘက်လက်ခလည်တွင် စုတ်ပြဲဒဏ်ရာ (မစိုးရိမ်ရ) တစ်ချက်တို့ ရရှိခဲ့ပြီး မဝုန်ညင်းကျိန်၏ ဒဏ်ရာမှာအရိုးကို ထိခိုက်သွားသဖြင့် ကလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ လွဲပြောင်းပို့ဆောင်ခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာသို့ ခါမ်းပါတ်မြို့နယ်မြေ ရဲစခန်းမှစခန်းမှူး ဦးစီးအဖွဲ့က သွားရောက်စစ်ဆေးရာ နေအိမ်ရှေ့ ကွန်ကရစ် လမ်းပေါ်တွင် AUSA 9MM lugar စာတမ်းပါ ငွေရောင်ကျည်ခွံနှစ်ခု တွေ့ရှိရပြီး နေအိမ်ပြတင်းပေါက် သစ်သား တံခါးရွက်တွင် စိုက်ဝင်နေသော ကျည်ဖူးတစ်ခုကို တွေ့ရှိခဲ့ရပြီး တရားခံများကို ဖမ်းဆီးနိုင်ရေးအတွက် နယ်မြေခံတပ်၊ပြည်သူများနှင့် ပူးပေါင်း၍ မြို့အဝင်အထွက်နေရာများကို ပိတ်ဆို့ရှာဖွေ၍ စုံစမ်းဖော်ထုတ် လျက်ရှိကြောင်း ခါမ်းပါတ်မြို့နယ်မြေရဲစခန်းမှ သိရသည်။

ဇော်ဝင်းထွန်း / Myanmaalinn
-------------------------------------------
(Zawgyi)⤵⤵⤵
ခါမ္းပါတ္ၿမိဳ႕တြင္ ေသနတ္ပစ္ခံရ၍ အမ်ိဳးသမီးႏွစ္ဦး ဒဏ္ရာရရွိ

ခါမ္းပါတ္    ဇြန္   ၁၆

စစ္ကိုင္းတိုင္းေဒသႀကီး၊ ခါမ္းပါတ္ၿမိဳ႕ ျပည့္သူ႔ေဆး႐ုံတြင္ ဇြန္ ၁၅ ရက္ က ေသနတ္ပစ္ခံရ၍ ဒဏ္ရာရရွိသူ အမ်ိဳးသမီးႏွစ္ဦး ေရာက္ရွိေနေၾကာင္း ျပည္သူ႔ေဆး႐ုံမွ သိရသည္။

ခါမ္းပါတ္ၿမိဳ႕၊ အမွတ္၁ရပ္ကြက္ေန ဦးေဌးေအာင္သည္ ဇြန္ ၁၅ ရက္ ည ၉ နာရီ ခန္႔တြင္ ၄င္း၏ ေနအိမ္အတြင္း တီဗြီၾကည့္လ်က္ရွိၿပီး ဇနီးျဖစ္သူ ေဒၚက်ိန္ေလာ့ႏြမ္းႏွင့္ အိမ္နီးနားခ်င္းျဖစ္သူ မဝုန္ညင္းက်ိန္တို႔မွာ ေနအိမ္ဝရန္တာ ခုံတန္း၌ ထိုင္ေနၾကစဥ္ အိမ္ေရွ႕လမ္းအတိုင္း အေရွ႕ဘက္မွ အမည္မသိအမ်ိဳးသားႏွစ္ဦး ေမာင္းႏွင္လာေသာ ဆိုင္ကယ္မွာ ရပ္တန္႔ျခင္းမရွိဘဲ အေနာက္မွစီးနင္းလာသူက ေသနတ္ျဖင့္ ႏွစ္ခ်က္ပစ္ခတ္ကာ လမ္းအတိုင္း အေနာက္ဘက္သို႔ ေမာင္းႏွင္ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

အဆိုပါပစ္ခတ္မႈေၾကာင့္ မဝုန္ညင္းက်ိန္၏ ဝဲဘက္လက္ခလည္ႏွင့္ လက္သူႂကြယ္တြင္ စုတ္ၿပဲဒဏ္ရာ(မစိုးရိမ္ရ) တစ္ခ်က္ႏွင့္ ေဒၚက်ိန္ေလာ့ႏြမ္း၏ ဝဲဘက္လက္ခလည္တြင္ စုတ္ၿပဲဒဏ္ရာ (မစိုးရိမ္ရ) တစ္ခ်က္တို႔ ရရွိခဲ့ၿပီး မဝုန္ညင္္းက်ိန္၏ ဒဏ္ရာမွာအ႐ိုးကို ထိခိုက္သြားသျဖင့္ ကေလးၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးသို႔ လြဲေျပာင္းပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။

အခင္းျဖစ္ပြားရာသို႔ ခါမ္းပါတ္ၿမိဳ႕နယ္ေျမ ရဲစခန္းမွစခန္းမႉး ဦးစီးအဖြဲ႕က သြားေရာက္စစ္ေဆးရာ ေနအိမ္ေရွ႕ ကြန္ကရစ္ လမ္းေပၚတြင္ AUSA 9MM lugar စာတမ္းပါ ေငြေရာင္က်ည္ခြံႏွစ္ခု ေတြ႕ရွိရၿပီး ေနအိမ္ျပတင္းေပါက္ သစ္သား တံခါး႐ြက္တြင္ စိုက္ဝင္ေနေသာ က်ည္ဖူးတစ္ခုကို ေတြ႕ရွိခဲ့ရၿပီး တရားခံမ်ားကို ဖမ္းဆီးႏိုင္ေရးအတြက္ နယ္ေျမခံတပ္၊ျပည္သူမ်ားႏွင့္ ပူးေပါင္း၍ ၿမိဳ႕အဝင္အထြက္ေနရာမ်ားကို ပိတ္ဆို႔ရွာေဖြ၍ စုံစမ္းေဖာ္ထုတ္ လ်က္ရွိေၾကာင္း ခါမ္းပါတ္ၿမိဳ႕နယ္ေျမရဲစခန္းမွ သိရသည္။

ေဇာ္ဝင္းထြန္း / Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ခါမ်းပါတ်မြို့တွင် သေနတ်ပစ်ခံရ၍ အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိ ခါမ်းပါတ်မြို့တွင် သေနတ်ပစ်ခံရ၍ အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 21:10 Rating: 5
Powered by Blogger.