သမ္မတဦးဝင်းမြင့် ရွေးကောက်ပွဲဝင်မယ်

၂၀၁၅ ရွေး ကောက်ပွဲ တုန်း က ရန်ကုန်တိုင်းက နှစ်ဦးစလုံး ဝင်ပြိုင်ခဲ့ကြပါတယ်။
(Unicode)⤵⤵⤵
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ဟာ၂၀၁၅ခုနှစ်ရွေးကောက်ပွဲတုန်းက ယှဉ်ပြိုင်ခဲ့တဲ့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ရှိတယ်လို့ သက်ဆိုင်ရာ မြို့နယ်တွေကနေ ရွေးကောက်ပွဲဝင်ကြမယ့် အမည်မဖော်လိုသူ မြို့နယ်အလုပ်အမှုဆောင်တွေထံက သိရပါတယ်။

ဦးဝင်းမြင့် ဝင်ပြိုင်တဲ့နေရာတွေမှာဆိုရင် သူတို့နဲ့ ယှဉ်ပြိုင်ရွေးချယ်ဖို့ တင်ကြတဲ့ လျှောက်လွှာတင်သူ တစ်ဦးတစ်ယောက်မှ မရှိဘူးလို့လည်း သူတို့ဆီကသတင်းတွေအရ သိရပါတယ်။

ဦးဝင်းမြင့်ရဲ့ တာမွေမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် အတွက် ကိုယ်စားလှယ်လောင်း လျှောက်လွှာကို ဇွန်လ ၁၅ ရက်နေ့က လက်ခံရခဲ့ပြီး ပြည်သူ့လွှတ်တော်အတွက် ဒီမြို့နယ် မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအတွင်းက ယှဉ်ပြိုင်ရွေးချယ်ဖို့ လျှောက်ထားသူ မရှိဘူးလို့ တိုင်းလွှတ်တော်အတွက် တာမွေမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေသူ တစ်ဦးက ပြောပါတယ်။

အလားတူ ကော့မှူး မြို့နယ် ကိုယ်စားလှယ်လောင်း လျာထားချက် အတွက်လည်း ဒေါ်အောင်ဆန်းစုကြည်က မြို့နယ် ကိုယ်စားပြုပြီး ဝင်ပြိုင်ဖို့ ရှိတယ်လို့ ကော့မှူးမြို့နယ် အလုပ်အမှုဆောင် တစ်ဦးက ဘီဘီစီကို ပြောခဲ့ပါတယ်။

ညနေပိုင်းမှာ ဘီဘီစီက တွေ့ရှိခဲ့ရတဲ့ စာရင်းမှာ ကော့မှူး မြို့နယ် ပြည်သူ့လွှတ်တော် နေရာ အတွက် ဒေါ်အောင်ဆန်းစုကြည် အမည် မပါဝင် ဘဲ အခြား အမျိုးသမီး တစ်ဦး ရဲ့ အမည်ကို အဆိုပြုထားတာ တွေ့ရပါတယ်။

ဇွန်လ ၁၅ ရက်နေ့ ဟာ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မြို့နယ်အဆင့် အမတ်လောင်းတွေကို ရွေးချယ်တဲ့ နောက်ဆုံးနေ့ ဖြစ်ပါတယ်။

အဲဒီကနေမှတစ်ဆင့် သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်တွေကို ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့ အရောက် ပေးပို့ကြရတာလည်း ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ်တွေကတော့ ဒီလကုန်မှာ ပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ကို ပေးပို့ကြရမှာပါ။

နောက်ဆုံး ဆုံးဖြတ်ချက်ကိုတော့ ဗဟို အလုပ်အမှုဆာင်အဖွဲ့က ဇူလိုင်လကုန်မှာ နောက်ဆုံးထား ဆုံးဖြတ်မယ်လို့လည်း ရွေးချယ်ခံရသူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီအမတ်လောင်းတချို့ထံက သိရပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ၂၀၁၉ ဇွန်လက ပြောခဲ့ ပါတယ်။

"ပါတီကိစ္စ လုပ်ငန်းတွေကတော့ သူတို့ ဘယ်လို ပါလာမလဲ ဆိုတော့ သူတို့ ဆုံးဖြတ်ရမှာပါ၊ တပြည်လုံးမှာ မဲဆွယ်ဖို့ ဆိုရင်တော့ အုပ်ချုပ်ရေးရဲ့ ထိပ်ပိုင်းတာဝန်တွေကို သူတို့စွန့်မှ ရမှာပါ " လို့လည်း ဒေါက်တာမျိုးညွှန့်က ပြောခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ် မဲဆန္ဒနယ်က ဝင်ပြိုင်ခဲ့သလို ဦးဝင်းမြင့်ကလည်း တာမွေ မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာအတွက် ဝင်ပြိုင်ခဲ့ပါတယ်။

BBC Burmese
--------------------------------------
(Zawgyi)⤵⤵⤵
သမၼတဦးဝင္းျမင့္ ေ႐ြးေကာက္ပြဲဝင္မယ္

ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္၊ ဟာ၂၀၁၅ခုႏွစ္ေ႐ြးေကာက္ပြဲတုန္းက ယွဥ္ၿပိဳင္ခဲ့တဲ့ ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္ကေန လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ဝင္ၿပိဳင္ဖို႔ ရွိတယ္လို႔ သက္ဆိုင္ရာ ၿမိဳ႕နယ္ေတြကေန ေ႐ြးေကာက္ပြဲဝင္ၾကမယ့္ အမည္မေဖာ္လိုသူ ၿမိဳ႕နယ္အလုပ္အမႈေဆာင္ေတြထံက သိရပါတယ္။

ဦးဝင္းျမင့္ ဝင္ၿပိဳင္တဲ့ေနရာေတြမွာဆိုရင္ သူတို႔နဲ႔ ယွဥ္ၿပိဳင္ေ႐ြးခ်ယ္ဖို႔ တင္ၾကတဲ့ ေလွ်ာက္လႊာတင္သူ တစ္ဦးတစ္ေယာက္မွ မရွိဘူးလို႔လည္း သူတို႔ဆီကသတင္းေတြအရ သိရပါတယ္။

ဦးဝင္းျမင့္ရဲ႕ တာေမြၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္ အတြက္ ကိုယ္စားလွယ္ေလာင္း ေလွ်ာက္လႊာကို ဇြန္လ ၁၅ ရက္ေန႔က လက္ခံရခဲ့ၿပီး ျပည္သူ႔လႊတ္ေတာ္အတြက္ ဒီၿမိဳ႕နယ္ မွာ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီအတြင္းက ယွဥ္ၿပိဳင္ေ႐ြးခ်ယ္ဖို႔ ေလွ်ာက္ထားသူ မရွိဘူးလို႔ တိုင္းလႊတ္ေတာ္အတြက္ တာေမြၿမိဳ႕နယ္ကေန ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ ျပင္ဆင္ေနသူ တစ္ဦးက ေျပာပါတယ္။

အလားတူ ေကာ့မႉး ၿမိဳ႕နယ္ ကိုယ္စားလွယ္ေလာင္း လ်ာထားခ်က္ အတြက္လည္း ေဒၚေအာင္ဆန္းစုၾကည္က ၿမိဳ႕နယ္ ကိုယ္စားျပဳၿပီး ဝင္ၿပိဳင္ဖို႔ ရွိတယ္လို႔ ေကာ့မႉးၿမိဳ႕နယ္ အလုပ္အမႈေဆာင္ တစ္ဦးက ဘီဘီစီကို ေျပာခဲ့ပါတယ္။

ညေနပိုင္းမွာ ဘီဘီစီက ေတြ႕ရွိခဲ့ရတဲ့ စာရင္းမွာ ေကာ့မႉး ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ေနရာ အတြက္ ေဒၚေအာင္ဆန္းစုၾကည္ အမည္ မပါဝင္ ဘဲ အျခား အမ်ိဳးသမီး တစ္ဦး ရဲ႕ အမည္ကို အဆိုျပဳထားတာ ေတြ႕ရပါတယ္။

ဇြန္လ ၁၅ ရက္ေန႔ ဟာ အမ်ိဳသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ ၿမိဳ႕နယ္အဆင့္ အမတ္ေလာင္းေတြကို ေ႐ြးခ်ယ္တဲ့ ေနာက္ဆုံးေန႔ ျဖစ္ပါတယ္။

အဲဒီကေနမွတစ္ဆင့္ သက္ဆိုင္ရာ တိုင္းနဲ႔ ျပည္နယ္ေတြကို ဒီကေန႔ ဇြန္လ ၁၅ ရက္ေန႔ အေရာက္ ေပးပို႔ၾကရတာလည္း ျဖစ္ပါတယ္။

တိုင္းနဲ႔ ျပည္နယ္ေတြကေတာ့ ဒီလကုန္မွာ ပါတီ ဗဟို အလုပ္အမႈေဆာင္အဖြဲ႕ကို ေပးပို႔ၾကရမွာပါ။

ေနာက္ဆုံး ဆုံးျဖတ္ခ်က္ကိုေတာ့ ဗဟို အလုပ္အမႈဆာင္အဖြဲ႕က ဇူလိုင္လကုန္မွာ ေနာက္ဆုံးထား ဆုံးျဖတ္မယ္လို႔လည္း ေ႐ြးခ်ယ္ခံရသူ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ပါတီအမတ္ေလာင္းတခ်ိဳ႕ထံက သိရပါတယ္။

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ လာမယ့္ ၂၀၂၀ အေထြေထြ ေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ ယွဥ္ၿပိဳင္မယ္လို႔ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫြန႔္က ၂၀၁၉ ဇြန္လက ေျပာခဲ့ ပါတယ္။

"ပါတီကိစၥ လုပ္ငန္းေတြကေတာ့ သူတို႔ ဘယ္လို ပါလာမလဲ ဆိုေတာ့ သူတို႔ ဆုံးျဖတ္ရမွာပါ၊ တျပည္လုံးမွာ မဲဆြယ္ဖို႔ ဆိုရင္ေတာ့ အုပ္ခ်ဳပ္ေရးရဲ႕ ထိပ္ပိုင္းတာဝန္ေတြကို သူတို႔စြန႔္မွ ရမွာပါ " လို႔လည္း ေဒါက္တာမ်ိဳးၫႊန႔္က ေျပာခဲ့ပါတယ္ ။

ၿပီးခဲ့တဲ့ ၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲမွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ ေကာ့မႉးၿမိဳ႕နယ္ မဲဆႏၵနယ္က ဝင္ၿပိဳင္ခဲ့သလို ဦးဝင္းျမင့္ကလည္း တာေမြ မဲဆႏၵနယ္က ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေနရာအတြက္ ဝင္ၿပိဳင္ခဲ့ပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53050796
သမ္မတဦးဝင်းမြင့် ရွေးကောက်ပွဲဝင်မယ် သမ္မတဦးဝင်းမြင့် ရွေးကောက်ပွဲဝင်မယ် Reviewed by THITHTOOLWIN on 05:02 Rating: 5
Powered by Blogger.