ဗိုလ်ချုပ်ပုံပါ ကျပ် ငွေစက္ကူတွေ ထပ်ထုတ်မည်

အသစ်ထုတ်ဝေခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်းပုံပါ ကျပ်တစ်ထောင်တန် ငွေစက္ကူ
(Unicode)⤵⤵⤵
မြန်မာနိုင်ငံ ဗဟိုဘဏ်က ဗိုလ်ချုပ်ရုပ်ပုံနဲ့ ငွေစက္ကူတွေဆက်လက်ပြီး ထုတ်သွားမှာ ဖြစ်တယ်လို့ ဇွန်လ ၁၅ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ ဗဟိုဘဏ်က ဒုတိယ ဥက္ကဌ ဦးစိုးမင်း က ပြောပါတယ်။

" ဗိုလ်ချုပ်ရုပ်ပုံနဲ့ ငွေစက္ကူကို အားလုံးသိတဲ့အတိုင်းဇန်နဝါရီလ ၄ ရက်နေ့အထိမ်းအမှတ်နဲ့ ထုတ်ဝေခဲ့ပါတယ်။ ကျွန်တော်တို့ထုတ်တဲ့ငွေစက္ကူတွေဟာ Denotation (အဓိပ္ပါယ်ဖော်ပြချက်) နဲ့ ပုံစံပေါ်မူတည်ပြီး ၁၄မျိုးရှိပါတယ်။ နောင်ဆိုလည်း တခြားစက္ကူတွေကိုလည်း ဒီဗိုလ်ချုပ်ရုပ်ပုံနဲ့ထုတ်သွားဖို့ရှိပါတယ် " လို့လည်း ဦးစိုးမင်းက သတင်းထောက်တွေကို ပြောပါတယ်။

အခုလက်ရှိ ထုတ်ဝေထား ဗိုလ်ချုပ်ရုပ်ပုံနဲ့ ငွေစက္ကူတွေဟာ သတ်မှတ်ထားတဲ့ အရေအတွက်အတိုင်း ထုတ်ထားတာ ဖြစ်တဲ့အတွက် ပြည်သူတွေကြားမှာ သိမ်းဆည်းသူတွေလည်း ရှိတာကြောင့်လိုသလောက် မပြန့်နှံ့တာတွေရှိတယ်လို့ဦးစိုးမင်းက ပြောပါတယ်။

ဗိုလ်ချုပ်ရုပ်ပုံငွေစက္ကူတွေကို ၂၀၂၀ ဇန်နဝါရီလ၄ ရက်နေ့မှာ တစ်ထောင်တန် ငွေစက္ကူအဖြစ် ထုတ်ဝေခဲ့ပြီး ငွေစက္ကူရဲ့မျက်နှာစာဘက်မှာ မြန်မာအမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံ နဲ့ကျော ဘက် မှာ လွှတ်တော် အဆောက်အဦးပုံကို ရိုက်နှိပ်ထားခဲ့ပါတယ်။
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ငွေစက္ကူတွေဖျက်သိမ်းခြင်းကိုတားမြစ်ထားပါတယ်။
ထုတ်ဝေခဲ့တဲ့ တစ်ထောင်တန် ငွေစက္ကူ ရဲ့အရွယ်အစား ဟာ ၁၅၀ မီလီမီတာနဲ့ အနံ ၇၀ မီလီမီတာ ရှိပြီးအပြာရောင်ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ထုတ်ဝေခဲ့တဲ့ ငွေစက္ကူတွေကို မဆလ အစိုးရလက်ထက် ၁၉၈၅ ခုနှစ်မှာ တစ်ကြိမ်၊ ၁၉ ၈၇ ခုနှစ်မှာ တစ်ကြိမ် ဖျက်သိမ်းခဲ့ပါတယ်။

အဲဒီနောက် ခြင်္သေ့ပုံနဲ့ ဆင်ပုံပါတဲ့ ငွေစက္ကူတွေကိုရိုက်နှိပ်ထုတ်ဝေခဲ့ပြီး နှစ်သုံးဆယ် ကျော် အကြာမှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံနဲ့ ငွေစက္ကူ တစ်ထောင်တန်ကို ပြန်လည်ထုတ်ဝေခဲ့တာဖြစ်ပါတယ်။

လက်ရှိ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ငွေစက္ကူတွေကို ဖျက်သိမ်းတာ ကို တားမြစ်ထားပါတယ်။
လက်ရှိသုံးစွဲနေတဲ့ ကျပ်တစ်ထောင်တန်ကို လျှော့ပြီးထုတ်သွားမယ်
ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးစိုးမင်းက " အားလုံးကို ခုသုံးစွဲနေတာတွေကိုအစဉ်လိုက်ရိုက်နှိပ်မှာပါ။ သုံးစွဲနေတာတွေကို အားလုံး ရိုက်နှိပ်မှာပါ။ငါးထောင်တန်ကော တသောင်းတန်ကော အကုန် ထုတ်သွားမှာပါ"လို့ပြောပါတယ်။

တစ်သောင်းတန် ထက် တန်ဖိုးမြင့်တဲ့ ငွေစက္ကူတွေကိုတော့ ထုတ်ဖို့ မရှိသေးဘူးလို့ဦးစိုးမင်းက ဆိုပါတယ်။ အခုလက်ရှိ ထုတ်ဝေထားတဲ့ဗိုလ်ချုပ်ပုံငွေစက္ကူတွေဟာ အရေအတွက် အကန့်အသတ်နဲ့ ထုတ်ဝေထားတာဖြစ်တဲ့အတွက်အမြတ်တနိုးသုံးစွဲသူတွေဟာ သိမ်းဆည်းထားတာဖြစ်ပြီး အားလုံးဆီ ဒီငွေစက္ကူတွေမရောက်သေးတာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ဦးစိုးမင်းကဖြေကြားခဲ့ပါတယ်။

ငွေစက္ကူ အသစ်ရိုက်ထုတ်မယ် ဆိုရင် ပြည်တွင်းလှည့်ပတ်ငွေရဲ့ ၅ရာခိုင်နှုန်းပဲ ရိုက်သင့်ပြီး ဒီထက်ပိုများတဲ့ ပြည်တွင်းမှာ လှည့်ပတ်ငွေများလာရင် ငွေတန်ဖိုးလျော့ကျနိုင်တယ်လို့ သုံးသပ်ချက်တွေရှိခဲ့ပါတယ်။

ဒါပေမဲ့ ဗဟိုဘဏ်ဘက်ကတော့ ရှိပြီးသားတစ်ထောင်တန် အဟောင်းတွေကို အသစ်နဲ့အစားထိုးတာဖြစ်ပြီး အဟောင်းတွေက တဖြေးဖြေးချည်း အများပြည်သူ လက်ထဲကနေပျောက်သွားအောင် လုပ်တာလို့ ပြောခဲ့ပါတယ်။

BBC Burmese
-----------------------------------
(Zawgyi)⤵⤵⤵
ဗိုလ္ခ်ဳပ္ပုံပါ က်ပ္ ေငြစကၠဴေတြ ထပ္ထုတ္မည္

ျမန္မာႏိုင္ငံ ဗဟိုဘဏ္က ဗိုလ္ခ်ဳပ္႐ုပ္ပုံနဲ႔ ေငြစကၠဴေတြဆက္လက္ၿပီး ထုတ္သြားမွာ ျဖစ္တယ္လို႔ ဇြန္လ ၁၅ ရက္ေန႔ ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ျမန္မာႏိုင္ငံ ဗဟိုဘဏ္က ဒုတိယ ဥကၠဌ ဦးစိုးမင္း က ေျပာပါတယ္။

" ဗိုလ္ခ်ဳပ္႐ုပ္ပုံနဲ႔ ေငြစကၠဴကို အားလုံးသိတဲ့အတိုင္းဇန္နဝါရီလ ၄ ရက္ေန႔အထိမ္းအမွတ္နဲ႔ ထုတ္ေဝခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ထုတ္တဲ့ေငြစကၠဴေတြဟာ Denotation (အဓိပၸါယ္ေဖာ္ျပခ်က္) နဲ႔ ပုံစံေပၚမူတည္ၿပီး ၁၄မ်ိဳးရွိပါတယ္။ ေနာင္ဆိုလည္း တျခားစကၠဴေတြကိုလည္း ဒီဗိုလ္ခ်ဳပ္႐ုပ္ပုံနဲ႔ထုတ္သြားဖို႔ရွိပါတယ္ " လို႔လည္း ဦးစိုးမင္းက သတင္းေထာက္ေတြကို ေျပာပါတယ္။

အခုလက္ရွိ ထုတ္ေဝထား ဗိုလ္ခ်ဳပ္႐ုပ္ပုံနဲ႔ ေငြစကၠဴေတြဟာ သတ္မွတ္ထားတဲ့ အေရအတြက္အတိုင္း ထုတ္ထားတာ ျဖစ္တဲ့အတြက္ ျပည္သူေတြၾကားမွာ သိမ္းဆည္းသူေတြလည္း ရွိတာေၾကာင့္လိုသေလာက္ မျပန္႔ႏွံ႔တာေတြရွိတယ္လို႔ဦးစိုးမင္းက ေျပာပါတယ္။

ဗိုလ္ခ်ဳပ္႐ုပ္ပုံေငြစကၠဴေတြကို ၂၀၂၀ ဇန္နဝါရီလ၄ ရက္ေန႔မွာ တစ္ေထာင္တန္ ေငြစကၠဴအျဖစ္ ထုတ္ေဝခဲ့ၿပီး ေငြစကၠဴရဲ႕မ်က္ႏွာစာဘက္မွာ ျမန္မာအမ်ိဳးသားေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ပုံ နဲ႔ေက်ာ ဘက္ မွာ လႊတ္ေတာ္ အေဆာက္အဦးပုံကို ႐ိုက္ႏွိပ္ထားခဲ့ပါတယ္။

ထုတ္ေဝခဲ့တဲ့ တစ္ေထာင္တန္ ေငြစကၠဴ ရဲ႕အ႐ြယ္အစား ဟာ ၁၅၀ မီလီမီတာနဲ႔ အနံ ၇၀ မီလီမီတာ ရွိၿပီးအျပာေရာင္ျဖစ္ပါတယ္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံနဲ႔ ထုတ္ေဝခဲ့တဲ့ ေငြစကၠဴေတြကို မဆလ အစိုးရလက္ထက္ ၁၉၈၅ ခုႏွစ္မွာ တစ္ႀကိမ္၊ ၁၉ ၈၇ ခုႏွစ္မွာ တစ္ႀကိမ္ ဖ်က္သိမ္းခဲ့ပါတယ္။

အဲဒီေနာက္ ျခေသၤ့ပုံနဲ႔ ဆင္ပုံပါတဲ့ ေငြစကၠဴေတြကို႐ိုက္ႏွိပ္ထုတ္ေဝခဲ့ၿပီး ႏွစ္သုံးဆယ္ ေက်ာ္ အၾကာမွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပုံနဲ႔ ေငြစကၠဴ တစ္ေထာင္တန္ကို ျပန္လည္ထုတ္ေဝခဲ့တာျဖစ္ပါတယ္။

လက္ရွိ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ ေငြစကၠဴေတြကို ဖ်က္သိမ္းတာ ကို တားျမစ္ထားပါတယ္။

ဗဟိုဘဏ္ ဒုတိယဥကၠဌ ဦးစိုးမင္းက " အားလုံးကို ခုသုံးစြဲေနတာေတြကိုအစဥ္လိုက္႐ိုက္ႏွိပ္မွာပါ။ သုံးစြဲေနတာေတြကို အားလုံး ႐ိုက္ႏွိပ္မွာပါ။ငါးေထာင္တန္ေကာ တေသာင္းတန္ေကာ အကုန္ ထုတ္သြားမွာပါ"လို႔ေျပာပါတယ္။

တစ္ေသာင္းတန္ ထက္ တန္ဖိုးျမင့္တဲ့ ေငြစကၠဴေတြကိုေတာ့ ထုတ္ဖို႔ မရွိေသးဘူးလို႔ဦးစိုးမင္းက ဆိုပါတယ္။ အခုလက္ရွိ ထုတ္ေဝထားတဲ့ဗိုလ္ခ်ဳပ္ပုံေငြစကၠဴေတြဟာ အေရအတြက္ အကန႔္အသတ္နဲ႔ ထုတ္ေဝထားတာျဖစ္တဲ့အတြက္အျမတ္တႏိုးသုံးစြဲသူေတြဟာ သိမ္းဆည္းထားတာျဖစ္ၿပီး အားလုံးဆီ ဒီေငြစကၠဴေတြမေရာက္ေသးတာျဖစ္တယ္လို႔ သတင္းစာရွင္းလင္းပြဲမွာ ဦးစိုးမင္းကေျဖၾကားခဲ့ပါတယ္။

ေငြစကၠဴ အသစ္႐ိုက္ထုတ္မယ္ ဆိုရင္ ျပည္တြင္းလွည့္ပတ္ေငြရဲ႕ ၅ရာခိုင္ႏႈန္းပဲ ႐ိုက္သင့္ၿပီး ဒီထက္ပိုမ်ားတဲ့ ျပည္တြင္းမွာ လွည့္ပတ္ေငြမ်ားလာရင္ ေငြတန္ဖိုးေလ်ာ့က်ႏိုင္တယ္လို႔ သုံးသပ္ခ်က္ေတြရွိခဲ့ပါတယ္။

ဒါေပမဲ့ ဗဟိုဘဏ္ဘက္ကေတာ့ ရွိၿပီးသားတစ္ေထာင္တန္ အေဟာင္းေတြကို အသစ္နဲ႔အစားထိုးတာျဖစ္ၿပီး အေဟာင္းေတြက တေျဖးေျဖးခ်ည္း အမ်ားျပည္သူ လက္ထဲကေနေပ်ာက္သြားေအာင္ လုပ္တာလို႔ ေျပာခဲ့ပါတယ္။

BBC Burmese
https://www.bbc.com/burmese/53050793
ဗိုလ်ချုပ်ပုံပါ ကျပ် ငွေစက္ကူတွေ ထပ်ထုတ်မည် ဗိုလ်ချုပ်ပုံပါ ကျပ် ငွေစက္ကူတွေ ထပ်ထုတ်မည် Reviewed by THITHTOOLWIN on 05:02 Rating: 5
Powered by Blogger.