ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ရွေးကောက်ပွဲ မဝင်တော့ဟု RFA ကို ပြောကြား

၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လှည်းကူးမြို့နယ် မဲဆန္ဒနယ်အတွက် NLD ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ဦးဖြိုးမင်းသိန်းကို တွေ့ရစဉ်။ Photo: Reuters
(Unicode)⤵⤵⤵
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က အခု ၂ဝ၂ဝ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပဖို့ ကြေညာထားတဲ့ ရွေးကောက်ပွဲမှာ သူ့အနေနဲ့ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ RFA ကို ဇွန်လ ၁၅ ရက်နေ့ ညမှာ သီးသန့် ပြောကြားလိုက်ပါတယ်။

သူလှည်းကူးကို ဒီရက်ပိုင်းသွားရောက်ခြင်းလည်း မရှိကြောင်းနဲ့ အခုလို ထပ်မံရွေးကောက်ပွဲ မဝင်တော့ဘူးလို့ ဆုံးဖြတ်ရတာဟာ ကျန်းမာရေးအခြေအနေအရ ဖြစ်ပါတယ်လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ဒါ့အပြင် ဦးဖြိုးမင်းသိန်း က သူ့ကို လှည်းကူးမြို့နယ်မှာရှိတဲ့ ပါတီခေါင်းဆောင်ပိုင်းကရော လူထုကပါ ထပ်မံ ရွေးချယ်ဖို့ အဆိုပြုခဲ့ကြကြောင်း၊ သူတို့ရဲ့စေတနာကိုလေးစားပေမယ့် သူပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ပါဘူးလို့လည်း RFA ကို ပြောကြားခဲ့ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ လာမယ့် ရွေးကောက်ပွဲမှာ ထပ်မံ ပါဝင်ယှဉ်ပြိုင်မယ်လို့ မနေ့က စောစောပိုင်းမှာ သတင်းတွေထွက်ခဲ့တာနဲ့ စပ်လျဉ်းပြီး RFA က  ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို  ဆက်သွယ်မေးမြန်းရာမှာ သူက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဒု ဥက္ကဌ ဦးစိုင်းညွန့်လွင်ကတော့ ရွေးကောက်ပွဲမဝင်လည်း နိုင်ငံ့အကျိုးကို ထမ်းပိုးနိုင်ပါတယ်လို့ ပြောပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေးကလည်း လွှတ်တော်နိုင်ငံရေးထက် အမျိုးသားပြန်လည်သင့်မြတ်ရေးက ပိုပြီး အရေးကြီးပါတယ်လို့ ကောက်ချက်ချပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ရွေးကောက်ခံမှာ မဟုတ်တော့ဘူးလို့ သတင်းတွေထွက်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် က တရားဝင် ထုတ်ဖော်ပြောဆိုခြင်းတော့ မရှိသေးပါဘူး။

RFA Burmese
-------------------------------------
(Zawgyi)⤵⤵⤵
ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း ေ႐ြးေကာက္ပြဲ မဝင္ေတာ့ဟု RFA ကို ေျပာၾကား

ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း က အခု ၂ဝ၂ဝ ခုႏွစ္ ႏိုဝင္ဘာလမွာ က်င္းပဖို႔ ေၾကညာထားတဲ့ ေ႐ြးေကာက္ပြဲမွာ သူ႔အေနနဲ႔ ပါဝင္ယွဥ္ၿပိဳင္ေတာ့မွာ မဟုတ္ဘူးလို႔ RFA ကို ဇြန္လ ၁၅ ရက္ေန႔ ညမွာ သီးသန႔္ ေျပာၾကားလိုက္ပါတယ္။

သူလွည္းကူးကို ဒီရက္ပိုင္းသြားေရာက္ျခင္းလည္း မရွိေၾကာင္းနဲ႔ အခုလို ထပ္မံေ႐ြးေကာက္ပြဲ မဝင္ေတာ့ဘူးလို႔ ဆုံးျဖတ္ရတာဟာ က်န္းမာေရးအေျခအေနအရ ျဖစ္ပါတယ္လို႔ ဦးၿဖိဳးမင္းသိန္းက ေျပာပါတယ္။

ဒါ့အျပင္ ဦးၿဖိဳးမင္းသိန္း က သူ႔ကို လွည္းကူးၿမိဳ႕နယ္မွာရွိတဲ့ ပါတီေခါင္းေဆာင္ပိုင္းကေရာ လူထုကပါ ထပ္မံ ေ႐ြးခ်ယ္ဖို႔ အဆိုျပဳခဲ့ၾကေၾကာင္း၊ သူတို႔ရဲ႕ေစတနာကိုေလးစားေပမယ့္ သူပါဝင္ယွဥ္ၿပိဳင္ေတာ့မွာ မဟုတ္ပါဘူးလို႔လည္း RFA ကို ေျပာၾကားခဲ့ပါတယ္။

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦးဝင္းျမင့္နဲ႔ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းတို႔ လာမယ့္ ေ႐ြးေကာက္ပြဲမွာ ထပ္မံ ပါဝင္ယွဥ္ၿပိဳင္မယ္လို႔ မေန႔က ေစာေစာပိုင္းမွာ သတင္းေတြထြက္ခဲ့တာနဲ႔ စပ္လ်ဥ္းၿပီး RFA က  ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းကို  ဆက္သြယ္ေမးျမန္းရာမွာ သူက အခုလို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဒု ဥကၠဌ ဦးစိုင္းၫြန႔္လြင္ကေတာ့ ေ႐ြးေကာက္ပြဲမဝင္လည္း ႏိုင္ငံ့အက်ိဳးကို ထမ္းပိုးႏိုင္ပါတယ္လို႔ ေျပာပါတယ္။

၈၈ မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္ ဦးျမေအးကလည္း လႊတ္ေတာ္ႏိုင္ငံေရးထက္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးက ပိုၿပီး အေရးႀကီးပါတယ္လို႔ ေကာက္ခ်က္ခ်ပါတယ္။

လာမယ့္ေ႐ြးေကာက္ပြဲမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္လည္း ပါဝင္ေ႐ြးေကာက္ခံမွာ မဟုတ္ေတာ့ဘူးလို႔ သတင္းေတြထြက္ေနပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ က တရားဝင္ ထုတ္ေဖာ္ေျပာဆိုျခင္းေတာ့ မရွိေသးပါဘူး။

RFA Burmese
https://www.rfa.org/burmese/news/u-phyo-min-thein-and-2020election-06152020130312.html
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ရွေးကောက်ပွဲ မဝင်တော့ဟု RFA ကို ပြောကြား ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ရွေးကောက်ပွဲ မဝင်တော့ဟု RFA ကို ပြောကြား Reviewed by THITHTOOLWIN on 05:02 Rating: 5
Powered by Blogger.