ရေဖြူမြို့နယ် ဥဿရံကျေးရွာတွင် သုံးလောင်းပြိုင်လူသတ်မှု တရားခံများဖော်ထုတ်ဖမ်းဆီးရမိ


(Unicode)⤵⤵⤵
ထားဝယ် ဇွန် ၂၅

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်  ရေဖြူမြို့  ဥဿရံကျေးရွာ  ရေး−ထားဝယ် ကားလမ်း မိုင်တိုင်အမှတ် (၂၃/၂၄)  မီးရထားသံလမ်း ဂိတ်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (ဦးအောင်ကျော်ထွန်း) နေအိမ်တွင် ဇွန် ၁၃ ရက်က မိသားစု အလိုက်သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ရာမှ လူသတ်တရားခံ များအား ဇွန်၂၄ ရက် နံနက်ပိုင်းတွင် စုံစမ်းဖော်ထုတ်ရမိခဲ့ကြောင်း သိရသည်။

အဆိုပါလူသတ်မှုတွင် မသင်္ကာ၍ မြို့နယ်ရဲစခန်းမှ  ဖမ်းဆီး ထိန်းသိမ်းထားသူ ရေဖြူမြို့နယ်နေ သားသား(၂၅) နှစ်အား စစ်ဆေးရာတွင် ၎င်းကိုင်ဆောင်ခဲ့သည့်ဖုန်းမှတစ်ဆင့် ဆက်သွယ် စုံစမ်းခဲ့ရာ ဖုန်းပိုင်ရှင်မှာ ရေဖြူမြို့၊ ဥဿရံ ကျေးရွာနေ ဇော်လင်း (၂၂)နှစ် ဖြစ်ကြောင်းသိရ၍ ဇော်လင်းနှင့် ၎င်း၏သူငယ်ချင်းဖြစ်သူ ဥဿရံကျေးရွာနေ ဝိုင်ကေ (၂၇) နှစ် နှင့် ဦးကျော်မင်းထွန်း (၂၈)နှစ်တို့အား ခေါ်ယူစစ်ဆေးရာ ၎င်းတို့သည် အသတ်ခံရသူ ဦးအောင်ကျော်ထွန်း(ခ) ဖိုးလပြည့်နှင့် ဆက်သွယ်၍ မူးယစ်ဆေးဝါး ဝယ်ယူခဲ့ကြောင်း၊ ကျော်မင်းထွန်းမှာ မွန်ပြည်နယ် ၊ ရေးမြို့နယ်သို့ ရောက်ရှိနေကြောင်း သိရ၍ ရေးမြို့နယ် ချောင်းတောင်ကျေးရွာရှိ ဦးဝင်းထွန်း နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ သားဖြစ်သူ ကျော်မင်းထွန်းအား တွေ့ရှိရ၍ ထိန်းသိမ်းခေါ်ဆောင်လာပြီး စစ်ဆေးရာ မူးယစ်ဆေးဝါးဝယ်ယူရာတွင် ငွေမရှိ၍ သူငယ်ချင်း ဖြစ်သူ ဇော်လင်း၏ဖုန်းအား အပေါင်ထားခဲ့ပြီး မူးယစ်ဆေးဝါး ဝယ်ယူသုံးစွဲခဲ့ကြောင်း ၊ သူငယ်ချင်းဖြစ်သူနှင့်တွေ့သောအခါ ဖုန်းအားပြန်လည်ရွေးယူရန် ငွေမရှိသဖြင့် ဖုန်းပြန်လည် ရရှိရေး အတွက် ကျော်မင်းထွန်းနှင့် ဝိုင်ကေတို့ကအသတ်ခံရသူ ဦးအောင်ကျော်ထွန်း၏ အိမ်သို့ ဇွန် ၁၃ ရက်က သွားရောက်ခဲ့ပြီး ဇော်လင်း၏ ဖုန်းအားတောင်းခဲ့ရာ အဆင်မပြေသဖြင့် ကျော်မင်းထွန်းက ဦးအောင်ကျော်ထွန်းတို့ မိသားစု(၃)ဦးအား အသင့်ယူဆောင်လာသော ဓားဦးချွန်ဖြင့် ထိုး၍ လည်လှီး သတ်ဖြတ်ခဲ့သည်ကို စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်းသိရသည်။

ဆက်လက်၍ တရားခံကျော်မင်းထွန်းနှင့်ဝိုင်ကေတို့ အသုံးပြုခဲ့ သည့် ဓားအား သိမ်းဆည်းခဲ့ပြီး လူသတ်မှုကျူးလွန်သူများအား တရားစွဲတင်နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ရေဖြူမြို့ရဲစခန်းမှ သိရှိရသည်။

(ထားဝယ်ခရိုင်ပြန်/ဆက်) / Myanmaalinn
----------------------------------------------
(Zawgyi)⤵⤵⤵

ထားဝယ် ဇွန် ၂၅


အဆိုပါလူသတ်မှုတွင် မသင်္ကာ၍ မြို့နယ်ရဲစခန်းမှ  ဖမ်းဆီး ထိန်းသိမ်းထားသူ ရေဖြူမြို့နယ်နေ သားသား(၂၅) နှစ်အား စစ်ဆေးရာတွင် ၄င်းကိုင်ဆောင်ခဲ့သည့်ဖုန်းမှတစ်ဆင့် ဆက်သွယ် စုံစမ်းခဲ့ရာ ဖုန်းပိုင်ရှင်မှာ ရေဖြူမြို့၊ ဥဿရံ ကျေးရွာနေ ဇော်လင်း (၂၂)နှစ် ဖြစ်ကြောင်းသိရ၍ ဇော်လင်းနှင့် ၄င်း၏သူငယ်ချင်းဖြစ်သူ ဥဿရံကျေးရွာနေ ဝိုင်ကေ (၂၇) နှစ် နှင့် ဦးကျော်မင်းထွန်း (၂၈)နှစ်တို့အား ခေါ်ယူစစ်ဆေးရာ ၄င်းတို့သည် အသတ်ခံရသူ ဦးအောင်ကျော်ထွန်း(ခ) ဖိုးလပြည့်နှင့် ဆက်သွယ်၍ မူးယစ်ဆေးဝါး ဝယ်ယူခဲ့ကြောင်း၊ ကျော်မင်းထွန်းမှာ မွန်ပြည်နယ် ၊ ရေးမြို့နယ်သို့ ရောက်ရှိနေကြောင်း သိရ၍ ရေးမြို့နယ် ချောင်းတောင်ကျေးရွာရှိ ဦးဝင်းထွန်း နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ သားဖြစ်သူ ကျော်မင်းထွန်းအား တွေ့ရှိရ၍ ထိန်းသိမ်းခေါ်ဆောင်လာပြီး စစ်ဆေးရာ မူးယစ်ဆေးဝါးဝယ်ယူရာတွင် ငွေမရှိ၍ သူငယ်ချင်း ဖြစ်သူ ဇော်လင်း၏ဖုန်းအား အပေါင်ထားခဲ့ပြီး မူးယစ်ဆေးဝါး ဝယ်ယူသုံးစွဲခဲ့ကြောင်း ၊ သူငယ်ချင်းဖြစ်သူနှင့်တွေ့သောအခါ ဖုန်းအားပြန်လည်ရွေးယူရန် ငွေမရှိသဖြင့် ဖုန်းပြန်လည် ရရှိရေး အတွက် ကျော်မင်းထွန်းနှင့် ဝိုင်ကေတို့ကအသတ်ခံရသူ ဦးအောင်ကျော်ထွန်း၏ အိမ်သို့ ဇွန် ၁၃ ရက်က သွားရောက်ခဲ့ပြီး ဇော်လင်း၏ ဖုန်းအားတောင်းခဲ့ရာ အဆင်မပြေသဖြင့် ကျော်မင်းထွန်းက ဦးအောင်ကျော်ထွန်းတို့ မိသားစု(၃)ဦးအား အသင့်ယူဆောင်လာသော ဓားဦးချွန်ဖြင့် ထိုး၍ လည်လှီး သတ်ဖြတ်ခဲ့သည်ကို စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်းသိရသည်။


https://www.facebook.com/MYANMAALINNNEWS
ရေဖြူမြို့နယ် ဥဿရံကျေးရွာတွင် သုံးလောင်းပြိုင်လူသတ်မှု တရားခံများဖော်ထုတ်ဖမ်းဆီးရမိ ရေဖြူမြို့နယ်  ဥဿရံကျေးရွာတွင် သုံးလောင်းပြိုင်လူသတ်မှု တရားခံများဖော်ထုတ်ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:35 Rating: 5
Powered by Blogger.