နယ်စပ်ကိစ္စနဲ့ နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေတာတွေလျော့ချဖို့ အိန္ဒိယနဲ့တရုတ် သဘောတူ


(Unicode)⤵⤵⤵
ဟိမဝန္တာတောင်တန်း အနောက်ပိုင်းက တရုတ်နဲ့ အိန္ဒိယ နယ်စပ်မှာ နှစ်ဖက်တပ်ဖွဲ့တွေ ခိုက်ရန် ဖြစ်ပွားရာက အိန္ဒိယ စစ်သား အနည်းဆုံး ၂၀ သေဆုံးခဲ့ရလို့ ဆက်ဆံရေး တင်းမာနေတာကို လျှော့ချဖို့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ သဘောတူညီခဲ့ကြပါတယ်။ ဗုဒ္ဓဟူးနေ့ကတရုတ် နဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနှစ်ဦး တယ်လီဖုန်းကတဆင့် နှစ်နိုင်ငံ နယ်စပ်မှာ တင်းမာမှုတွေ လျှော့ချ ဖို့ ဆွေးနွေးခဲ့ကြတာ လည်း ဖြစ်ပါတယ်။

အခုလို ဝန်ကြီး ၂ ဦး တယ်လီဖုန်း ဆက်သွယ်ပြောနေချိန်မှာပဲ အိန္ဒိယနိုင်ငံက နယ်စပ်ဒေသကို တပ်တွေ ထပ်မံ စေလွှတ်ခဲ့သလို တရုတ်ကလည်း တိဘက်ဒေသအတွင်း တင့်ကားတွေနဲ့ စစ်သားတွေ ကျည်အစစ်သုံးပြီးတဲ့ စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေတာကို နိုင်ငံပိုင် CCTV ရုပ်သံ သတင်းဌာနက ပြသခဲ့တယ်လို့လည်း AFP သတင်းက ပြောပါတယ်။

တရုတ်နိုင်ငံဘက်က ထိခိုက် သေဆုံးမှုနဲ့ပတ်သက်ပြီး အခုထိ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

အိန္ဒိယနိုင်ငံအနေနဲ့ ခိုက်ရန် ဖြစ်ပွားမှုကို တိတိကျကျ စုံစမ်း အရေးယူပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က တောင်းဆိုခဲ့ ကြောင်းနဲ့ တရုတ်နိုင်ငံရဲ့ ပိုင်နက်နယ်မြေကို ကာကွယ်စောင့်ရှောက်လိုတဲ့ စိတ်ဆန္ဒကို လျှော့မတွက်ဖို့လည်း တရုတ်နိုင်ငံ ခြားရေး ဝန်ကြီး ဌာနရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး Subrahmanyam Jaishankar ကတော့ အိန္ဒိယအစိုးရရဲ့ ကန့်ကွက်ချက်ကို တရုတ်နိုင်ငံကို အသိပေးခဲ့ တယ်လို့ ပြောပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi ကတော့ အိန္ဒိယ စစ်သားတွေ အခုလို အသက် သေဆုံးရတာဟာ အလဟဿ မဖြစ်စေရဘူး လို့လည်း ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ စစ်သားတွေ အသက်စွန့်လွှတ်သွားရတာ အလဟဿ မဖြစ်စေရဘူးဆိုတာကို တိုင်းပြည်ကို ကျွန်တော့် အာမခံလိုပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ ဘယ်သူကမှ မတားဆီးနိုင်သလို ဒီအပေါ် ယုံမှား သံသယလည်း မရှိစေချင်ဘူးလို့ ဝန်ကြီးချုပ် Modi ပြောပါတယ်။

ဖြစ်ပွားပုံနဲ့ပတ်သက်လို့ နှစ်ဖက် ပြောဆိုမှု တွေက ကွဲပြားနေတာပါ။ တရုတ်နိုင်ငံက အိန္ဒိယ စစ်သားတွေက နယ်စပ်ကို ဖြတ်ကျော်ခဲ့တာလို့ ပြောသလို အိန္ဒိယဘက်ကလည်း တရုတ်နိုင်ငံက အိန္ဒိယ ပိုင်နက်ထဲ အဆောက်အဦး ဆောက်တာကြောင့်လို့ ဆိုပါတယ်။

ကုလသမဂ္ဂကတော့ နှစ်ဖက်စလုံး အတတ်နိုင်ဆုံး ချုပ်တည်းကြဖို့ကို တောင်းဆိုထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
------------------------------------------
(Zawgyi)⤵⤵⤵
နယ္စပ္ကိစၥနဲ႔ ႏွစ္ႏိုင္ငံဆက္ဆံေရး တင္းမာေနတာေတြေလ်ာ့ခ်ဖို႔ အိႏၵိယနဲ႔တ႐ုတ္ သေဘာတူ

ဟိမဝႏၲာေတာင္တန္း အေနာက္ပိုင္းက တ႐ုတ္နဲ႔ အိႏၵိယ နယ္စပ္မွာ ႏွစ္ဖက္တပ္ဖြဲ႕ေတြ ခိုက္ရန္ ျဖစ္ပြားရာက အိႏၵိယ စစ္သား အနည္းဆုံး ၂၀ ေသဆုံးခဲ့ရလို႔ ဆက္ဆံေရး တင္းမာေနတာကို ေလွ်ာ့ခ်ဖို႔ တ႐ုတ္နဲ႔ အိႏၵိယႏိုင္ငံ​တို႔ သေဘာတူညီခဲ့ၾကပါတယ္။ ဗုဒၶဟူးေန႔ကတ႐ုတ္ နဲ႔ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးႏွစ္ဦး တယ္လီဖုန္းကတဆင့္ ႏွစ္ႏိုင္ငံ နယ္စပ္မွာ တင္းမာမႈေတြ ေလွ်ာ့ခ် ဖို႔ ေဆြးေႏြးခဲ့ၾကတာ လည္း ျဖစ္ပါတယ္။

အခုလို ဝန္ႀကီး ၂ ဦး တယ္လီဖုန္း ဆက္သြယ္ေျပာေနခ်ိန္မွာပဲ အိႏၵိယႏိုင္ငံက နယ္စပ္ေဒသကို တပ္ေတြ ထပ္မံ ေစလႊတ္ခဲ့သလို တ႐ုတ္ကလည္း တိဘက္ေဒသအတြင္း တင့္ကားေတြနဲ႔ စစ္သားေတြ က်ည္အစစ္သုံးၿပီးတဲ့ စစ္ေရးေလ့က်င့္မႈေတြ လုပ္ေနတာကို ႏိုင္ငံပိုင္ CCTV ႐ုပ္သံ သတင္းဌာနက ျပသခဲ့တယ္လို႔လည္း AFP သတင္းက ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံဘက္က ထိခိုက္ ေသဆုံးမႈနဲ႔ပတ္သက္ၿပီး အခုထိ ထုတ္ေဖာ္ေျပာဆိုတာ မရွိေသးပါဘူး။

အိႏၵိယႏိုင္ငံအေနနဲ႔ ခိုက္ရန္ ျဖစ္ပြားမႈကို တိတိက်က် စုံစမ္း အေရးယူေပးဖို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi က ေတာင္းဆိုခဲ့ ေၾကာင္းနဲ႔ တ႐ုတ္ႏိုင္ငံရဲ႕ ပိုင္နက္နယ္ေျမကို ကာကြယ္ေစာင့္ေရွာက္လိုတဲ့ စိတ္ဆႏၵကို ေလွ်ာ့မတြက္ဖို႔လည္း တ႐ုတ္ႏိုင္ငံ ျခားေရး ဝန္ႀကီး ဌာနရဲ႕ ေၾကညာခ်က္မွာ ပါရွိပါတယ္။

အိႏၵိယႏိုင္ငံျခားေရး ဝန္ႀကီး Subrahmanyam Jaishankar ကေတာ့ အိႏၵိယအစိုးရရဲ႕ ကန႔္ကြက္ခ်က္ကို တ႐ုတ္ႏိုင္ငံကို အသိေပးခဲ့ တယ္လို႔ ေျပာပါတယ္။

အိႏၵိယ ဝန္ႀကီးခ်ဳပ္ Narendra Modi ကေတာ့ အိႏၵိယ စစ္သားေတြ အခုလို အသက္ ေသဆုံးရတာဟာ အလဟႆ မျဖစ္ေစရဘူး လို႔လည္း ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ရဲ႕ စစ္သားေတြ အသက္စြန႔္လႊတ္သြားရတာ အလဟႆ မျဖစ္ေစရဘူးဆိုတာကို တိုင္းျပည္ကို ကြၽန္ေတာ့္ အာမခံလိုပါတယ္။ အိႏၵိယႏိုင္ငံရဲ႕ အခ်ဳပ္အျခာ အာဏာနဲ႔ ဂုဏ္သိကၡာကို ကာကြယ္ဖို႔ ဘယ္သူကမွ မတားဆီးႏိုင္သလို ဒီအေပၚ ယုံမွား သံသယလည္း မရွိေစခ်င္ဘူးလို႔ ဝန္ႀကီးခ်ဳပ္ Modi ေျပာပါတယ္။

ျဖစ္ပြားပုံနဲ႔ပတ္သက္လို႔ ႏွစ္ဖက္ ေျပာဆိုမႈ ေတြက ကြဲျပားေနတာပါ။ တ႐ုတ္ႏိုင္ငံက အိႏၵိယ စစ္သားေတြက နယ္စပ္ကို ျဖတ္ေက်ာ္ခဲ့တာလို႔ ေျပာသလို အိႏၵိယဘက္ကလည္း တ႐ုတ္ႏိုင္ငံက အိႏၵိယ ပိုင္နက္ထဲ အေဆာက္အဦး ေဆာက္တာေၾကာင့္လို႔ ဆိုပါတယ္။

ကုလသမဂၢကေတာ့ ႏွစ္ဖက္စလုံး အတတ္ႏိုင္ဆုံး ခ်ဳပ္တည္းၾကဖို႔ကို ေတာင္းဆိုထားပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/india-china-border-issue-/5467399.html
နယ်စပ်ကိစ္စနဲ့ နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေတာတွေလျော့ချဖို့ အိန္ဒိယနဲ့တရုတ် သဘောတူ နယ်စပ်ကိစ္စနဲ့ နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေတာတွေလျော့ချဖို့ အိန္ဒိယနဲ့တရုတ် သဘောတူ Reviewed by THITHTOOLWIN on 20:00 Rating: 5
Powered by Blogger.