အိန္ဒိယနဲ့တရုတ် ပဋိပက္ခ- တရုတ်ဘက်က သုံးခဲ့တယ်ဆိုတဲ့ သံချောင်းစိုက်တုတ်တွေပုံ ထွက်ပေါ်

အိန္ဒိယ အရာရှိ တစ်ဦးက ပေးပို့ခဲ့တဲ့ တရုတ်ဘက်က သုံးခဲ့တယ်ဆိုတဲ့ သံတုတ်တွေ
(Unicode)⤵⤵⤵
အိန္ဒိယ-တရုတ် နယ်စပ်အရေး ရန်ပွဲမှာ တရုတ်တပ်ဖွဲ့တွေဘက်က သုံးခဲ့တယ်ဆိုတဲ့ သံချောင်းတွေစိုက်ထားတဲ့ လက်နက်တွေပုံ ထွက်ပေါ်လာပါတယ်။

လူသေဆုံးတဲ့အထိ ဖြစ်ခဲ့တဲ့ ဇွန်လ ၁၅ ရက် တိုက်ခိုက်မှုမှာ သုံးခဲ့တယ်ဆိုတဲ့ ဓာတ်ပုံ ထွက်လာတာ ဖြစ်ပါတယ်။

ဂယ်ဝမ်တောင်ကြားမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုမှာ အိန္ဒိယ စစ်သား အနည်းဆုံး ၂၀ သေဆုံးခဲ့ပြီး အင်အားကြီး နှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။

တရုတ်ဘက်ကတော့ သူ့တပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှုကို အတည်မပြုပါဘူး။

ကျူးကျော် ဝင်ရောက်တာတွေ လုပ်တယ်ဆိုပြီး နှစ်ဖက်စလုံးက အပြန်အလှန် စွပ်စွဲနေကြပါတယ်။
အိန္ဒိယ စစ်တပ်က ထရပ်ကားတွေ လာ့ဒါ့ခ်ကို ဗုဒ္ဓဟူးနေ့က ထွက်ခွာသွား
အဲဒီ အငြင်းပွားနေရာမှာ နှစ်နိုင်ငံ နယ်စပ်ကို မြေမျက်နှာသွင်ပြင် အပြောင်းအလဲကြောင့် ရွေ့သွားနိုင်တဲ့ မျဉ်းနဲ့ပဲ ပိုင်းခြားထားတာ ဖြစ်ပါတယ်။

ကြာသပတေးနေ့မှာ ထွက်လာတဲ့ ပုံမှာ သံတွေစိုက်ထားတဲ့ သံတုတ်တွေပုံကို မြင်ရပါတယ်။

တရုတ်ဘက်က သုံးခဲ့တဲ့ လက်နက်လို့ဆိုတဲ့ပုံကို အိန္ဒိယ-တရုတ်နယ်ခြားက အိန္ဒိယ စစ်တပ် အဆင်မြင့် အရာရှိ တစ်ဦးက ဘီဘီစီကို ပေးပို့ခဲ့တာပါ။

ဒီလို လက်နက်မျိုးတွေသုံးတာဟာ "ရိုင်းစိုင်းကြမ်းကြုတ်မှု" barbarism" ပဲလို့ ဒီဓာတ်ပုံကို ပထမဆုံး တွစ်တာမှာ တင်ခဲ့တဲ့ စစ်ရေးသုံးသပ်သူ အဂျေးရှိုကီက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ သေနတ်တွေ မသုံးခဲ့တာက ၁၉၉၆ နှစ်နိုင်ငံ သဘောတူညီချက်ဖြစ်တဲ့ တင်းမာမှုတွေ ပိုမဆိုးအောင် သေနတ်တွေနဲ့ ပေါက်ကွဲတတ်တဲ့လက်နက်တွေ မသုံးရေး သဘောတူချက်အရ ဖြစ်ပါတယ်။

အိန္ဒိယမှာ ဒီဓာတ်ပုံကို တွစ်တာမှာ လူအများအပြား ရှဲနေကြပြီး ဆိုရှယ်မီဒီယာသုံးစွဲသူတွေ အကြီးအကျယ် ဒေါသထွက်နေကြပါတယ်။

ဒါပေမဲ့ တရုတ်ရော အိန္ဒိယဘက်ရော တာဝန်ရှိသူတွေကရော ဘာမှတ်ချက်မှ မပေးကြပါဘူး။

ပေ တစ်သောင်းခွဲနီးပါးမြင့်တဲ့ မတ်စောက်တဲ့နေရာ အစွန်အဖျားလေးမှာ စစ်သားတွေ တိုက်ခိုက်ခဲ့ကြလို့ စစ်သားတချို့ဟာ ရေခဲမှတ်အောက်အေးချိန်မှာ အရှိန်မြန်မြန်စီးနေတဲ့ ဂယ်ဝမ်မြစ်ထဲ ပြုတ်ကျခဲ့တယ်လို့လည်း မီဒီယာတွေမှာ ဖော်ပြတာတွေ ရှိပါတယ်။
ဂယ်ဝမ်တောင်ကြား
နှစ်နိုင်ငံကြား အခုလို လူသေဆုံးတဲ့ အထိ တိုက်ခိုက်ခဲ့ကြတာဟာ ၄၅ နှစ် အတွင်း ပထမဆုံး ဖြစ်ပါတယ်။

အိန္ဒိယဘက်မှာ ထွက်ပေါ်နေတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ တရုတ် စစ်သား အနည်းဆုံး ၄၀ လောက် သေဆုံးတယ်လို့ သိရပါတယ်။

တရုတ်ဘက်ကတော့ အခုထိ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်လို့ ဘာမှ အတည်ပြုတာ မရှိသေးပါဘူး။

အိန္ဒိယ စစ်သားတချို့လည်း ပျောက်ဆုံးနေသေးတယ်လို့ ယူဆရပါတယ်။

BBC Burmese
-----------------------------------------
(Zawgyi)⤵⤵⤵
အိႏၵိယနဲ႔တ႐ုတ္ ပဋိပကၡ- တ႐ုတ္ဘက္က သုံးခဲ့တယ္ဆိုတဲ့ သံေခ်ာင္းစိုက္တုတ္ေတြပုံ ထြက္ေပၚ

အိႏၵိယ-တ႐ုတ္ နယ္စပ္အေရး ရန္ပြဲမွာ တ႐ုတ္တပ္ဖြဲ႕ေတြဘက္က သုံးခဲ့တယ္ဆိုတဲ့ သံေခ်ာင္းေတြစိုက္ထားတဲ့ လက္နက္ေတြပုံ ထြက္ေပၚလာပါတယ္။

လူေသဆုံးတဲ့အထိ ျဖစ္ခဲ့တဲ့ ဇြန္လ ၁၅ ရက္ တိုက္ခိုက္မႈမွာ သုံးခဲ့တယ္ဆိုတဲ့ ဓာတ္ပုံ ထြက္လာတာ ျဖစ္ပါတယ္။

ဂယ္ဝမ္ေတာင္ၾကားမွာ ျဖစ္ခဲ့တဲ့ တိုက္ခိုက္မႈမွာ အိႏၵိယ စစ္သား အနည္းဆုံး ၂၀ ေသဆုံးခဲ့ၿပီး အင္အားႀကီး ႏွစ္ႏိုင္ငံအၾကား တင္းမာမႈေတြ ျမင့္တက္ခဲ့ပါတယ္။

တ႐ုတ္ဘက္ကေတာ့ သူ႔တပ္ဖြဲ႕ဝင္ေတြရဲ႕ ထိခိုက္ေသဆုံးမႈကို အတည္မျပဳပါဘူး။

က်ဴးေက်ာ္ ဝင္ေရာက္တာေတြ လုပ္တယ္ဆိုၿပီး ႏွစ္ဖက္စလုံးက အျပန္အလွန္ စြပ္စြဲေနၾကပါတယ္။

အဲဒီ အျငင္းပြားေနရာမွာ ႏွစ္ႏိုင္ငံ နယ္စပ္ကို ေျမမ်က္ႏွာသြင္ျပင္ အေျပာင္းအလဲေၾကာင့္ ေ႐ြ႕သြားႏိုင္တဲ့ မ်ဥ္းနဲ႔ပဲ ပိုင္းျခားထားတာ ျဖစ္ပါတယ္။

ၾကာသပေတးေန႔မွာ ထြက္လာတဲ့ ပုံမွာ သံေတြစိုက္ထားတဲ့ သံတုတ္ေတြပုံကို ျမင္ရပါတယ္။

တ႐ုတ္ဘက္က သုံးခဲ့တဲ့ လက္နက္လို႔ဆိုတဲ့ပုံကို အိႏၵိယ-တ႐ုတ္နယ္ျခားက အိႏၵိယ စစ္တပ္ အဆင္ျမင့္ အရာရွိ တစ္ဦးက ဘီဘီစီကို ေပးပို႔ခဲ့တာပါ။

ဒီလို လက္နက္မ်ိဳးေတြသုံးတာဟာ "႐ိုင္းစိုင္းၾကမ္းၾကဳတ္မႈ" barbarism" ပဲလို႔ ဒီဓာတ္ပုံကို ပထမဆုံး တြစ္တာမွာ တင္ခဲ့တဲ့ စစ္ေရးသုံးသပ္သူ အေဂ်းရႈိကီက ဆိုပါတယ္။

ဒီတိုက္ခိုက္မႈမွာ ေသနတ္ေတြ မသုံးခဲ့တာက ၁၉၉၆ ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္ျဖစ္တဲ့ တင္းမာမႈေတြ ပိုမဆိုးေအာင္ ေသနတ္ေတြနဲ႔ ေပါက္ကြဲတတ္တဲ့လက္နက္ေတြ မသုံးေရး သေဘာတူခ်က္အရ ျဖစ္ပါတယ္။

အိႏၵိယမွာ ဒီဓာတ္ပုံကို တြစ္တာမွာ လူအမ်ားအျပား ရွဲေနၾကၿပီး ဆိုရွယ္မီဒီယာသုံးစြဲသူေတြ အႀကီးအက်ယ္ ေဒါသထြက္ေနၾကပါတယ္။

ဒါေပမဲ့ တ႐ုတ္ေရာ အိႏၵိယဘက္ေရာ တာဝန္ရွိသူေတြကေရာ ဘာမွတ္ခ်က္မွ မေပးၾကပါဘူး။

ေပ တစ္ေသာင္းခြဲနီးပါးျမင့္တဲ့ မတ္ေစာက္တဲ့ေနရာ အစြန္အဖ်ားေလးမွာ စစ္သားေတြ တိုက္ခိုက္ခဲ့ၾကလို႔ စစ္သားတခ်ိဳ႕ဟာ ေရခဲမွတ္ေအာက္ေအးခ်ိန္မွာ အရွိန္ျမန္ျမန္စီးေနတဲ့ ဂယ္ဝမ္ျမစ္ထဲ ျပဳတ္က်ခဲ့တယ္လို႔လည္း မီဒီယာေတြမွာ ေဖာ္ျပတာေတြ ရွိပါတယ္။

ႏွစ္ႏိုင္ငံၾကား အခုလို လူေသဆုံးတဲ့ အထိ တိုက္ခိုက္ခဲ့ၾကတာဟာ ၄၅ ႏွစ္ အတြင္း ပထမဆုံး ျဖစ္ပါတယ္။

အိႏၵိယဘက္မွာ ထြက္ေပၚေနတဲ့ အတည္မျပဳႏိုင္ေသးတဲ့ သတင္းေတြအရ တ႐ုတ္ စစ္သား အနည္းဆုံး ၄၀ ေလာက္ ေသဆုံးတယ္လို႔ သိရပါတယ္။

တ႐ုတ္ဘက္ကေတာ့ အခုထိ ထိခိုက္ေသဆုံးမႈနဲ႔ ပတ္သက္လို႔ ဘာမွ အတည္ျပဳတာ မရွိေသးပါဘူး။

အိႏၵိယ စစ္သားတခ်ိဳ႕လည္း ေပ်ာက္ဆုံးေနေသးတယ္လို႔ ယူဆရပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-53095306
အိန္ဒိယနဲ့တရုတ် ပဋိပက္ခ- တရုတ်ဘက်က သုံးခဲ့တယ်ဆိုတဲ့ သံချောင်းစိုက်တုတ်တွေပုံ ထွက်ပေါ် အိန္ဒိယနဲ့တရုတ် ပဋိပက္ခ- တရုတ်ဘက်က သုံးခဲ့တယ်ဆိုတဲ့ သံချောင်းစိုက်တုတ်တွေပုံ ထွက်ပေါ် Reviewed by THITHTOOLWIN on 19:59 Rating: 5
Powered by Blogger.