USAGM လက်အောက်ခံ သတင်းဌာနတွေရဲ့ အကြီးအကဲတွေကို CEO သစ် ထုတ်ပယ်

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့မှာရှိတဲ့ The Voice of America (VOA) အဆောက်အဦး။ (ဇွန် ၁၅၊ ၂၀၂၀)
(Unicode)⤵⤵⤵
ဗွီအိုအေရဲ့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ U.S. Agency for Global Media (USAGM) ရဲ့ အကြီးအကဲအဖြစ် အသစ်ခန့်အပ်ခံထားရသူ Michael Pack ဟာ အရှေ့အလယ်ပိုင်းသတင်းမီဒီယာကွန်ရက်၊ လွတ်လပ်တဲ့ အာရှအသံ (RFA) နဲ့ လွတ်လပ်တဲ့ ဥရောပအသံ (RFE/Free Liberty) သတင်းဌာနတွေရဲ့ အကြီးအကဲတွေကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ အခုလို ထုတ်ပယ်လိုက်တယ်ဆိုတာကို Michael Pack က ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းက ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အဲဒီအကြီးအကဲ တဦးချင်းစီအတွက် ထုတ်ပယ်ရတဲ့အကြောင်းရင်းကို Michael Pack က တိတိကျကျမပြောဘဲ USAGM အမှုဆောင်အရာရှိချုပ်ရဲ့ လုပ်ပိုင်ခွင့်အာဏာနဲ့အညီ လုပ်ဆောင်လိုက်တာဖြစ်တယ်လို့ပဲ ပြောတဲ့အကြောင်း AP သတင်းက ဖော်ပြပါတယ်။
နုတ်ထွက်သွားတဲ့ VOA သတင်းဌာန ဒါရိုက်တာ Amanda Bennett
VOA သတင်းဌာန ဒါရိုက်တာ Amanda Bennett နဲ့ ဒုတိယဒါရိုက်တာ Sandy Sugawara တို့ကတော့ တနင်္လာနေ့ကတည်းက ရာထူးကနေ နုတ်ထွက်သွားခဲ့တာပါ။

အခုလို သတင်းဌာနတွေရဲ့ အကြီးအကဲတွေကို Mr. Pack က ထုတ်ပယ်လိုက်တဲ့အပေါ် အမေရိကန် အထက် လွှတ်တော် နိုင်ငံခြားရေးကော်မတီက ထိပ်တန်းဒီမိုကရက်အမတ်တဦးဖြစ်သူ Bob Menendez က ဝေဖန်ပြောဆိုပါတယ်။

Mr. Pack ဟာ USAGM ရဲ့ လွတ်လပ်စွာရပ်တည်မှုကို ဖျက်ဆီးဖို့နဲ့ သမိုင်းဝင် အခန်းကဏ္ဍကို ထိခိုက်အောင်လုပ်ဖို့ နိုင်ငံရေးပယောဂပါတဲ့ ရည်မှန်းချက် ရှိတယ်ဆိုတာ ဒီလုပ်ရပ်တွေက အတည်ပြုပြသနေတယ်လို့ မစ္စတာ Menendez က ပြောပါတယ်။

ဒါပေမဲ့လည်း Michael Pack ကတော့ အမေရိကန်လွှတ်တော်ကနေ အတည်ပြု ပြဌာန်းပေးထားတဲ့၊ သတင်း လွတ်လပ်ခွင့်ကို အာမခံထားတဲ့ VOA ရဲ့ ပဋိဉာဉ်အတိုင်း သူ့အနေနဲ့ အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
---------------------------------------
(Zawgyi)⤵⤵⤵
USAGM လက္ေအာက္ခံ သတင္းဌာနေတြရဲ႕ အႀကီးအကဲေတြကို CEO သစ္ ထုတ္ပယ္

ဗြီအိုေအရဲ႕ မိခင္အဖြဲ႕အစည္းျဖစ္တဲ့ U.S. Agency for Global Media (USAGM) ရဲ႕ အႀကီးအကဲအျဖစ္ အသစ္ခန႔္အပ္ခံထားရသူ Michael Pack ဟာ အေရွ႕အလယ္ပိုင္းသတင္းမီဒီယာကြန္ရက္၊ လြတ္လပ္တဲ့ အာရွအသံ (RFA) နဲ႔ လြတ္လပ္တဲ့ ဥေရာပအသံ (RFE/Free Liberty) သတင္းဌာနေတြရဲ႕ အႀကီးအကဲေတြကို ရာထူးကေန ထုတ္ပယ္လိုက္ပါတယ္။ အခုလို ထုတ္ပယ္လိုက္တယ္ဆိုတာကို Michael Pack က ဗုဒၶဟူးေန႔ ေႏွာင္းပိုင္းက ထုတ္ျပန္လိုက္တာျဖစ္ပါတယ္။

အဲဒီအႀကီးအကဲ တဦးခ်င္းစီအတြက္ ထုတ္ပယ္ရတဲ့အေၾကာင္းရင္းကို Michael Pack က တိတိက်က်မေျပာဘဲ USAGM အမႈေဆာင္အရာရွိခ်ဳပ္ရဲ႕ လုပ္ပိုင္ခြင့္အာဏာနဲ႔အညီ လုပ္ေဆာင္လိုက္တာျဖစ္တယ္လို႔ပဲ ေျပာတဲ့အေၾကာင္း AP သတင္းက ေဖာ္ျပပါတယ္။

VOA သတင္းဌာန ဒါ႐ိုက္တာ Amanda Bennett နဲ႔ ဒုတိယဒါ႐ိုက္တာ Sandy Sugawara တို႔ကေတာ့ တနလၤာေန႔ကတည္းက ရာထူးကေန ႏုတ္ထြက္သြားခဲ့တာပါ။

အခုလို သတင္းဌာနေတြရဲ႕ အႀကီးအကဲေတြကို Mr. Pack က ထုတ္ပယ္လိုက္တဲ့အေပၚ အေမရိကန္ အထက္ လႊတ္ေတာ္ ႏိုင္ငံျခားေရးေကာ္မတီက ထိပ္တန္းဒီမိုကရက္အမတ္တဦးျဖစ္သူ Bob Menendez က ေဝဖန္ေျပာဆိုပါတယ္။

Mr. Pack ဟာ USAGM ရဲ႕ လြတ္လပ္စြာရပ္တည္မႈကို ဖ်က္ဆီးဖို႔နဲ႔ သမိုင္းဝင္ အခန္းက႑ကို ထိခိုက္ေအာင္လုပ္ဖို႔ ႏိုင္ငံေရးပေယာဂပါတဲ့ ရည္မွန္းခ်က္ ရွိတယ္ဆိုတာ ဒီလုပ္ရပ္ေတြက အတည္ျပဳျပသေနတယ္လို႔ မစၥတာ Menendez က ေျပာပါတယ္။

ဒါေပမဲ့လည္း Michael Pack ကေတာ့ အေမရိကန္လႊတ္ေတာ္ကေန အတည္ျပဳ ျပဌာန္းေပးထားတဲ့၊ သတင္း လြတ္လပ္ခြင့္ကို အာမခံထားတဲ့ VOA ရဲ႕ ပဋိဉာဥ္အတိုင္း သူ႔အေနနဲ႔ အျပည့္အဝ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔ ေျပာထားပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/voa-pledge/5467663.html
USAGM လက်အောက်ခံ သတင်းဌာနတွေရဲ့ အကြီးအကဲတွေကို CEO သစ် ထုတ်ပယ် USAGM လက်အောက်ခံ သတင်းဌာနတွေရဲ့ အကြီးအကဲတွေကို CEO သစ် ထုတ်ပယ် Reviewed by THITHTOOLWIN on 20:00 Rating: 5
Powered by Blogger.