အန်အယ်လ်ဒီကို တင်တဲ့ အမတ်လောင်းတွေထဲ မြို့မိမြို့ဖတွေရဲ့ သားသမီးတချို့ပါတဲ့အပေါ် အငြင်းပွားတာတွေရှိ

ရွေးကောက်ပွဲဝင်ပြိုင်လိုတဲ့ လက်ရှိကိုယ်စားလှယ်တွေဟာလည်း လျှောက်လွှာပြန်တင်ရမှာပါ။
(Unicode)⤵⤵⤵
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် အမတ်လောင်းတွေကို သက်ဆိုင်ရာမြို့မိမြို့ဖ တွေဖွဲ့စည်းပြီး ရွေးချယ်ရာမှာ ဒေသတချို့မှာ အငြင်းပွားမှုတွေရှိနေပါတယ်။

လှည်းကူးမြို့နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ အဆိုပြုတဲ့စာရင်းမှာ မြို့မိမြို့ဖအဖြစ် ရွေးချယ်ခံရသူတွေရဲ့ သားသမီးတွေပါဝင်နေလို့ ပါတီအတွင်းမှာပဲ ပြန်လည်ဝေဖန်ခံရမှုတွေရှိနေပါတယ်။

မြို့မိမြို့ဖရဲ့ သားသမီးတွေက ကိုယ်စားလှယ်လောင်းအဆိုပြုစာရင်းကို လျှောက်ထား ခွင့်ပြုတာမို့ နောက်ဆုံး မဲခွဲဆုံးဖြတ်တဲ့အခါ မြို့မိ မြို့ဖရဲ့ သားသမီးတွေကသာ မဲပိုရရှိပြီး ရွေးချယ်ခံရဖို့ အခွင့်အရေး ပိုရနေတယ်လို့ လှည်းကူးမြို့နယ်အတွင်း ဝင်ရောက်ကြဖို့ ပြင်ဆင်နေသူအချို့နဲ့ ပါတီဝင်တွေထံကသိရပါတယ်။

မြို့မိမြို့ဖတွေ့ရဲ့ သားသမီးတွေကိုပါ အမတ်လောင်းအဖြစ်ဝင်ရောက် စာရင်းပေးတဲ့အပေါ် NLD ကို အမြဲထောက် ခံအားပေးခဲ့သူလည်းဖြစ်၊ ၂၀၁၅ ပါတီအောင်နိုင်ရေးအတွက် တာဝန်ထမ်းဆောင်ပေးခဲ့ ဘူးသူ လည်းဖြစ်တဲ့ လှည်းကူးဒေသခံ ကိုညိုထွန်းက

"မြို့မိမြို့ဖတွေက သူတို့သားသမီး ရွေးချယ်မယ့်နေရာမှာ တကယ်လို့ ရွေးချယ်မယ်ဆိုရင် မြို့မိမြို့ဖ မခံယူသင့်ဘူးပေါ့ဗျာ။ မလုပ်သင့်ဘူး။ တကယ်လို့လုပ်မယ်ဆိုရင် သူတို့သားသမီးတွေကို ရွေးမယ်ဆိုရင် ဒါတွေက ပြောစမှတ်တွေဖြစ်သွားမယ်။ သူများပြောစမှတ်တွေဖြစ်သွားမယ်။ တစ်နေရာနဲ့တစ်နေရာတော့မသိဘူးပေါ့ဗျာ။ ကျွန်တော်တို့ဆီက အနေအထားကတော့ အဲဒီလိုရှိတယ်" လို့ ဆိုပါတယ်။

အမတ်လောင်းတွေရွေးချယ်ရာမှာ မသမာမှုတွေမရှိအောင် ထိန်းကျောင်းတဲ့အနေနဲ့ စိစစ်ရွေးချယ်သွား မှာလို့ NLD ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။

"ဒါကတော့ ကျွန်တော်တို့မြို့မိမြို့ဖရွေးတဲ့နေရာမှာ မြို့နယ်အလုပ်အမှုဆောင်ရဲ့ ဆင်ခြင်တုံတရားပေါ်အဓိကမူတည်တယ်။ အဲဒီမှာ ချွတ်ချော်သွားခဲ့ရင် ကျွန်တော်တို့က ကိုယ်စားလှယ်လောင်းရွေးချယ်မှုမှာ ပြန်ပြီးထိန်းမတ်လို့ရပါတယ်။ နောက်ပြီး ကိုယ်စားလှယ်လောင်းကို တိုင်းနဲ့ ပြည်နယ်၊ ဗဟိုအဆင့်ကနေပြီးတော့ သုတေသန မှတ်တမ်းတွေအရ၊ နောက် ကျွန်တော်တို့ စည်းကမ်းထိန်းသိမ်းရေးမှတ်တမ်းတွေအရ နောက် ဒီအချက်တွေကို ပြန်လည်စိစစ်ပြီးမှ မှန်ကန်အောင် ကျွန်တော်တို့ လုပ်သွားမှာ ဖြစ်ပါတယ်" လို့ ဦးမျိုးညွန့်က ပြောပါတယ်။

မြို့နယ်ကရွေးချယ်ထားတဲ့အမတ်လောင်းစာရင်းတွေကို တိုင်းနဲ့ ပြည်နယ် တွေကို ဒီကနေ့ ဇွန် ၁၅ ရက်မှာ တင်ပြရမှာဖြစ်ပြီး ဇွန်လကုန်မှာ ပါတီဗဟိုက ဆုံးဖြတ်ထုတ်ပြန်မှာဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအတွက် လိုအပ်တဲ့ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော်ကို သက်ဆိုင်ရာ မြို့နယ်တွေ ကနေ စတင်ရွေးချယ်နေတာလည်းဖြစ်ပါတယ်။

အဲဒီလိုရွေးချယ်ရာမှာ သတ်မှတ်ထားတဲ့ အရည်အချင်းချင်းတူနေရင် တိုင်းရင်းသား၊ လူငယ်နဲ့အမျိုးသမီးတွေကို ပိုဦးစားပေးရွေးချယ်ဖို့ ပါတီက ညွှန်ကြားထားပါတယ်။

(၂) ကြံ့ခိုင်ရေးပါတီက ဘယ်သူတွေဝင်ပြိုင်ကြမလဲ

ကြံခိုင်းရေးပါတီအနေနဲ့၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရေက်ယှဉ်ပြိုင်ဖို့ပါတီကိုယ်စားလှယ်လောင်းတွေ ရွေးချယ်နေပြီလို့ ပါတီပြောခွင့်ရသူ ဒေါက်တာနန္ဒာလှမြင့်ကပြောပါတယ်။

လာမဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာကြံခိုင်ရေးပါတီက ဝင်ရောက်ယှဉ်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းတွေထဲမှာ လက်ရှိပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးလည်း ပါဝင်မှာဖြစ်တယ်လို့သူက ဆက်ပြောပါတယ်။

ဦးသန်းဌေးဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကို ရှုံးနိမ့်ခဲ့ပါတယ်။

လက်ရှိဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦလှမိုးအောင်ဟာလည်း မြန်အောင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်တဲ့အတွက် ဦးသန်းဌေးအနေနဲ့မြန်အောင်မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုရင် အကြိတ်အနယ်ယှဉ်ပြိုင်ရနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကပြောပါတယ်။

အခုလိုပါတီ ဥက္ကဋ္ဌ ပြန်လည်ရွေးချယ်ခံမှာဖြစ်သလို ကိုယ်စားလှယ်လောင်းတွေထဲမှာလည်း အရင်အစိုးရလက်ထက်က ဝန်ကြီးတွေနဲ့ တပ်မတော်အရာရှိဟောင်းတွေ ပြန်ပါလာနိုင်လို့မေးတဲ့အခါမှာတော့ ဒေါက်တာနန္ဒာ လှမြင့်က

"ဝန်ကြီးအငြိမ်းစားတွေ၊ တပ်မတော်သားအရာရှိအငြိမ်းစားတွေဆိုတာက သက်ဆိုင်ရာနယ်မြေဒေသကအရင်စပြီး အရွေးချယ်ခံရမှာဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်းတိုင်းဟာ သက်ဆိုင်ရာမြို့နယ်ဒေသမှာ စပြီးတော့ အရွေးခံရမှာဖြစ်တဲ့အတွက် အဲဒီဒေသက ဝန်ကြီးဟောင်းပဲဖြစ်ဖြစ်၊ တပ်မတော်သားအငြိမ်းစားပဲဖြစ်ဖြစ် ဆရာဝန်ပဲဖြစ်ဖြစ် အင်ဂျင်နီယာပဲဖြစ်ဖြစ် ဘယ်သူ့ကိုမဆို သူတို့တင်ပြလာတဲ့အပေါ်မှာမူတည်ပြီး စဉ်းစားဆုံးဖြတ်တာဖြစ်တဲ့အတွက် စိစစ်အတည်ပြုပြီးလို့ ကြေညာတဲ့အချိန်ကျတော့မှာပဲ ဘယ်လောက်ပါတယ်မပါဘူးဆိုတာ ကျွန်တော်တို့အတိအကျ ပြောလို့ရမှာဖြစ်ပါတယ်" လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ နဲ့၂၀၁၅ ရွေးကောက်ပွဲတွေမှာတော့ တပ်မတော်က ဗိုလ်ချုပ်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးနဲ့ဗိုလ်ချုပ်ေတွေထဲက အချို့ဟာအငြိမ်းစားယူပြီးကြံခိုင်ရေးပါတီကိုယ်စားလှယ်လောင်း အဖြစ်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

သူတို့အများစုဟာ ရွေးကောက်ပွဲကျင်းပဖို့၃ လလောက်အလိုမှသာတပ်မတော်က အငြိမ်းစားယူပြီး ကြံခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်တုန်းကတော့ ပါဥက္ကဋ္ဌ တာဝန်ယူနေတဲ့ သူရဦးရွှေမန်းနဲ့အစိုးရအဖွဲ့ခေါင်းဆောင်တွေကြားသဘောထားကွဲလွဲမူ့တွေရှိပြီး သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ ဦးအောင်မင်းတို့ဟာ တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရပါတယ်။

BBC Burmese
-----------------------------------------
(Zawgyi)⤵⤵⤵
အန္အယ္လ္ဒီကို တင္တဲ့ အမတ္ေလာင္းေတြထဲ ၿမိဳ႕မိၿမိဳ႕ဖေတြရဲ႕ သားသမီးတခ်ိဳ႕ပါတဲ့အေပၚ အျငင္းပြားတာေတြရွိ

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီကေန ေ႐ြးေကာက္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ အမတ္ေလာင္းေတြကို သက္ဆိုင္ရာၿမိဳ႕မိၿမိဳ႕ဖ ေတြဖြဲ႕စည္းၿပီး ေ႐ြးခ်ယ္ရာမွာ ေဒသတခ်ိဳ႕မွာ အျငင္းပြားမႈေတြရွိေနပါတယ္။

လွည္းကူးၿမိဳ႕နယ္မွာ ၂၀၂၀ ေ႐ြးေကာက္ပြဲဝင္ၿပိဳင္ဖို႔ အဆိုျပဳတဲ့စာရင္းမွာ ၿမိဳ႕မိၿမိဳ႕ဖအျဖစ္ ေ႐ြးခ်ယ္ခံရသူေတြရဲ႕ သားသမီးေတြပါဝင္ေနလို႔ ပါတီအတြင္းမွာပဲ ျပန္လည္ေဝဖန္ခံရမႈေတြရွိေနပါတယ္။

ၿမိဳ႕မိၿမိဳ႕ဖရဲ႕ သားသမီးေတြက ကိုယ္စားလွယ္ေလာင္းအဆိုျပဳစာရင္းကို ေလွ်ာက္ထား ခြင့္ျပဳတာမို႔ ေနာက္ဆုံး မဲခြဲဆုံးျဖတ္တဲ့အခါ ၿမိဳ႕မိ ၿမိဳ႕ဖရဲ႕ သားသမီးေတြကသာ မဲပိုရရွိၿပီး ေ႐ြးခ်ယ္ခံရဖို႔ အခြင့္အေရး ပိုရေနတယ္လို႔ လွည္းကူးၿမိဳ႕နယ္အတြင္း ဝင္ေရာက္ၾကဖို႔ ျပင္ဆင္ေနသူအခ်ိဳ႕နဲ႔ ပါတီဝင္ေတြထံကသိရပါတယ္။

ၿမိဳ႕မိၿမိဳ႕ဖေတြ႕ရဲ႕ သားသမီးေတြကိုပါ အမတ္ေလာင္းအျဖစ္ဝင္ေရာက္ စာရင္းေပးတဲ့အေပၚ NLD ကို အၿမဲေထာက္ ခံအားေပးခဲ့သူလည္းျဖစ္၊ ၂၀၁၅ ပါတီေအာင္ႏိုင္ေရးအတြက္ တာဝန္ထမ္းေဆာင္ေပးခဲ့ ဘူးသူ လည္းျဖစ္တဲ့ လွည္းကူးေဒသခံ ကိုညိဳထြန္းက

"ၿမိဳ႕မိၿမိဳ႕ဖေတြက သူတို႔သားသမီး ေ႐ြးခ်ယ္မယ့္ေနရာမွာ တကယ္လို႔ ေ႐ြးခ်ယ္မယ္ဆိုရင္ ၿမိဳ႕မိၿမိဳ႕ဖ မခံယူသင့္ဘူးေပါ့ဗ်ာ။ မလုပ္သင့္ဘူး။ တကယ္လို႔လုပ္မယ္ဆိုရင္ သူတို႔သားသမီးေတြကို ေ႐ြးမယ္ဆိုရင္ ဒါေတြက ေျပာစမွတ္ေတြျဖစ္သြားမယ္။ သူမ်ားေျပာစမွတ္ေတြျဖစ္သြားမယ္။ တစ္ေနရာနဲ႔တစ္ေနရာေတာ့မသိဘူးေပါ့ဗ်ာ။ ကြၽန္ေတာ္တို႔ဆီက အေနအထားကေတာ့ အဲဒီလိုရွိတယ္" လို႔ ဆိုပါတယ္။

အမတ္ေလာင္းေတြေ႐ြးခ်ယ္ရာမွာ မသမာမႈေတြမရွိေအာင္ ထိန္းေက်ာင္းတဲ့အေနနဲ႔ စိစစ္ေ႐ြးခ်ယ္သြား မွာလို႔ NLD ဗဟိုအလုပ္အမႈေဆာင္ ေဒါက္တာမ်ိဳးၫႊန႔္က ေျပာပါတယ္။

"ဒါကေတာ့ ကြၽန္ေတာ္တို႔ၿမိဳ႕မိၿမိဳ႕ဖေ႐ြးတဲ့ေနရာမွာ ၿမိဳ႕နယ္အလုပ္အမႈေဆာင္ရဲ႕ ဆင္ျခင္တုံတရားေပၚအဓိကမူတည္တယ္။ အဲဒီမွာ ခြၽတ္ေခ်ာ္သြားခဲ့ရင္ ကြၽန္ေတာ္တို႔က ကိုယ္စားလွယ္ေလာင္းေ႐ြးခ်ယ္မႈမွာ ျပန္ၿပီးထိန္းမတ္လို႔ရပါတယ္။ ေနာက္ၿပီး ကိုယ္စားလွယ္ေလာင္းကို တိုင္းနဲ႔ ျပည္နယ္၊ ဗဟိုအဆင့္ကေနၿပီးေတာ့ သုေတသန မွတ္တမ္းေတြအရ၊ ေနာက္ ကြၽန္ေတာ္တို႔ စည္းကမ္းထိန္းသိမ္းေရးမွတ္တမ္းေတြအရ ေနာက္ ဒီအခ်က္ေတြကို ျပန္လည္စိစစ္ၿပီးမွ မွန္ကန္ေအာင္ ကြၽန္ေတာ္တို႔ လုပ္သြားမွာ ျဖစ္ပါတယ္" လို႔ ဦးမ်ိဳးၫြန႔္က ေျပာပါတယ္။

ၿမိဳ႕နယ္ကေ႐ြးခ်ယ္ထားတဲ့အမတ္ေလာင္းစာရင္းေတြကို တိုင္းနဲ႔ ျပည္နယ္ ေတြကို ဒီကေန႔ ဇြန္ ၁၅ ရက္မွာ တင္ျပရမွာျဖစ္ၿပီး ဇြန္လကုန္မွာ ပါတီဗဟိုက ဆုံးျဖတ္ထုတ္ျပန္မွာျဖစ္ပါတယ္။

၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ လိုအပ္တဲ့ကိုယ္စားလွယ္ေလာင္း တစ္ေထာင္ေက်ာ္ကို သက္ဆိုင္ရာ ၿမိဳ႕နယ္ေတြ ကေန စတင္ေ႐ြးခ်ယ္ေနတာလည္းျဖစ္ပါတယ္။

အဲဒီလိုေ႐ြးခ်ယ္ရာမွာ သတ္မွတ္ထားတဲ့ အရည္အခ်င္းခ်င္းတူေနရင္ တိုင္းရင္းသား၊ လူငယ္နဲ႔အမ်ိဳးသမီးေတြကို ပိုဦးစားေပးေ႐ြးခ်ယ္ဖို႔ ပါတီက ၫႊန္ၾကားထားပါတယ္။

(၂) ႀကံ့ခိုင္ေရးပါတီက ဘယ္သူေတြဝင္ၿပိဳင္ၾကမလဲ

ႀကံခိုင္းေရးပါတီအေနနဲ႔၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ဝင္ေရက္ယွဥ္ၿပိဳင္ဖို႔ပါတီကိုယ္စားလွယ္ေလာင္းေတြ ေ႐ြးခ်ယ္ေနၿပီလို႔ ပါတီေျပာခြင့္ရသူ ေဒါက္တာနႏၵာလွျမင့္ကေျပာပါတယ္။

လာမဲ့ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာႀကံခိုင္ေရးပါတီက ဝင္ေရာက္ယွဥ္ၿပိဳင္မဲ့ကိုယ္စားလွယ္ေလာင္းေတြထဲမွာ လက္ရွိပါတီ ဥကၠ႒ ဦးသန္းေဌးလည္း ပါဝင္မွာျဖစ္တယ္လို႔သူက ဆက္ေျပာပါတယ္။

ဦးသန္းေဌးဟာ ၂၀၁၅ ေ႐ြးေကာက္ပြဲတုန္းက ဧရာဝတီတိုင္းေဒသႀကီး၊ ျမန္ေအာင္ၿမိဳ႕နယ္က ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ေပမယ့္ NLD ပါတီ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္ကို ရႈံးနိမ့္ခဲ့ပါတယ္။

လက္ရွိဧရာဝတီတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ဦလွမိုးေအာင္ဟာလည္း ျမန္ေအာင္ၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ မဲဆႏၵနယ္က ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သူျဖစ္တဲ့အတြက္ ဦးသန္းေဌးအေနနဲ႔ျမန္ေအာင္ၿမိဳ႕နယ္ကေန ဝင္ေရာက္ယွဥ္ၿပိဳင္မယ္ဆိုရင္ အႀကိတ္အနယ္ယွဥ္ၿပိဳင္ရႏိုင္တယ္လို႔ ႏိုင္ငံေရးေလ့လာသုံးသပ္သူေတြကေျပာပါတယ္။

အခုလိုပါတီ ဥကၠ႒ ျပန္လည္ေ႐ြးခ်ယ္ခံမွာျဖစ္သလို ကိုယ္စားလွယ္ေလာင္းေတြထဲမွာလည္း အရင္အစိုးရလက္ထက္က ဝန္ႀကီးေတြနဲ႔ တပ္မေတာ္အရာရွိေဟာင္းေတြ ျပန္ပါလာႏိုင္လို႔ေမးတဲ့အခါမွာေတာ့ ေဒါက္တာနႏၵာ လွျမင့္က

"ဝန္ႀကီးအၿငိမ္းစားေတြ၊ တပ္မေတာ္သားအရာရွိအၿငိမ္းစားေတြဆိုတာက သက္ဆိုင္ရာနယ္ေျမေဒသကအရင္စၿပီး အေ႐ြးခ်ယ္ခံရမွာျဖစ္ပါတယ္။ ကိုယ္စားလွယ္ေလာင္းတိုင္းဟာ သက္ဆိုင္ရာၿမိဳ႕နယ္ေဒသမွာ စၿပီးေတာ့ အေ႐ြးခံရမွာျဖစ္တဲ့အတြက္ အဲဒီေဒသက ဝန္ႀကီးေဟာင္းပဲျဖစ္ျဖစ္၊ တပ္မေတာ္သားအၿငိမ္းစားပဲျဖစ္ျဖစ္ ဆရာဝန္ပဲျဖစ္ျဖစ္ အင္ဂ်င္နီယာပဲျဖစ္ျဖစ္ ဘယ္သူ႔ကိုမဆို သူတို႔တင္ျပလာတဲ့အေပၚမွာမူတည္ၿပီး စဥ္းစားဆုံးျဖတ္တာျဖစ္တဲ့အတြက္ စိစစ္အတည္ျပဳၿပီးလို႔ ေၾကညာတဲ့အခ်ိန္က်ေတာ့မွာပဲ ဘယ္ေလာက္ပါတယ္မပါဘူးဆိုတာ ကြၽန္ေတာ္တို႔အတိအက် ေျပာလို႔ရမွာျဖစ္ပါတယ္" လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၀ နဲ႔၂၀၁၅ ေ႐ြးေကာက္ပြဲေတြမွာေတာ့ တပ္မေတာ္က ဗိုလ္ခ်ဳပ္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီးနဲ႔ဗိုလ္ခ်ဳပ္ေေတြထဲက အခ်ိဳ႕ဟာအၿငိမ္းစားယူၿပီးႀကံခိုင္ေရးပါတီကိုယ္စားလွယ္ေလာင္း အျဖစ္ဝင္ေရာက္ ယွဥ္ၿပိဳင္ခဲ့ပါတယ္။

သူတို႔အမ်ားစုဟာ ေ႐ြးေကာက္ပြဲက်င္းပဖို႔၃ လေလာက္အလိုမွသာတပ္မေတာ္က အၿငိမ္းစားယူၿပီး ႀကံခိုင္ေရးပါတီ ကိုယ္စားလွယ္ေလာင္း အျဖစ္ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကတာပါ။

ၿပီးခဲ့တဲ့ ၂၀၁၅ ေ႐ြးေကာက္ပြဲအတြက္ ကိုယ္စားလွယ္ေလာင္းေ႐ြးခ်ယ္တုန္းကေတာ့ ပါဥကၠ႒ တာဝန္ယူေနတဲ့ သူရဦးေ႐ႊမန္းနဲ႔အစိုးရအဖြဲ႕ေခါင္းေဆာင္ေတြၾကားသေဘာထားကြဲလြဲမူ႔ေတြရွိၿပီး သမၼတ႐ုံးဝန္ႀကီး ဦးစိုးသိန္းနဲ႔ ဦးေအာင္မင္းတို႔ဟာ တစ္သီးပုဂၢလ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53046353
အန်အယ်လ်ဒီကို တင်တဲ့ အမတ်လောင်းတွေထဲ မြို့မိမြို့ဖတွေရဲ့ သားသမီးတချို့ပါတဲ့အပေါ် အငြင်းပွားတာတွေရှိ အန်အယ်လ်ဒီကို တင်တဲ့ အမတ်လောင်းတွေထဲ မြို့မိမြို့ဖတွေရဲ့ သားသမီးတချို့ပါတဲ့အပေါ် အငြင်းပွားတာတွေရှိ Reviewed by THITHTOOLWIN on 18:03 Rating: 5
Powered by Blogger.