ရက္ခိုင့်တပ်တော် AA အဖွဲ့ဝင်အချို့ ကျောက်တော်နဲ့ အမ်းမြို့နယ်တွေမှာ ဖမ်းဆီးရမိ


(Unicode)⤵⤵⤵
 ရခိုင်ပြည်နယ်အတွင်း တပ်မတော် စစ်ကြောင်းတွေက စစ်ဆေးမှုတွေပြုလုပ်ချိန်မှာ ရက္ခိုင့်တပ်တော် AA ထဲ မနေနိုင်တော့တဲ့အတွက် ထွက်ပြေးလာချိန်တဲ့ AA အဖွဲ့ဝင်တွေကို ဖမ်းဆီးရမိထားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇွန်လ ၁၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ကျောက်တော်မြို့နယ် ကစ္ဆပနဒီတံတားအနီးမှာ ဇွန်လ ၉ ရက်နေ့က AA တပ်ဖွဲ့ဝင် နှစ်ဦးဖြစ်တဲ့ အသက် ၂၂ အရွယ် မောင်ဝေယံစိုးနဲ့ အသက်၂၄ နှစ်အရွယ် မောင်လှချေတို့ကို တပ်မတော်စစ်ကြောင်းက ဖမ်းဆီးရမိခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရမိသူ နှစ်ဦးဟာ AA တပ်ဖွဲ့ရဲ့ သင်တန်းကို ၂၀၁၉ ဧပြီလမှာ တက်ရောက်ခဲ့ပြီး ပုဏ္ဏားကျွန်းမြို့နယ် သင်ပုန်းတန်းကျေးရွာအနီးက AA တောင်ကုန်းစခန်းကနေ ဇွန်လပထမပတ်မှာ ထွက်ပြေးလာတာဖြစ်တယ်လို့ ပြောထားပါတယ်။

စစ်တွေမြို့ကနေ ရန်ကုန်ကိုသွားတဲ့ ကားပေါ်မှာလည်း ဇွန်လ ၁၀ ရက်နေ့က AA ရဲ့ ရိက္ခာပို့တာဝန်ခံ တစ်ဦးကိုလည်း အမ်းမြို့နယ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ထပ်မံသတင်းထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရမိသူဟာ မောင်ဇော်ဌေး ၂၁ နှစ်ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇွန်လ ၆ ရက်နေ့မှာ AA ရဲ့ သင်တန်းကို တက်ရောက်ခဲ့ပြီး ပင်ပန်းဆင်းရဲမှုဒဏ်ကို မခံနိုင်တဲ့အတွက် ထွက်ပြေးချိန်မှာ ဖမ်းဆီးမိတာ ဖြစ်တယ်လို့ ပါဝင်ပါတယ်။

AA တပ်ဖွဲ့ဝင်တွေ ထွက်ပြေးလာတာနဲ့ တပ်မတော်က ဖမ်းဆီးရမိကြောင်း ပြောဆိုချက်နဲ့ ပတ်သက်ပြီး AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို မေးမြန်းထားပေမယ့် တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။

RFA Burmese
-------------------------------------
(Zawgyi)⤵⤵⤵
ရကၡိဳင့္တပ္ေတာ္ AA အဖြဲ႕ဝင္အခ်ိဳ႕ ေက်ာက္ေတာ္နဲ႔ အမ္းၿမိဳ႕နယ္ေတြမွာ ဖမ္းဆီးရမိ

 ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္ စစ္ေၾကာင္းေတြက စစ္ေဆးမႈေတြျပဳလုပ္ခ်ိန္မွာ ရကၡိဳင့္တပ္ေတာ္ AA ထဲ မေနႏိုင္ေတာ့တဲ့အတြက္ ထြက္ေျပးလာခ်ိန္တဲ့ AA အဖြဲ႕ဝင္ေတြကို ဖမ္းဆီးရမိထားတယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဇြန္လ ၁၃ ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္ထားပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္ ကစၦပနဒီတံတားအနီးမွာ ဇြန္လ ၉ ရက္ေန႔က AA တပ္ဖြဲ႕ဝင္ ႏွစ္ဦးျဖစ္တဲ့ အသက္ ၂၂ အ႐ြယ္ ေမာင္ေဝယံစိုးနဲ႔ အသက္၂၄ ႏွစ္အ႐ြယ္ ေမာင္လွေခ်တို႔ကို တပ္မေတာ္စစ္ေၾကာင္းက ဖမ္းဆီးရမိခဲ့တာလို႔ ထုတ္ျပန္ထားပါတယ္။

ဖမ္းဆီးရမိသူ ႏွစ္ဦးဟာ AA တပ္ဖြဲ႕ရဲ႕ သင္တန္းကို ၂၀၁၉ ဧၿပီလမွာ တက္ေရာက္ခဲ့ၿပီး ပုဏၰားကြၽန္းၿမိဳ႕နယ္ သင္ပုန္းတန္းေက်း႐ြာအနီးက AA ေတာင္ကုန္းစခန္းကေန ဇြန္လပထမပတ္မွာ ထြက္ေျပးလာတာျဖစ္တယ္လို႔ ေျပာထားပါတယ္။

စစ္ေတြၿမိဳ႕ကေန ရန္ကုန္ကိုသြားတဲ့ ကားေပၚမွာလည္း ဇြန္လ ၁၀ ရက္ေန႔က AA ရဲ႕ ရိကၡာပို႔တာဝန္ခံ တစ္ဦးကိုလည္း အမ္းၿမိဳ႕နယ္မွာ ဖမ္းဆီးရမိခဲ့တယ္လို႔ ထပ္မံသတင္းထုတ္ျပန္ထားပါတယ္။

ဖမ္းဆီးရမိသူဟာ ေမာင္ေဇာ္ေဌး ၂၁ ႏွစ္ျဖစ္ၿပီး ၂၀၁၉ ခုႏွစ္ ဇြန္လ ၆ ရက္ေန႔မွာ AA ရဲ႕ သင္တန္းကို တက္ေရာက္ခဲ့ၿပီး ပင္ပန္းဆင္းရဲမႈဒဏ္ကို မခံႏိုင္တဲ့အတြက္ ထြက္ေျပးခ်ိန္မွာ ဖမ္းဆီးမိတာ ျဖစ္တယ္လို႔ ပါဝင္ပါတယ္။

AA တပ္ဖြဲ႕ဝင္ေတြ ထြက္ေျပးလာတာနဲ႔ တပ္မေတာ္က ဖမ္းဆီးရမိေၾကာင္း ေျပာဆိုခ်က္နဲ႔ ပတ္သက္ၿပီး AA ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခကို ေမးျမန္းထားေပမယ့္ တစ္စုံတစ္ရာ တုံ႔ျပန္ေျပာဆိုျခင္း မရွိေသးပါဘူး။

RFA Burmese
https://www.facebook.com/rfaburmese
ရက္ခိုင့်တပ်တော် AA အဖွဲ့ဝင်အချို့ ကျောက်တော်နဲ့ အမ်းမြို့နယ်တွေမှာ ဖမ်းဆီးရမိ ရက္ခိုင့်တပ်တော် AA အဖွဲ့ဝင်အချို့ ကျောက်တော်နဲ့ အမ်းမြို့နယ်တွေမှာ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 18:06 Rating: 5
Powered by Blogger.