မန္တလေးမှာ ဆန္ဒမဲပေးခွင့်ရှိသူ လေးသန်းခွဲရှိ


(Unicode)⤵⤵⤵
မန္တလေးတိုင်းထဲမှာ ၂၀၂၀  အထွေထွေရွေးကောက်ပွဲကာ မဲပေးခွင့်ရှိသူ   လေးသန်းခွဲ ရှိနေပြီး ဒါဟာ ၂၀၁၅ ရွေးကောက်ပွဲကာလထက် တစ်သိန်းကျော် တိုးလာတာဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးတိုင်းအတွင်းမှာ နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးရမယ့်လူပေါင်း လေးသိန်းကျော် ကျန်နေပါတယ်။ မဲပေးရမဲ့ကာလမှာ သူတို့တွေ မဲပေးနိုင်ဖို့ကို နည်းလမ်းရှာပြီး ကူညီပေးသွားမှာလို့ တိုင်းအစိုးရ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည် ကပြောပါတယ်။

“ဒီလကစပြီး ဆောင်ရွက်နေတယ်။ အတည်ပြုတဲ့စာရင်းတွေကို သက်ဆိုင်ရာကိုဖော်ပြသွားမယ်။ လက်ရှိစာရင်း ထပ်ပြီး တိုးလာဖို့ပဲရှိမယ်။ စာရင်းတွေကို နှစ်ပတ်တစ်ကြိမ် ထုတ်ပြန်သွားမှာပါ“

မန္တလေးတိုင်းအတွင်းမှာ ရက်ပေါင်း  ၉၀ ထက်မနည်း နေထိုင်လို့  မဲပေးခွင့်ရှိသူတွေ၊ တပ်မတော်သားမိသားစုဝင်တွေ ဒီစာရင်းမှာ မပါသေးဘူးလို့ မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်ရုံးကနေ သိရပါတယ်။

RFA Burmese
------------------------------------------
(Zawgyi)⤵⤵⤵





RFA Burmese
https://www.facebook.com/rfaburmese
မန္တလေးမှာ ဆန္ဒမဲပေးခွင့်ရှိသူ လေးသန်းခွဲရှိ မန္တလေးမှာ ဆန္ဒမဲပေးခွင့်ရှိသူ လေးသန်းခွဲရှိ Reviewed by THITHTOOLWIN on 20:45 Rating: 5
Powered by Blogger.