၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် ၃၇ သန်းကျော်ရှိ၊ မဲရုံပေါင်း လေးသောင်းကျော် လျာထား

ကိုဗစ်ကြောင့်လူစုလူဝေးမဖြစ်စေဖို့ မဲစာရင်းကို အွန်လိုင်းက ကြည့်ဖို့ စီစဉ်ပေးမှာပါ။
(Unicode)⤵⤵⤵
၂၀၂၀ ရွေးကောက်ပွဲကို အခုနှစ်နှောင်းပိုင်းမှာ ကျင်းပမှာဖြစ်ပြီး မဲရုံပေါင်းလေးသောင်းကျော်လျာထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

မဲဆန္ဒရှင်ပေါင်း ၃၇ သန်းကျော်ရှိပြီး ရွေးကောက်ပွဲကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာညွှန်ကြားချက်တွေနဲ့အညီ ဆောင်ရွက်ဖို့လိုအပ်တယ်လို့ ကော်မရှင်က ဇွန် ၁၀ ရက်က ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ကိုဗစ်ကာလဖြစ်တဲ့အတွက်မဲစာရင်းကပ်ထားကြေညာတဲ့ကာလ၊ မဲဆွယ်စည်းရုံးရေးကာလနဲ့ မဲပေးတဲ့နေ့တွေမှာ ပြည်သူလူထု စုဝေးတာဖြစ်ပေါ်လာနိုင်ကြောင်း၊ဒါကြောင့် မဲစာရင်းတွေကို အွန်လိုင်းကနေ ကြည့်နိုင်ဖို့ မိုဘိုင်းအက်ပလီကေးရှင်းတွေစီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် မဲပေးမယ့်နေ့မှာလည်း မဲစာရင်းကြည့်တဲ့အချိန်နဲ့ မဲပေးမယ့်အချိန်မှာ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်တွေနဲ့အညီ ဘယ်လိုမဲပေးရမယ်ဆိုတာ သရုပ်ပြမဲရုံတွေပြသဆောင်ရွက်မယ်လို့ ကော်မရှင်ကပြောပါတယ်။

အဲဒီလို ဆောင်ရွက်မှ မဲရုံတွေမှာ ကိုဗစ်ရောဂါကာကွယ်ရေးအတွက်လိုအပ်ချက်တွေကို သိနိုင်ပြီး ပြင်ဆင်စရာရှိတာကို ကြိုတင်ပြင်ဆင်နိုင်မယ်လို့ ဆိုပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာမှာကျင်းပမယ်လို့ ကော်မရှင်က ပြောကြားထားပြီး ရွေးကောက်ပွဲနေ့ကိုတော့ မသတ်မှတ်ရသေးပါဘူး။ နိုင်ငံရေးပါတီတွေဘက်ကတော့ ကော်မရှင်အနေနဲ့ ကိုဗစ်ကာလမှာ ဗီဒီယိုကွန်ဖရန်းဇင်းနဲ့ တွေ့ဆုံအစည်းအဝေးပြုလုပ်ပြီး ရွေးကောက်ပွဲကျင်းပရေး ညှိနှိုင်းသင့်တယ်လို့ အကြံပြုထားပါတယ်။

ကိုဗစ်၁၉ ကပ်ရောဂါကြောင့် ကျောင်းဖွင့်ချိန်တွေကို နောက်ဆုတ်ထားရပြီး အထက်တန်းအဆင့်ကနေ ပြန်စဖွင့်မှာဖြစ်ပါတယ်။ အဲဒီလိုပြန်ဖွင့်တဲ့အခါ စာသင်ခန်းတစ်ခန်းကို ကျောင်းသားအယောက် ၂၀ အများဆုံး ထားရှိမှာဖြစ်ပြီး ဆရာ၊မိဘ၊ ကျောင်းသား လိုက်နာရမယ့်စည်းကမ်းတွေကို အစိုးရပိုင်သတင်းစာတွေက နေ့စဉ်ထုတ်ပြန်ပေးနေပါတယ်။

မြန်မာနိုင်ငံမှာ ကျောင်းသားကျောင်းသူပေါင်း ၁၀ သန်းနီးပါးရှိပြီး ဆရာဆရာမနဲ့ ပညာရေးဝန်ထမ်းအင်အားက ငါးသိန်းခန့်ရှိပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီပေါင်း ၉၇ ပါတီရှိပြီး ရွေးကောက်ပွဲအတွက် အာဏာရပါတီ အန်အယ်လ်ဒီအပါအဝင် နိုင်ငံရေးပါတီတချို့ စတင်ပြင်ဆင်နေပြီဖြစ်ပါတယ်။

အန်အယ်လ်ဒီကတော့ ကိုယ်စားလှယ်လောင်းလျှောက်လွှာတွေကို ဇွန် ၈ ရက်က စတင်လက်ခံနေပြီး ဒီလထဲမှာ ကိုယ်စားလှယ်လောင်းတွေကို အပြီးရွေးချယ်သွားမှာဖြစ်ပါတယ်။

BBC Burmese
-----------------------------------------
(Zawgyi)⤵⤵⤵
၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ မဲဆႏၵရွင္ ၃၇ သန္းေက်ာ္ရွိ၊ မဲ႐ုံေပါင္း ေလးေသာင္းေက်ာ္ လ်ာထား

၂၀၂၀ ေ႐ြးေကာက္ပြဲကို အခုႏွစ္ေႏွာင္းပိုင္းမွာ က်င္းပမွာျဖစ္ၿပီး မဲ႐ုံေပါင္းေလးေသာင္းေက်ာ္လ်ာထားတယ္လို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ေျပာပါတယ္။

မဲဆႏၵရွင္ေပါင္း ၃၇ သန္းေက်ာ္ရွိၿပီး ေ႐ြးေကာက္ပြဲကို ကိုဗစ္-၁၉ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဆိုင္ရာၫႊန္ၾကားခ်က္ေတြနဲ႔အညီ ေဆာင္႐ြက္ဖို႔လိုအပ္တယ္လို႔ ေကာ္မရွင္က ဇြန္ ၁၀ ရက္က ျပဳလုပ္တဲ့ အစည္းအေဝးမွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ကိုဗစ္ကာလျဖစ္တဲ့အတြက္မဲစာရင္းကပ္ထားေၾကညာတဲ့ကာလ၊ မဲဆြယ္စည္း႐ုံးေရးကာလနဲ႔ မဲေပးတဲ့ေန႔ေတြမွာ ျပည္သူလူထု စုေဝးတာျဖစ္ေပၚလာႏိုင္ေၾကာင္း၊ဒါေၾကာင့္ မဲစာရင္းေတြကို အြန္လိုင္းကေန ၾကည့္ႏိုင္ဖို႔ မိုဘိုင္းအက္ပလီေကးရွင္းေတြစီစဥ္ေဆာင္႐ြက္ေနတယ္လို႔ ဆိုပါတယ္။

ဒါေၾကာင့္ မဲေပးမယ့္ေန႔မွာလည္း မဲစာရင္းၾကည့္တဲ့အခ်ိန္နဲ႔ မဲေပးမယ့္အခ်ိန္မွာ ကိုဗစ္ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးလမ္းၫႊန္ခ်က္ေတြနဲ႔အညီ ဘယ္လိုမဲေပးရမယ္ဆိုတာ သ႐ုပ္ျပမဲ႐ုံေတြျပသေဆာင္႐ြက္မယ္လို႔ ေကာ္မရွင္ကေျပာပါတယ္။

အဲဒီလို ေဆာင္႐ြက္မွ မဲ႐ုံေတြမွာ ကိုဗစ္ေရာဂါကာကြယ္ေရးအတြက္လိုအပ္ခ်က္ေတြကို သိႏိုင္ၿပီး ျပင္ဆင္စရာရွိတာကို ႀကိဳတင္ျပင္ဆင္ႏိုင္မယ္လို႔ ဆိုပါတယ္။

၂၀၂၀ ေ႐ြးေကာက္ပြဲကို ႏိုဝင္ဘာမွာက်င္းပမယ္လို႔ ေကာ္မရွင္က ေျပာၾကားထားၿပီး ေ႐ြးေကာက္ပြဲေန႔ကိုေတာ့ မသတ္မွတ္ရေသးပါဘူး။ ႏိုင္ငံေရးပါတီေတြဘက္ကေတာ့ ေကာ္မရွင္အေနနဲ႔ ကိုဗစ္ကာလမွာ ဗီဒီယိုကြန္ဖရန္းဇင္းနဲ႔ ေတြ႕ဆုံအစည္းအေဝးျပဳလုပ္ၿပီး ေ႐ြးေကာက္ပြဲက်င္းပေရး ညႇိႏႈိင္းသင့္တယ္လို႔ အႀကံျပဳထားပါတယ္။

ကိုဗစ္၁၉ ကပ္ေရာဂါေၾကာင့္ ေက်ာင္းဖြင့္ခ်ိန္ေတြကို ေနာက္ဆုတ္ထားရၿပီး အထက္တန္းအဆင့္ကေန ျပန္စဖြင့္မွာျဖစ္ပါတယ္။ အဲဒီလိုျပန္ဖြင့္တဲ့အခါ စာသင္ခန္းတစ္ခန္းကို ေက်ာင္းသားအေယာက္ ၂၀ အမ်ားဆုံး ထားရွိမွာျဖစ္ၿပီး ဆရာ၊မိဘ၊ ေက်ာင္းသား လိုက္နာရမယ့္စည္းကမ္းေတြကို အစိုးရပိုင္သတင္းစာေတြက ေန႔စဥ္ထုတ္ျပန္ေပးေနပါတယ္။

ျမန္မာႏိုင္ငံမွာ ေက်ာင္းသားေက်ာင္းသူေပါင္း ၁၀ သန္းနီးပါးရွိၿပီး ဆရာဆရာမနဲ႔ ပညာေရးဝန္ထမ္းအင္အားက ငါးသိန္းခန႔္ရွိပါတယ္။

ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရးပါတီေပါင္း ၉၇ ပါတီရွိၿပီး ေ႐ြးေကာက္ပြဲအတြက္ အာဏာရပါတီ အန္အယ္လ္ဒီအပါအဝင္ ႏိုင္ငံေရးပါတီတခ်ိဳ႕ စတင္ျပင္ဆင္ေနၿပီျဖစ္ပါတယ္။

အန္အယ္လ္ဒီကေတာ့ ကိုယ္စားလွယ္ေလာင္းေလွ်ာက္လႊာေတြကို ဇြန္ ၈ ရက္က စတင္လက္ခံေနၿပီး ဒီလထဲမွာ ကိုယ္စားလွယ္ေလာင္းေတြကို အၿပီးေ႐ြးခ်ယ္သြားမွာျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53003526
၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် ၃၇ သန်းကျော်ရှိ၊ မဲရုံပေါင်း လေးသောင်းကျော် လျာထား ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် ၃၇ သန်းကျော်ရှိ၊ မဲရုံပေါင်း လေးသောင်းကျော် လျာထား Reviewed by THITHTOOLWIN on 20:44 Rating: 5
Powered by Blogger.