နယ်စပ်ကနေ တရားမဝင်ပြန်လာသူတွေနဲ့ လက်ခံသူတွေကို အစိုးရ အရေးယူမည်


(Unicode)⤵⤵⤵
နယ်စပ်ကနေ တရားမဝင် ပြန်လာသူတွေနဲ့ အဲဒီ ပြန်လာသူတွေ လက်ခံထားရင် အရေးယူသွားမယ်လို့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဇွန်လ ၁၀ ရက် မနေ့က ထုတ်ပြန်လိုက်ပါတယ်။

ဒီရက်ပိုင်းအတွင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ဘူးသီးတောင်နဲ့ မောင်တောဒေသကို ပြန်ဝင်လာသူတချို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ပြီးနောက် အခုလို ထုတ်ပြန်ကြေညာလိုက်တာပါ။

ပြန်လည်လက်ခံရေးစခန်းမရှိတဲ့ နယ်စပ်ဝင်ပေါက်တွေက ဝင်ရောက်လာနေတာကြောင့် ဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ကုသရေး ဆောင်ရွက်ရာမှာ အဟန့်အတားတွေဖြစ်စေတယ်လို့ ဆိုပါတယ်။

ဗဟိုကော်မတီက အခုလိုထုတ်ပြန်ထားတာကြောင့် ဒေသတွင်း အရေးယူတာတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

မတ်လ ၃၀ ရက်နေ့နောက်ပိုင်း မောင်တောမှာ ကိုးယောက်နဲ့ ဘူးသီးတောင်မှာ ရှစ်ယောက် နယ်စပ်ခြံစည်းရိုးကိုကျော်ပြီး ခိုးဝင်လာကြတယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်က ပြန်လာသူတွေထဲက စုစုပေါင်း လေးဦးမှာ ပိုးတွေ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇွန်လ ၁၀ ရက်နေ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ကပ်ရောဂါကာလအတွင်း နိုင်ငံတွင်း ပြန်ဝင်လာသူတွေကို အပြည်ပြည်ဆိုင်ရာလေဆိပ်တွေ၊ ဆိပ်ကမ်းတွေနဲ့ နယ်စပ်ဂိတ်တွေမှာ တရားဝင်လက်ခံရေးစခန်းတွေ ဖွင့်ပြီး စနစ်တကျလက်ခံနေသလို ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေကြောင်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

RFA Burmese
----------------------------------
(Zawgyi)⤵⤵⤵
နယ္စပ္ကေန တရားမဝင္ျပန္လာသူေတြနဲ႔ လက္ခံသူေတြကို အစိုးရ အေရးယူမည္

နယ္စပ္ကေန တရားမဝင္ ျပန္လာသူေတြနဲ႔ အဲဒီ ျပန္လာသူေတြ လက္ခံထားရင္ အေရးယူသြားမယ္လို႔ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီက ဇြန္လ ၁၀ ရက္ မေန႔က ထုတ္ျပန္လိုက္ပါတယ္။

ဒီရက္ပိုင္းအတြင္း အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံကေန ဘူးသီးေတာင္နဲ႔ ေမာင္ေတာေဒသကို ျပန္ဝင္လာသူတခ်ိဳ႕မွာ ကို႐ိုနာဗိုင္းရပ္စ္ပိုးေတြ႕ရွိခဲ့ၿပီးေနာက္ အခုလို ထုတ္ျပန္ေၾကညာလိုက္တာပါ။

ျပန္လည္လက္ခံေရးစခန္းမရွိတဲ့ နယ္စပ္ဝင္ေပါက္ေတြက ဝင္ေရာက္လာေနတာေၾကာင့္ ဗိုင္းရပ္စ္ ကာကြယ္ထိန္းခ်ဳပ္ကုသေရး ေဆာင္႐ြက္ရာမွာ အဟန႔္အတားေတြျဖစ္ေစတယ္လို႔ ဆိုပါတယ္။

ဗဟိုေကာ္မတီက အခုလိုထုတ္ျပန္ထားတာေၾကာင့္ ေဒသတြင္း အေရးယူတာေတြ ဆက္လက္လုပ္ေဆာင္သြားမယ္လို႔ ေမာင္ေတာခ႐ိုင္ အုပ္ခ်ဳပ္ေရးမႉး ဦးစိုးေအာင္က ေျပာပါတယ္။

မတ္လ ၃၀ ရက္ေန႔ေနာက္ပိုင္း ေမာင္ေတာမွာ ကိုးေယာက္နဲ႔ ဘူးသီးေတာင္မွာ ရွစ္ေယာက္ နယ္စပ္ၿခံစည္း႐ိုးကိုေက်ာ္ၿပီး ခိုးဝင္လာၾကတယ္လို႔ ေမာင္ေတာခ႐ိုင္ အုပ္ခ်ဳပ္ေရးမႉး ဦးစိုးေအာင္က ေျပာပါတယ္။ ဘဂၤလားေဒ့ရွ္က ျပန္လာသူေတြထဲက စုစုေပါင္း ေလးဦးမွာ ပိုးေတြ႕တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ဇြန္လ ၁၀ ရက္ေန႔ ထုတ္ျပန္ခ်က္က ဆိုပါတယ္။

ကပ္ေရာဂါကာလအတြင္း ႏိုင္ငံတြင္း ျပန္ဝင္လာသူေတြကို အျပည္ျပည္ဆိုင္ရာေလဆိပ္ေတြ၊ ဆိပ္ကမ္းေတြနဲ႔ နယ္စပ္ဂိတ္ေတြမွာ တရားဝင္လက္ခံေရးစခန္းေတြ ဖြင့္ၿပီး စနစ္တက်လက္ခံေနသလို ကာကြယ္ထိန္းခ်ဳပ္ ကုသေရးလုပ္ငန္းေတြ ေဆာင္႐ြက္ေပးေနေၾကာင္း အဲဒီထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
နယ်စပ်ကနေ တရားမဝင်ပြန်လာသူတွေနဲ့ လက်ခံသူတွေကို အစိုးရ အရေးယူမည် နယ်စပ်ကနေ တရားမဝင်ပြန်လာသူတွေနဲ့ လက်ခံသူတွေကို အစိုးရ အရေးယူမည် Reviewed by THITHTOOLWIN on 20:45 Rating: 5
Powered by Blogger.