ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ချောင်းမြောင်းတိုက်ခိုက်ခံရ၍ ၄ ဦးသေဆုံး ၊ ၅ဦး ဒဏ်ရာရရှိ

ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေသော နယ်ခြား စောင့် ရဲတပ်ဖွဲ့ဝင် တစ် ဦး အား တွေ့ရ စဉ် (ဆင်ဟွာ) 
(Unicode)⤵⤵⤵
ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် ဇွန် ၂၂ ရက် ညနေပိုင်းက AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ ချောင်းမြောင်းတိုက်ခိုက်ခံရသဖြင့် ရဲတပ်ဖွဲ့ ၃ဦး နှင့် အရပ်သား ၁ဦး စုစုပေါင်း ၄ဦး သေဆုံးပြီး အခြား ရဲတပ်ဖွဲ့ဝင် ၄ဦးနှင့် အရပ်သား ၁ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆင်ဟွာသို့ ယနေ့ နံနက်တွင် ပြောကြားခဲ့သည်။

 ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာအနီး မောင်တောအငူမော်ကားလမ်းပေါ်၌ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များရောက်ရှိနေပြီး အများပြည်သူအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများကို မိုင်းထောင်၊ မိုင်းဆွဲတိုက်ခိုက်မှုများဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသဖြင့် တရားဥပဒေ စိုးမိုးရေးနှင့်နယ်မြေတည်ငြိမ်အေးချမ်းရေးဆောင်ရွက်ရန် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် ဇွန် ၂၂ရက် ညနေပိုင်းတွင် အင်းဒင်ရဲကင်းစခန်းမှ မော်တော်ယာဉ်များဖြင့် ထွက်ခွာလာခဲ့ကြောင်း၊ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် ကိုးတန်ကောက်ကျေးရွာအနီး အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက ချောင်းမြောင်းတိုက်ခိုက်ခဲ့ သဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ  နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့ရပြီး အခြား ရဲတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်း အပြန်အလှန် ပစ်ခတ်မှုကြောင့် မော်တော်ယာဉ် လိုက်ပါမောင်နှင်း ပို့ဆောင်ပေးသည့် အရပ်သား ယာဉ်မောင်း ၁ ဦး သေဆုံးခဲ့ကာ ယာဉ်နောက်လိုက် ၁ ဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။အဆိုပါ တိုက်ပွဲဖြစ်ပွားရာ နေရာသို့ တပ်မတော်စစ်ကြောင်းများက အချိန်မီ သွားရောက် ပူးပေါင်း၍ စစ်ကူပစ်ကူဆောင်ရွက်ပေးခဲ့ကြောင်း နှင့် ဆုတ်ခွာထွက်ပြေးသွားသော AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအား ထပ်ကြပ် လိုက်လံ စစ်ဆင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(Xinhua)
-----------------------------------------
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ရွိ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ဝင္မ်ား ေခ်ာင္းေျမာင္းတိုက္ခိုက္ခံရ၍ ၄ ဦးေသဆုံး ၊ ၅ဦး ဒဏ္ရာရရွိ

ရန္ကုန္၊ ဇြန္ ၂၃ ရက္ (ဆင္ဟြာ)

ရခိုင္ျပည္နယ္ရွိ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ ဇြန္ ၂၂ ရက္ ညေနပိုင္းက AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕၏ ေခ်ာင္းေျမာင္းတိုက္ခိုက္ခံရသျဖင့္ ရဲတပ္ဖြဲ႕ ၃ဦး ႏွင့္ အရပ္သား ၁ဦး စုစုေပါင္း ၄ဦး ေသဆုံးၿပီး အျခား ရဲတပ္ဖြဲ႕ဝင္ ၄ဦးႏွင့္ အရပ္သား ၁ဦး ထိခိုက္ ဒဏ္ရာရရွိခဲ့ေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ဆင္ဟြာသို႔ ယေန႔ နံနက္တြင္ ေျပာၾကားခဲ့သည္။

 ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ ဒုံးပိုက္ေက်း႐ြာအနီး ေမာင္ေတာအငူေမာ္ကားလမ္းေပၚ၌ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕မ်ားေရာက္ရွိေနၿပီး အမ်ားျပည္သူအသုံးျပဳလ်က္ရွိသည့္ ဆက္သြယ္ေရးလမ္းေၾကာင္းမ်ားကို မိုင္းေထာင္၊ မိုင္းဆြဲတိုက္ခိုက္မႈမ်ားေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သတင္းရရွိသျဖင့္ တရားဥပေဒ စိုးမိုးေရးႏွင့္နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရးေဆာင္႐ြက္ရန္ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ ဇြန္ ၂၂ရက္ ညေနပိုင္းတြင္ အင္းဒင္ရဲကင္းစခန္းမွ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ ထြက္ခြာလာခဲ့ေၾကာင္း၊ ညေန ၅ နာရီ ၂၀ မိနစ္ခန႔္တြင္ ကိုးတန္ေကာက္ေက်း႐ြာအနီး အေရာက္၌ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕မ်ားက ေခ်ာင္းေျမာင္းတိုက္ခိုက္ခဲ့ သျဖင့္ အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားခဲ့ရာ  နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ဝင္ ၃ ဦး က်ဆုံးခဲ့ရၿပီး အျခား ရဲတပ္ဖြဲ႕ဝင္ ၄ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ယင္း အျပန္အလွန္ ပစ္ခတ္မႈေၾကာင့္ ေမာ္ေတာ္ယာဥ္ လိုက္ပါေမာင္ႏွင္း ပို႔ေဆာင္ေပးသည့္ အရပ္သား ယာဥ္ေမာင္း ၁ ဦး ေသဆုံးခဲ့ကာ ယာဥ္ေနာက္လိုက္ ၁ ဦးလည္း ထိခိုက္ ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။အဆိုပါ တိုက္ပြဲျဖစ္ပြားရာ ေနရာသို႔ တပ္မေတာ္စစ္ေၾကာင္းမ်ားက အခ်ိန္မီ သြားေရာက္ ပူးေပါင္း၍ စစ္ကူပစ္ကူေဆာင္႐ြက္ေပးခဲ့ေၾကာင္း ႏွင့္ ဆုတ္ခြာထြက္ေျပးသြားေသာ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕မ်ားအား ထပ္ၾကပ္ လိုက္လံ စစ္ဆင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com/myanmar/politics-law-military/28121-2020-06-23-04-25-52
ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ချောင်းမြောင်းတိုက်ခိုက်ခံရ၍ ၄ ဦးသေဆုံး ၊ ၅ဦး ဒဏ်ရာရရှိ ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ချောင်းမြောင်းတိုက်ခိုက်ခံရ၍ ၄ ဦးသေဆုံး ၊ ၅ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 19:49 Rating: 5
Powered by Blogger.