စင္ကာပူမွာ Zoom ကေန ေသဒဏ္ ပထမဆုံးခ်

စင္ကာပူဟာ မူးယစ္ေဆးမႈကို ျပင္းျပင္းထန္ထန္ စီရင္တဲ့ ႏိုင္ငံေတြထဲက တစ္ႏိုင္ငံ ျဖစ္ပါတယ္။
စင္ကာပူမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြ ဆက္ျမင့္ေနလို႔ ပိတ္ဆို႔မႈ လုပ္ထားရခ်ိန္မွာ လူတစ္ေယာက္ကို ဇူးမ္း Zoom ဗီဒီယိုကတဆင့္ ေသဒဏ္ ခ်မွတ္ခဲ့ပါတယ္။

ပူနီသန္ ဂန္နက္စန္ ဆိုတဲ့ အသက္ ၃၇ ႏွစ္ အ႐ြယ္ မေလးရွား အမ်ိဳးသားကို ၂၀၁၁ က မူးယစ္ေဆးေရာင္းဝယ္မႈနဲ႔ ပတ္သက္ၿပီး ၿပီးခဲ့တဲ့ ေသာၾကာေန႔က ေသဒဏ္ခ်မွတ္ခဲ့တာပါ။

ဒါဟာ ဒီလို ျပစ္ဒဏ္မ်ိဳးကို စင္ကာပူမွာ အြန္လိုင္းကေန ပထမဆုံး အမိန္႔ခ်တဲ့အမႈ ျဖစ္လာပါတယ္။

ကို႐ိုနာ ကပ္ေရာဂါ ကာလအတြင္း တစ္ကမာၻလုံးက လူ႔အသက္ေတြ ကယ္ဖို႔ ႀကိဳးစားေနခ်ိန္မွာ ဒီလို ေသဒဏ္ ခ်မွတ္တာက စက္ဆုပ္စရာ ေကာင္းတယ္လို႔ လူ႔အခြင့္အေရးအဖြဲ႕ေတြက ဆိုပါတယ္။

စင္ကာပူမွာ က်န္တဲ့ တရားစီရင္ေရးကိစၥ အမ်ားစုကိုေတာ့ ေလာ့ေဒါင္း ၿပီးဆုံးမယ့္ ဇြန္ ၁ ရက္ အထိ ေ႐ႊ႕ထားပါတယ္။

ဒီကာလအတြင္းမွာ မျဖစ္မေန ဆုံးျဖတ္ရမယ့္ အမႈေတြကို အခုလို အြန္လိုင္းကဆင့္ စီရင္ေနတာ ျဖစ္ပါတယ္။

ေသဒဏ္ခ်မွတ္ရသူရဲ႕ ေရွ႕ေနက သူ႔ အမႈသည္က အယူခံဝင္ဖို႔ စဥ္းစားေနတယ္လို႔ ေျပာပါတယ္။

စင္ကာပူဟာ မူးယစ္ေဆးအမႈေတြကို ျပင္းျပင္းထန္ထန္ အျပစ္ေပးတဲ့ မူဝါဒ ရွိပါတယ္။

၂၀၁၃ မွာ လူ ၁၈ ဦး ကို ေသဒဏ္စီရင္ခဲ့ပါတယ္။ အဲဒါက ၿပီးခဲ့တဲ့ ႏွစ္ ၂၀ အတြင္းမွာ အျမင့္ဆုံး အေရအတြက္ ျဖစ္တယ္လို႔ အျပည္ျပည္ဆိုင္ရာ လူသားခ်င္း စာနာေထာက္ထားမႈအဖြဲ႕ AI က ေျပာပါတယ္။

အဲဒီလို ေသဒဏ္စီရင္ခံရသူ ၁၈ ေယာက္ထဲက ၁၁ ေယာက္က မူးယစ္ေဆးနဲ႔ ပတ္သက္တဲ့ အမႈေတြကေန ေသဒဏ္ခ်ခံထားရသူေတြ ျဖစ္ပါတယ္။

BBC Burmese
-----------------------------
စင်ကာပူမှာ Zoom ကနေ သေဒဏ် ပထမဆုံးချ

Image caption စင်ကာပူဟာ မူးယစ်ဆေးမှုကို ပြင်းပြင်းထန်ထန် စီရင်တဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်ပါတယ်။

စင်ကာပူမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဆက်မြင့်နေလို့ ပိတ်ဆို့မှု လုပ်ထားရချိန်မှာ လူတစ်ယောက်ကို ဇူးမ်း Zoom ဗီဒီယိုကတဆင့် သေဒဏ် ချမှတ်ခဲ့ပါတယ်။

ပူနီသန် ဂန်နက်စန် ဆိုတဲ့ အသက် ၃၇ နှစ် အရွယ် မလေးရှား အမျိုးသားကို ၂၀၁၁ က မူးယစ်ဆေးရောင်းဝယ်မှုနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သောကြာနေ့က သေဒဏ်ချမှတ်ခဲ့တာပါ။

ဒါဟာ ဒီလို ပြစ်ဒဏ်မျိုးကို စင်ကာပူမှာ အွန်လိုင်းကနေ ပထမဆုံး အမိန့်ချတဲ့အမှု ဖြစ်လာပါတယ်။

ကိုရိုနာ ကပ်ရောဂါ ကာလအတွင်း တစ်ကမ္ဘာလုံးက လူ့အသက်တွေ ကယ်ဖို့ ကြိုးစားနေချိန်မှာ ဒီလို သေဒဏ် ချမှတ်တာက စက်ဆုပ်စရာ ကောင်းတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဆိုပါတယ်။

စင်ကာပူမှာ ကျန်တဲ့ တရားစီရင်ရေးကိစ္စ အများစုကိုတော့ လော့ဒေါင်း ပြီးဆုံးမယ့် ဇွန် ၁ ရက် အထိ ရွှေ့ထားပါတယ်။

ဒီကာလအတွင်းမှာ မဖြစ်မနေ ဆုံးဖြတ်ရမယ့် အမှုတွေကို အခုလို အွန်လိုင်းကဆင့် စီရင်နေတာ ဖြစ်ပါတယ်။

သေဒဏ်ချမှတ်ရသူရဲ့ ရှေ့နေက သူ့ အမှုသည်က အယူခံဝင်ဖို့ စဉ်းစားနေတယ်လို့ ပြောပါတယ်။

စင်ကာပူဟာ မူးယစ်ဆေးအမှုတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးတဲ့ မူဝါဒ ရှိပါတယ်။

၂၀၁၃ မှာ လူ ၁၈ ဦး ကို သေဒဏ်စီရင်ခဲ့ပါတယ်။ အဲဒါက ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ အမြင့်ဆုံး အရေအတွက် ဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုအဖွဲ့ AI က ပြောပါတယ်။

အဲဒီလို သေဒဏ်စီရင်ခံရသူ ၁၈ ယောက်ထဲက ၁၁ ယောက်က မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ အမှုတွေကနေ သေဒဏ်ချခံထားရသူတွေ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52754672
စင္ကာပူမွာ Zoom ကေန ေသဒဏ္ ပထမဆုံးခ် စင္ကာပူမွာ Zoom ကေန ေသဒဏ္ ပထမဆုံးခ် Reviewed by THITHTOOLWIN on 21:03 Rating: 5
Powered by Blogger.