ဘိန္းျဖဴေရာင္း၀ယ္မႈနဲ႔ ဖမ္းခံထားရသူကုိ စကၤာပူတရားရုံး အြန္လုိင္းက ေသဒဏ္အျပစ္ေပး

စင္ကာပူအလံ
Zawgyi/Unicode

ဘိန္းျဖဴေရာင္းဝယ္ေဖာက္ကားမႈနဲ႔ မေလးရွားနိုင္ငံသား အမ်ိဳးသားတဦးကို စကၤာပူနိုင္ငံ တရား႐ုံးခ်ဳပ္က ေသာၾကာေန႔က ဗီဒီယိုကတဆင့္ ေသဒဏ္ခ် မွတ္လိုက္ပါတယ္။ အဲဒီ မေလးအမ်ိဳးသားဟာ ၂၀၁၁ ခုႏွစ္တုန္းက ဘိန္းျဖဴေရာင္းမႈနဲ႔ တရားရင္ဆိုင္ ေနခဲ့ရတာပါ။

ကိုရိုနာကပ္ေရာဂါ ျဖစ္ပြါးေနတဲ့အခ်ိန္ျဖစ္တာေၾကာင့္ Zoom ဗီဒီယို အပလီေကးရွင္းအသုံးျပဳၿပီး ၾကားနာစစ္ေဆးမႈ ေတြျပဳလုပ္ခဲ့ ၿပီးတဲ့ေနာက္ ျပစ္မႈထင္ရွားတဲ့အတြက္ အသက္ ၃၇ ႏွစ္ရွိ Punithan Genasan ကို ႀကိဳးမိန္႔ ေသဒဏ္ခ်လိုက္တာ ျဖစ္ေၾကာင္းနဲ႔ အစိုးရေရွ႕ေနေတြနဲ႔ ေထာင္ထဲက တရားခံတို႔ကလည္း တစ္ေနရာစီကေန တရား႐ုံးဆုံးျဖတ္ခ်က္ၾကားနာခဲ့ရေၾကာင္း တရားခံရဲ့ ေရွ႕ေန Peter Fernando က ေျပာပါတယ္။

ေသဒဏ္စီရင္တာကိုယ္၌က ရက္စက္ၿပီး လူမဆန္ရတဲ့အထဲ Zoom ဗီဒီယို အပလီေကးရွင္းကတဆင့္ အခုလို ေသဒဏ္ ခ်မွတ္တာက ပိုၿပီး ရက္စက္သလိုျဖစ္ေနတယ္လို႔ လူ႔အခြင့္အေရး ေစာင့္ၾကည့္အဖြဲ႕ Human Rights Watch က ေျပာၿပီး တရား႐ုံးရဲ့ ဆုံးျဖတ္ခ်က္ ကို ျပစ္တင္ရႈတ္ခ်လိုက္ပါတယ္။ ျပစ္ဒဏ္က်ခံရမယ့္ တရားခံတေယာက္အေနနဲ႔ တရား႐ုံးေရွ႕ေမွာက္မွာ ရွိေနဖို႔ အခြင့္အေရးရွိရမယ္ လို႔ HRW အဖြဲ႕က Phil Robertson က ေျပာပါတယ္။

တရား႐ုံးခ်ဳပ္ေျပာခြင့္ရကေတာ့ ကပ္ေရာဂါက်ေရာက္ခ်ိန္ျဖစ္လို႔ စစ္ေဆးၾကားနာမႈမွာ ပါဝင္သူေတြ အႏၲရာယ္ကင္းဖို႔ အခုလို ဗီဒီယိုက တဆင့္ျပဳလုပ္ရတာ ျဖစ္တယ္လို႔ Reuters သတင္းကို ေျပာပါတယ္။

အခုလို တရား႐ုံးေရွ႕ေမွာက္မဟုတ္ပဲ အေဝးကေန ေသဒဏ္ခ်မွတ္တာဟာ စကၤာပူနိုင္ငံမွာ ပထမဆုံးအႀကိမ္ျဖစ္ၿပီး ဒီလ အေစာပိုင္းက လည္း Nigeria နိုင္ငံမွာ ဗီဒီယိုကတဆင့္ စီရင္ခ်က္ခ်တာအပါအဝင္ တျခားဗီဒီယို App ေတြအသုံးျပဳစီရင္ခ်က္ခ်တာခဲ့ေၾကာင့္ လူ႔အခြင့္ အေရး အဖြဲ႕ေတြက ျပစ္တင္ရႈတ္ခ်ထားခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------------------
[Unicode]

ဘိန်းဖြူရောင်းဝယ်ဖောက်ကားမှုနဲ့ မလေးရှားနိုင်ငံသား အမျိုးသားတဦးကို စင်္ကာပူနိုင်ငံ တရားရုံးချုပ်က သောကြာနေ့က ဗီဒီယိုကတဆင့် သေဒဏ်ချ မှတ်လိုက်ပါတယ်။ အဲဒီ မလေးအမျိုးသားဟာ ၂၀၁၁ ခုနှစ်တုန်းက ဘိန်းဖြူရောင်းမှုနဲ့ တရားရင်ဆိုင် နေခဲ့ရတာပါ။

ကိုရိုနာကပ်ရောဂါ ဖြစ်ပွါးနေတဲ့အချိန်ဖြစ်တာကြောင့် Zoom ဗီဒီယို အပလီကေးရှင်းအသုံးပြုပြီး ကြားနာစစ်ဆေးမှု တွေပြုလုပ်ခဲ့ ပြီးတဲ့နောက် ပြစ်မှုထင်ရှားတဲ့အတွက် အသက် ၃၇ နှစ်ရှိ Punithan Genasan ကို ကြိုးမိန့် သေဒဏ်ချလိုက်တာ ဖြစ်ကြောင်းနဲ့ အစိုးရရှေ့နေတွေနဲ့ ထောင်ထဲက တရားခံတို့ကလည်း တစ်နေရာစီကနေ တရားရုံးဆုံးဖြတ်ချက်ကြားနာခဲ့ရကြောင်း တရားခံရဲ့ ရှေ့နေ Peter Fernando က ပြောပါတယ်။

သေဒဏ်စီရင်တာကိုယ်၌က ရက်စက်ပြီး လူမဆန်ရတဲ့အထဲ Zoom ဗီဒီယို အပလီကေးရှင်းကတဆင့် အခုလို သေဒဏ် ချမှတ်တာက ပိုပြီး ရက်စက်သလိုဖြစ်နေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ Human Rights Watch က ပြောပြီး တရားရုံးရဲ့ ဆုံးဖြတ်ချက် ကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ပြစ်ဒဏ်ကျခံရမယ့် တရားခံတယောက်အနေနဲ့ တရားရုံးရှေ့မှောက်မှာ ရှိနေဖို့ အခွင့်အရေးရှိရမယ် လို့ HRW အဖွဲ့က Phil Robertson က ပြောပါတယ်။

တရားရုံးချုပ်ပြောခွင့်ရကတော့ ကပ်ရောဂါကျရောက်ချိန်ဖြစ်လို့ စစ်ဆေးကြားနာမှုမှာ ပါဝင်သူတွေ အန္တရာယ်ကင်းဖို့ အခုလို ဗီဒီယိုက တဆင့်ပြုလုပ်ရတာ ဖြစ်တယ်လို့ Reuters သတင်းကို ပြောပါတယ်။

အခုလို တရားရုံးရှေ့မှောက်မဟုတ်ပဲ အဝေးကနေ သေဒဏ်ချမှတ်တာဟာ စင်္ကာပူနိုင်ငံမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဒီလ အစောပိုင်းက လည်း Nigeria နိုင်ငံမှာ ဗီဒီယိုကတဆင့် စီရင်ချက်ချတာအပါအဝင် တခြားဗီဒီယို App တွေအသုံးပြုစီရင်ချက်ချတာခဲ့ကြောင့် လူ့အခွင့် အရေး အဖွဲ့တွေက ပြစ်တင်ရှုတ်ချထားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/death-penalty-for-heroin-case-in-singapore/5429576.html
ဘိန္းျဖဴေရာင္း၀ယ္မႈနဲ႔ ဖမ္းခံထားရသူကုိ စကၤာပူတရားရုံး အြန္လုိင္းက ေသဒဏ္အျပစ္ေပး ဘိန္းျဖဴေရာင္း၀ယ္မႈနဲ႔ ဖမ္းခံထားရသူကုိ စကၤာပူတရားရုံး အြန္လုိင္းက ေသဒဏ္အျပစ္ေပး Reviewed by THITHTOOLWIN on 21:03 Rating: 5
Powered by Blogger.