ယာဥ္ႏွစ္စီးတိုက္မိရာ တစ္ဦးေသဆုံး


(Zawgyi)⤵⤵⤵
ေက်ာက္တံခါး ေမ ၂၁

ပဲခူးတိုင္းေဒသႀကီး ေက်ာက္တံခါးၿမိဳ႕နယ္ ေအာင္ျမင္ၿမိဳ႕ ေတာကြၽဲအင္းနယ္ေျမရဲစခန္းအပိုင္ ရန္ကုန္မႏၲေလးကားလမ္း ေဟာင္း မိုင္တိုင္အမွတ္ ၁၁၃/၁ႏွင့္ ၂ အၾကား ေအာင္မဂၤလာ ေက်း႐ြာအနီး၌ ေမ ၂၁ရက္ နံနက္ ၄နာရီ အခ်ိန္ခန္႔က ၁၈ ဘီး ယာဥ္အား ၂၂ဘီးဆီေဘာက္ဆာယာဥ္မွ ေက်ာ္တက္စဥ္ ဆီတိုင္ကီအား တိုက္မိ၍ယာဥ္ဦးေခါင္းပိုင္းႏွစ္စီးလုံးမီးေလာင္ခဲ့ၿပီး ယာဥ္ေမာင္းတစ္ဦးေနရာတြင္ မီးေလာင္ကြၽမ္းေသဆုံးမႈျဖစ္ပြား ခဲ့သည္။

ျဖစ္စဥ္မွာ ရန္ကုန္ဘက္မွ မႏၲေလးဘက္သို႔ ယာဥ္ေမာင္း ေဇာ္မ်ိဳးထက္၃၅ႏွစ္ အမွတ္(၁၉)ရပ္ကြက္ ျမင္းၿခံၿမိဳ႕ေနသူ ေမာင္းႏွင္လာေသာ ယာဥ္အမွတ္MGN9K/-----FUSOအမ်ိဳးအစား စိမ္းနီေရာင္၂၂ဘီးဆီေဘာက္ဆာယာဥ္သည္ ဆီဂါလံ(၉)ေထာင္ေက်ာ္ တင္ေဆာင္လာၿပီး ယာဥ္ေပၚတြင္ ေအာင္စိုးဝင္း၄၆ႏွစ္(၁၈)ရပ္ကြက္ ျမင္းၿခံၿမိဳ႕ေနသူလိုက္ပါသည့္ယာဥ္သည္ ေရွ႕မွလားရာတူ ယာဥ္ေမာင္းခိုင္မိုးေဆြ၃၉ႏွစ္ ႐ြာမုန္းႀကီး႐ြာျမစ္သား ၿမိဳ႕နယ္ မႏၲေလးတိုင္းေဒသႀကီးေနသူေမာင္းႏွင္လာသည့္ယာဥ္အမွတ္MDY-6L/-----နီဆန္းဒီဇယ္အမ်ိဳးအစား ျဖဴျပာၾကားေရာင္ ၁၈ဘီး ယာဥ္သည္ ယာဥ္ေပၚတြင္ ရာဘာသစ္ပါးလႊာ (၂၄)ထုတ္ အေလးခ်ိန္ တန္(၃၀)ခန္႔ တင္ေဆာင္လာၿပီး ယာဥ္ေပၚတြင္ ယာဥ္ေနာက္လိုက္ ေဇာ္ထက္ရွိန္(ခ)လူေပါ ၂၃ ႏွစ္ ႐ြာမုန္းႀကီး႐ြာ ျမစ္သားၿမိဳ႕နယ္ေနသူ လိုက္ပါလာေသာယာဥ္အား ဆီေဘာက္ဆာယာဥ္မွ ေက်ာ္တက္စဥ္ အရွိန္မထိန္းႏိုင္ဘဲ ၁၈ဘီးယာဥ္၏ ဆီတိုင္ကီအား ဝင္တိုက္္မိသျဖင့္ မီးထေလာင္ခဲ့ရာ ၁၈ဘီးယာဥ္ေမာင္းခိုင္မိုးေဆြႏွင့္ ေဇာ္ရွိန္းထက္(ခ)လူေပါႏွင့္အတူ ဆီေဘာက္ဆာယာဥ္ေပၚပါ ေအာင္စိုးဝင္းတို႔က ယာဥ္ေပၚမွ ခုန္ခ်ထြက္ေျပးကာ နာက်င္မႈဒဏ္ရာသာရရွိခဲ့ၿပီး ဆီေဘာက္ဆာယာဥ္ေမာင္းေဇာ္မ်ိဳးထက္မွာ ကားေခါင္းႏွစ္ခုၾကားတြင္ ညႇပ္လ်က္မီးေလာင္ကြၽမ္းကာ အခင္းျဖစ္ေနရာတြင္ေသဆုံးခဲ့သည္။

မီးေလာင္ရာသို႔ ေက်ာက္တံခါးၿမိဳ႕နယ္ မီးသတ္ဦးစီးမႈးဦးစိုးမိုးေအာင္ဦးစီး၍ မီးသတ္တပ္ဖြဲ႕ဝင္(၃၅)ဦးႏွင့္အတူ ေတာကြၽဲအင္းမီးသတ္စခန္းမွ မီးသတ္ယာဥ္(၄)စီး ေက်ာက္တံခါးlပဲႏြယ္ကုန္းl ကၫႊတ္ကြင္းၿမိဳ႕မွ မီးသတ္ယာဥ္တစ္စီး စုစုေပါင္းမီးသတ္ယာဥ္(၇)စီးျဖင့္ဝိုင္း ဝန္းမီးၿငိမ္းသတ္ခဲ့ၾကၿပီး ေမတၱာရွင္လူမႈကူညီေရးအသင္းအဖြဲ႕မွ လည္း ဝိုင္းဝန္းကူညီေဆာင္႐ြက္ခဲ့ၾကသည္။   

ျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး ေက်ာက္တံခါးၿမိဳ႕နယ္ေအာင္ျမင္ၿမိဳ႕ ေတာကြၽဲအင္းနယ္ေျမရဲစခန္းက ယာဥ္အားအရမ္းမဲ့ေပါ့ေလ်ာ့စြာ ေမာင္းႏွင္သူယာဥ္ေမာင္းေဇာ္မ်ိဳးထက္အား အမႈဖြင့္အေရးယူကာ စခန္းမႈးရဲအုပ္ေက်ာ္ေက်ာ္ဦးမွ စစ္ေဆးေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ခင္ကို(ေက်ာက္တံခါး) / Myanmaalinn
-----------------------------------------
(Unicode)⤵⤵⤵
ယာဉ်နှစ်စီးတိုက်မိရာ တစ်ဦးသေဆုံး

ကျောက်တံခါး မေ ၂၁

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် အောင်မြင်မြို့ တောကျွဲအင်းနယ်မြေရဲစခန်းအပိုင် ရန်ကုန်မန္တလေးကားလမ်း ဟောင်း မိုင်တိုင်အမှတ် ၁၁၃/၁နှင့် ၂ အကြား အောင်မင်္ဂလာ ကျေးရွာအနီး၌ မေ ၂၁ရက် နံနက် ၄နာရီ အချိန်ခန့်က ၁၈ ဘီး ယာဉ်အား ၂၂ဘီးဆီဘောက်ဆာယာဉ်မှ ကျော်တက်စဉ် ဆီတိုင်ကီအား တိုက်မိ၍ယာဉ်ဦးခေါင်းပိုင်းနှစ်စီးလုံးမီးလောင်ခဲ့ပြီး ယာဉ်မောင်းတစ်ဦးနေရာတွင် မီးလောင်ကျွမ်းသေဆုံးမှုဖြစ်ပွား ခဲ့သည်။

ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ဇော်မျိုးထက်၃၅နှစ် အမှတ်(၁၉)ရပ်ကွက် မြင်းခြံမြို့နေသူ မောင်းနှင်လာသော ယာဉ်အမှတ်MGN9K/-----FUSOအမျိုးအစား စိမ်းနီရောင်၂၂ဘီးဆီဘောက်ဆာယာဉ်သည် ဆီဂါလံ(၉)ထောင်ကျော် တင်ဆောင်လာပြီး ယာဉ်ပေါ်တွင် အောင်စိုးဝင်း၄၆နှစ်(၁၈)ရပ်ကွက် မြင်းခြံမြို့နေသူလိုက်ပါသည့်ယာဉ်သည် ရှေ့မှလားရာတူ ယာဉ်မောင်းခိုင်မိုးဆွေ၃၉နှစ် ရွာမုန်းကြီးရွာမြစ်သား မြို့နယ် မန္တလေးတိုင်းဒေသကြီးနေသူမောင်းနှင်လာသည့်ယာဉ်အမှတ်MDY-6L/-----နီဆန်းဒီဇယ်အမျိုးအစား ဖြူပြာကြားရောင် ၁၈ဘီး ယာဉ်သည် ယာဉ်ပေါ်တွင် ရာဘာသစ်ပါးလွှာ (၂၄)ထုတ် အလေးချိန် တန်(၃၀)ခန့် တင်ဆောင်လာပြီး ယာဉ်ပေါ်တွင် ယာဉ်နောက်လိုက် ဇော်ထက်ရှိန်(ခ)လူပေါ ၂၃ နှစ် ရွာမုန်းကြီးရွာ မြစ်သားမြို့နယ်နေသူ လိုက်ပါလာသောယာဉ်အား ဆီဘောက်ဆာယာဉ်မှ ကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ ၁၈ဘီးယာဉ်၏ ဆီတိုင်ကီအား ဝင်တိုက်မိသဖြင့် မီးထလောင်ခဲ့ရာ ၁၈ဘီးယာဉ်မောင်းခိုင်မိုးဆွေနှင့် ဇော်ရှိန်းထက်(ခ)လူပေါနှင့်အတူ ဆီဘောက်ဆာယာဉ်ပေါ်ပါ အောင်စိုးဝင်းတို့က ယာဉ်ပေါ်မှ ခုန်ချထွက်ပြေးကာ နာကျင်မှုဒဏ်ရာသာရရှိခဲ့ပြီး ဆီဘောက်ဆာယာဉ်မောင်းဇော်မျိုးထက်မှာ ကားခေါင်းနှစ်ခုကြားတွင် ညှပ်လျက်မီးလောင်ကျွမ်းကာ အခင်းဖြစ်နေရာတွင်သေဆုံးခဲ့သည်။

မီးလောင်ရာသို့ ကျောက်တံခါးမြို့နယ် မီးသတ်ဦးစီးမှုးဦးစိုးမိုးအောင်ဦးစီး၍ မီးသတ်တပ်ဖွဲ့ဝင်(၃၅)ဦးနှင့်အတူ တောကျွဲအင်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီး ကျောက်တံခါးlပဲနွယ်ကုန်းl ကညွှတ်ကွင်းမြို့မှ မီးသတ်ယာဉ်တစ်စီး စုစုပေါင်းမီးသတ်ယာဉ်(၇)စီးဖြင့်ဝိုင်း ဝန်းမီးငြိမ်းသတ်ခဲ့ကြပြီး မေတ္တာရှင်လူမှုကူညီရေးအသင်းအဖွဲ့မှ လည်း ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြသည်။   

ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျောက်တံခါးမြို့နယ်အောင်မြင်မြို့ တောကျွဲအင်းနယ်မြေရဲစခန်းက ယာဉ်အားအရမ်းမဲ့ပေါ့လျော့စွာ မောင်းနှင်သူယာဉ်မောင်းဇော်မျိုးထက်အား အမှုဖွင့်အရေးယူကာ စခန်းမှုးရဲအုပ်ကျော်ကျော်ဦးမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်ကို(ကျောက်တံခါး) / Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ယာဥ္ႏွစ္စီးတိုက္မိရာ တစ္ဦးေသဆုံး ယာဥ္ႏွစ္စီးတိုက္မိရာ တစ္ဦးေသဆုံး Reviewed by THITHTOOLWIN on 21:45 Rating: 5
Powered by Blogger.