ရန္ကုန္မွာ Mask မတပ္ဘဲအျပင္ထြက္ရင္အေရးယူေတာ့မယ္လို႔ထုတ္ျပန္ထားေပမယ့္ လိုက္နာမႈအားနည္း

လူအမ်ားစုေဝးရာ ေဈးလိုေနရာေတြမွာ လိုက္နာမႈအားနည္းေနေသး
(Zawgyi)⤵⤵⤵
ရန္ကုန္တိုင္းအတြင္းက ၿမိဳ႕နယ္ေတြမွာ ေမ ၁၃ ရက္ေန႔ကစၿပီး အျပင္ထြက္သူေတြအေနနဲ႔ Mask မတပ္ပါက ဥပေဒနဲ႔အေရးယူသြားမယ္လို႔ ထုတ္ျပန္ထားေပမယ့္လည္း လိုက္နာမႈအားနည္း ေနေသးတာကိုေတြ႕ရတယ္လို႔ ရန္ကုန္တိုင္းအတြင္းမွာ လူဦးေရအမ်ားဆုံးေနထိုင္ရာၿမိဳ႕ျဖစ္တဲ့ လႈိင္သာယာၿမိဳ႕နယ္ COVID-19 ထိန္းခ်ဳပ္ေရးနဲ႔ အေရးေပၚတုံ႔ျပန္ေရး ေကာ္မတီရဲ႕ ျပန္ၾကားေရးတာဝန္ခံ ကိုေဇကိုကိုက ဘီဘီစီကိုေျပာပါတယ္။

' ' ကြၽန္ေတာ္တို႔ လႈိင္သာယာမွာ ေဈးေတြကို ေစတနာ့ဝန္ထမ္း ဆရာဝန္ေတြရယ္ စည္ပင္ရယ္နဲ႔ အတူ လိုက္ၿပီး Mask တပ္ဖို႔ ပညာလိုက္ေပးတာေတြလုပ္တယ္။ ဒီေန႔ဆို လႈိင္သာယာက ပ်ံက်ေဈးတစ္ခုျဖစ္တဲ့ ၁၅ ေဈးကို သြားတယ္။ ေဈးသည္ေတြကအစ Mask တပ္တဲ့သူကနည္းတယ္။ လာတဲ့သူအမ်ားစုကလည္း မတပ္ၾကဘူး။ အေရးယူမယ္လို႔ ေျပာေပမယ့္ တကယ္အေရးယူတဲ့အပိုင္းက အားနည္းေတာ့ လူေတြက မေၾကာက္ၾကေတာ့ဘူး။ ေဈးသည္ေတြကဆို တကယ္အေရးယူမွာ ဟုတ္လို႔လားလို႔ ျပန္ေမးတာေတာင္ ရွိတယ္'' လို႔ ကိုေဇကိုကိုက ဒီကေန႔ ေမ ၁၃ ရက္ေန႔က အေတြ႕အႀကဳံကိုေျပာျပပါတယ္။

ဒီကေန႔ ေမ ၁၃ ရက္ေန႔မွာ Mask မတပ္ဘဲ အျပင္ထြက္ပါက ကူးစက္ေရာဂါကာႏွိမ္နင္းေရးဥပေဒနဲ႔ စတင္အေရးယူသြားမယ္လို႔ ထုတ္ျပန္ထားေပမယ့္လည္း ၿမိဳ႕နယ္အမ်ားစုမွာေတာ့ Mask မတပ္ဆင္ဘဲ အျပင္ထြက္သူေတြ အမ်ားအျပားရွိေနဆဲျဖစ္ပါတယ္။

' ' ဒီေန႔ကေတာ့ Mask မတပ္လာတဲ့သူေတြကို တစ္ခုကို ၂၀၀ နဲ႔ေရာင္းေပးတယ္။ ဟန္းဂ်ယ္ေတြ ေပးတယ္။ Maskတပ္ဖို႔ ပညာေပးေဟာေျပာတယ္။ စည္ပင္ကလည္းပါေပမယ့္ ခက္တာက ရဲမပါရင္ အေရးယူလို႔ မရဘူး။ ဒါေၾကာင့္ ေနာက္ေန႔ေတြမွာေတာ့ ရဲကိုပါ လိုက္ေပးဖို႔ အကူညီေတာင္းထားတယ္။ အဓိကက အေရးယူမႈမရွိေတာ့ လူေတြက လိုက္နာမႈအားနည္းေနတာ။ စံျပအေနနဲ႔ အေရးယူျပလိုက္ရင္ေတာ့ တကယ္လိုက္နာၾကလိမ့္မယ္လို႔ ထင္တယ္''လို႔ ကိုေဇကိုကိုက ထပ္မံေျပာျပပါတယ္။

ဒီလိုအေရးယူမႈမရွိေသးတဲ့ၿမိဳ႕နယ္ေတြရွိေနသလို ပုဇြန္ေတာင္ၿမိဳ႕နယ္အတြင္းမွာေတာ့ Mask မတပ္ဆင္ဘဲ အျပင္ထြက္သူေတြကို ၿမိဳ႕နယ္စည္ပင္၊ ရဲတပ္ဖြဲ႕နဲ႔ ပူးေပါင္းအဖြဲ႕ေတြက ကားနဲ႔ေခၚ ယူကာ အေရးယူထိန္းသိမ္းတာေတြရွိေနတာကိုလည္း ေတြ႕ရပါတယ္။
ပုဇြန္ေတာင္ၿမိဳ႕နယ္မွာေတာ့ Mask မတပ္ဆင္ဘဲအျပင္ထြက္သူေတြကို ပူးေပါင္းအဖြဲ႕ေတြက အေရးယူထိန္းသိမ္းတာေတြရွိေန

ရန္ကုန္တိုင္းအတြင္းၿမိဳ႕နယ္ေတြမွာ ေနထိုင္သူေတြအေနနဲ႔ ထုတ္ျပန္ထားတဲ့အမိန႔္ကို မလိုက္နာပါက ဥပေဒအရအေရးယူမယ္လို႔ဆိုေပမယ့္ ၿမိဳ႕နယ္အမ်ားစုမွာေတာ့ ဘယ္လိုျပစ္ဒဏ္မ်ိဳး ခ်မွတ္မွာလဲဆိုတာကိုရွင္းရွင္းလင္းလင္းအသိေပးေၾကညာတာမ်ိဳးမရွိေသးပါဘူး။

' ' ညပိုင္းကတည္းက ရပ္ေက်းက Maskတပ္ၾကဖို႔ မတပ္ရင္အေရးယူမယ္ေပါ့ လိုက္ေၾကညာေပး တာရွိ တယ္။ ဒါေပမယ့္ ဘယ္လိုအေရးယူမွာလဲ အတိအက်မပါဘူး။ ဒဏ္ေငြ ၅ ေထာင္၊ ၁ေသာင္း ဒါမ်ိဳး ဒဏ္တပ္မယ္လို႔ပဲ ပါတယ္။ ဒါကလည္း မႏၲေလးကထုတ္တာကို တုထားတဲ့သေဘာပဲ။''လို႔ ဘယ္လို ျပစ္ဒဏ္မ်ိဳးနဲ႔အေရးယူမွာလည္းဆိုတာ အတိအက်မသိရတဲ့အေပၚ ကိုေဇကိုကိုကေျပာျပပါတယ္။

အေရးယူမႈေတြစတင္လုပ္ေဆာင္ေနတဲ့ ပုဇြန္ေတာင္ၿမိဳ႕နယ္အတြင္းက ေဈးေတြမွာေတာ့ Mask မတပ္ဆင္ ပါက ဒဏ္ေငြ ၅ေထာင္ေပးေဆာင္ရမယ္လို႔ ၿမိဳ႕နယ္စည္ပင္က ေဈးအတြင္းလိုက္လံ ေၾကညာေနတယ္လို႔လည္း ေဈးသူေဈးသားေတြထံကသိရပါတယ္။
maskေတြတပ္ဆင္ၾကဖို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံကိုယ္တိုင္ မၾကာခဏထုတ္ေဖာ္ေျပာဆို
ကိုဗစ္-၁၉ ကပ္ေရာဂါကို ကာကြယ္ႏိုင္ဖို႔ Mask ေတြတပ္ဆင္ၾကဖို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံကိုယ္တိုင္ မၾကာခဏထုတ္ေဖာ္ေျပာဆိုထားသလို ကမ္ပိန္းေတြျပဳလုပ္ေနၾကသလို လိုက္လံေဝငွတာ ေတြလည္းရွိေနပါတယ္။

' ' အဓိကက Mask ေဝတာလည္းလုပ္ဖို႔လိုသလို တပ္ဖို႔ကိုလည္း လုပ္မွရမယ္။ ကြၽန္ေတာ့္တို႔ဆီမွာဆို Mask ေဝရင္လာယူၾကတယ္။ ၿပီးရင္ျပန္ေရာင္းစားၾကတာေတြလည္းရွိတယ္။ ေဝ႐ုံနဲ႔မၿပီးဘူး။ Mask တပ္ၾကဖို႔ကိုလည္း ေသခ်ာလုပ္ဖို႔လိုတယ္။''လို႔ သူက Mask တပ္ဆင္မႈအားနည္းေနတဲ့အေျခအေနကို ေျပာျပပါတယ္။

BBC Burmese
----------------------------------------------
(Unicode)⤵⤵⤵
ရန်ကုန်မှာ Mask မတပ်ဘဲအပြင်ထွက်ရင်အရေးယူတော့မယ်လို့ထုတ်ပြန်ထားပေမယ့် လိုက်နာမှုအားနည်း

ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ မေ ၁၃ ရက်နေ့ကစပြီး အပြင်ထွက်သူတွေအနေနဲ့ Mask မတပ်ပါက ဥပဒေနဲ့အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပေမယ့်လည်း လိုက်နာမှုအားနည်း နေသေးတာကိုတွေ့ရတယ်လို့ ရန်ကုန်တိုင်းအတွင်းမှာ လူဦးရေအများဆုံးနေထိုင်ရာမြို့ဖြစ်တဲ့ လှိုင်သာယာမြို့နယ် COVID-19 ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေး ကော်မတီရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဇေကိုကိုက ဘီဘီစီကိုပြောပါတယ်။

' ' ကျွန်တော်တို့ လှိုင်သာယာမှာ ဈေးတွေကို စေတနာ့ဝန်ထမ်း ဆရာဝန်တွေရယ် စည်ပင်ရယ်နဲ့ အတူ လိုက်ပြီး Mask တပ်ဖို့ ပညာလိုက်ပေးတာတွေလုပ်တယ်။ ဒီနေ့ဆို လှိုင်သာယာက ပျံကျဈေးတစ်ခုဖြစ်တဲ့ ၁၅ ဈေးကို သွားတယ်။ ဈေးသည်တွေကအစ Mask တပ်တဲ့သူကနည်းတယ်။ လာတဲ့သူအများစုကလည်း မတပ်ကြဘူး။ အရေးယူမယ်လို့ ပြောပေမယ့် တကယ်အရေးယူတဲ့အပိုင်းက အားနည်းတော့ လူတွေက မကြောက်ကြတော့ဘူး။ ဈေးသည်တွေကဆို တကယ်အရေးယူမှာ ဟုတ်လို့လားလို့ ပြန်မေးတာတောင် ရှိတယ်'' လို့ ကိုဇေကိုကိုက ဒီကနေ့ မေ ၁၃ ရက်နေ့က အတွေ့အကြုံကိုပြောပြပါတယ်။

ဒီကနေ့ မေ ၁၃ ရက်နေ့မှာ Mask မတပ်ဘဲ အပြင်ထွက်ပါက ကူးစက်ရောဂါကာနှိမ်နင်းရေးဥပဒေနဲ့ စတင်အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပေမယ့်လည်း မြို့နယ်အများစုမှာတော့ Mask မတပ်ဆင်ဘဲ အပြင်ထွက်သူတွေ အများအပြားရှိနေဆဲဖြစ်ပါတယ်။

' ' ဒီနေ့ကတော့ Mask မတပ်လာတဲ့သူတွေကို တစ်ခုကို ၂၀၀ နဲ့ရောင်းပေးတယ်။ ဟန်းဂျယ်တွေ ပေးတယ်။ Maskတပ်ဖို့ ပညာပေးဟောပြောတယ်။ စည်ပင်ကလည်းပါပေမယ့် ခက်တာက ရဲမပါရင် အရေးယူလို့ မရဘူး။ ဒါကြောင့် နောက်နေ့တွေမှာတော့ ရဲကိုပါ လိုက်ပေးဖို့ အကူညီတောင်းထားတယ်။ အဓိကက အရေးယူမှုမရှိတော့ လူတွေက လိုက်နာမှုအားနည်းနေတာ။ စံပြအနေနဲ့ အရေးယူပြလိုက်ရင်တော့ တကယ်လိုက်နာကြလိမ့်မယ်လို့ ထင်တယ်''လို့ ကိုဇေကိုကိုက ထပ်မံပြောပြပါတယ်။

ဒီလိုအရေးယူမှုမရှိသေးတဲ့မြို့နယ်တွေရှိနေသလို ပုဇွန်တောင်မြို့နယ်အတွင်းမှာတော့ Mask မတပ်ဆင်ဘဲ အပြင်ထွက်သူတွေကို မြို့နယ်စည်ပင်၊ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက ကားနဲ့ခေါ် ယူကာ အရေးယူထိန်းသိမ်းတာတွေရှိနေတာကိုလည်း တွေ့ရပါတယ်။

ရန်ကုန်တိုင်းအတွင်းမြို့နယ်တွေမှာ နေထိုင်သူတွေအနေနဲ့ ထုတ်ပြန်ထားတဲ့အမိန့်ကို မလိုက်နာပါက ဥပဒေအရအရေးယူမယ်လို့ဆိုပေမယ့် မြို့နယ်အများစုမှာတော့ ဘယ်လိုပြစ်ဒဏ်မျိုး ချမှတ်မှာလဲဆိုတာကိုရှင်းရှင်းလင်းလင်းအသိပေးကြေညာတာမျိုးမရှိသေးပါဘူး။

' ' ညပိုင်းကတည်းက ရပ်ကျေးက Maskတပ်ကြဖို့ မတပ်ရင်အရေးယူမယ်ပေါ့ လိုက်ကြေညာပေး တာရှိ တယ်။ ဒါပေမယ့် ဘယ်လိုအရေးယူမှာလဲ အတိအကျမပါဘူး။ ဒဏ်ငွေ ၅ ထောင်၊ ၁သောင်း ဒါမျိုး ဒဏ်တပ်မယ်လို့ပဲ ပါတယ်။ ဒါကလည်း မန္တလေးကထုတ်တာကို တုထားတဲ့သဘောပဲ။''လို့ ဘယ်လို ပြစ်ဒဏ်မျိုးနဲ့အရေးယူမှာလည်းဆိုတာ အတိအကျမသိရတဲ့အပေါ် ကိုဇေကိုကိုကပြောပြပါတယ်။

အရေးယူမှုတွေစတင်လုပ်ဆောင်နေတဲ့ ပုဇွန်တောင်မြို့နယ်အတွင်းက ဈေးတွေမှာတော့ Mask မတပ်ဆင် ပါက ဒဏ်ငွေ ၅ထောင်ပေးဆောင်ရမယ်လို့ မြို့နယ်စည်ပင်က ဈေးအတွင်းလိုက်လံ ကြေညာနေတယ်လို့လည်း ဈေးသူဈေးသားတွေထံကသိရပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကို ကာကွယ်နိုင်ဖို့ Mask တွေတပ်ဆင်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင် မကြာခဏထုတ်ဖော်ပြောဆိုထားသလို ကမ်ပိန်းတွေပြုလုပ်နေကြသလို လိုက်လံဝေငှတာ တွေလည်းရှိနေပါတယ်။

' ' အဓိကက Mask ဝေတာလည်းလုပ်ဖို့လိုသလို တပ်ဖို့ကိုလည်း လုပ်မှရမယ်။ ကျွန်တော့်တို့ဆီမှာဆို Mask ဝေရင်လာယူကြတယ်။ ပြီးရင်ပြန်ရောင်းစားကြတာတွေလည်းရှိတယ်။ ဝေရုံနဲ့မပြီးဘူး။ Mask တပ်ကြဖို့ကိုလည်း သေချာလုပ်ဖို့လိုတယ်။''လို့ သူက Mask တပ်ဆင်မှုအားနည်းနေတဲ့အခြေအနေကို ပြောပြပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52643469
ရန္ကုန္မွာ Mask မတပ္ဘဲအျပင္ထြက္ရင္အေရးယူေတာ့မယ္လို႔ထုတ္ျပန္ထားေပမယ့္ လိုက္နာမႈအားနည္း ရန္ကုန္မွာ Mask မတပ္ဘဲအျပင္ထြက္ရင္အေရးယူေတာ့မယ္လို႔ထုတ္ျပန္ထားေပမယ့္ လိုက္နာမႈအားနည္း Reviewed by THITHTOOLWIN on 21:28 Rating: 5
Powered by Blogger.