ႏွာေခါင္းစည္းမတပ္သူကို အျပစ္မေပးဘဲ ပညာေပးဖို႔ တိုက္တြန္း

(Zawgyi)⤵⤵⤵
ႏွာေခါင္းစည္းမတပ္ရင္ ကူးစက္ေရာဂါမ်ားကာကြယ္ႏွိမ္ႏွင္းေရးဥပေဒအရ ေငြဒဏ္ ငါးေထာင္ခ်မွတ္ခံရမယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး လူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္း က ေျပာပါတယ္။

ႏွာေခါင္းစည္းမတပ္တာကို ဥပေဒအရ အေရးယူတာထက္ ပညာေပးတာက ပိုသင့္ေလ်ာ္မယ္လို႔လည္း က်န္းမာေရးကြၽမ္းက်င္သူေတြက မွတ္ခ်က္ေပးပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ဟာ က်န္းမာေရး၊ လူမႈေရး၊ စီးပြားေရးေတြကို ထိခိုက္ေစႏိုင္တဲ့အျပင္ အသက္အႏၲရာယ္ ေသဆုံး တဲ့အထိ ျဖစ္ႏိုင္တဲ့အတြက္ ေနအိမ္ကေန အျပင္ကိုထြက္ရင္ ႏွာေခါင္းစည္းေတြတပ္ဖို႔၊ လူစုလူေဝးမလုပ္ဖို႔၊ တကယ္လို႔ စည္းကမ္းမလိုက္နာရင္ ေမ ၁၃ ရက္ကစၿပီး ကူးစက္ေရာဂါမ်ားကာကြယ္တားဆီးေရး ဥပေဒနဲ႔ အေရးယူမယ္လို႔ ေမ ၁၁ ရက္မွာ ၿမိဳ႕နယ္အုပ္ခ်ဳပ္‌ေရးမႉးေတြက ထုတ္ျပန္လိုက္ပါတယ္။

ရန္ကုန္တိုင္းလူမႈေရးဝန္ႀကီးဦးႏိုင္ငံလင္းက ပုဒ္မ ၁၅ အရ ေငြဒဏ္ ငါးေထာင္ခ်မွတ္ခံရမွာျဖစ္တယ္လို႔ RFA ကို ေျပာပါတယ္။

“က်ေနာ္တို႔ ေငြဒဏ္ပဲ ပါပါတယ္။ ပုဒ္မ ၁၅ မွာ ေငြဒဏ္ပဲ ပါပါတယ္။”

ႏွာေခါင္းစည္းတပ္ဖို႔ ေမတၱာရပ္ခံေပမဲ့ စည္းကမ္းမလိုက္နာသူေတြရွိတာေၾကာင့္ အစိုးရအေနနဲ႔ အခုလိုလုပ္သင့္ တယ္လို႔ ကို႐ိုနာဗိုင္းရပ္ကာကြယ္ေရး ကူညီေဆာင္႐ြက္ေပးေနတဲ့ အင္းစိန္ၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဝၿဖိဳးဟန္က ေျပာပါတယ္။

“Mask မတပ္ရင္ ထုတ္ျပန္ထားတဲ့ ဥပေဒအတိုင္း အေရးယူေဆာင္႐ြက္မယ္ဆိုတာ ပါၿပီးသားပဲေလ။ အဓိကက ဒီလိုေဆာင္႐ြက္တယ္ဆိုတာ လူေတြကို အသိတရားရေစခ်င္တာပါ။ ႏိုင္ငံေတာ္အစိုးရကေတာ့ လူတိုင္းကို အေရး ယူခ်င္လို႔လုပ္တာေတာ့ မဟုတ္ဘူးေပါ့ဗ်ာ။ ဒါေလးလုပ္ေပးၾကပါလို႔ ေမတၱာရပ္ခံတာ တခ်ိဳ႕လူေတြက မလိုက္နာ ဘူး။ ကိုယ့္က်န္းမာေရးဆိုတာကို မျမင္ဘဲနဲ႔ အစိုးရက ေျပာခ်င္တာေျပာတာပဲ။ ငါတို႔ကလည္း လုပ္ခ်င္သလို လုပ္မွာပဲ ေနခ်င္သလိုေနမွာပဲဆိုတဲ့လူေတြ ရွိပါတယ္။ ဒါေၾကာင့္ အစိုးရက လုပ္ထုံးလုပ္နည္းနဲ႔အညီလုပ္ရတာပဲ ျဖစ္ပါတယ္။”

ႏွာေခါင္းစည္းမတပ္တဲ့သူ အမ်ားစုက ကို႐ိုနာဗိုင္းရပ္စ္ေရာဂါအေၾကာင္း ေသခ်ာမသိတာ၊ ႏွာေခါင္းစည္း ဝယ္တပ္ဖို႔ အခက္ခဲရွိတာ၊ ကိုယ္တိုင္ခ်ဳပ္ဖို႔ မလြယ္ကူတာေတြေၾကာင့္လည္း ျဖစ္ႏိုင္တယ္လို႔ က်န္းမာ‌ေရး ကြၽမ္းက်င္သူေတြက မွတ္ခ်က္ျပဳပါတယ္။

ႏွာေခါင္းစည္းမတပ္ရင္ ဒဏ္ေငြအပါအဝင္ ျပစ္ဒဏ္ေပးတာေတြကို တခ်ိဳ႕တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြမွာ လုပ္ခဲ့တာေတြရွိၿပီး ေဝဖန္တာေတြလည္းရွိၾကပါတယ္။

အခုလို ေငြေၾကးျပစ္ဒဏ္ဟာ အဆင္မေျပသူေတြအတြက္ ဝန္ထုတ္ဝန္ပိုး ျဖစ္ႏိုင္တယ္လို႔ မႏၲေလးၿမိဳ႕ နား၊ ႏွာေခါင္း၊ လည္ေခ်ာင္း အထူးကုဆရာဝန္ႀကီး ေဒါက္တာမိုးသီတာလင္းက ေျပာပါတယ္။

“အမွန္ေတာ့ Mask တပ္တာက ျပစ္ဒဏ္ဆိုတာထက္ လူတိုင္းတစ္ေယာက္ခ်င္းမွာ ငါ့မိသားစုအတြက္၊ ငါ့ႏိုင္ငံ အတြက္ ငါတို႔တစ္ေယာက္ခ်င္းစီအတြက္ ကာကြယ္သင့္တယ္လို႔ အသိစိတ္ဓာတ္ဝင္သြားေအာင္ လုပ္သင့္တယ္ ထင္ပါတယ္။ ဒဏ္ေငြအေနနဲ႔ဆိုေတာ့ အခုခ်ိန္က စီးပြားေရးမေကာင္းေတာ့ သူတို႔အတြက္ Burden အေနနဲ႔ ျဖစ္သြားမလားေပါ့ေနာ္”

စက္႐ုံအလုပ္႐ုံေတြက တခ်ိဳ႕အလုပ္ရွင္ေတြဟာ  ေဝေပးတာမဟုတ္တဲ့အျပင္ အလုပ္သမားေတြကို ႏွာေခါင္းစည္း ျပန္ေရာင္းတဲ့စက္႐ုံေတြရွိတယ္လို႔ အလုပ္သမားအေရးကူညီေပးေနတဲ့ အနာဂတ္အလင္းတန္းဆုံမွတ္အဖြဲ႕ ဥကၠ႒ မသက္သက္ေအာင္ က ေျပာပါတယ္။

“ခက္တာကလည္းပဲ စက္႐ုံအလုပ္႐ုံေတြမွာ တစ္ခုကို ၇၀၀ နဲ႔ ျပန္ေရာင္းေနတယ္။ အမွန္ဆိုလို႔ရွိရင္ သူတို႔ ေပးရမယ့္အစား လုပ္ငန္းရွင္က ျပန္ေရာင္းေနတာေတြ ရွိေနတယ္။ တကယ့္လက္ေတြမွာေတာ့ တတ္ႏိုင္တဲ့ သူေတြက တတ္ႏိုင္မွာေပါ့ေလ။ အေျခခံလူထုမွာေတာ့ တစ္ခု တစ္ခု ဝယ္တပ္ဖို႔က အင္မတန္အခက္ခဲရွိတယ္။ တပ္ရမယ္ဆိုတာ ကပ္ေရာဂါအတြက္ အင္မတန္အေရးႀကီးတယ္ေပါ့။ ဒါဆိုရင္ မတပ္ႏိုင္တဲ့သူေတြကို ဘယ္လို လက္လွမ္းမွီေအာင္ အစိုးရကေန ဘယ္လိုပံ့ပိုးေပးမလဲေပါ့။”

တဖက္မွာလည္း အဲဒီလိုႏွာေခါင္းစည္းေတြကို မတပ္ဘူးဆိုရင္ ကို႐ိုနာဗိုင္းရပ္စ္ပ်ံ႕ႏွံ႔တာ ပိုမ်ားသြားလိမ့္မယ္လို႔ အင္တာနက္ကေန က်န္းမာေရးအသိပညာေတြ ျဖန႔္ေဝေပးေနတဲ့ ေဒါက္တာထက္ဝင္းက ေျပာပါတယ္။

“ Mask မတပ္ဘူးဆိုရင္ ကိုဗစ္ပ်ံ႕ပြားမႈႏႈန္း အရမ္းျမန္သြားႏိုင္ပါတယ္။ လက္ကိုေဆးတယ္ဆိုတာက ကိုဗစ္ႏိုင္တီး ကပ္လာႏိုင္တဲ့ အဓိကရင္းျမစ္ျဖစ္လို႔ပါ။ ဒါေပမဲ့ ကူးစက္တာက ႏွာေခါင္းနဲ႔ ကူးစက္တာျဖစ္တဲ့အတြက္ ေရာဂါ ျဖစ္ႏိုင္ေျခ ပိုမ်ားသြားႏိုင္ပါတယ္။ ေပါ့စတစ္ေတြ႕သူေတြ မတပ္ဘူးဆိုရင္ ပိုၿပီးမ်ားသြားႏိုင္ပါတယ္။”

အရင္က ခြဲစိတ္ခန္းသုံးႏွာေခါင္းစည္းေတြကို သုံးမွသာ ေရာဂါကာကြယ္ႏိုင္တယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕က ထုတ္ျပန္ထားေပမဲ့ ေနာက္ပိုင္းမွာ အဝတ္နဲ႔ခ်ဳပ္ထားတဲ့ ႏွာေခါင္းစည္းေတြကိုလည္း လက္ခံလာၾကတယ္လို႔ က်န္းမာေရးကြၽမ္းက်င္သူေတြက ေျပာပါတယ္။

ခြဲစိတ္ခန္းသုံးႏွာေခါင္းစည္းေတြက တစ္ခါသုံးေတြျဖစ္တဲ့အျပင္ အေျခခံလက္လုပ္လက္စားေတြအတြက္ ဝယ္ယူဖို႔ အခက္ခဲရွိႏိုင္တာေၾကာင့္ ထပ္ခါ ထပ္ခါ ေလွ်ာ္ဖြတ္သုံးႏိုင္တဲ့ အဝတ္ခ်ဳပ္ႏွာေခါင္းစည္းေတြကိုလည္း သုံးလို႔ရ တယ္လို႔ ေျပာပါတယ္။

သဃၤကြၽန္းၿမိဳ႕နယ္ ကို႐ိုနာဗိုင္းရပ္စ္ ထိန္းခ်ဳပ္‌ေရးနဲ႔ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီဝင္တစ္ေယာက္ျဖစ္သူ ေဒါက္တာ ေက်ာ္စြာဦးက ျပစ္ဒဏ္ေတြထက္ ပညာေပးကာလကို အရင္လုပ္ေပးေစခ်င္တယ္လို႔ ေျပာပါတယ္။

“ျပစ္ဒဏ္မလုပ္ခင္ ပညာေပးကာလ လုပ္သင့္ပါတယ္။ ဒါမွလည္း အားလုံးအတြက္ ညီမွ်မႈရွိမွာပါ။ တခ်ိဳ႕ ဒီႏွာေခါင္းစည္းကို ဝယ္မတပ္ႏိုင္တဲ့ လူတန္းစားေတြ ရွိပါတယ္။ တတ္ႏိုင္သည္ျဖစ္ေစ၊ မတတ္ႏိုင္သည္ျဖစ္ေစ တစ္ပတ္ ဆယ္ရက္ေလာက္ ပညာေပးကာလ သတ္မွတ္ေပးသင့္ပါတယ္။”

ျမန္မာႏိုင္ငံမွာ ကို႐ိုနာကူးစက္ခံရသူ အေယာက္ ၁၈၀ ထဲမွာ ရန္ကုန္တိုင္းေဒသႀကီးအတြင္းက အင္းစိန္၊ မရမ္းကုန္း၊ ေတာင္ဥကၠလာ၊ တာေမြ၊ ဗဟန္း၊ ပန္းပဲတန္း၊ မဂၤလာေတာင္ၫႊန႔္၊ ဗိုလ္တေထာင္၊ လႈိင္သာယာ အပါအဝင္ ၿမိဳ႕နယ္ ၂၈ ခုမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၁၄၅ ေယာက္ရွိၿပီး ေသဆုံးသူ ငါးေယာက္ရွိပါတယ္။

ဇာဏီထြဏ္း / RFA Burmese
------------------------------------

(Unicode)⤵⤵⤵
နှာခေါင်းစည်းမတပ်သူကို အပြစ်မပေးဘဲ ပညာပေးဖို့ တိုက်တွန်း

နှာခေါင်းစည်းမတပ်ရင် ကူးစက်ရောဂါများကာကွယ်နှိမ်နှင်းရေးဥပဒေအရ ငွေဒဏ် ငါးထောင်ချမှတ်ခံရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း က ပြောပါတယ်။

နှာခေါင်းစည်းမတပ်တာကို ဥပဒေအရ အရေးယူတာထက် ပညာပေးတာက ပိုသင့်လျော်မယ်လို့လည်း ကျန်းမာရေးကျွမ်းကျင်သူတွေက မှတ်ချက်ပေးပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတွေကို ထိခိုက်စေနိုင်တဲ့အပြင် အသက်အန္တရာယ် သေဆုံး တဲ့အထိ ဖြစ်နိုင်တဲ့အတွက် နေအိမ်ကနေ အပြင်ကိုထွက်ရင် နှာခေါင်းစည်းတွေတပ်ဖို့၊ လူစုလူဝေးမလုပ်ဖို့၊ တကယ်လို့ စည်းကမ်းမလိုက်နာရင် မေ ၁၃ ရက်ကစပြီး ကူးစက်ရောဂါများကာကွယ်တားဆီးရေး ဥပဒေနဲ့ အရေးယူမယ်လို့ မေ ၁၁ ရက်မှာ မြို့နယ်အုပ်ချုပ်‌ရေးမှူးတွေက ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်တိုင်းလူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက ပုဒ်မ ၁၅ အရ ငွေဒဏ် ငါးထောင်ချမှတ်ခံရမှာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“ကျနော်တို့ ငွေဒဏ်ပဲ ပါပါတယ်။ ပုဒ်မ ၁၅ မှာ ငွေဒဏ်ပဲ ပါပါတယ်။”

နှာခေါင်းစည်းတပ်ဖို့ မေတ္တာရပ်ခံပေမဲ့ စည်းကမ်းမလိုက်နာသူတွေရှိတာကြောင့် အစိုးရအနေနဲ့ အခုလိုလုပ်သင့် တယ်လို့ ကိုရိုနာဗိုင်းရပ်ကာကွယ်ရေး ကူညီဆောင်ရွက်ပေးနေတဲ့ အင်းစိန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောပါတယ်။

“Mask မတပ်ရင် ထုတ်ပြန်ထားတဲ့ ဥပဒေအတိုင်း အရေးယူဆောင်ရွက်မယ်ဆိုတာ ပါပြီးသားပဲလေ။ အဓိကက ဒီလိုဆောင်ရွက်တယ်ဆိုတာ လူတွေကို အသိတရားရစေချင်တာပါ။ နိုင်ငံတော်အစိုးရကတော့ လူတိုင်းကို အရေး ယူချင်လို့လုပ်တာတော့ မဟုတ်ဘူးပေါ့ဗျာ။ ဒါလေးလုပ်ပေးကြပါလို့ မေတ္တာရပ်ခံတာ တချို့လူတွေက မလိုက်နာ ဘူး။ ကိုယ့်ကျန်းမာရေးဆိုတာကို မမြင်ဘဲနဲ့ အစိုးရက ပြောချင်တာပြောတာပဲ။ ငါတို့ကလည်း လုပ်ချင်သလို လုပ်မှာပဲ နေချင်သလိုနေမှာပဲဆိုတဲ့လူတွေ ရှိပါတယ်။ ဒါကြောင့် အစိုးရက လုပ်ထုံးလုပ်နည်းနဲ့အညီလုပ်ရတာပဲ ဖြစ်ပါတယ်။”

နှာခေါင်းစည်းမတပ်တဲ့သူ အများစုက ကိုရိုနာဗိုင်းရပ်စ်ရောဂါအကြောင်း သေချာမသိတာ၊ နှာခေါင်းစည်း ဝယ်တပ်ဖို့ အခက်ခဲရှိတာ၊ ကိုယ်တိုင်ချုပ်ဖို့ မလွယ်ကူတာတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ ကျန်းမာ‌ရေး ကျွမ်းကျင်သူတွေက မှတ်ချက်ပြုပါတယ်။

နှာခေါင်းစည်းမတပ်ရင် ဒဏ်ငွေအပါအဝင် ပြစ်ဒဏ်ပေးတာတွေကို တချို့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လုပ်ခဲ့တာတွေရှိပြီး ဝေဖန်တာတွေလည်းရှိကြပါတယ်။

အခုလို ငွေကြေးပြစ်ဒဏ်ဟာ အဆင်မပြေသူတွေအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်နိုင်တယ်လို့ မန္တလေးမြို့ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်ကြီး ဒေါက်တာမိုးသီတာလင်းက ပြောပါတယ်။

“အမှန်တော့ Mask တပ်တာက ပြစ်ဒဏ်ဆိုတာထက် လူတိုင်းတစ်ယောက်ချင်းမှာ ငါ့မိသားစုအတွက်၊ ငါ့နိုင်ငံ အတွက် ငါတို့တစ်ယောက်ချင်းစီအတွက် ကာကွယ်သင့်တယ်လို့ အသိစိတ်ဓာတ်ဝင်သွားအောင် လုပ်သင့်တယ် ထင်ပါတယ်။ ဒဏ်ငွေအနေနဲ့ဆိုတော့ အခုချိန်က စီးပွားရေးမကောင်းတော့ သူတို့အတွက် Burden အနေနဲ့ ဖြစ်သွားမလားပေါ့နော်”

စက်ရုံအလုပ်ရုံတွေက တချို့အလုပ်ရှင်တွေဟာ  ဝေပေးတာမဟုတ်တဲ့အပြင် အလုပ်သမားတွေကို နှာခေါင်းစည်း ပြန်ရောင်းတဲ့စက်ရုံတွေရှိတယ်လို့ အလုပ်သမားအရေးကူညီပေးနေတဲ့ အနာဂတ်အလင်းတန်းဆုံမှတ်အဖွဲ့ ဥက္ကဋ္ဌ မသက်သက်အောင် က ပြောပါတယ်။

“ခက်တာကလည်းပဲ စက်ရုံအလုပ်ရုံတွေမှာ တစ်ခုကို ၇၀၀ နဲ့ ပြန်ရောင်းနေတယ်။ အမှန်ဆိုလို့ရှိရင် သူတို့ ပေးရမယ့်အစား လုပ်ငန်းရှင်က ပြန်ရောင်းနေတာတွေ ရှိနေတယ်။ တကယ့်လက်တွေမှာတော့ တတ်နိုင်တဲ့ သူတွေက တတ်နိုင်မှာပေါ့လေ။ အခြေခံလူထုမှာတော့ တစ်ခု တစ်ခု ဝယ်တပ်ဖို့က အင်မတန်အခက်ခဲရှိတယ်။ တပ်ရမယ်ဆိုတာ ကပ်ရောဂါအတွက် အင်မတန်အရေးကြီးတယ်ပေါ့။ ဒါဆိုရင် မတပ်နိုင်တဲ့သူတွေကို ဘယ်လို လက်လှမ်းမှီအောင် အစိုးရကနေ ဘယ်လိုပံ့ပိုးပေးမလဲပေါ့။”

တဖက်မှာလည်း အဲဒီလိုနှာခေါင်းစည်းတွေကို မတပ်ဘူးဆိုရင် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့တာ ပိုများသွားလိမ့်မယ်လို့ အင်တာနက်ကနေ ကျန်းမာရေးအသိပညာတွေ ဖြန့်ဝေပေးနေတဲ့ ဒေါက်တာထက်ဝင်းက ပြောပါတယ်။

“ Mask မတပ်ဘူးဆိုရင် ကိုဗစ်ပျံ့ပွားမှုနှုန်း အရမ်းမြန်သွားနိုင်ပါတယ်။ လက်ကိုဆေးတယ်ဆိုတာက ကိုဗစ်နိုင်တီး ကပ်လာနိုင်တဲ့ အဓိကရင်းမြစ်ဖြစ်လို့ပါ။ ဒါပေမဲ့ ကူးစက်တာက နှာခေါင်းနဲ့ ကူးစက်တာဖြစ်တဲ့အတွက် ရောဂါ ဖြစ်နိုင်ခြေ ပိုများသွားနိုင်ပါတယ်။ ပေါ့စတစ်တွေ့သူတွေ မတပ်ဘူးဆိုရင် ပိုပြီးများသွားနိုင်ပါတယ်။”

အရင်က ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းတွေကို သုံးမှသာ ရောဂါကာကွယ်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပေမဲ့ နောက်ပိုင်းမှာ အဝတ်နဲ့ချုပ်ထားတဲ့ နှာခေါင်းစည်းတွေကိုလည်း လက်ခံလာကြတယ်လို့ ကျန်းမာရေးကျွမ်းကျင်သူတွေက ပြောပါတယ်။

ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းတွေက တစ်ခါသုံးတွေဖြစ်တဲ့အပြင် အခြေခံလက်လုပ်လက်စားတွေအတွက် ဝယ်ယူဖို့ အခက်ခဲရှိနိုင်တာကြောင့် ထပ်ခါ ထပ်ခါ လျှော်ဖွတ်သုံးနိုင်တဲ့ အဝတ်ချုပ်နှာခေါင်းစည်းတွေကိုလည်း သုံးလို့ရ တယ်လို့ ပြောပါတယ်။

သင်္ဃကျွန်းမြို့နယ် ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်‌ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်တစ်ယောက်ဖြစ်သူ ဒေါက်တာ ကျော်စွာဦးက ပြစ်ဒဏ်တွေထက် ပညာပေးကာလကို အရင်လုပ်ပေးစေချင်တယ်လို့ ပြောပါတယ်။

“ပြစ်ဒဏ်မလုပ်ခင် ပညာပေးကာလ လုပ်သင့်ပါတယ်။ ဒါမှလည်း အားလုံးအတွက် ညီမျှမှုရှိမှာပါ။ တချို့ ဒီနှာခေါင်းစည်းကို ဝယ်မတပ်နိုင်တဲ့ လူတန်းစားတွေ ရှိပါတယ်။ တတ်နိုင်သည်ဖြစ်စေ၊ မတတ်နိုင်သည်ဖြစ်စေ တစ်ပတ် ဆယ်ရက်လောက် ပညာပေးကာလ သတ်မှတ်ပေးသင့်ပါတယ်။”

မြန်မာနိုင်ငံမှာ ကိုရိုနာကူးစက်ခံရသူ အယောက် ၁၈၀ ထဲမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက အင်းစိန်၊ မရမ်းကုန်း၊ တောင်ဥက္ကလာ၊ တာမွေ၊ ဗဟန်း၊ ပန်းပဲတန်း၊ မင်္ဂလာတောင်ညွှန့်၊ ဗိုလ်တထောင်၊ လှိုင်သာယာ အပါအဝင် မြို့နယ် ၂၈ ခုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၄၅ ယောက်ရှိပြီး သေဆုံးသူ ငါးယောက်ရှိပါတယ်။

ဇာဏီထွဏ်း / RFA Burmese
https://www.bbc.com/burmese/world-52646340
ႏွာေခါင္းစည္းမတပ္သူကို အျပစ္မေပးဘဲ ပညာေပးဖို႔ တိုက္တြန္း ႏွာေခါင္းစည္းမတပ္သူကို အျပစ္မေပးဘဲ ပညာေပးဖို႔ တိုက္တြန္း Reviewed by THITHTOOLWIN on 21:32 Rating: 5
Powered by Blogger.