ျမန္မာႏုိင္ငံတဝန္း ႏွာေခါင္းစည္းတပ္သြားလာေရး သတ္မွတ္ခ်က္ တိုးျမွင့္လုပ္ေဆာင္ေန

ရန္ကုန္ၿမိဳ႕တစ္ေနရာတြင္ ေတြ႔ရတဲ့ ႏွာေခါင္းစည္းတပ္ထားသူ တခ်ိဳ႕
(Zawgyi/Unicode)

ျမန္မာမွာ COVID-19 ေရာဂါ ကူးစက္မႈေတြကို တားဆီးႏိုင္ဖို႔အတြက္ တစ္ႏိုင္ငံလုံး အတိုင္းအတာအေနနဲ႔ ၿမိဳ႕နယ္အလိုက္ COVID 19 ကာကြယ္ထိန္းခ်ဳပ္ကုသေရးေကာ္မတီေတြက ဦးေဆာင္ၿပီး ႏွာေခါင္းစည္းတပ္ေရးလႈပ္ရွားမႈ Mask Campaign ေတြကို က်ယ္က်ယ္ျပန႔္ျပန႔္ လုပ္လာေနတဲ့ အေၾကာင္းကို ေျပာျပပါမယ္။ ဒီအေၾကာင္း ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအိမ့္သႏၲာထြန္းက ေျပာျပပါမယ္။

ၿမိဳ႕နယ္အလိုက္ COVID-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရးေကာ္မတီေတြက ဦးေဆာင္ၿပီး လူတိုင္းႏွာေခါင္းစည္း တပ္ၾကဖို႔ လႈပ္ရွားမႈေတြကို တစ္ႏိုင္ငံလုံး အတိုင္းအတာအေနနဲ႔ က်ယ္က်ယ္ျပန႔္ျပန႔္ လုပ္လာေနပါတယ္။

လူတိုင္းႏွာေခါင္းစည္း တပ္ႏိုင္ဖို႔အတြက္ အဝတ္နဲ႔ ခ်ဳပ္လုပ္ထားတဲ့ ႏွာေခါင္းစည္းေတြကို အခမဲ့ေဝေပးတာမ်ိဳးေတြလည္း ရွိပါတယ္။

ႏွာေခါင္းစည္း မတပ္ဘဲ အျပင္ထြက္လာသူေတြကို သက္ဆိုင္ရာ တိုင္းနဲ႔ ျပည္နယ္အလိုက္ သတ္မွတ္ထားတဲ့ ျပစ္ဒဏ္ေတြအတိုင္း အေရးယူတာေတြကိုလည္း လုပ္လာေနပါတယ္။

ရန္ကုန္တိုင္းမွာေတာ့ ႏွာေခါင္းစည္း ဝယ္ဖို႔ အခက္အခဲရွိႏိုင္တဲ့သူေတြကို အခမဲ့ ေပးေဝတာေတြ လုပ္ေနၿပီး ႏွာေခါင္းစည္း မတပ္ဘဲ အျပင္ထြက္သူေတြကို လိုက္လံဖမ္းဆီးေနၿပီး ျပစ္ဒဏ္အျဖစ္ ဒဏ္ေငြ ၅,၀၀၀ ခ်မွတ္ထားပါတယ္။

ႏွာေခါင္းစည္းေတြမ်ားမ်ား ေပးေဝႏိုင္ဖို႔ အလႈရွင္ေတြနဲ႔ ခ်ိတ္ဆက္ေဆာင္႐ြက္ေနတယ္ ဆိုတဲ့ အေၾကာင္းကို သကၤန္းကြၽန္းၿမိဳ႕နယ္ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေနဘုန္းလတ္က ခုလိုေျပာပါတယ္။

“အခုေလာေလာဆယ္ မွန္းထားတာေတာ့ တစ္အိမ္ေထာင္ကို ႏွစ္ခုေပါ့။ ဒီေန႔ေတာ့ က်ေနာ္တို႔က mask အခု ၁,၀၀၀ ေလာက္ က်ေနာ္တို႔ ေဝဖို႔ရွိတယ္။ ဒါ အလွဴရွင္ေတြလည္း ဖိတ္ေခၚထားတာရွိတယ္ေပါ့ေႏွာ္။ အဲ့ေတာ့ mask က အလွဴေငြ ရရွိမႈအေပၚမွာ မူတည္ၿပီးေတာ့ က်ေနာ္တို႔ တတ္ႏိုင္သမွ် အေရအတြက္ ခပ္မ်ားမ်ားေတာ့ ေဝသြားဖို႔ေတာ့ စဥ္းစားေနပါတယ္။ ရန္ကုန္မွာေတာ့ မေန႔က ထုတ္တဲ့ ေၾကညာခ်ကမွာေတာ့ လူမႈေရး ဝန္ႀကီးက ၅,၀၀၀ လို႔ေျပာတာပဲ။ အဲ့ေတာ့ အဲ့ဒီ ၅,၀၀၀ နဲ႔ပဲ သြားမယ့္ သေဘာရွိတယ္။ mask ျပန္ေရာင္းတဲ့ သေဘာမ်ိဳး မဟုတ္ေတာ့ ဒီအတိုင္း ၅,၀၀၀ပဲ ေဆာင္ရမယ့္သေဘာမ်ိဳးျဖစ္တယ္ေပါ့ေနာ္။ အဲ့ဒီအတြက္ေၾကာင့္ က်ေနာ္ကေတာ့ ႏွစ္ပိုင္းလုပ္ရမွာေပါ့ေနာ္။ တစ္ဘက္ကလည္း ဒဏ္႐ိုက္ဖို႔လုပ္တာျဖစ္သလို ေနာက္တစ္ဘက္မွာလည္း ဟုတ္ၿပီ မတတ္ႏိုင္တဲ့သူေတြမွာ ဘယ္လိုတပ္မလဲ အဲ့ေတာ့ လွဴမယ့္ Model တစ္ခုရယ္၊ ေနာက္တစ္ခုက ေဈးေပါေပါနဲ႔ ေရာင္းမယ့္ Model တစ္ခုရယ္။ အဲ့ ႏွစ္ခုကိုပါ တြဲလုပ္မွ ရလိမ့္မယ္။ အဲ့လိုမွ တြဲမလုပ္ပဲနဲ႔ လွဴတဲ့သူလည္း မရွိဘူး။ ေဈးေပါေပါနဲ႔လည္း ဝယ္လို႔မရဘူး၊ အဲဒါဆိုရင္ေတာ့ ဒီဘက္မွာ ဒဏ္႐ိုက္တဲ့ ျပႆနာက ေတာ္ေတာ္ႀကီးလာမယ္။ အဲ့ေတာ့ အဲ့ႏွစ္ခုကိုေတာ့ က်ေနာ္တို႔က ဒါ အစိုးရကို မွ်ၿပီးေတာ့ လုပ္ေစခ်င္တယ္။”

မႏၲေလးတိုင္းေဒသႀကီးမွာေတာ့ လူတိုင္း ႏွာေခါင္းစည္း တပ္ၾကဖို႔ကိစၥကို ေဆာင္႐ြက္ ထားတာနဲ႔ ပတ္သက္လို႔ ခ်မ္းေအးသာစံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးမ်ိဳးႏိုင္က ခုလို ေျပာျပပါတယ္။

“က်ေနာ္တို႔ကေတာ့ တတ္ႏိုင္သမွ်ေတာ့ ခုဟာက တိုင္းအစိုးရ အဖြဲ႕အေနနဲ႔ကေတာ့ mask ေတြကို လူတိုင္းတပ္ႏိုင္ေအာင္ အနည္းဆုံး တစ္ေယာက္ကို ႏွစ္ခုစီေလာက္ ရရွိေအာင္ဆိုတဲ့ စီမံခ်က္နဲ႔ အဝတ္ mask ေတြကို ထုတ္ေပးေနတာပဲေလ။ ဒါေတြကိုလည္း က်ေနာ္တို႔ ၿမိဳ႕နယ္အလိုက္ေတြ တာဝန္ေပးၿပီး ခ်ဳပ္ၾက၊ ၿမိဳ႕နယ္အလိုက္ေတြလည္း ေပးၾက။ ဒီလိုပဲ အကုန္လုံး ဒီ မႏၲေလးတိုင္းမွာ ရွိတဲ့ ၿမိဳ႕နယ္ေတြ အကုန္လုံး ျပည္သူေတြ mask ေတြ ႏွစ္ခုေလာက္စီ ရရွိေအာင္ ရည္႐ြယ္ခ်က္နဲ႔ပဲ ေဆာင္႐ြက္ေနတာေပါ့ေလ။ ”

အခုအခ်ိန္မွာ ႏွာေခါင္းစည္းတပ္ၾကဖို႔ အတြက္ ပညာေပးတာေတြအျပင္ ႏွာေခါင္းစည္း တပ္ပုံတပ္နည္း ခြၽတ္နည္းေတြကိုပါ စနစ္တက်ျဖစ္ေစဖို႔အတြက္ ၿမိဳ႕နယ္အလိုက္ က်န္းမာေရးဝန္ထမ္းေတြက ပညာေပးလုပ္ငန္းေတြကို လုပ္ေနၾကတဲ့အေၾကာင္းကို COVID-19 ကာကြယ္ထိန္းခ်ဳပ္ ကုသေရး ေကာ္မတီဝင္ ေဒါက္တာ ေက်ာ္စြာဦးက ခုလိုေျပာပါတယ္။

“ဒီအခ်ိန္မွာ က်ေနာ္တို႔က ပိုၿပီးေတာ့ အားျမႇင့္လာတဲ့ အေနအထားေပါ့ေႏွာ္။ အရင္တုန္းကေတာ့ က်ေနာ္တို႔က mask တပ္ဖို႔ေလာက္ပဲ အခုကေတာ့ တပ္ဖို႔လည္းေျပာမယ္။ ပညာလည္းေပးမယ္၊ ၿပီးရင္ ဝတ္ပုံ၊ ခြၽတ္နည္း၊ ေနာက္ၿပီးလို႔ရွိရင္ အကယ္၍မ်ား ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕က ဒါနဲ႔ ပတ္သက္ၿပီး အမိန႔္ေၾကညာခ်က္ တစ္ခု ဒဏ္ေပးစနစ္ ပါလာၿပီဆိုရင္ အဲ့ဒီထဲမွာ မပါေအာင္ ဆိုတဲ့ ပညာေပးပါ က်ေနာ္တို႔ ထည့္ၿပီးေတာ့ လုပ္ပါတယ္။ ဒီဒဏ္ေပးတဲ့ထဲမွာ ကိုယ္မပါေအာင္ လိုက္နာဖို႔ဆိုတာကို ထပ္ေျပာတာ ျဖစ္ပါတယ္။"

စစ္ကိုင္းတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္ႏွင့္ တနသာၤရီတိုင္းေဒသႀကီးစတဲ့ ေဒသေတြမွာလည္း လူတိုင္းႏွာေခါင္းစည္း တပ္ၾကဖို႔ လႈပ္ရွားမႈေတြကို သက္ဆိုင္ရာ ၿမိဳ႕နယ္အလိုက္ COVID-19 ကာကြယ္ထိန္းခ်ဳပ္ ကုသေရး ေကာ္မတီေတြက ဦးေဆာင္ၿပီး ေဆာင္႐ြက္ေနၾကပါတယ္။

COVID-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရး ဗဟိုေကာ္မတီကေတာ့ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ ၫႊန္ၾကားခ်က္ေတြကို ေမလ ၁၅ ရက္ေန႔အထိ ထပ္တိုးလိုက္နာၾကဖို႔ ထုတ္ျပန္ထားပါတယ္။ ဒါေပမဲ့ အခု ေမလ ၁၅ ရက္ေန႔ကေန ဒီအမိန႔္ကို ထပ္တိုး၊ မတိုး မက်ိန္းေသေပမဲ့လို႔ သက္ဆိုင္ရာ ေဒသႏၲရအမိန႔္ေတြ ကေတာ့ ဆက္ရွိေနဦးမွာျဖစ္ပါတယ္။ အခု ထုတ္ျပန္တဲ့ ေဒသႏၲရအမိန႔္ထဲမွာေတာ့ ျပင္ပထြက္တဲ့အခါ ႏွာေခါင္းစည္းကို မျဖစ္မေန တပ္ဖို႔အျပင္ မလိုအပ္ဘဲ လူ ငါးေယာက္ ထက္ပိုၿပီး မစုေဝးဖို႔ဆိုတာလည္း ပါဝင္ပါတယ္။

အိမ့္သႏၲာထြန္း / ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------------------
[Unicode Version]

မြန်မာနိုင်ငံတဝန်း နှာခေါင်းစည်းတပ်သွားလာရေး သတ်မှတ်ချက် တိုးမြှင့်လုပ်ဆောင်နေ

မြန်မာမှာ COVID-19 ရောဂါ ကူးစက်မှုတွေကို တားဆီးနိုင်ဖို့အတွက် တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ မြို့နယ်အလိုက် COVID 19 ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီတွေက ဦးဆောင်ပြီး နှာခေါင်းစည်းတပ်ရေးလှုပ်ရှားမှု Mask Campaign တွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်လာနေတဲ့ အကြောင်းကို ပြောပြပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

မြို့နယ်အလိုက် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီတွေက ဦးဆောင်ပြီး လူတိုင်းနှာခေါင်းစည်း တပ်ကြဖို့ လှုပ်ရှားမှုတွေကို တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်လာနေပါတယ်။

လူတိုင်းနှာခေါင်းစည်း တပ်နိုင်ဖို့အတွက် အဝတ်နဲ့ ချုပ်လုပ်ထားတဲ့ နှာခေါင်းစည်းတွေကို အခမဲ့ဝေပေးတာမျိုးတွေလည်း ရှိပါတယ်။

နှာခေါင်းစည်း မတပ်ဘဲ အပြင်ထွက်လာသူတွေကို သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်အလိုက် သတ်မှတ်ထားတဲ့ ပြစ်ဒဏ်တွေအတိုင်း အရေးယူတာတွေကိုလည်း လုပ်လာနေပါတယ်။

ရန်ကုန်တိုင်းမှာတော့ နှာခေါင်းစည်း ဝယ်ဖို့ အခက်အခဲရှိနိုင်တဲ့သူတွေကို အခမဲ့ ပေးဝေတာတွေ လုပ်နေပြီး နှာခေါင်းစည်း မတပ်ဘဲ အပြင်ထွက်သူတွေကို လိုက်လံဖမ်းဆီးနေပြီး ပြစ်ဒဏ်အဖြစ် ဒဏ်ငွေ ၅,၀၀၀ ချမှတ်ထားပါတယ်။

နှာခေါင်းစည်းတွေများများ ပေးဝေနိုင်ဖို့ အလှုရှင်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ် ဆိုတဲ့ အကြောင်းကို သင်္ကန်းကျွန်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ခုလိုပြောပါတယ်။

“အခုလောလောဆယ် မှန်းထားတာတော့ တစ်အိမ်ထောင်ကို နှစ်ခုပေါ့။ ဒီနေ့တော့ ကျနော်တို့က mask အခု ၁,၀၀၀ လောက် ကျနော်တို့ ဝေဖို့ရှိတယ်။ ဒါ အလှူရှင်တွေလည်း ဖိတ်ခေါ်ထားတာရှိတယ်ပေါ့နှော်။ အဲ့တော့ mask က အလှူငွေ ရရှိမှုအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ တတ်နိုင်သမျှ အရေအတွက် ခပ်များများတော့ ဝေသွားဖို့တော့ စဉ်းစားနေပါတယ်။ ရန်ကုန်မှာတော့ မနေ့က ထုတ်တဲ့ ကြေညာချကမှာတော့ လူမှုရေး ဝန်ကြီးက ၅,၀၀၀ လို့ပြောတာပဲ။ အဲ့တော့ အဲ့ဒီ ၅,၀၀၀ နဲ့ပဲ သွားမယ့် သဘောရှိတယ်။ mask ပြန်ရောင်းတဲ့ သဘောမျိုး မဟုတ်တော့ ဒီအတိုင်း ၅,၀၀၀ပဲ ဆောင်ရမယ့်သဘောမျိုးဖြစ်တယ်ပေါ့နော်။ အဲ့ဒီအတွက်ကြောင့် ကျနော်ကတော့ နှစ်ပိုင်းလုပ်ရမှာပေါ့နော်။ တစ်ဘက်ကလည်း ဒဏ်ရိုက်ဖို့လုပ်တာဖြစ်သလို နောက်တစ်ဘက်မှာလည်း ဟုတ်ပြီ မတတ်နိုင်တဲ့သူတွေမှာ ဘယ်လိုတပ်မလဲ အဲ့တော့ လှူမယ့် Model တစ်ခုရယ်၊ နောက်တစ်ခုက ဈေးပေါပေါနဲ့ ရောင်းမယ့် Model တစ်ခုရယ်။ အဲ့ နှစ်ခုကိုပါ တွဲလုပ်မှ ရလိမ့်မယ်။ အဲ့လိုမှ တွဲမလုပ်ပဲနဲ့ လှူတဲ့သူလည်း မရှိဘူး။ ဈေးပေါပေါနဲ့လည်း ဝယ်လို့မရဘူး၊ အဲဒါဆိုရင်တော့ ဒီဘက်မှာ ဒဏ်ရိုက်တဲ့ ပြဿနာက တော်တော်ကြီးလာမယ်။ အဲ့တော့ အဲ့နှစ်ခုကိုတော့ ကျနော်တို့က ဒါ အစိုးရကို မျှပြီးတော့ လုပ်စေချင်တယ်။”

မန္တလေးတိုင်းဒေသကြီးမှာတော့ လူတိုင်း နှာခေါင်းစည်း တပ်ကြဖို့ကိစ္စကို ဆောင်ရွက် ထားတာနဲ့ ပတ်သက်လို့ ချမ်းအေးသာစံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးနိုင်က ခုလို ပြောပြပါတယ်။

“ကျနော်တို့ကတော့ တတ်နိုင်သမျှတော့ ခုဟာက တိုင်းအစိုးရ အဖွဲ့အနေနဲ့ကတော့ mask တွေကို လူတိုင်းတပ်နိုင်အောင် အနည်းဆုံး တစ်ယောက်ကို နှစ်ခုစီလောက် ရရှိအောင်ဆိုတဲ့ စီမံချက်နဲ့ အဝတ် mask တွေကို ထုတ်ပေးနေတာပဲလေ။ ဒါတွေကိုလည်း ကျနော်တို့ မြို့နယ်အလိုက်တွေ တာဝန်ပေးပြီး ချုပ်ကြ၊ မြို့နယ်အလိုက်တွေလည်း ပေးကြ။ ဒီလိုပဲ အကုန်လုံး ဒီ မန္တလေးတိုင်းမှာ ရှိတဲ့ မြို့နယ်တွေ အကုန်လုံး ပြည်သူတွေ mask တွေ နှစ်ခုလောက်စီ ရရှိအောင် ရည်ရွယ်ချက်နဲ့ပဲ ဆောင်ရွက်နေတာပေါ့လေ။ ”

အခုအချိန်မှာ နှာခေါင်းစည်းတပ်ကြဖို့ အတွက် ပညာပေးတာတွေအပြင် နှာခေါင်းစည်း တပ်ပုံတပ်နည်း ချွတ်နည်းတွေကိုပါ စနစ်တကျဖြစ်စေဖို့အတွက် မြို့နယ်အလိုက် ကျန်းမာရေးဝန်ထမ်းတွေက ပညာပေးလုပ်ငန်းတွေကို လုပ်နေကြတဲ့အကြောင်းကို COVID-19 ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီဝင် ဒေါက်တာ ကျော်စွာဦးက ခုလိုပြောပါတယ်။

“ဒီအချိန်မှာ ကျနော်တို့က ပိုပြီးတော့ အားမြှင့်လာတဲ့ အနေအထားပေါ့နှော်။ အရင်တုန်းကတော့ ကျနော်တို့က mask တပ်ဖို့လောက်ပဲ အခုကတော့ တပ်ဖို့လည်းပြောမယ်။ ပညာလည်းပေးမယ်၊ ပြီးရင် ဝတ်ပုံ၊ ချွတ်နည်း၊ နောက်ပြီးလို့ရှိရင် အကယ်၍များ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဒါနဲ့ ပတ်သက်ပြီး အမိန့်ကြေညာချက် တစ်ခု ဒဏ်ပေးစနစ် ပါလာပြီဆိုရင် အဲ့ဒီထဲမှာ မပါအောင် ဆိုတဲ့ ပညာပေးပါ ကျနော်တို့ ထည့်ပြီးတော့ လုပ်ပါတယ်။ ဒီဒဏ်ပေးတဲ့ထဲမှာ ကိုယ်မပါအောင် လိုက်နာဖို့ဆိုတာကို ထပ်ပြောတာ ဖြစ်ပါတယ်။"

စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် တနသာၤရီတိုင်းဒေသကြီးစတဲ့ ဒေသတွေမှာလည်း လူတိုင်းနှာခေါင်းစည်း တပ်ကြဖို့ လှုပ်ရှားမှုတွေကို သက်ဆိုင်ရာ မြို့နယ်အလိုက် COVID-19 ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီတွေက ဦးဆောင်ပြီး ဆောင်ရွက်နေကြပါတယ်။

COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီကတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို မေလ ၁၅ ရက်နေ့အထိ ထပ်တိုးလိုက်နာကြဖို့ ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ အခု မေလ ၁၅ ရက်နေ့ကနေ ဒီအမိန့်ကို ထပ်တိုး၊ မတိုး မကျိန်းသေပေမဲ့လို့ သက်ဆိုင်ရာ ဒေသန္တရအမိန့်တွေ ကတော့ ဆက်ရှိနေဦးမှာဖြစ်ပါတယ်။ အခု ထုတ်ပြန်တဲ့ ဒေသန္တရအမိန့်ထဲမှာတော့ ပြင်ပထွက်တဲ့အခါ နှာခေါင်းစည်းကို မဖြစ်မနေ တပ်ဖို့အပြင် မလိုအပ်ဘဲ လူ ငါးယောက် ထက်ပိုပြီး မစုဝေးဖို့ဆိုတာလည်း ပါဝင်ပါတယ်။

အိမ့်သန္တာထွန်း / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid-mask-campaign/5417905.html
ျမန္မာႏုိင္ငံတဝန္း ႏွာေခါင္းစည္းတပ္သြားလာေရး သတ္မွတ္ခ်က္ တိုးျမွင့္လုပ္ေဆာင္ေန ျမန္မာႏုိင္ငံတဝန္း ႏွာေခါင္းစည္းတပ္သြားလာေရး သတ္မွတ္ခ်က္ တိုးျမွင့္လုပ္ေဆာင္ေန Reviewed by THITHTOOLWIN on 21:27 Rating: 5
Powered by Blogger.