မေလးရွားေရာက္ ျမန္မာႏုိင္ငံသား ၁၀၀ နီးပါး MAI အေရးေပၚေလယာဥ္နဲ႔ အခမဲ့ျပန္ေခၚ

ဓာတ္ပံု - ျမန္မာလူမူေရးအသင္း (မေလးရွား)
(Zawgyi/Unicode)

COVID-19 ကမာၻ႔ကပ္ေရာဂါအေျခအေနေၾကာင့္ မေလးရွားႏိုင္ငံမွာ ပိတ္မိေနတဲ့ ျမန္မာႏိုင္ငံသားေတြ ျမန္မာအစိုးရ စီစဥ္ေပးမႈနဲ႔ ျမန္မာႏိုင္ငံကို စၿပီး ျပန္လာႏိုင္တဲ့ အေျခအေနကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက ေျပာျပေပးပါမယ္။

မေလးရွားႏိုင္ငံတြင္း COVID-19 ေရာဂါ ထိန္းခ်ဳပ္ေရးအမိန႔္ (MCO) ကာလမွာ ပိတ္မိေနတဲ့ ျမန္မာႏိုင္ငံသား ၁၀၀ ေလာက္ကို MAI ေလေၾကာင္းလိုင္းနဲ႔ ေမလ ၈ ရက္ေန႔ကေန စတင္ပို႔ေဆာင္ေပးေၾကာင္း မေလးရွားႏိုင္ငံ ျမန္မာသံ႐ုံးက အလုပ္သမားသံအရာရွိ ဦးေအာင္ေဇာ္မင္းက ေျပာျပပါတယ္။

"အေယာက္ ၁၀၀ မွာ မျပန္ျဖစ္တဲ့သူေတြ ကေတာ့ သုံး၊ ေလးေယာက္ေလာက္ပဲ ရွိတယ္။မျပန္ျဖစ္တာက တခ်ိဳ႕က ပီနန္က လာတယ္။ လမ္းမွာ ကားပ်က္ေနလို႔ အခ်ိန္မမွီတာရယ္၊ တခ်ိဳ႕က ဆာလရမ္းဘက္မွာ ေလာ့ေဒါင္းျဖစ္ေနတယ္။ သူတို႔က အဲဒီထဲမွာ ပိတ္မိေနလို႔ သူတို႔က ထြက္မရလို႔ေလာေလာဆယ္ က်န္ခဲ့တာေပါ့ ေလေၾကာင္းလိုင္းက အစီအစဥ္က အေရးေပၚစီစဥ္ရတာ ပုံမွန္အားျဖင့္ ရန္ကုန္က မေလးရွားႏိုင္ငံက မေလးရွားေတြကို ဒီဘက္ကို ျပန္ပို႔ေပးတာ အဲဒါ ခါလီမျပန္ခ်င္တာနဲ႔ သံ႐ုံးနဲ႔ ညႇိႏႈိင္းၿပီးမွ လူ ၁၀၀ ကို FOU ေပါ့ေနာ္ ... Free အေနနဲ႔ ေခၚေပးတာပါ။"

ေမလ ၈ ရက္ေန႔မွာ ျပန္ပို႔တဲ့သူေတြကေတာ့ ႏိုင္ငံဝန္ထမ္းေတြအပါအဝင္ ဦးစားေပးအဆင့္အျဖစ္ သတ္မွတ္ထားတဲ့သူေတြ ျဖစ္တယ္လို႔ သိရပါတယ္။ အခုအခါမွာေတာ့ ေနရပ္ျပန္မဲ့ သူစာရင္းက ၆၀၀ ဝန္းက်င္ေလာက္ရွိလာၿပီလို႔လည္း ဆိုပါတယ္။

"ႏိုင္ငံဝန္ထမ္းေတြ ေက်ာင္းတက္ေနတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြ၊ သံဃာေတာ္ေတြဒီဘက္မွာ ပိတ္မိေနတဲ့ အလည္ဗီဇာေတြ အဲဒါေတြကိုေတာ့ ဦးစားေပးေခၚေပးတယ္။ ေနာက္မွသာ ပါမစ္ကုန္မဲ့သူေတြ ျပန္ခ်င္တဲ့သူေတြကို အႀကိမ္ႀကိမ္ျပန္ေခၚေပးမွာပါ။ အခုက ၅၀၀၊ ၆၀၀ ဝန္းက်င္ရွိတယ္။ တျဖည္းျဖည္းနဲ႔ ထပ္တိုးေနတယ္။ အခုထိစာရင္းက ဝင္ေနတုန္းပဲ သံ႐ုံးက စာရင္းလည္း ဆက္ေကာက္ေနတယ္။ အတိအက်ေျပာဖို႔ေတာ့ ခက္တယ္။ အခုေတာ့ ဝင္ေနတုန္းပဲဆိုေတာ့ ..."

မေလးရွားႏိုင္ငံမွာေတာ့ COVID-19 ေရာဂါထိန္းခ်ဳပ္မႈေတြ ပိုလုပ္လာႏိုင္ၿပီး အခုဆိုရင္ ကူးစက္သူေတြထဲမွာ အမ်ားစုက ႏိုင္ငံျခားသားေတြ ၾကားထဲမွာပဲ ကူးစက္မူေတြ ရွိေတာ့တယ္လို႔ ဆိုပါတယ္။ ျမန္မာ အလုပ္သမား လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူအင္အားဝန္ႀကီးဌာန အလုပ္သမားၫႊန္ၾကားမႈ ဦးစီးဌာနကေတာ့ မေလးရွားကို တရားဝင္ေစလႊတ္တဲ့ အလုပ္သမားေပါင္း ၂၀၀,၀၀၀ ေက်ာ္ရွိၿပီး တျခားနည္းလမ္းေတြနဲ႔ မေလးရွားကို ေရာက္သြားသူ အားလုံးေပါင္းရင္ မေလးရွားမွာ ျမန္မာအလုပ္သမား ၅၀၀,၀၀၀ ထက္မနည္း ရွိေနပါတယ္။

မေအးေအးမာ  / ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------------------------
[Unicode Version]

မလေးရှားရောက် မြန်မာနိုင်ငံသား ၁၀၀ နီးပါး MAI အရေးပေါ်လေယာဉ်နဲ့ အခမဲ့ပြန်ခေါ်

COVID-19 ကမ္ဘာ့ကပ်ရောဂါအခြေအနေကြောင့် မလေးရှားနိုင်ငံမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေ မြန်မာအစိုးရ စီစဉ်ပေးမှုနဲ့ မြန်မာနိုင်ငံကို စပြီး ပြန်လာနိုင်တဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ပြောပြပေးပါမယ်။

မလေးရှားနိုင်ငံတွင်း COVID-19 ရောဂါ ထိန်းချုပ်ရေးအမိန့် (MCO) ကာလမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား ၁၀၀ လောက်ကို MAI လေကြောင်းလိုင်းနဲ့ မေလ ၈ ရက်နေ့ကနေစတင်ပို့ဆောင်ပေးကြောင်း မလေးရှားနိုင်ငံ မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးအောင်ဇော်မင်းကပြောပြပါတယ်။

"အယောက် ၁၀၀ မှာ မပြန်ဖြစ်တဲ့သူတွေ ကတော့ သုံး၊ လေးယောက်လောက်ပဲ ရှိတယ်။ မပြန်ဖြစ်တာက တချို့က ပီနန်က လာတယ်။ လမ်းမှာ ကားပျက်နေလို့ အချိန်မမှီတာရယ်၊ တချို့က ဆာလရမ်းဘက်မှာ လော့ဒေါင်းဖြစ်နေတယ်။ သူတို့က အဲဒီထဲမှာ ပိတ်မိနေလို့ သူတို့က ထွက်မရလို့လောလောဆယ် ကျန်ခဲ့တာပေါ့ လေကြောင်းလိုင်းက အစီအစဉ်က အရေးပေါ်စီစဉ်ရတာ ပုံမှန်အားဖြင့် ရန်ကုန်က မလေးရှားနိုင်ငံက မလေးရှားတွေကို ဒီဘက်ကို ပြန်ပို့ပေးတာ အဲဒါ ခါလီမပြန်ချင်တာနဲ့ သံရုံးနဲ့ ညှိနှိုင်းပြီးမှ လူ ၁၀၀ ကို FOU ပေါ့နော် ... Free အနေနဲ့ ခေါ်ပေးတာပါ။"

မေလ ၈ ရက်နေ့မှာ ပြန်ပို့တဲ့သူတွေကတော့ နိုင်ငံဝန်ထမ်းတွေအပါအဝင် ဦးစားပေးအဆင့်အဖြစ် သတ်မှတ်ထားတဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။ အခုအခါမှာတော့ နေရပ်ပြန်မဲ့ သူစာရင်းက ၆၀၀ ဝန်းကျင်လောက်ရှိလာပြီလို့လည်း ဆိုပါတယ်။

"နိုင်ငံဝန်ထမ်းတွေ ကျောင်းတက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ သံဃာတော်တွေ ဒီဘက်မှာ ပိတ်မိနေတဲ့ အလည်ဗီဇာတွေ အဲဒါတွေကိုတော့ ဦးစားပေးခေါ်ပေးတယ်။ နောက်မှသာ ပါမစ်ကုန်မဲ့သူတွေ ပြန်ချင်တဲ့သူတွေကို အကြိမ်ကြိမ်ပြန်ခေါ်ပေးမှာပါ။ အခုက ၅၀၀၊ ၆၀၀ ဝန်းကျင်ရှိတယ်။ တဖြည်းဖြည်းနဲ့ ထပ်တိုးနေတယ်။ အခုထိစာရင်းက ဝင်နေတုန်းပဲ သံရုံးက စာရင်းလည်း ဆက်ကောက်နေတယ်။ အတိအကျပြောဖို့တော့ ခက်တယ်။ အခုတော့ ဝင်နေတုန်းပဲဆိုတော့ ..."

မလေးရှားနိုင်ငံမှာတော့ COVID-19 ရောဂါထိန်းချုပ်မှုတွေ ပိုလုပ်လာနိုင်ပြီး အခုဆိုရင် ကူးစက်သူတွေထဲမှာ အများစုက နိုင်ငံခြားသားတွေ ကြားထဲမှာပဲ ကူးစက်မူတွေ ရှိတော့တယ်လို့ ဆိုပါတယ်။ မြန်မာ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူအင်အားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနကတော့ မလေးရှားကို တရားဝင်စေလွှတ်တဲ့ အလုပ်သမားပေါင်း ၂၀၀,၀၀၀ ကျော်ရှိပြီး တခြားနည်းလမ်းတွေနဲ့ မလေးရှားကို ရောက်သွားသူ အားလုံးပေါင်းရင် မလေးရှားမှာ မြန်မာအလုပ်သမား ၅၀၀,၀၀၀ ထက်မနည်း ရှိနေပါတယ်။

မအေးအေးမာ  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/malaysia-myanmar-covid-flight/5411305.html
မေလးရွားေရာက္ ျမန္မာႏုိင္ငံသား ၁၀၀ နီးပါး MAI အေရးေပၚေလယာဥ္နဲ႔ အခမဲ့ျပန္ေခၚ မေလးရွားေရာက္ ျမန္မာႏုိင္ငံသား ၁၀၀ နီးပါး MAI အေရးေပၚေလယာဥ္နဲ႔ အခမဲ့ျပန္ေခၚ Reviewed by THITHTOOLWIN on 21:07 Rating: 5
Powered by Blogger.