က်န္းမာေရးဂိတ္ႏွစ္ခု ဖယ္ရွားခံရတဲ့ KNU နဲ႔ တပ္မေတာ္ တိုက္ပြဲျဖစ္

(Zawgyi)⤵⤵⤵
ကရင္ျပည္နယ္ ဖာပြန္ခ႐ိုင္ထဲက ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU ရဲ႕ ကို႐ိုနာက်န္းမာေရး စစ္ေဆးဂိတ္ ႏွစ္ခုကို တပ္မေတာ္က ဖယ္ရွားလိုက္တာေၾကာင့္ တိုက္ပြဲ ႏွစ္ရက္ဆက္တိုက္ ျဖစ္ခဲ့တယ္လို႔ KNU တပ္မဟာ ၅ တာဝန္ရွိသူေတြက ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားမႈ မရွိေစေရးအတြက္ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU ဗဟိုၫႊန္ၾကားခ်က္နဲ႔ ဖာပြန္ခ႐ိုင္မွာ က်န္းမာေရးစစ္ေဆးဂိတ္ေတြကို ေနရာ ၁၄ ခုမွာ ဖြင့္ထားပါတယ္။

အဲဒီထဲက ဖာပြန္ၿမိဳ႕နယ္ ဝါးသိုခိုေက်း႐ြာနဲ႔ ဖားလုံးလမ္းဆုံမွာရွိတဲ့ စစ္ေဆးေရးဂိတ္ေတြကို တပ္မေတာ္က ေမလ ၆ ရက္ေန႔က ဖယ္ရွားလိုက္တာေၾကာင့္ ပစ္ခတ္မႈေတြျဖစ္ခဲ့တယ္လို႔ KNU ဖာပြန္ခ႐ိုင္ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉး ကလဲဒို က ေျပာပါတယ္။

“အစိုးရတပ္ဘက္က တားျမစ္တယ္ေလ၊ မလုပ္ဖို႔ ထြက္သြားဖို႔ ဆိုၿပီးလာၿပီးေတာ့ ဖိအားေပးတာေပါ့၊ သြားလုပ္တဲ့အဖြဲ႕ေတြက ညႇိႏႈိင္းတယ္ သူတို႔ကမရဘူး ထြက္ခိုင္းတယ္၊ ေနာက္ဆုံးက်ေတာ့ စစ္ေဆးတဲ့ ဂိတ္တစ္ခုကို သူတို႔ ၿဖိဳခ်လိုက္တယ္၊ ေနာက္ ဖားလုံးေနရာတစ္ခုကို သူတို႔ မီးရႈိ႕ပစ္လိုက္တယ္၊ အဲလိုျဖစ္လာေတာ့ လုံၿခဳံေရးယူေပးတဲ့တပ္နဲ႔ တင္းမာမႈေတြျဖစ္လာတယ္၊ ဒီဘက္က ထြက္ေပးလိုက္ၿပီးမွ ပစ္ခတ္မႈေတြျဖစ္တာေပါ့”

အဲဒီဂိတ္ေတြကို ဖယ္ရွားေပးဖို႔ တပ္မေတာ္ စကခ (၈) လက္ေအာက္ခံ ခမရ(၄၀၅) တပ္ဖြဲ႕ေတြက ဖိအားေပးခဲ့တာလို႔ ဗိုလ္မႉး ကလဲဒိုက ေျပာပါတယ္။ အဲဒီေန႔က ပစ္ခတ္မႈ သုံးႀကိမ္ ရွိခဲ့ပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္က ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉး ေမာင္ေမာင္လတ္နဲ႔ ကရင္ျပည္နယ္ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီး မ်ိဳးမင္းေနာင္ကို RFA က ဆက္သြယ္ေမးျမန္း ေပမယ့္ လက္ခံေျဖၾကားတာ မရွိပါဘူး။

ေမ ၇ ရက္ မေန႔ကလည္း ဝါေသာခို႐ြာအနီးမွာ KNU နဲ႔ တပ္မေတာ္ ထပ္ၿပီး ပစ္ခတ္ခဲ့ၾကပါတယ္။

ေက်း႐ြာထဲ လက္နက္ႀကီးက်ည္တာေၾကာင့္ ႐ြာသား၂၀၀ေက်ာ္ ထြက္ေျပးေနရတယ္လို႔ ဝါးေကာ္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ေစာလွေဌးဦးက ေျပာပါတယ္။

“မေန႔တုန္းက ႐ြာထဲမွာ လက္နက္ႀကီးက်ည္က်တဲ့ကိစၥနဲ႔ ႐ြာသားေတြက ႐ြာထဲမွာ မေနရဲေတာ့ဘဲ တျခား ႐ြာေတြကို ထြက္ေျပးတာေတြရွိတာေပါ့၊ ထြက္ေျပးတာက ကမေမာင္းဘက္မွာ ၂၄ ေယာက္၊ ဝါးဒူးမွာက ၆၀ေက်ာ္၊ တုတ္ႀကီးမွာက တစ္ရာေက်ာ္ေက်ာ္ေလာက္ ရွိမယ္၊ တျခား တဲေတြ ရာဘာၿခံေတြမွာ သြားေနတဲ့ လူေတြလည္း ရွိတယ္”

ဝါေသာခိုေက်း႐ြာ အနီးတဝိုက္ဟာ KNU တပ္မဟာ ၅ ထိန္းခ်ဳပ္ရာေနရာျဖစ္တာေၾကာင့္ တပ္မေတာ္နဲ႔ မၾကာခဏ ဆိုသလို တိုက္ပြဲျဖစ္တဲ့ေနရာလည္းျဖစ္ခဲံပါတယ္။

KNU ရဲ႕ က်န္းမာေရးစစ္ေဆးဂိတ္ေတြကို ဖိအားေပး ဖ်က္သိမ္းခိုင္းတာဟာ မျဖစ္သင့္ဘဲ ေတြဆုံညႇိႏႈိင္းသြားမယ္လို႔ ဗိုလ္မႉး ကလဲဒိုက ေျပာပါတယ္။

ဖာပြန္ထဲက KNU ရဲ႕ ဂိတ္ႏွစ္ခုကို ဖယ္ရွားေပးထားေပမယ့္ ႏွစ္ဘက္ စစ္ေရးတင္းမာမႈေတြ ရွိေနေသးတယ္လို႔ ဖာပြန္ခ႐ိုင္တာဝန္ရွိသူေတြကေျပာပါတယ္။

တိုက္ပြဲျဖစ္ပြားတာ မွန္ေပမယ့္ ျဖစ္ပြားရတဲ့ အေၾကာင္းရင္းကေတာ့ KNU ဘက္က ေျပာသလို မဟုတ္ဘူးလို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ျငင္းပါတယ္။

“က်ေနာ္တို႔ဆီက လုံၿခဳံေရးစစ္ေၾကာင္းေတြကို သူတို႔ဆီက စတင္ပစ္ခတ္လို႔ ျဖစ္တာပဲျဖစ္တယ္၊ အဲမွာ ကြဲလြဲေနတာရွိတယ္၊ ကြဲလြဲေနတာက ဒီဟာနဲ႔ပတ္သက္လာရင္ JMC ရွိပါတယ္၊ ေစာင့္ၾကည္ေရး ေကာ္မရွင္ေတြကေန ေျဖရွင္းရမယ့္ သေဘာရွိပါတယ္”

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈကာကြယ္ထိန္းခ်ဳပ္ေရးဆိုင္ရာ လုပ္ငန္းေတြကို တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းေတြ အေျခစိုက္ရာေဒသေတြမွာ ေဆာင္႐ြက္ႏိုင္ဖို႔ ညႇိႏႈိင္းပူးေပါင္းေဆာင္႐ြက္ေရးေကာ္မတီကို ႏိုင္ငံေတာ္ သမၼတ ဦးဝင္းျမင့္က ဧၿပီလ ၂၇ ရက္ေန႔က ဖြဲ႕စည္းခဲ့ပါတယ္။

အစိုးရနဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔ သေဘာတူေပမယ့္ ေအာက္ေျခမွာ ျပႆနာေတြ အေျခခံၿပီး ပစ္ခတ္တာေတြ ျဖစ္ေနတယ္လို႔ ႏိုင္ငံေရး ေလ့လာသုံးသပ္သူ ဦးသန္းစိုးႏိုင္ က ေျပာပါတယ္။

“NCA လက္မွတ္ေရးထိုးထားတဲ့ အဖြဲ႕ေတာ္ေတာ္မ်ားမ်ားက Covid-19 ကိစၥမွာ အစိုးရနဲ႔ ပူးေပါင္း ေဆာင္႐ြက္မယ္ဆိုတဲ့ သေဘာထား ထုတ္ျပန္ၿပီးသားဗ်၊ ဒါေပမဲ့ ေအာက္ေျခအဖြဲ႕အစည္းေတြမွာ အရင္တုန္းက ရွိခဲ့တဲ့ ကိစၥေတြ၊ ျပႆနာေတြအေပၚမွာ အေၾကာင္းျပဳၿပီး ဆက္ျဖစ္ေနတာေပါ့၊ ဟိုဒါက ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ကို ထိခိုက္ေလာက္တဲ့ လုပ္ငန္းစဥ္ မဟုတ္ေသးဘူးလို႔ က်ေနာ္ျမင္ပါတယ္”

ၿပီးခဲ့တဲ့ ရက္ပိုင္းကလည္း မြန္ျပည္နယ္၊ သထုံခ႐ိုင္က KNU က်န္းမာေရးစစ္ေဆးဂိတ္ကို အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္ ဖိအားေပးတာေၾကာင့္ ဖယ္ရွားခဲ့ပါတယ္။ ဒီအေျခအေနေတြအရ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕ေတြနဲ႔ ကို႐ိုနာ ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ ဘယ္လိုပူးေပါင္း ေဆာင္႐ြက္မလဲဆိုတာကေတာ့ ေမးခြန္းထုတ္စရာ ျဖစ္ေနပါတယ္။ လတ္တေလာ KNU နဲ႔ တပ္ တိုက္ပြဲျဖစ္တဲ့ အေျခအေနကို JMC လို႔ ေခၚတဲ့ ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီကေန ေျဖရွင္းၾကမယ့္ အေျခအေန ျဖစ္ပါတယ္။

ေက်ာ္လြင္ဦး / RFA Burmese
------------------------------------------

(Unicode)⤵⤵⤵
ကျန်းမာရေးဂိတ်နှစ်ခု ဖယ်ရှားခံရတဲ့ KNU နဲ့ တပ်မတော် တိုက်ပွဲဖြစ်

ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲက ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ကိုရိုနာကျန်းမာရေး စစ်ဆေးဂိတ် နှစ်ခုကို တပ်မတော်က ဖယ်ရှားလိုက်တာကြောင့် တိုက်ပွဲ နှစ်ရက်ဆက်တိုက် ဖြစ်ခဲ့တယ်လို့ KNU တပ်မဟာ ၅ တာဝန်ရှိသူတွေက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုညွှန်ကြားချက်နဲ့ ဖာပွန်ခရိုင်မှာ ကျန်းမာရေးစစ်ဆေးဂိတ်တွေကို နေရာ ၁၄ ခုမှာ ဖွင့်ထားပါတယ်။

အဲဒီထဲက ဖာပွန်မြို့နယ် ဝါးသိုခိုကျေးရွာနဲ့ ဖားလုံးလမ်းဆုံမှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေကို တပ်မတော်က မေလ ၆ ရက်နေ့က ဖယ်ရှားလိုက်တာကြောင့် ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ KNU ဖာပွန်ခရိုင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ကလဲဒို က ပြောပါတယ်။

“အစိုးရတပ်ဘက်က တားမြစ်တယ်လေ၊ မလုပ်ဖို့ ထွက်သွားဖို့ ဆိုပြီးလာပြီးတော့ ဖိအားပေးတာပေါ့၊ သွားလုပ်တဲ့အဖွဲ့တွေက ညှိနှိုင်းတယ် သူတို့ကမရဘူး ထွက်ခိုင်းတယ်၊ နောက်ဆုံးကျတော့ စစ်ဆေးတဲ့ ဂိတ်တစ်ခုကို သူတို့ ဖြိုချလိုက်တယ်၊ နောက် ဖားလုံးနေရာတစ်ခုကို သူတို့ မီးရှို့ပစ်လိုက်တယ်၊ အဲလိုဖြစ်လာတော့ လုံခြုံရေးယူပေးတဲ့တပ်နဲ့ တင်းမာမှုတွေဖြစ်လာတယ်၊ ဒီဘက်က ထွက်ပေးလိုက်ပြီးမှ ပစ်ခတ်မှုတွေဖြစ်တာပေါ့”

အဲဒီဂိတ်တွေကို ဖယ်ရှားပေးဖို့ တပ်မတော် စကခ (၈) လက်အောက်ခံ ခမရ(၄၀၅) တပ်ဖွဲ့တွေက ဖိအားပေးခဲ့တာလို့ ဗိုလ်မှူး ကလဲဒိုက ပြောပါတယ်။ အဲဒီနေ့က ပစ်ခတ်မှု သုံးကြိမ် ရှိခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မောင်မောင်လတ်နဲ့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်ကို RFA က ဆက်သွယ်မေးမြန်း ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

မေ ၇ ရက် မနေ့ကလည်း ဝါသောခိုရွာအနီးမှာ KNU နဲ့ တပ်မတော် ထပ်ပြီး ပစ်ခတ်ခဲ့ကြပါတယ်။

ကျေးရွာထဲ လက်နက်ကြီးကျည်တာကြောင့် ရွာသား၂၀၀ကျော် ထွက်ပြေးနေရတယ်လို့ ဝါးကော်ကျေးရွာ အုပ်ချုပ်ရေးမှူး စောလှဌေးဦးက ပြောပါတယ်။

“မနေ့တုန်းက ရွာထဲမှာ လက်နက်ကြီးကျည်ကျတဲ့ကိစ္စနဲ့ ရွာသားတွေက ရွာထဲမှာ မနေရဲတော့ဘဲ တခြား ရွာတွေကို ထွက်ပြေးတာတွေရှိတာပေါ့၊ ထွက်ပြေးတာက ကမမောင်းဘက်မှာ ၂၄ ယောက်၊ ဝါးဒူးမှာက ၆၀ကျော်၊ တုတ်ကြီးမှာက တစ်ရာကျော်ကျော်လောက် ရှိမယ်၊ တခြား တဲတွေ ရာဘာခြံတွေမှာ သွားနေတဲ့ လူတွေလည်း ရှိတယ်”

ဝါသောခိုကျေးရွာ အနီးတဝိုက်ဟာ KNU တပ်မဟာ ၅ ထိန်းချုပ်ရာနေရာဖြစ်တာကြောင့် တပ်မတော်နဲ့ မကြာခဏ ဆိုသလို တိုက်ပွဲဖြစ်တဲ့နေရာလည်းဖြစ်ခဲံပါတယ်။

KNU ရဲ့ ကျန်းမာရေးစစ်ဆေးဂိတ်တွေကို ဖိအားပေး ဖျက်သိမ်းခိုင်းတာဟာ မဖြစ်သင့်ဘဲ တွေဆုံညှိနှိုင်းသွားမယ်လို့ ဗိုလ်မှူး ကလဲဒိုက ပြောပါတယ်။

ဖာပွန်ထဲက KNU ရဲ့ ဂိတ်နှစ်ခုကို ဖယ်ရှားပေးထားပေမယ့် နှစ်ဘက် စစ်ရေးတင်းမာမှုတွေ ရှိနေသေးတယ်လို့ ဖာပွန်ခရိုင်တာဝန်ရှိသူတွေကပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတာ မှန်ပေမယ့် ဖြစ်ပွားရတဲ့ အကြောင်းရင်းကတော့ KNU ဘက်က ပြောသလို မဟုတ်ဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ငြင်းပါတယ်။

“ကျနော်တို့ဆီက လုံခြုံရေးစစ်ကြောင်းတွေကို သူတို့ဆီက စတင်ပစ်ခတ်လို့ ဖြစ်တာပဲဖြစ်တယ်၊ အဲမှာ ကွဲလွဲနေတာရှိတယ်၊ ကွဲလွဲနေတာက ဒီဟာနဲ့ပတ်သက်လာရင် JMC ရှိပါတယ်၊ စောင့်ကြည်ရေး ကော်မရှင်တွေကနေ ဖြေရှင်းရမယ့် သဘောရှိပါတယ်”

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းတွေကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အခြေစိုက်ရာဒေသတွေမှာ ဆောင်ရွက်နိုင်ဖို့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီကို နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ဧပြီလ ၂၇ ရက်နေ့က ဖွဲ့စည်းခဲ့ပါတယ်။

အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူပေမယ့် အောက်ခြေမှာ ပြဿနာတွေ အခြေခံပြီး ပစ်ခတ်တာတွေ ဖြစ်နေတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က ပြောပါတယ်။

“NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တော်တော်များများက Covid-19 ကိစ္စမှာ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်မယ်ဆိုတဲ့ သဘောထား ထုတ်ပြန်ပြီးသားဗျ၊ ဒါပေမဲ့ အောက်ခြေအဖွဲ့အစည်းတွေမှာ အရင်တုန်းက ရှိခဲ့တဲ့ ကိစ္စတွေ၊ ပြဿနာတွေအပေါ်မှာ အကြောင်းပြုပြီး ဆက်ဖြစ်နေတာပေါ့၊ ဟိုဒါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်လောက်တဲ့ လုပ်ငန်းစဉ် မဟုတ်သေးဘူးလို့ ကျနော်မြင်ပါတယ်”

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မွန်ပြည်နယ်၊ သထုံခရိုင်က KNU ကျန်းမာရေးစစ်ဆေးဂိတ်ကို အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဖိအားပေးတာကြောင့် ဖယ်ရှားခဲ့ပါတယ်။ ဒီအခြေအနေတွေအရ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ကိုရိုနာ ကာကွယ်ထိန်းချုပ်ရေးအတွက် ဘယ်လိုပူးပေါင်း ဆောင်ရွက်မလဲဆိုတာကတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ လတ်တလော KNU နဲ့ တပ် တိုက်ပွဲဖြစ်တဲ့ အခြေအနေကို JMC လို့ ခေါ်တဲ့ ပူးတွဲစောင့်ကြည့်ရေးကော်မတီကနေ ဖြေရှင်းကြမယ့် အခြေအနေ ဖြစ်ပါတယ်။

ကျော်လွင်ဦး / RFA Burmese
https://www.rfa.org/burmese/news/knu-and-army-attack-05082020041400.html
က်န္းမာေရးဂိတ္ႏွစ္ခု ဖယ္ရွားခံရတဲ့ KNU နဲ႔ တပ္မေတာ္ တိုက္ပြဲျဖစ္ က်န္းမာေရးဂိတ္ႏွစ္ခု ဖယ္ရွားခံရတဲ့ KNU နဲ႔ တပ္မေတာ္ တိုက္ပြဲျဖစ္ Reviewed by THITHTOOLWIN on 21:07 Rating: 5
Powered by Blogger.