ကို႐ိုနာဗိုင္းရပ္စ္ - လူစုေဝး ဝတ္ျပဳသူ ၁၂ ဦးကို မႏၲေလးမွာ ေထာင္ဒဏ္ခ်

ျမန္မာႏိုင္ငံမွာ ပိုးကူးစက္သူ မတ္လ ၂၃ မွာ ပထမဆုံး စေတြ႕ခဲ့ ၿပီးေနာက္ လူစုလူေဝး မလုပ္ဖို႔ အစိုးရက အမိန္႔ထုတ္ထား
(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈေတြေၾကာင့္ ဘာသာေရးအခမ္းအနားေတြ၊ လူစုလူေဝးနဲ႔ ဝတ္ျပဳဆုေတာင္းတာေတြ မလုပ္ဖို႔ အစိုးရက အမိန႔္ထုတ္ထားတဲ့ၾကားက လူစုလူေဝးနဲ႔ ဝတ္ျပဳဆုေတာင္းခဲ့သူ ၁၂ ဦးကို မႏၲေလးမွာ ပထမဆုံးအေနနဲ႔ ေထာင္ဒဏ္ေတြ ေမလ ၇ ရက္က ခ်မွတ္လိုက္ပါတယ္။

ခ်မ္းျမသာစည္ၿမိဳ႕နယ္ ကံသာယာရပ္ကြက္က ေနအိမ္တစ္ခုအတြင္းမွာ အစၥလာမ္ဘာသာေရး ဝတ္ျပဳဆုေတာင္းေနၾကတယ္လို႔ ေဘးပတ္ဝန္းက်င္က အေၾကာင္းၾကားတာေၾကာင့္ ဝင္စစ္ခဲ့ရာကေန စစ္ေဆးေတြ႕ရွိၿပီး အခုလို ျပစ္ဒဏ္ခ်ခဲ့တာပါ။

တိုင္ၾကားခံရသူေတြကို ဧၿပီလအတြင္း သၾကၤန္ရက္ေလာက္ကတည္းက ရဲစခန္းမွာ အမႈဖြင့္ထားတာ ျဖစ္ၿပီး ေမလ ၇ ရက္ ေသာၾကာေန႔မွာ တရားစြဲတင္ၿပီး အဲဒီေန႔မွာပဲ အမိန္႔ခ်လိုက္တာလို႔ သိရပါတယ္။

အိမ္ရွင္အပါအဝင္ ဝတ္ျပဳၾကသူ အမ်ိဳးသား ၁၄ ဦးထဲက ၁၂ ဦးကို သဘာဝ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒနဲ႔ ေထာင္ဒဏ္ ၃ လ စီအမိန႔္ခ်လိုက္တယ္လို႔ ခ်မ္းျမသာစည္ၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္ေအာင္မိုးက ေျပာပါတယ္။

၁၂ ဦးကို ခုလို အမိန႔္ခ်မွတ္လိုက္သလိုပဲ ဝတ္ျပဳၾကသူေတြထဲပါတဲ့ အသက္ ၁၄ ႏွစ္နဲ႔ ၁၃ ႏွစ္အ႐ြယ္ ကေလး ၂ ဦးကိုေတာ့ အသက္မျပည့္ေသးတဲ့အတြက္ ကေလးသူငယ္တရား႐ုံးမွာ တရားစြဲတင္ထားဆဲ ျဖစ္ပါတယ္။

ဧၿပီလတုန္းကလည္း ခရစ္ယာန္ ဘာသာေရး အခမ္းအနားတစ္ခု တက္ေရာက္မႈကေန ဆက္စပ္ၿပီး ကိုဗစ္-၁၉ ေရာဂါပိုးကူးစက္သူေတြ ဆယ္ဂဏန္းခ်ီရွိခဲ့အၿပီးမွာ ခရစ္ယာန္ တရားေဟာဆရာ ဦးေစာဒစ္ဗစ္လား အပါအဝင္ သင္းအုပ္ဆရာ၊ အမႈေတာ္ေဆာင္ စတဲ့ လူ ၄ ဦးကို သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈဥပေဒအရ အင္းစိန္နဲ႔ မရမ္းကုန္းရဲစခန္းေတြမွာ အမႈဖြင့္ထားခဲ့ပါတယ္။

ဒါေပမဲ့ သူတို႔ေတြမွာ ကိုဗစ္-၁၉ ပိုးကူးစက္ထားတာေတြ႕ရလို႔ ကုသမႈေတြ ေပးခဲ့ရၿပီး က်န္းမာေရးေစာင့္ေရွာက္မႈ ကာလၿပီးရင္ စြဲဆိုထားတဲ့အမႈကို ဆက္ရင္ဆိုင္ရမွာ ျဖစ္တယ္လို႔ ရန္ကုန္တိုင္း လူဝင္မႈႀကီးၾကပ္ေရးနဲ႔ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ေဒၚမိုးမိုးစုၾကည္က ေျပာပါတယ္။

ဒါ့အျပင္ ဧၿပီလထဲမွာပဲ တနသၤာရီတိုင္း ေရျဖဴမွာ ဘုန္းႀကီးပ်ံပြဲကို စီစဥ္ျပဳလုပ္ခဲ့သူ ၂ ဦးကို သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈပုဒ္မနဲ႔ တရား႐ုံးမွာ ဦးတိုက္ေလွ်ာက္ၿပီး အမႈဖြင့္ထားတယ္လို႔ ေရျဖဴၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။

သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈ ဥပေဒအရ မလိုက္နာသူေတြကို ေငြဒဏ္ ဒါမွမဟုတ္ ေထာင္ဒဏ္ ၁ ႏွစ္ျဖစ္ေစ၊ ျပစ္ဒဏ္ ၂ ရပ္လုံးကို ျဖစ္ေစ ခ်မွတ္ႏိုင္ပါတယ္။

BBC Burmese
-------------------------------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် - လူစုဝေး ဝတ်ပြုသူ ၁၂ ဦးကို မန္တလေးမှာ ထောင်ဒဏ်ချ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် ဘာသာရေးအခမ်းအနားတွေ၊ လူစုလူဝေးနဲ့ ဝတ်ပြုဆုတောင်းတာတွေ မလုပ်ဖို့ အစိုးရက အမိန့်ထုတ်ထားတဲ့ကြားက လူစုလူဝေးနဲ့ ဝတ်ပြုဆုတောင်းခဲ့သူ ၁၂ ဦးကို မန္တလေးမှာ ပထမဆုံးအနေနဲ့ ထောင်ဒဏ်တွေ မေလ ၇ ရက်က ချမှတ်လိုက်ပါတယ်။

ချမ်းမြသာစည်မြို့နယ် ကံသာယာရပ်ကွက်က နေအိမ်တစ်ခုအတွင်းမှာ အစ္စလာမ်ဘာသာရေး ဝတ်ပြုဆုတောင်းနေကြတယ်လို့ ဘေးပတ်ဝန်းကျင်က အကြောင်းကြားတာကြောင့် ဝင်စစ်ခဲ့ရာကနေ စစ်ဆေးတွေ့ရှိပြီး အခုလို ပြစ်ဒဏ်ချခဲ့တာပါ။

တိုင်ကြားခံရသူတွေကို ဧပြီလအတွင်း သင်္ကြန်ရက်လောက်ကတည်းက ရဲစခန်းမှာ အမှုဖွင့်ထားတာ ဖြစ်ပြီး မေလ ၇ ရက် သောကြာနေ့မှာ တရားစွဲတင်ပြီး အဲဒီနေ့မှာပဲ အမိန့်ချလိုက်တာလို့ သိရပါတယ်။

အိမ်ရှင်အပါအဝင် ဝတ်ပြုကြသူ အမျိုးသား ၁၄ ဦးထဲက ၁၂ ဦးကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ ထောင်ဒဏ် ၃ လ စီအမိန့်ချလိုက်တယ်လို့ ချမ်းမြသာစည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောပါတယ်။

၁၂ ဦးကို ခုလို အမိန့်ချမှတ်လိုက်သလိုပဲ ဝတ်ပြုကြသူတွေထဲပါတဲ့ အသက် ၁၄ နှစ်နဲ့ ၁၃ နှစ်အရွယ် ကလေး ၂ ဦးကိုတော့ အသက်မပြည့်သေးတဲ့အတွက် ကလေးသူငယ်တရားရုံးမှာ တရားစွဲတင်ထားဆဲ ဖြစ်ပါတယ်။

ဧပြီလတုန်းကလည်း ခရစ်ယာန် ဘာသာရေး အခမ်းအနားတစ်ခု တက်ရောက်မှုကနေ ဆက်စပ်ပြီး ကိုဗစ်-၁၉ ရောဂါပိုးကူးစက်သူတွေ ဆယ်ဂဏန်းချီရှိခဲ့အပြီးမှာ ခရစ်ယာန် တရားဟောဆရာ ဦးစောဒစ်ဗစ်လား အပါအဝင် သင်းအုပ်ဆရာ၊ အမှုတော်ဆောင် စတဲ့ လူ ၄ ဦးကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေအရ အင်းစိန်နဲ့ မရမ်းကုန်းရဲစခန်းတွေမှာ အမှုဖွင့်ထားခဲ့ပါတယ်။

ဒါပေမဲ့ သူတို့တွေမှာ ကိုဗစ်-၁၉ ပိုးကူးစက်ထားတာတွေ့ရလို့ ကုသမှုတွေ ပေးခဲ့ရပြီး ကျန်းမာရေးစောင့်ရှောက်မှု ကာလပြီးရင် စွဲဆိုထားတဲ့အမှုကို ဆက်ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောပါတယ်။

ဒါ့အပြင် ဧပြီလထဲမှာပဲ တနင်္သာရီတိုင်း ရေဖြူမှာ ဘုန်းကြီးပျံပွဲကို စီစဉ်ပြုလုပ်ခဲ့သူ ၂ ဦးကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုပုဒ်မနဲ့ တရားရုံးမှာ ဦးတိုက်လျှောက်ပြီး အမှုဖွင့်ထားတယ်လို့ ရေဖြူမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေအရ မလိုက်နာသူတွေကို ငွေဒဏ် ဒါမှမဟုတ် ထောင်ဒဏ် ၁ နှစ်ဖြစ်စေ၊ ပြစ်ဒဏ် ၂ ရပ်လုံးကို ဖြစ်စေ ချမှတ်နိုင်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52590332

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား