ရွမ္းျပည္က ေျပာင္းဖူးေတြ ျမစ္ထဲ ပစ္ခ်ေနရတဲ့ ေနာက္ကြယ္

 ေျပာင္းဖူးလာပစ္တဲ့ ေထာ္လာဂ်ီ တစ္ရက္ကို အနည္းဆုံး ၁၀ စီးေလာက္ရွိ
(Zawgyi)⤵⤵⤵
ျမန္မာ-တ႐ုတ္နယ္စပ္မွာ ေျပာင္းဖူးသြားေရာင္းတဲ့ေတာင္သူေတြဟာ ၿပီးခဲ့တဲ့ရက္ပိုင္းကစၿပီး တ႐ုတ္နယ္စပ္က ပိတ္လိုက္ထားတာေၾကာင့္ ေျပာင္းဖူးေတြေရာင္းမရဘဲ နယ္စပ္က ေ႐ႊလီျမစ္ထဲကို ပစ္ခ်ေနရတယ္ဆိုတဲ့ သတင္းေတြကၿပီးခဲ့တဲ့ ရက္ပိုင္းက ထြက္လာပါတယ္။

အဲဒီ့ေျပာင္းဖူးေတြျမစ္ထဲ ပစ္ခ်ေနတဲ့ဆိုတာ မွန္တယ္လို႔ မူဆယ္သစ္သီးကုန္စည္ဒိုင္ ဥကၠ႒ ဦးစိုင္းျမင့္ဗိုလ္က ဘီဘီစီကို အတည္ျပဳ ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက ဖရဲသီးေတြ တန္နဲ႔ခ်ီၿပီး လမ္းေဘးမွာ ပစ္ရတဲ့ ေနာက္ပိုင္း ေမလ ဆန္းကစၿပီး ေျပာင္းဖူးေတြကို တ႐ုတ္နယ္စပ္မွာ အဝယ္မရွိတာေၾကာင့္ ျမန္မာျပည္က ေတာင္သူေတြဟာ အခုလိုစြန္႔ပစ္ေနၾကတာလည္းျဖစ္တယ္လို႔ သူက ေျပာပါတယ္။

မူဆယ္၊ နမ့္ခမ္း နဲ႔ ပန္ဆိုင္း၊ ၾကဴကုတ္တို႔မွာ ေျပာင္းဖူးေတြကို ေရာင္းမရတာေၾကာင့္ ေတာင္သူေတြက အလကားေပးေနၾကၿပီး ပမာဏမ်ားလြန္းတာေၾကာင့္ ဘယ္သူမွ မယူႏိုင္တဲ့အထိ ျဖစ္ေနတယ္လို႔ နမ့္ခမ္းၿမိဳ႕ က ၿမိဳ႕မိၿမိဳ႕ဖ ဦးစိုင္းေအာင္ဝင္းက ေျပာပါတယ္ ။

ဒါ့အျပင္ ဧၿပီလဆန္းကလည္း တ႐ုတ္ႏိုင္ငံထဲ ဆန္တင္ပို႔လို မရတဲ့အတြက္ အခုဆိုရင္ တ႐ုတ္-ျမန္မာနယ္စပ္မွာ ဆန္အိတ္ တစ္သိန္းေက်ာ္ေလာက္ ပိတ္မိတယ္လို႔ နယ္စပ္ကုန္သည္ေတြက ေျပာပါတယ္။

ျမန္မာ အစိုးရရဲ႕ တ႐ုတ္ႏိုင္ငံကို တင္ပို႔တဲ့ လယ္ယာထြက္ကုန္နဲ႔ ပတ္သက္တဲ့ ကုန္သြယ္မူဝါဒဟာ ဝယ္သူေဈးကြက္သာ ျဖစ္ေနတဲ့အတြက္ ဒီျပႆနာေတြျဖစ္ ရတာလို႔လည္း ျမန္မာ-တ႐ုတ္နယ္စပ္က ကုန္သည္ေတြက ေျပာပါတယ္။
ဝယ္သူေဈးကြက္ျဖစ္ေန
ကိုဗစ္-၁၉ ကပ္ေရာဂါကို အေၾကာင္းျပၿပီး တ႐ုတ္နယ္စပ္ က ေျပာင္းဖူးကားေတြ ဝင္တာကို အရင္လို အဝင္မခံဘဲ ပိတ္လိုက္တာ ျဖစ္တယ္လို႔လည္း နမ့္ခမ္းၿမိဳ႕က ဦးစိုင္းေအာင္ဝင္းက ေျပာပါတယ္။

ေမလ ၈ ရက္ေန႔မွာေတာ့ နမ့္ခမ္းက ေတာင္သူေတြကို ဦးေဆာင္ၿပီး ေဒသ အုပ္ခ်ဳပ္ေရးဘက္က တာဝန္ရွိသူေတြကို နယ္စပ္ဂိတ္ေတြ ျပန္ဖြင့္ေပးေရး သြားေဆြးေႏြးဖို႔ လည္း စီစဥ္ ေနတယ္လို႔ ဦးစိုင္းေအာင္ဝင္းက ေျပာပါတယ္။

အခုလို တ႐ုတ္က မဝယ္လို႔ လမ္းေဘးပစ္ရတဲ့ ေျပာင္းဖူးဟာ အေစ့ထုတ္လို႔ မရသလို၊သုံးေလးရက္ထက္ပိုၿပီး အထားမခံတာေၾကာင့္ ကားခ အကုန္ခံၿပီး ႐ြာကို ျပန္မသယ္ ၾကေတာ့ဘဲ အခုလို ေ႐ႊလီျမစ္ထဲ နဲ႔ နယ္စပ္လမ္းေဘးေတြမွာ ပစ္ရတာျဖစ္တယ္လို႔လည္း တ႐ုတ္နယ္စပ္ကုန္သည္တစ္ဦးက ေျပာပါတယ္။

ျမန္မာနဲ႔ တ႐ုတ္အစိုးရၾကား သစ္သီးဝလံ တင္ပို႔မႈအတြက္ ႏွစ္ဘက္ သေဘာတူ လက္မွတ္ထိုးထားတဲ့ သီးႏွံေတြထဲမွာ ေျပာင္းဖူး မပါသလို အရင္ကလည္း နားလည္မႈနဲ႔ပဲ ဝင္ထြက္ေရာင္းဝယ္တာျဖစ္တဲ့ အတြက္ နယ္စပ္ကေန တင္ပို႔ခြင့္ျပန္ရဖို႔က သိပ္မ မေသခ်ာဘူးလို႔လည္း မူဆယ္သစ္သီး ကုန္စည္ဒိုင္က ကုန္သည္ေတြက ေျပာပါတယ္။

"အစိုးရဟာ ေျပာင္းဖူးေတြ တ႐ုတ္ကို ေမွာင္ခိုသြားတယ္ဆိုတာသိတယ္။ ဒါကို မသြားသင့္တာကို မတားဘဲ လႊတ္ေပးေနတာလို႔လည္း" ရွမ္းျပည္နယ္ နယ္စပ္က ကုန္သည္တစ္ဦးက ေျပာပါတယ္။
တ႐ုတ္နယ္စပ္မွာ ေစာင့္ေနတဲ့ ဖရဲကားတန္းႀကီး
ျမန္မာနဲ႔ တ႐ုတ္အၾကားမွာ ႏွစ္ႏိုင္ငံ သေဘာတူထားၿပီး တ႐ုတ္ဘက္ က တရားဝင္ တင္ပို႔ခြင့္ျပဳထားတဲ့ ျမန္မာလယ္ယာထြက္ကုန္သီးႏွံ ၈ မ်ိဳးရွိပါတယ္။

အဲဒီထဲမွာ လိုင္ခ်ီးသီး၊ မင္းဂြတ္သီး၊ ၾကက္ေမာက္သီး၊ ေတာၾကက္ေမာက္သီး၊ ဖရဲသီး၊ သခြားေမႊးသီး၊ သရက္သီးနဲ႔ ကုလားဆီးသီး ဆိုၿပီး ရွစ္မ်ိဳးရွိပါတယ္။

ျမန္မာ အစိုးရ အေနနဲ႔ ဒီမူဝါဒကို ဖိအားေပးၿပီး တ႐ုတ္ကုန္သည္ေတြ ဝယ္ႏိုင္ေအာင္ သေဘာတူ စာခ်ဳပ္ေတြလုပ္သင့္တယ္လို႔လည္း ဉာဏ္ႀကီးရွင္ ေကာ္ဖီထုတ္လုပ္ေရးလုပ္ငန္းရွင္ ဦးေငြထြန္းက ဘီဘီစီကို ေျပာပါတယ္။

ဒါ့အျပင္ စိုက္ပ်ိဳးေရး ထုတ္ကုန္ေတြကို လက္ဝယ္ၾကာရွည္ထားႏိုင္တဲ့ သိုေလွာင္မႈနဲ႔ အထားခံေအာင္လုပ္ႏိုင္တဲ့ နည္းပညာပိုင္းကို ျမန္မာဘက္က လုပ္ဖို႔လိုတယ္လည္း သူက ေထာက္ျပပါတယ္။

စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနကေတာ့ ျမန္မာနယ္စပ္ကေန ဖရဲ၊ သခြားတင္ပို႔မႈေတြနဲ႔ ပတ္သက္ၿပီး မဟာဗ်ဴဟာ ေရးဆြဲဖို႔ စီစဥ္ ေနတယ္လို႔ ေျပာထားပါတယ္။
 ေ႐ႊလီျမစ္ထဲ ပစ္ခ်ေနတဲ့ ေျပာင္းဖူးမ်ား
အခုလို ေျပာင္းဖူးေတြ ေ႐ႊလီျမစ္ထဲ ပစ္ခ်ေနမႈဟာ တစ္ရက္ကို ေျပာင္းဖူးတင္တဲ့ ေထာ္လာဂ်ီ အနည္းဆုံး ၁၀ စီးေလာက္ရွိတယ္လို႔လည္း နမ့္ခမ္းၿမိဳ႕ခံေတြဆီကေန သိရပါတယ္။

"ဆန္ကလည္း အခုက ပိတ္ထား၊ ဖရဲသီးလည္း ျပႆနာတက္၊ အခုေျပာင္းဖူးကေတာ့ ျမစ္ထဲပစ္ခ်ေနရေတာ့ ကြၽန္ေတာ္တို႔ကေတာ့ ေတာင္သူေတြက တ႐ုတ္ဘက္ကို တင္ပို႔မယ့္ သီးႏွံေတြစိုက္ရင္ သတိထား စိုက္ပါလို႔ ေျပာေနရတယ္"လို႔လည္း ဦးစိုင္းေအာင္ဝင္းက ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံက အခုလို ေျပာင္းဖူးကို ပိတ္ထားေပမယ့္လည္း၊ ႀကံနဲ႔ ကြၽဲႏြား တင္ပို႔မႈေတြကိုေတာ့ နမ္ခမ္းဘက္က တင္ပို႔ရာမွာ တင္ပို႔ခြင့္ ရေနတယ္လို႔လည္း ဦးစိုင္းေအာင္ဝင္းကရွင္းျပပါတယ္။

ဒါေပမယ့္ ဒီသတင္းကိုေတာ့ အစိုးရဘက္ကို အတည္ျပဳဖို႔ ဆက္သြယ္ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ဆန္နဲ႔ ပတ္သက္လို႔လည္း အရင္က အခုလို ပိတ္တာေတြ ရွိေပမယ့္ ဒီအႀကိမ္ ပိတ္တာကေတာ့ တ႐ုတ္သမၼတ ခရီးစဥ္အတြင္း ခ်ဳပ္ဆိုခဲ့တဲ့ စာခ်ဳပ္ပါ စည္းကမ္းခ်က္ ႏွစ္ခုနဲ႔ မျပည့္စုံလို႔ တ႐ုတ္ဘက္က မဝယ္ေတာ့တာျဖစ္တယ္လို ျမန္မာႏိုင္ငံဆန္စပါး အသင္းခ်ဳပ္ဥကၠ႒ ဦးရဲမင္းေအာင္က ေျပာပါတယ္။

ဆန္ကုန္သည္ေတြ အေနနဲ႔ ပိုးသတ္ထားတဲ့ ေထာက္ခံခ်က္နဲ႔ စိုက္ပ်ိဳးေမြးျမဴေရးနဲ႔ ဆည္ေျမာင္းဝန္ႀကီးဌာနက ေထာက္ခံခ်က္ ၂ ခုရရွိတဲ့ ဆန္ကုန္သည္ကိုပဲ တ႐ုတ္ႏိုင္ငံက ဝယ္ယူေတာ့မွာ ျဖစ္ၿပီးေတာ့ ဒီျပႆနာကို စီးပြားကူးသန္း၊ ျမန္မာႏိုင္ငံဆန္စပါး အသင္းနဲ႔ ဆန္ကုန္သည္ေတြၾကားမွာ ညႇိႏိုင္းမႈေတြ လုပ္ေနတယ္လို႔ သိရပါတယ္ ။
 မူဆယ္မွာ ႀကိဳက္တဲ့သူလာယူဆိုၿပီး ေျပာင္းဖူးေတြ ပုံထားတဲ့ေန ရာ
တ႐ုတ္နယ္စပ္ ပိတ္လိုက္လို႔ ရွမ္းျပည္နယ္ထဲက မူဆယ္နမ့္ခမ္း အပါအဝင္ ကခ်င္ျပည္နယ္ မန္ဝိန္းဘက္က ေျပာင္းဖူးစိုက္တဲ့ ေတာင္သူေတြပါ အထိနာၾကပါတယ္။

အဲဒီ ေျပာင္းဖူးေတြကို ျမန္မာျပည္ထဲကို ျပန္လည္တင္ပို႔ဖို႔ကလည္းေစ်းကြက္က မေသခ်ာ သလို အေအးခန္းကားေတြ မရွိတာေၾကာင့္ လမ္းမွာ ပ်က္စီးဆုံးရႈံးမႈေတြ ရွိႏိုင္တယ္လို႔လည္း ေျပာင္းဖူးစိုက္ ေတာင္သူေတြက ေျပာပါတယ္။

ျမန္မာႏိုင္ငံက ေရာင္းတဲ့သူေတြဟာ စိုက္ပ်ိဳးၿပီး နယ္စပ္ကို သြားေရာင္းတဲ့ အလုပ္ပဲ လုပ္ေနရင္ေတာ့ ဝယ္သူေတြကို မွီခိုေနရတဲ့ ေစ်းကြက္ပဲျဖစ္ေနမယ္ လို႔လည္း သုံးသပ္ၾကပါတယ္။

လက္ရွိမွာေတာ့ လယ္ယာထြက္ကုန္တခ်ိဳ႕ကို တ႐ုတ္ႏိုင္ငံထဲတင္ပို႔ႏိုင္ေပမဲ့ အဓိက လယ္ယာထြက္ကုန္ျဖစ္တဲ့ ဆန္တင္ပို႔မႈနဲ႔ ရာသီထြက္သီးႏွံတခ်ိဳ႕ တင္ပို႔မူ႔ကေတာ့ ခက္ခဲေနၿပီး မၾကာခင္ ထပ္ေပၚလာမယ့္ ျမန္မာႏိုင္ငံထဲက ရာသီထြက္သီးႏွံေတြကို တ႐ုတ္ကို တင္ပို႔တဲ့အခါ အခက္အခဲရွိႏိုင္ေသးတယ္လို႔ ကုန္သည္ေတြက ေျပာဆိုၾကပါတယ္။

ဒါေတြဟာ ကိုဗစ္ေၾကာင့္ ျဖစ္တာလို႔ နယ္စပ္ကုန္သည္ေတြကေျပာေပမယ့္ ျမန္မာနဲ႔တ႐ုတ္ၾကား နယ္စပ္လယ္ယာထြက္ကုန္ တင္ပို႔ေရးေတြမွာ ျမန္မာဘက္က တင္ပို႔သူေတြကို အကာကြယ္ေပးႏိုင္မယ့္မူဝါဒေတြလက္ေတြ႕အေကာင္ထည္ေပၚလာဖို႔ကို ေတာင္သူေတြက ေမွ်ာ္လင့္ေနၾကတယ္ လို႔ နမ့္ခမ္းၿမိဳ႕ခံ ဦးစိုင္းေအာင္ဝင္းက ေျပာပါတယ္။

အခု တ႐ုတ္နယ္စပ္မွာ သြန္ပစ္ရတဲ့ ေျပာင္းဖူးေတြဟာ ေစ်းေကာင္းတဲ့ႏွစ္ဆိုရင္ တစ္တန္ကို ဆယ္သိန္းေလာက္အထိ ေစ်းရတဲ့ေျပာင္းဖူးေတြ ျဖစ္တယ္လို႔လည္း ေတာင္သူေတြက ေျပာပါတယ္။

BBC Burmese
--------------------------------
(Unicode)⤵⤵⤵
ရှမ်းပြည်က ပြောင်းဖူးတွေ မြစ်ထဲ ပစ်ချနေရတဲ့ နောက်ကွယ်

မြန်မာ-တရုတ်နယ်စပ်မှာ ပြောင်းဖူးသွားရောင်းတဲ့တောင်သူတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး တရုတ်နယ်စပ်က ပိတ်လိုက်ထားတာကြောင့် ပြောင်းဖူးတွေရောင်းမရဘဲ နယ်စပ်က ရွှေလီမြစ်ထဲကို ပစ်ချနေရတယ်ဆိုတဲ့ သတင်းတွေကပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်လာပါတယ်။

အဲဒီ့ပြောင်းဖူးတွေမြစ်ထဲ ပစ်ချနေတဲ့ဆိုတာ မှန်တယ်လို့ မူဆယ်သစ်သီးကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဗိုလ်က ဘီဘီစီကို အတည်ပြု ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဖရဲသီးတွေ တန်နဲ့ချီပြီး လမ်းဘေးမှာ ပစ်ရတဲ့ နောက်ပိုင်း မေလ ဆန်းကစပြီး ပြောင်းဖူးတွေကို တရုတ်နယ်စပ်မှာ အဝယ်မရှိတာကြောင့် မြန်မာပြည်က တောင်သူတွေဟာ အခုလိုစွန့်ပစ်နေကြတာလည်းဖြစ်တယ်လို့ သူက ပြောပါတယ်။

မူဆယ်၊ နမ့်ခမ်း နဲ့ ပန်ဆိုင်း၊ ကြူကုတ်တို့မှာ ပြောင်းဖူးတွေကို ရောင်းမရတာကြောင့် တောင်သူတွေက အလကားပေးနေကြပြီး ပမာဏများလွန်းတာကြောင့် ဘယ်သူမှ မယူနိုင်တဲ့အထိ ဖြစ်နေတယ်လို့ နမ့်ခမ်းမြို့ က မြို့မိမြို့ဖ ဦးစိုင်းအောင်ဝင်းက ပြောပါတယ် ။

ဒါ့အပြင် ဧပြီလဆန်းကလည်း တရုတ်နိုင်ငံထဲ ဆန်တင်ပို့လို မရတဲ့အတွက် အခုဆိုရင် တရုတ်-မြန်မာနယ်စပ်မှာ ဆန်အိတ် တစ်သိန်းကျော်လောက် ပိတ်မိတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

မြန်မာ အစိုးရရဲ့ တရုတ်နိုင်ငံကို တင်ပို့တဲ့ လယ်ယာထွက်ကုန်နဲ့ ပတ်သက်တဲ့ ကုန်သွယ်မူဝါဒဟာ ဝယ်သူဈေးကွက်သာ ဖြစ်နေတဲ့အတွက် ဒီပြဿနာတွေဖြစ် ရတာလို့လည်း မြန်မာ-တရုတ်နယ်စပ်က ကုန်သည်တွေက ပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကို အကြောင်းပြပြီး တရုတ်နယ်စပ် က ပြောင်းဖူးကားတွေ ဝင်တာကို အရင်လို အဝင်မခံဘဲ ပိတ်လိုက်တာ ဖြစ်တယ်လို့လည်း နမ့်ခမ်းမြို့က ဦးစိုင်းအောင်ဝင်းက ပြောပါတယ်။

မေလ ၈ ရက်နေ့မှာတော့ နမ့်ခမ်းက တောင်သူတွေကို ဦးဆောင်ပြီး ဒေသ အုပ်ချုပ်ရေးဘက်က တာဝန်ရှိသူတွေကို နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ပေးရေး သွားဆွေးနွေးဖို့ လည်း စီစဉ် နေတယ်လို့ ဦးစိုင်းအောင်ဝင်းက ပြောပါတယ်။

အခုလို တရုတ်က မဝယ်လို့ လမ်းဘေးပစ်ရတဲ့ ပြောင်းဖူးဟာ အစေ့ထုတ်လို့ မရသလို၊သုံးလေးရက်ထက်ပိုပြီး အထားမခံတာကြောင့် ကားခ အကုန်ခံပြီး ရွာကို ပြန်မသယ် ကြတော့ဘဲ အခုလို ရွှေလီမြစ်ထဲ နဲ့ နယ်စပ်လမ်းဘေးတွေမှာ ပစ်ရတာဖြစ်တယ်လို့လည်း တရုတ်နယ်စပ်ကုန်သည်တစ်ဦးက ပြောပါတယ်။

မြန်မာနဲ့ တရုတ်အစိုးရကြား သစ်သီးဝလံ တင်ပို့မှုအတွက် နှစ်ဘက် သဘောတူ လက်မှတ်ထိုးထားတဲ့ သီးနှံတွေထဲမှာ ပြောင်းဖူး မပါသလို အရင်ကလည်း နားလည်မှုနဲ့ပဲ ဝင်ထွက်ရောင်းဝယ်တာဖြစ်တဲ့ အတွက် နယ်စပ်ကနေ တင်ပို့ခွင့်ပြန်ရဖို့က သိပ်မ မသေချာဘူးလို့လည်း မူဆယ်သစ်သီး ကုန်စည်ဒိုင်က ကုန်သည်တွေက ပြောပါတယ်။

"အစိုးရဟာ ပြောင်းဖူးတွေ တရုတ်ကို မှောင်ခိုသွားတယ်ဆိုတာသိတယ်။ ဒါကို မသွားသင့်တာကို မတားဘဲ လွှတ်ပေးနေတာလို့လည်း" ရှမ်းပြည်နယ် နယ်စပ်က ကုန်သည်တစ်ဦးက ပြောပါတယ်။

မြန်မာနဲ့ တရုတ်အကြားမှာ နှစ်နိုင်ငံ သဘောတူထားပြီး တရုတ်ဘက် က တရားဝင် တင်ပို့ခွင့်ပြုထားတဲ့ မြန်မာလယ်ယာထွက်ကုန်သီးနှံ ၈ မျိုးရှိပါတယ်။

အဲဒီထဲမှာ လိုင်ချီးသီး၊ မင်းဂွတ်သီး၊ ကြက်မောက်သီး၊ တောကြက်မောက်သီး၊ ဖရဲသီး၊ သခွားမွှေးသီး၊ သရက်သီးနဲ့ ကုလားဆီးသီး ဆိုပြီး ရှစ်မျိုးရှိပါတယ်။

မြန်မာ အစိုးရ အနေနဲ့ ဒီမူဝါဒကို ဖိအားပေးပြီး တရုတ်ကုန်သည်တွေ ဝယ်နိုင်အောင် သဘောတူ စာချုပ်တွေလုပ်သင့်တယ်လို့လည်း ဉာဏ်ကြီးရှင် ကော်ဖီထုတ်လုပ်ရေးလုပ်ငန်းရှင် ဦးငွေထွန်းက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် စိုက်ပျိုးရေး ထုတ်ကုန်တွေကို လက်ဝယ်ကြာရှည်ထားနိုင်တဲ့ သိုလှောင်မှုနဲ့ အထားခံအောင်လုပ်နိုင်တဲ့ နည်းပညာပိုင်းကို မြန်မာဘက်က လုပ်ဖို့လိုတယ်လည်း သူက ထောက်ပြပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကတော့ မြန်မာနယ်စပ်ကနေ ဖရဲ၊ သခွားတင်ပို့မှုတွေနဲ့ ပတ်သက်ပြီး မဟာဗျူဟာ ရေးဆွဲဖို့ စီစဉ် နေတယ်လို့ ပြောထားပါတယ်။

အခုလို ပြောင်းဖူးတွေ ရွှေလီမြစ်ထဲ ပစ်ချနေမှုဟာ တစ်ရက်ကို ပြောင်းဖူးတင်တဲ့ ထော်လာဂျီ အနည်းဆုံး ၁၀ စီးလောက်ရှိတယ်လို့လည်း နမ့်ခမ်းမြို့ခံတွေဆီကနေ သိရပါတယ်။

"ဆန်ကလည်း အခုက ပိတ်ထား၊ ဖရဲသီးလည်း ပြဿနာတက်၊ အခုပြောင်းဖူးကတော့ မြစ်ထဲပစ်ချနေရတော့ ကျွန်တော်တို့ကတော့ တောင်သူတွေက တရုတ်ဘက်ကို တင်ပို့မယ့် သီးနှံတွေစိုက်ရင် သတိထား စိုက်ပါလို့ ပြောနေရတယ်"လို့လည်း ဦးစိုင်းအောင်ဝင်းက ပြောပါတယ်။

တရုတ်နိုင်ငံက အခုလို ပြောင်းဖူးကို ပိတ်ထားပေမယ့်လည်း၊ ကြံနဲ့ ကျွဲနွား တင်ပို့မှုတွေကိုတော့ နမ်ခမ်းဘက်က တင်ပို့ရာမှာ တင်ပို့ခွင့် ရနေတယ်လို့လည်း ဦးစိုင်းအောင်ဝင်းကရှင်းပြပါတယ်။

ဒါပေမယ့် ဒီသတင်းကိုတော့ အစိုးရဘက်ကို အတည်ပြုဖို့ ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဆန်နဲ့ ပတ်သက်လို့လည်း အရင်က အခုလို ပိတ်တာတွေ ရှိပေမယ့် ဒီအကြိမ် ပိတ်တာကတော့ တရုတ်သမ္မတ ခရီးစဉ်အတွင်း ချုပ်ဆိုခဲ့တဲ့ စာချုပ်ပါ စည်းကမ်းချက် နှစ်ခုနဲ့ မပြည့်စုံလို့ တရုတ်ဘက်က မဝယ်တော့တာဖြစ်တယ်လို မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။

ဆန်ကုန်သည်တွေ အနေနဲ့ ပိုးသတ်ထားတဲ့ ထောက်ခံချက်နဲ့ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ထောက်ခံချက် ၂ ခုရရှိတဲ့ ဆန်ကုန်သည်ကိုပဲ တရုတ်နိုင်ငံက ဝယ်ယူတော့မှာ ဖြစ်ပြီးတော့ ဒီပြဿနာကို စီးပွားကူးသန်း၊ မြန်မာနိုင်ငံဆန်စပါး အသင်းနဲ့ ဆန်ကုန်သည်တွေကြားမှာ ညှိနိုင်းမှုတွေ လုပ်နေတယ်လို့ သိရပါတယ် ။

တရုတ်နယ်စပ် ပိတ်လိုက်လို့ ရှမ်းပြည်နယ်ထဲက မူဆယ်နမ့်ခမ်း အပါအဝင် ကချင်ပြည်နယ် မန်ဝိန်းဘက်က ပြောင်းဖူးစိုက်တဲ့ တောင်သူတွေပါ အထိနာကြပါတယ်။

အဲဒီ ပြောင်းဖူးတွေကို မြန်မာပြည်ထဲကို ပြန်လည်တင်ပို့ဖို့ကလည်းဈေးကွက်က မသေချာ သလို အအေးခန်းကားတွေ မရှိတာကြောင့် လမ်းမှာ ပျက်စီးဆုံးရှုံးမှုတွေ ရှိနိုင်တယ်လို့လည်း ပြောင်းဖူးစိုက် တောင်သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံက ရောင်းတဲ့သူတွေဟာ စိုက်ပျိုးပြီး နယ်စပ်ကို သွားရောင်းတဲ့ အလုပ်ပဲ လုပ်နေရင်တော့ ဝယ်သူတွေကို မှီခိုနေရတဲ့ ဈေးကွက်ပဲဖြစ်နေမယ် လို့လည်း သုံးသပ်ကြပါတယ်။

လက်ရှိမှာတော့ လယ်ယာထွက်ကုန်တချို့ကို တရုတ်နိုင်ငံထဲတင်ပို့နိုင်ပေမဲ့ အဓိက လယ်ယာထွက်ကုန်ဖြစ်တဲ့ ဆန်တင်ပို့မှုနဲ့ ရာသီထွက်သီးနှံတချို့ တင်ပို့မူ့ကတော့ ခက်ခဲနေပြီး မကြာခင် ထပ်ပေါ်လာမယ့် မြန်မာနိုင်ငံထဲက ရာသီထွက်သီးနှံတွေကို တရုတ်ကို တင်ပို့တဲ့အခါ အခက်အခဲရှိနိုင်သေးတယ်လို့ ကုန်သည်တွေက ပြောဆိုကြပါတယ်။

ဒါတွေဟာ ကိုဗစ်ကြောင့် ဖြစ်တာလို့ နယ်စပ်ကုန်သည်တွေကပြောပေမယ့် မြန်မာနဲ့တရုတ်ကြား နယ်စပ်လယ်ယာထွက်ကုန် တင်ပို့ရေးတွေမှာ မြန်မာဘက်က တင်ပို့သူတွေကို အကာကွယ်ပေးနိုင်မယ့်မူဝါဒတွေလက်တွေ့အကောင်ထည်ပေါ်လာဖို့ကို တောင်သူတွေက မျှော်လင့်နေကြတယ် လို့ နမ့်ခမ်းမြို့ခံ ဦးစိုင်းအောင်ဝင်းက ပြောပါတယ်။

အခု တရုတ်နယ်စပ်မှာ သွန်ပစ်ရတဲ့ ပြောင်းဖူးတွေဟာ ဈေးကောင်းတဲ့နှစ်ဆိုရင် တစ်တန်ကို ဆယ်သိန်းလောက်အထိ ဈေးရတဲ့ပြောင်းဖူးတွေ ဖြစ်တယ်လို့လည်း တောင်သူတွေက ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52577383
ရွမ္းျပည္က ေျပာင္းဖူးေတြ ျမစ္ထဲ ပစ္ခ်ေနရတဲ့ ေနာက္ကြယ္ ရွမ္းျပည္က ေျပာင္းဖူးေတြ ျမစ္ထဲ ပစ္ခ်ေနရတဲ့ ေနာက္ကြယ္ Reviewed by THITHTOOLWIN on 21:06 Rating: 5
Powered by Blogger.