Fentanyl မူးယစ္ေဆးသုံးစြဲမႈ အေရွ႕ေတာင္အာရွမွာ ႀကီးထြားေနၿပီလား


(Zawgyi/Unicode)

ျမန္မာနိုင္ငံ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ မက္သာဖီတမင္းေဆးျပား ၁၉၃ သန္းအပါအဝင္ ဓါတုေဗဒနည္းနဲ႔ ဖန္တီးထားတဲ့ Fentanyl ေဆးရည္အေျမာက္အျမား ဖမ္းဆီးမိတာက အေရွ႕ေတာင္ အာရွ ေဒသ ဓါတု မူးယစ္ ေဆးဝါးေတြ ထုတ္လုပ္ရာ ပင္မ ေနရာျဖစ္လာ ခါနီးၿပီဆိုတာကို ျပသေနတာလို႔ မူးယစ္ေဆးဝါး နဲ႔ရာဇဝတ္မႈဆိုင္ရာ ကုလသမဂၢ႐ုံး (UNODC) ရဲ႕ အေရွ႕ေတာင္အာရွေဒသ ဌာေန ကိုယ္စားလွယ္ Jeremy Douglas သတိေပးေျပာၾကားလိုက္ပါတယ္။

အေရွ႕ေတာင္အာရွ ေဒသရဲ႕ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားတဲ့ ေရႊႀတိဂံေဒသက ျမန္မာႏိုင္ငံထဲ ဖန္တႏိုင္း ဓါတု မူးယစ္ေဆးရည္ ဂါလံ ၉၉၀ ကို ဖမ္းဆီးမိအၿပီး အခုလို ေျပာလိုက္တာပါ။ ဒါဟာ အေရွ႕ ေတာင္အာရွေဒသထဲမွာလည္း Fentanyl သုံးစြဲသူေဈးကြက္ရွိေနတယ္ဆိုတာကို ျပသေနတယ္လို႔လည္း သူက သတိေပးလိုက္ပါတယ္။

အဲဒီ Fentanyl နဲ႔ထုတ္လုပ္တဲ့ မူးယစ္ေဆးဟာ ဘိန္းျဖဴထက္ အဆ ၃၀ ကေန ၅၀ အထိ ပို ျပင္းၿပီး ဘိန္းျဖဴထက္ ထုတ္လုပ္ရလြယ္ကူသလို ခိုးသြင္းရလည္း လြယ္ကူပါတယ္။

အေမရိကန္ႏိုင္ငံအတြင္းမွာ OPIOD လို႔ေခၚတဲ့ မူးယစ္ေဆးစြဲမႈ ျပႆနာျဖစ္ပြားေနရာမွာ အဲဒီ Fentanyl က အဓိက အခန္းက႑က ပါဝင္ေနတာလည္း ျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံဟာ အဲဒီေဆးရည္ေတြ အေမရိကန္နိုင္ငံထဲ အဓိက တင္ပို႔ေနတာလို႔ အေမရိကန္နိုင္ငံက စြပ္စြဲထားေပမဲ့ တ႐ုတ္ႏိုင္ငံကေတာ့ ျငင္းဆိုထားပါတယ္။

အေရွ႕ေတာင္အာရွ ေဒသထဲ ဟီးရိုးအင္း သုံးစြဲမႈ ရွိေနတာကို အခြင့္ေကာင္းယူၿပီး ႏိုင္ငံတကာက ရာဇဝတ္ဂိုဏ္းအဖြဲ႕အစည္းေတြ ေရႊႀတိဂံ နယ္ေျမထဲ ေျခကုပ္ယူၿပီး ဒီ ဓါတုမူးယစ္ေဆးေတြကို ထုတ္လုပ္ေနတာလို႔လည္း Jeremy Douglas ရဲ႕ တနလၤာေန႔က ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ပါရွိပါတယ္။ နိုင္ငံတကာ အတိုင္းအတာရွိတဲ့ အဖြဲ႕အစည္းေတြရဲ့ ေငြေၾကးေထာက္ပံ့မႈ မရွိဘဲ ပမာဏ ဒီေလာက္ အေျမာက္အျမား ထုတ္လုပ္ဖို႔ မျဖစ္ႏိုင္ဘူးလို႔လည္း သူက ေျပာပါတယ္။

ဒ့ါအျပင္၊ ေဒသတြင္းက စစ္ေသြးႂကြလက္နက္ကိုင္အဖြဲ႕ေတြ ဒီလုပ္ငန္းထဲ ပါဝင္ပတ္သက္ ေနတဲ့ အေထာက္အထားေတြ ေတြ႕ရတယ္ လို႔ ေျပာပါတယ္။ အမည္အတိအက်ကိုေတာ့ သူက ထုတ္ေဖာ္ ေျပာဆိုျခင္း မရွိပါဘူး။

ျမန္မာ စစ္တပ္အကူအညီနဲ႔ မူးယစ္ေဆးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ဝင္ေတြက ရွမ္းျပည္နယ္ ကြက္ခိုင္ၿမိဳ႕နယ္ထဲ မူးယစ္ေဆးဝါးႏွိမ္နင္းေရး စစ္ဆင္ေရးေတြကို ဒီႏွစ္ ေဖေဖာ္ဝါရီ ၄ ရက္ေန႔ က ဧၿပီလ ၉ ရက္ေန႔အထိ လုပ္ေဆာင္ခဲ့တာေၾကာင့္ မက္သာဖီတမင္းေဆးျပားနဲ႔ဘိန္းျဖဴေတြ အပါအဝင္ မူးယစ္ေဆးေတြနဲ႔ Fentanyl ေဆးရည္ အေျမာက္အျမားကို သိမ္းဆည္းမိသလို ႏိုင္ငံျခားသားေတြ အပါအဝင္ လူ ၃၃ ေယာက္ကိုလည္း ဖမ္းဆီးခဲ့ရမိခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------------

Fentanyl မူးယစ်ဆေးသုံးစွဲမှု အရှေ့တောင်အာရှမှာ ကြီးထွားနေပြီလား

(Unicode)

မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မက်သာဖီတမင်းဆေးပြား ၁၉၃ သန်းအပါအဝင် ဓါတုဗေဒနည်းနဲ့ ဖန်တီးထားတဲ့ Fentanyl ဆေးရည်အမြောက်အမြား ဖမ်းဆီးမိတာက အရှေ့တောင် အာရှ ဒေသ ဓါတု မူးယစ် ဆေးဝါးတွေ ထုတ်လုပ်ရာ ပင်မ နေရာဖြစ်လာ ခါနီးပြီဆိုတာကို ပြသနေတာလို့ မူးယစ်ဆေးဝါး နဲ့ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) ရဲ့ အရှေ့တောင်အာရှဒေသ ဌာနေ ကိုယ်စားလှယ် Jeremy Douglas သတိပေးပြောကြားလိုက်ပါတယ်။

အရှေ့တောင်အာရှ ဒေသရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရွှေတြိဂံဒေသက မြန်မာနိုင်ငံထဲ ဖန်တနိုင်း ဓါတု မူးယစ်ဆေးရည် ဂါလံ ၉၉၀ ကို ဖမ်းဆီးမိအပြီး အခုလို ပြောလိုက်တာပါ။ ဒါဟာ အရှေ့ တောင်အာရှဒေသထဲမှာလည်း Fentanyl သုံးစွဲသူဈေးကွက်ရှိနေတယ်ဆိုတာကို ပြသနေတယ်လို့လည်း သူက သတိပေးလိုက်ပါတယ်။

အဲဒီ Fentanyl နဲ့ထုတ်လုပ်တဲ့ မူးယစ်ဆေးဟာ ဘိန်းဖြူထက် အဆ ၃၀ ကနေ ၅၀ အထိ ပို ပြင်းပြီး ဘိန်းဖြူထက် ထုတ်လုပ်ရလွယ်ကူသလို ခိုးသွင်းရလည်း လွယ်ကူပါတယ်။

အမေရိကန်နိုင်ငံအတွင်းမှာ OPIOD လို့ခေါ်တဲ့ မူးယစ်ဆေးစွဲမှု ပြဿနာဖြစ်ပွားနေရာမှာ အဲဒီ Fentanyl က အဓိက အခန်းကဏ္ဍက ပါဝင်နေတာလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ အဲဒီဆေးရည်တွေ အမေရိကန်နိုင်ငံထဲ အဓိက တင်ပို့နေတာလို့ အမေရိကန်နိုင်ငံက စွပ်စွဲထားပေမဲ့ တရုတ်နိုင်ငံကတော့ ငြင်းဆိုထားပါတယ်။

အရှေ့တောင်အာရှ ဒေသထဲ ဟီးရိုးအင်း သုံးစွဲမှု ရှိနေတာကို အခွင့်ကောင်းယူပြီး နိုင်ငံတကာက ရာဇဝတ်ဂိုဏ်းအဖွဲ့အစည်းတွေ ရွှေတြိဂံ နယ်မြေထဲ ခြေကုပ်ယူပြီး ဒီ ဓါတုမူးယစ်ဆေးတွေကို ထုတ်လုပ်နေတာလို့လည်း Jeremy Douglas ရဲ့ တနင်္လာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါရှိပါတယ်။ နိုင်ငံတကာ အတိုင်းအတာရှိတဲ့ အဖွဲ့အစည်းတွေရဲ့ ငွေကြေးထောက်ပံ့မှု မရှိဘဲ ပမာဏ ဒီလောက် အမြောက်အမြား ထုတ်လုပ်ဖို့ မဖြစ်နိုင်ဘူးလို့လည်း သူက ပြောပါတယ်။

ဒ့ါအပြင်၊ ဒေသတွင်းက စစ်သွေးကြွလက်နက်ကိုင်အဖွဲ့တွေ ဒီလုပ်ငန်းထဲ ပါဝင်ပတ်သက် နေတဲ့ အထောက်အထားတွေ တွေ့ရတယ် လို့ ပြောပါတယ်။ အမည်အတိအကျကိုတော့ သူက ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။

မြန်မာ စစ်တပ်အကူအညီနဲ့ မူးယစ်ဆေးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေက ရှမ်းပြည်နယ် ကွက်ခိုင်မြို့နယ်ထဲ မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ဆင်ရေးတွေကို ဒီနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့ က ဧပြီလ ၉ ရက်နေ့အထိ လုပ်ဆောင်ခဲ့တာကြောင့် မက်သာဖီတမင်းဆေးပြားနဲ့ဘိန်းဖြူတွေ အပါအဝင် မူးယစ်ဆေးတွေနဲ့ Fentanyl ဆေးရည် အမြောက်အမြားကို သိမ်းဆည်းမိသလို နိုင်ငံခြားသားတွေ အပါအဝင် လူ ၃၃ ယောက်ကိုလည်း ဖမ်းဆီးခဲ့ရမိခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/drug-shan-fenttanly-unodc-/5427354.html
Fentanyl မူးယစ္ေဆးသုံးစြဲမႈ အေရွ႕ေတာင္အာရွမွာ ႀကီးထြားေနၿပီလား Fentanyl မူးယစ္ေဆးသုံးစြဲမႈ အေရွ႕ေတာင္အာရွမွာ ႀကီးထြားေနၿပီလား Reviewed by THITHTOOLWIN on 07:18 Rating: 5
Powered by Blogger.