ဘရာဇီးက အေမဇုံဌာေနတုိင္းရင္းသားေတြအၾကား ကုိဗစ္အလွ်င္အျမန္ ကူးစက္ေန

ဘရာဇီးႏုိင္ငံ၊ Manaus ေဒသမွာ COVID-19 နဲ႔ေသဆုံးသြားသူအတြက္ ေမလ ၁၄ ရက္ေန႔ကက်င္းပတဲ့ စ်ာပနအခမ္းအနားမွာေတြ႔ရတဲ့ ဌာေနတုိင္းရင္းသားမ်ား။
(Zawgyi/Unicode)

ဘရာဇီးလ္ႏိုင္ငံ အေမဇံုသစ္ေတာ ေဒသတြင္းေနထုိင္တဲ့ ဌာေနတိုင္းရင္းသားေတြၾကား ကိုရိုနာဗိုင္းရပ္စ္ေရာဂါပိုး ကူးစက္ျပန္႔ႏွံ႔မႈ အေတာ္ ျမန္ေနတာေၾကာင့္ အခုဆို ေရာဂါ အကူး စက္ခံေနရတဲ့ အသည္းအသန္လူနာေတြကို ေလယာဥ္ေတြနဲ႔ သယ္ထုတ္ေပး ေနရပါတယ္။

ဘရာဇီးလ္ႏုိင္ငံ Manaus ေဒသမွာေနထိုင္တဲ့ ဒါဇင္နဲ႔ခ်ီတဲ့ လူမ်ိဳးစုေတြၾကား ဒီ COVID-19 ကူးစက္ခံရသူ ၅၄၀ နဲ႔ အမ်ားဆံုးျဖစ္ေနတယ္လို႔ ဘရာဇီးလ္ ႏိုင္ငံထဲက ဌာေနတိုင္းရင္းသား အေရးလုပ္ေဆာင္ေနတဲ့ အဓိကအဖြဲ႔ႀကီးျဖစ္တဲ့ APIB အဖြဲ႔က ေျပာပါတယ္။

ေဝးလံေခါင္ဖ်ား အေမဇံုသစ္ေတာထဲက လူနာေတြကို ေလယာဥ္ ၂ စင္းနဲ႔ ေန႔စဥ္ သြားေရာက္ သယ္ထုတ္ေပးေနရတယ္လို႔ ဆရာဝန္ Daniel Siqueira က တနလၤာေန႔က ေျပာပါတယ္။ တစင္းက ရိုးရိုုးလူနာအတြက္၊ ေနာက္တစင္းက COVID-19 လူနာေတြအတြက္ျဖစ္ၿပီး COVID-19 လူနာက သယ္ထုတ္ေပးရသူေတြ အားလံုးရဲ့ ၆၀ % ရွိေနတာပါ။

အေမဇံုသစ္ေတာအတြင္းပိုင္း ေဒသအမ်ားစုဟာ ဖြံ႔ၿဖိဳးမႈမရွိၾကပဲ အဲဒီ ေဒသေတြမွာ ေနထိုင္ၾကသူေတြဟာ Manaus ကို ေဆးလာကုဖို႔ ႀကိဳးစားၾကတယ္လို႔ Manaus ၿမိဳ႕ေတာ္ဝန္ Arthur Virgilio Neto က ေျပာပါတယ္။ ေဆးရံုေတြမွာ လူေတြ ေနာက္ထပ္ ေရာက္လာ ႏုိင္တယ္လို႔ သူေမွ်ာ္လင့္ထားၿပီး ေဆးကုသေပးဖုိ႔ ေနရာဖန္တီးေပးႏိုင္ေအာင္ ႀကိဳးစားေနရတယ္လို႔လည္း ေျပာပါတယ္။

ဘရာဇီးလ္အစိုးရရဲ့ ဌာေနတိုင္းရင္းသား က်န္းမာေရးဝန္ေဆာင္မႈလုပ္ငန္း Sesai ရဲ့ အစီရင္ခံစာအရ တနလၤာေန႔ အထိ COVID-19 နဲ႔ေသဆံုးရတဲ့ ဌာေနတိုင္းရင္းသား အနည္းဆံုး ၂၃ ဦး ရွိၿပီလို႔ ေဖၚျပထားပါတယ္။ ေသဆံုးသူေတြဟာ ဘရာဇီးလ္ႏုိင္ငံေျမာက္ပိုင္း ကိုလံဘီယာနဲ႔ ပီရုးႏုိင္ငံေတြရဲ႕ နယ္စပ္ အေမဇံုျမစ္ေၾကာင္း တေလွ်ာက္ ေဝးလံေခါင္ဖ်ား အရပ္ေတြမွာ ေနထိုင္သူေတြ ျဖစ္ပါတယ္။

ဘရာဇီးလ္ႏုိင္ငံမွာ ကိုရိုနာဗုိင္းရပ္စ္ ေရာဂါအကူးစက္ခံရသူက ၂၅၅,၀၀၀ ေက်ာ္နဲ႔ ေသဆံုးရသူေပါင္းက ၁၆,၈၅၆ ေက်ာ္ေနပါၿပီ။

ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------------
[Unicode]

ဘရာဇီးလ်နိုင်ငံ အမေဇုံသစ်တော ဒေသတွင်းနေထိုင်တဲ့ ဌာနေတိုင်းရင်းသားတွေကြား ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ပြန့်နှံ့မှု အတော် မြန်နေတာကြောင့် အခုဆို ရောဂါ အကူး စက်ခံနေရတဲ့ အသည်းအသန်လူနာတွေကို လေယာဉ်တွေနဲ့ သယ်ထုတ်ပေး နေရပါတယ်။

ဘရာဇီးလ်နိုင်ငံ Manaus ဒေသမှာနေထိုင်တဲ့ ဒါဇင်နဲ့ချီတဲ့ လူမျိုးစုတွေကြား ဒီ COVID-19 ကူးစက်ခံရသူ ၅၄၀ နဲ့ အများဆုံးဖြစ်နေတယ်လို့ ဘရာဇီးလ် နိုင်ငံထဲက ဌာနေတိုင်းရင်းသား အရေးလုပ်ဆောင်နေတဲ့ အဓိကအဖွဲ့ကြီးဖြစ်တဲ့ APIB အဖွဲ့က ပြောပါတယ်။

ဝေးလံခေါင်ဖျား အမေဇုံသစ်တောထဲက လူနာတွေကို လေယာဉ် ၂ စင်းနဲ့ နေ့စဉ် သွားရောက် သယ်ထုတ်ပေးနေရတယ်လို့ ဆရာဝန် Daniel Siqueira က တနင်္လာနေ့က ပြောပါတယ်။ တစင်းက ရိုးရိုးလူနာအတွက်၊ နောက်တစင်းက COVID-19 လူနာတွေအတွက်ဖြစ်ပြီး COVID-19 လူနာက သယ်ထုတ်ပေးရသူတွေ အားလုံးရဲ့ ၆၀ % ရှိနေတာပါ။

အမေဇုံသစ်တောအတွင်းပိုင်း ဒေသအများစုဟာ ဖွံ့ဖြိုးမှုမရှိကြပဲ အဲဒီ ဒေသတွေမှာ နေထိုင်ကြသူတွေဟာ Manaus ကို ဆေးလာကုဖို့ ကြိုးစားကြတယ်လို့ Manaus မြို့တော်ဝန် Arthur Virgilio Neto က ပြောပါတယ်။ ဆေးရုံတွေမှာ လူတွေ နောက်ထပ် ရောက်လာ နိုင်တယ်လို့ သူမျှော်လင့်ထားပြီး ဆေးကုသပေးဖို့ နေရာဖန်တီးပေးနိုင်အောင် ကြိုးစားနေရတယ်လို့လည်း ပြောပါတယ်။

ဘရာဇီးလ်အစိုးရရဲ့ ဌာနေတိုင်းရင်းသား ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း Sesai ရဲ့ အစီရင်ခံစာအရ တနင်္လာနေ့ အထိ COVID-19 နဲ့သေဆုံးရတဲ့ ဌာနေတိုင်းရင်းသား အနည်းဆုံး ၂၃ ဦး ရှိပြီလို့ ဖေါ်ပြထားပါတယ်။ သေဆုံးသူတွေဟာ ဘရာဇီးလ်နိုင်ငံမြောက်ပိုင်း ကိုလံဘီယာနဲ့ ပီရုးနိုင်ငံတွေရဲ့ နယ်စပ် အမေဇုံမြစ်ကြောင်း တလျှောက် ဝေးလံခေါင်ဖျား အရပ်တွေမှာ နေထိုင်သူတွေ ဖြစ်ပါတယ်။

ဘရာဇီးလ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါအကူးစက်ခံရသူက ၂၅၅,၀၀၀ ကျော်နဲ့ သေဆုံးရသူပေါင်းက ၁၆,၈၅၆ ကျော်နေပါပြီ။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/5427390.html
ဘရာဇီးက အေမဇုံဌာေနတုိင္းရင္းသားေတြအၾကား ကုိဗစ္အလွ်င္အျမန္ ကူးစက္ေန ဘရာဇီးက အေမဇုံဌာေနတုိင္းရင္းသားေတြအၾကား ကုိဗစ္အလွ်င္အျမန္ ကူးစက္ေန Reviewed by THITHTOOLWIN on 09:54 Rating: 5
Powered by Blogger.