WHO ရဲ႕ ကို႐ိုနာအေရး ကိုင္တြယ္ပုံကို စစ္ေဆးဖို႔ အဖြဲ႕ဝင္ႏိုင္ငံေတြ ဆုံးျဖတ္

 အြန္လိုင္းကတဆင့္ ကမာၻ႔က်န္းမာေရးညီလာခံကို အဖြဲ႕ဝင္ႏိုင္ငံေတြ တက္ေရာက္ခဲ့တာျဖစ္
(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ ကမာၻ႔ကပ္အေရး တုံ႔ျပန္ေဆာင္႐ြက္ခဲ့တာနဲ႔ ပတ္သက္ၿပီး လြတ္လပ္တဲ့ စုံစမ္းစစ္ေဆးေရး အဖြဲ႕တခု ဖြဲ႕စည္းဖို႔ WHO အဖြဲ႕ဝင္ႏိုင္ငံေတြက သေဘာတူ ဆုံးျဖတ္လိုက္ပါတယ္။

ဂ်ီနီဗာမွာ အြန္လိုင္းကေနလုပ္တဲ့ ႏွစ္ပတ္လည္ ကမာၻ႔က်န္းမာေရးညီလာခံမွာ ကမာၻ႔က်န္းမာေရးအဖြဲ႕ရဲ႕ ကိုယ္ပိုင္ အခန္းက႑ကို သူ႔အဖြဲ႕ဝင္ႏိုင္ငံေတြက စုံစမ္းစစ္ေဆးဖို႔အတြက္ ခြင့္ျပဳတဲ့ အဲဒီဆုံးျဖတ္ခ်က္ကို ကန႔္ကြက္သူမရွိဘဲ အဖြဲ႕ဝင္ႏိုင္ငံ ၁၉၄ ႏိုင္ငံစလုံးက အတည္ျပဳခဲ့ပါတယ္။

WHO ရဲ႕ လုပ္ေဆာင္ခ်က္ေတြကို အေမရိကန္က အျပင္းအထန္ ေဝဖန္ေနတာပါ။

ဒီဆုံးျဖတ္ခ်က္မူၾကမ္းကို ညီလာခံမွာ ႏိုင္ငံ ၁၀၀ ကို ကိုယ္စားျပဳၿပီး ဥေရာပ သမဂၢက တင္ခဲ့တာပါ။

ဆုံးျဖတ္ခ်က္ထဲမွာ ဘာေတြပါလဲ

ႏိုင္ငံတကာတုံ႔ျပန္ေဆာင္႐ြက္မႈေတြကို "ဘက္မလိုက္ဘဲ၊ လြတ္လပ္စြာနဲ႔ ျပည္စုံတဲ့ အကဲျဖတ္ခ်က္ လုပ္ေဆာင္ဖို႔" အဲဒီဆုံးျဖတ္ခ်က္က ေတာင္းဆိုထားပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကမာၻ႔ကပ္နဲ႔ ပတ္သက္ၿပီး WHO ရဲ႕ လုပ္ေဆာင္မႈ အျဖစ္အပ်က္ေတြ ေဖာ္ျပတဲ့ အခ်ိန္ဇယား ကိုလည္း အေသအခ်ာၾကည့္ဖို႔ ဆုံးျဖတ္ခ်က္မွာ ပါဝင္ပါတယ္။ WHOဟာ ကမာၻ႔ကပ္အျဖစ္ အေရးေပၚ ေၾကညာတဲ့ေနရာမွာ ေနာက္က်ခဲ့တယ္လို႔ ေဝဖန္ခံေနရတာပါ။

ဒါ့အျပင္ ကို႐ိုနာဗိုင္းရပ္စ္ကို ကုသႏိုင္မယ့္ေဆးဝါး ဒါမွမဟုတ္ ကာကြယ္ေဆးေတြ ထုတ္လုပ္ႏိုင္ရင္ ကမာၻ႔ႏိုင္ငံအသီးသီးအေနနဲ႔ "ရွင္းလင္းျမင္သာမႈရွိရွိ၊ မွ်မွ်တတနဲ႔ ရႏိုင္တဲ့အခ်ိန္မွာ အားလုံးတေျပးညီ" ရရွိခံစားခြင့္ရဖို႔ အတြက္လည္း အဲဒီဆုံးျဖတ္ခ်က္က ေတာင္းဆိုထားပါတယ္။

WHO ဘာလို႔ဖိအားေတြေအာက္ေရာက္ေနတာလဲ

သမၼတထရမ့္က WHO ကို တ႐ုတ္ရဲ႕ ႐ုပ္ေသး႐ုပ္လို႔ သမုတ္ထားၿပီး သူတို႔ထည့္တဲ့ ရန္ပုံေငြေတြ ရပ္ပစ္မယ္လို႔ ေျပာထားပါတယ္။ အေမရိကန္ႏိုင္ငံဟာ WHO ကို ရန္ပုံေငြအမ်ားဆုံး ထည့္ဝင္တဲ့ႏိုင္ငံပါ။

သူက ဗိုင္းရပ္စ္စတင္ပ်ံ႕ႏွံ႔စဥ္က သတင္းေတြကို တ႐ုတ္က ဖုံးထားခဲ့တယ္လို႔ စြပ္စြဲၿပီး ဒါကို တ႐ုတ္က အၿမဲျငင္းပါတယ္။ ဒါ့အျပင္ WHOဟာ တ႐ုတ္က အဲဒီလို ဖုံးထားတာကို ဘာမွမေျပာဘဲ ေနခဲ့တယ္လို႔ ေျပာေနတာပါ။

တနလၤာေန႔တုန္းက က်န္းမာေရးညီလာခံမွာ အေမရိကန္ က်န္းမာေရးဝန္ႀကီး အလက္စ္ ေအဇာက WHO ဟာ ကိုဗစ္ - ၁၉ ေရာဂါ ျပန႔္ပြားတာကို လုပ္သင့္တာေတြကို မလုပ္ခဲ့တဲ့အတြက္ "ထိန္းခ်ဳပ္လို႔မရေအာင္ထိ" ျဖစ္ေစခဲ့ကာ "လူေပါင္းမ်ားစြာ အသက္ဆုံးရႈံးခဲ့ရတယ္" လို႔ ေျပာခဲ့ပါတယ္။
လုပ္သင့္တာေတြကို WHO မလုပ္ခဲ့ဘူးလို႔ အေမရိကန္ က်န္းမာေရးဝန္ႀကီးေျပာ
ကမာၻမွာ ကိုဗစ္ - ၁၉ ေရာဂါ ကူးစက္ခံထားရသူ ၄.၈ သန္းရွိေနပါတယ္။ အေမရိကန္မွာေတာ့ ကူးစက္သူ ၁.၅ သန္း ေက်ာ္နဲ႔ ေသဆုံးသူေပါင္း ၉၀,၀၀၀ ေက်ာ္ရွိေနပါတယ္။

ဒါ့ေၾကာင့္ ဒီႏွစ္ ေ႐ြးေကာက္ပြဲကိုဝင္မယ့္ သမၼထရမ့္ဟာ ကို႐ိုနာဗိုင္းရပ္စ္အေရး ကိုင္တြယ္ပုံနဲ႔ ပတ္သက္လို႔ ျပည္တြင္းမွာ ေဝဖန္ခံေနရခ်ိန္မွာ သူ႔အေပၚ အျပစ္ဖို႔ေနတာေတြကို လမ္းလႊဲႏိုင္ေအာင္ အခုလို WHO နဲ႔ တ႐ုတ္ႏိုင္ငံအေပၚ လက္ညႇိဳးထိုးအျပစ္ပုံေနတာလို႔ ေဝဖန္ေထာက္ျပေနသူေတြ ရွိပါတယ္။

ဒါေပမဲ့ ယူေက၊ ဩစေၾတးလ်၊ နယူးဇီလန္တို႔ အပါအဝင္ အျခားႏိုင္ငံေတြနဲ႔အတူ ဥေရာပသမဂၢ အဖြဲ႕ဝင္ႏိုင္ငံေတြကလည္း WHO က ကမာၻ႔ကပ္ကို ဘယ္လို အေရးယူ ေဆာင္႐ြက္ခဲ့သလဲ ဆိုတာကို စုံစမ္းဖို႔ တြန္းအားေပးခဲ့ၾကပါတယ္။

ဥေရာပသမဂၢရဲ႕ ေျပာခြင့္ရပုဂၢိဳလ္ အမ်ိဳးသမီး ဗာဂ်ဲန္း ဘက္တု ဟန္နရစ္ဆန္က ေမးစရာ ေမးခြန္းေတြကအမ်ားႀကီးပဲလို႔ ဆိုပါတယ္။

"ကမာၻ႔ကပ္ ဘယ္လို ျပန႔္ပြားခဲ့လဲ" "ျပန႔္ပြားတာကိုထိန္းခ်ဳပ္တဲ့ ကူးစက္ေရာဂါကာကြယ္ျခင္းဆိုင္ရာ ဗ်ဴဟာေတြက ဘာေတြလဲ" "ဒါမွ ေနာက္ဒါမ်ိဳး ကပ္တခုႀကဳံလာရင္ ေရွာင္ရွားစရာေတြကို သိလာရမွာ၊ အျပစ္တင္ဖို႔ ကစားပြဲလုပ္တာမ်ိဳး မဟုတ္ဘူး" လို႔ ေျပာပါတယ္။

WHO ဘာေျပာလဲ
 WHO အႀကီးအကဲက အဖြဲ႕ရဲ႕ ကမာၻ႔ကပ္ေရာဂါအေရးကို ကိုင္တြယ္ပုံနဲ႔ ပတ္သက္ၿပီး ဆန္းစစ္ဖို႔ကို အရင္ကတည္းက သေဘာတူထား
WHO အႀကီးအကဲ ေဒါက္တာ တက္ဒ႐ို ဆန္ဒါႏြမ္ ဂက္ဘရီရက္ဆုက အဖြဲ႕ရဲ႕ ကမာၻ႔ကပ္ေရာဂါအေရးကို ကိုင္တြယ္ပုံနဲ႔ ပတ္သက္ၿပီး ဆန္းစစ္ဖို႔ကို အရင္ကတည္းက သေဘာတူထားၿပီးသားပါ။

ဒါေပမဲ့ အလုံးစုံႀကီး ေျပာင္းလဲဖို႔ လိုတယ္ဆိုတဲ့အခ်က္ကိုေတာ့ သူက ကန႔္ကြက္ထားပါတယ္။

ေဒါက္တာ တက္ဒ႐ိုက လြတ္လပ္တဲ့ အကဲျဖတ္ခ်က္ေတြကို တတ္ႏိုင္သမွ် အေစာဆုံး အခြင့္အေရးရတဲ့အခ်ိန္မွာ လုပ္ဖို႔လိုတယ္။ ဒီအကဲျဖတ္ခ်က္ေတြကေန သင္ခန္းစာေတြကို ထုတ္ယူၿပီး ေရွ႕မွာ ဘာဆက္လုပ္သင့္တယ္ဆိုတဲ့ အႀကံျပဳခ်က္ေတြအတြက္ အသုံးျပဳရမယ္လို႔ ေျပာပါတယ္။

WHO အဖြဲ႕ဝင္ႏိုင္ငံအခ်င္းခ်င္း စုစည္းအားျဖည့္ၾကဖို႔လည္း သူက တိုက္တြန္းထားပါတယ္။

တ႐ုတ္ သေဘာထား

ဒီဇင္ဘာလကုန္ပိုင္းေလာက္က တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါေတြျဖစ္တာ စေတြ႕ခဲ့ရပါတယ္။ ေဈးတခုမွာ ေရာင္းတဲ့ တိရစာၦန္ေတြကေန လူဆီကို တဆင့္ ကူးစက္လာၿပီး ဗိုင္းရပ္စ္က စပ်ံ႕ႏွံ႔လာတာဆိုတဲ့ သတင္းေတြ အမ်ားႀကီး ထြက္ေပၚလာခဲ့ပါတယ္။

အဲဒီထက္အရင္ သီတင္းပတ္ေတြ အေတာ္ေစာေစာပိုင္းကတည္းက ေရာဂါေတြပ်ံ႕ေနတာျဖစ္ၿပီး တ႐ုတ္က ဒီသတင္းေတြကို ဖုံးဖိထားတာလို႔ အစြပ္စြဲခံေနရပါတယ္။

အေမရိကန္ထိပ္တန္း ႏိုင္ငံေရးသမားတခ်ိဳ႕က ဗိုင္းရပ္စ္ထြက္လာတဲ့အရင္းအျမစ္ အစက ဝူဟန္မွာရွိတဲ့ ဓာတ္ခြဲခန္းတခုကေန ျဖစ္တယ္၊ အဲဒီ ဓာတ္ခြဲခန္းက လင္းႏို႔ေတြကို သုေတသနလုပ္ေနၾကတဲ့ ဓာတ္ခြဲခန္းလို႔ ေျပာေနၾကပါတယ္။

ဒါေပမဲ့ အဲဒီ စြပ္စြဲခ်က္ေတြကို တ႐ုတ္က ျငင္းပယ္ထားသလို အေနာက္ႏိုင္ငံက ကြၽမ္းက်င္ပညာရွင္ေတြကလည္း အဲဒီ အေမရိကန္ေတြ စြပ္စြဲခ်က္အေပၚ သံသယ ရွိၾကပါတယ္။

တ႐ုတ္ သမၼတ ရွီက်င့္ဖ်င္က သူတို႔ႏိုင္ငံဟာ ဗိုင္းရပ္စ္ျပန႔္ပြားမႈအေရးနဲ႔ ပတ္သက္ၿပီး "ပြင့္လင္းမႈရွိရွိ၊ ရွင္းလင္းျမင္သာမႈရွိရွိ" လုပ္ေဆာင္ခဲ့တယ္၊ အခုျဖစ္ေနတဲ့ ကမာၻ႔ကပ္ကို ထိန္းခ်ဳပ္ႏိုင္ခ်ိန္ေရာက္မွသာ စုံစမ္းစစ္ေဆးတာေတြကို လုပ္ေဆာင္သင့္တယ္လို႔ တနလၤာေန႔တုန္းက ကမာၻ႔က်န္းမာေရးညီလာခံကို ေျပာခဲ့ပါတယ္။

BBC Burmese
-----------------------------------------------
(Unicode)⤵⤵⤵
WHO ရဲ့ ကိုရိုနာအရေး ကိုင်တွယ်ပုံကို စစ်ဆေးဖို့ အဖွဲ့ဝင်နိုင်ငံတွေ ဆုံးဖြတ်

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်အရေး တုံ့ပြန်ဆောင်ရွက်ခဲ့တာနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့တခု ဖွဲ့စည်းဖို့ WHO အဖွဲ့ဝင်နိုင်ငံတွေက သဘောတူ ဆုံးဖြတ်လိုက်ပါတယ်။

ဂျီနီဗာမှာ အွန်လိုင်းကနေလုပ်တဲ့ နှစ်ပတ်လည် ကမ္ဘာ့ကျန်းမာရေးညီလာခံမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကိုယ်ပိုင် အခန်းကဏ္ဍကို သူ့အဖွဲ့ဝင်နိုင်ငံတွေက စုံစမ်းစစ်ဆေးဖို့အတွက် ခွင့်ပြုတဲ့ အဲဒီဆုံးဖြတ်ချက်ကို ကန့်ကွက်သူမရှိဘဲ အဖွဲ့ဝင်နိုင်ငံ ၁၉၄ နိုင်ငံစလုံးက အတည်ပြုခဲ့ပါတယ်။

WHO ရဲ့ လုပ်ဆောင်ချက်တွေကို အမေရိကန်က အပြင်းအထန် ဝေဖန်နေတာပါ။

ဒီဆုံးဖြတ်ချက်မူကြမ်းကို ညီလာခံမှာ နိုင်ငံ ၁၀၀ ကို ကိုယ်စားပြုပြီး ဥရောပ သမဂ္ဂက တင်ခဲ့တာပါ။

ဆုံးဖြတ်ချက်ထဲမှာ ဘာတွေပါလဲ

နိုင်ငံတကာတုံ့ပြန်ဆောင်ရွက်မှုတွေကို "ဘက်မလိုက်ဘဲ၊ လွတ်လပ်စွာနဲ့ ပြည်စုံတဲ့ အကဲဖြတ်ချက် လုပ်ဆောင်ဖို့" အဲဒီဆုံးဖြတ်ချက်က တောင်းဆိုထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်နဲ့ ပတ်သက်ပြီး WHO ရဲ့ လုပ်ဆောင်မှု အဖြစ်အပျက်တွေ ဖော်ပြတဲ့ အချိန်ဇယား ကိုလည်း အသေအချာကြည့်ဖို့ ဆုံးဖြတ်ချက်မှာ ပါဝင်ပါတယ်။ WHOဟာ ကမ္ဘာ့ကပ်အဖြစ် အရေးပေါ် ကြေညာတဲ့နေရာမှာ နောက်ကျခဲ့တယ်လို့ ဝေဖန်ခံနေရတာပါ။

ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်မယ့်ဆေးဝါး ဒါမှမဟုတ် ကာကွယ်ဆေးတွေ ထုတ်လုပ်နိုင်ရင် ကမ္ဘာ့နိုင်ငံအသီးသီးအနေနဲ့ "ရှင်းလင်းမြင်သာမှုရှိရှိ၊ မျှမျှတတနဲ့ ရနိုင်တဲ့အချိန်မှာ အားလုံးတပြေးညီ" ရရှိခံစားခွင့်ရဖို့ အတွက်လည်း အဲဒီဆုံးဖြတ်ချက်က တောင်းဆိုထားပါတယ်။

WHO ဘာလို့ဖိအားတွေအောက်ရောက်နေတာလဲ

သမ္မတထရမ့်က WHO ကို တရုတ်ရဲ့ ရုပ်သေးရုပ်လို့ သမုတ်ထားပြီး သူတို့ထည့်တဲ့ ရန်ပုံငွေတွေ ရပ်ပစ်မယ်လို့ ပြောထားပါတယ်။ အမေရိကန်နိုင်ငံဟာ WHO ကို ရန်ပုံငွေအများဆုံး ထည့်ဝင်တဲ့နိုင်ငံပါ။

သူက ဗိုင်းရပ်စ်စတင်ပျံ့နှံ့စဉ်က သတင်းတွေကို တရုတ်က ဖုံးထားခဲ့တယ်လို့ စွပ်စွဲပြီး ဒါကို တရုတ်က အမြဲငြင်းပါတယ်။ ဒါ့အပြင် WHOဟာ တရုတ်က အဲဒီလို ဖုံးထားတာကို ဘာမှမပြောဘဲ နေခဲ့တယ်လို့ ပြောနေတာပါ။

တနင်္လာနေ့တုန်းက ကျန်းမာရေးညီလာခံမှာ အမေရိကန် ကျန်းမာရေးဝန်ကြီး အလက်စ် အေဇာက WHO ဟာ ကိုဗစ် - ၁၉ ရောဂါ ပြန့်ပွားတာကို လုပ်သင့်တာတွေကို မလုပ်ခဲ့တဲ့အတွက် "ထိန်းချုပ်လို့မရအောင်ထိ" ဖြစ်စေခဲ့ကာ "လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရတယ်" လို့ ပြောခဲ့ပါတယ်။

ကမ္ဘာမှာ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံထားရသူ ၄.၈ သန်းရှိနေပါတယ်။ အမေရိကန်မှာတော့ ကူးစက်သူ ၁.၅ သန်း ကျော်နဲ့ သေဆုံးသူပေါင်း ၉၀,၀၀၀ ကျော်ရှိနေပါတယ်။

ဒါ့ကြောင့် ဒီနှစ် ရွေးကောက်ပွဲကိုဝင်မယ့် သမ္မထရမ့်ဟာ ကိုရိုနာဗိုင်းရပ်စ်အရေး ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ ပြည်တွင်းမှာ ဝေဖန်ခံနေရချိန်မှာ သူ့အပေါ် အပြစ်ဖို့နေတာတွေကို လမ်းလွှဲနိုင်အောင် အခုလို WHO နဲ့ တရုတ်နိုင်ငံအပေါ် လက်ညှိုးထိုးအပြစ်ပုံနေတာလို့ ဝေဖန်ထောက်ပြနေသူတွေ ရှိပါတယ်။

ဒါပေမဲ့ ယူကေ၊ ဩစတြေးလျ၊ နယူးဇီလန်တို့ အပါအဝင် အခြားနိုင်ငံတွေနဲ့အတူ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကလည်း WHO က ကမ္ဘာ့ကပ်ကို ဘယ်လို အရေးယူ ဆောင်ရွက်ခဲ့သလဲ ဆိုတာကို စုံစမ်းဖို့ တွန်းအားပေးခဲ့ကြပါတယ်။

ဥရောပသမဂ္ဂရဲ့ ပြောခွင့်ရပုဂ္ဂိုလ် အမျိုးသမီး ဗာဂျဲန်း ဘက်တု ဟန်နရစ်ဆန်က မေးစရာ မေးခွန်းတွေကအများကြီးပဲလို့ ဆိုပါတယ်။

"ကမ္ဘာ့ကပ် ဘယ်လို ပြန့်ပွားခဲ့လဲ" "ပြန့်ပွားတာကိုထိန်းချုပ်တဲ့ ကူးစက်ရောဂါကာကွယ်ခြင်းဆိုင်ရာ ဗျူဟာတွေက ဘာတွေလဲ" "ဒါမှ နောက်ဒါမျိုး ကပ်တခုကြုံလာရင် ရှောင်ရှားစရာတွေကို သိလာရမှာ၊ အပြစ်တင်ဖို့ ကစားပွဲလုပ်တာမျိုး မဟုတ်ဘူး" လို့ ပြောပါတယ်။

WHO ဘာပြောလဲ

WHO အကြီးအကဲ ဒေါက်တာ တက်ဒရို ဆန်ဒါနွမ် ဂက်ဘရီရက်ဆုက အဖွဲ့ရဲ့ ကမ္ဘာ့ကပ်ရောဂါအရေးကို ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ဆန်းစစ်ဖို့ကို အရင်ကတည်းက သဘောတူထားပြီးသားပါ။

ဒါပေမဲ့ အလုံးစုံကြီး ပြောင်းလဲဖို့ လိုတယ်ဆိုတဲ့အချက်ကိုတော့ သူက ကန့်ကွက်ထားပါတယ်။

ဒေါက်တာ တက်ဒရိုက လွတ်လပ်တဲ့ အကဲဖြတ်ချက်တွေကို တတ်နိုင်သမျှ အစောဆုံး အခွင့်အရေးရတဲ့အချိန်မှာ လုပ်ဖို့လိုတယ်။ ဒီအကဲဖြတ်ချက်တွေကနေ သင်ခန်းစာတွေကို ထုတ်ယူပြီး ရှေ့မှာ ဘာဆက်လုပ်သင့်တယ်ဆိုတဲ့ အကြံပြုချက်တွေအတွက် အသုံးပြုရမယ်လို့ ပြောပါတယ်။

WHO အဖွဲ့ဝင်နိုင်ငံအချင်းချင်း စုစည်းအားဖြည့်ကြဖို့လည်း သူက တိုက်တွန်းထားပါတယ်။

တရုတ် သဘောထား

ဒီဇင်ဘာလကုန်ပိုင်းလောက်က တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါတွေဖြစ်တာ စတွေ့ခဲ့ရပါတယ်။ ဈေးတခုမှာ ရောင်းတဲ့ တိရစ္ဆာန်တွေကနေ လူဆီကို တဆင့် ကူးစက်လာပြီး ဗိုင်းရပ်စ်က စပျံ့နှံ့လာတာဆိုတဲ့ သတင်းတွေ အများကြီး ထွက်ပေါ်လာခဲ့ပါတယ်။

အဲဒီထက်အရင် သီတင်းပတ်တွေ အတော်စောစောပိုင်းကတည်းက ရောဂါတွေပျံ့နေတာဖြစ်ပြီး တရုတ်က ဒီသတင်းတွေကို ဖုံးဖိထားတာလို့ အစွပ်စွဲခံနေရပါတယ်။

အမေရိကန်ထိပ်တန်း နိုင်ငံရေးသမားတချို့က ဗိုင်းရပ်စ်ထွက်လာတဲ့အရင်းအမြစ် အစက ဝူဟန်မှာရှိတဲ့ ဓာတ်ခွဲခန်းတခုကနေ ဖြစ်တယ်၊ အဲဒီ ဓာတ်ခွဲခန်းက လင်းနို့တွေကို သုတေသနလုပ်နေကြတဲ့ ဓာတ်ခွဲခန်းလို့ ပြောနေကြပါတယ်။

ဒါပေမဲ့ အဲဒီ စွပ်စွဲချက်တွေကို တရုတ်က ငြင်းပယ်ထားသလို အနောက်နိုင်ငံက ကျွမ်းကျင်ပညာရှင်တွေကလည်း အဲဒီ အမေရိကန်တွေ စွပ်စွဲချက်အပေါ် သံသယ ရှိကြပါတယ်။

တရုတ် သမ္မတ ရှီကျင့်ဖျင်က သူတို့နိုင်ငံဟာ ဗိုင်းရပ်စ်ပြန့်ပွားမှုအရေးနဲ့ ပတ်သက်ပြီး "ပွင့်လင်းမှုရှိရှိ၊ ရှင်းလင်းမြင်သာမှုရှိရှိ" လုပ်ဆောင်ခဲ့တယ်၊ အခုဖြစ်နေတဲ့ ကမ္ဘာ့ကပ်ကို ထိန်းချုပ်နိုင်ချိန်ရောက်မှသာ စုံစမ်းစစ်ဆေးတာတွေကို လုပ်ဆောင်သင့်တယ်လို့ တနင်္လာနေ့တုန်းက ကမ္ဘာ့ကျန်းမာရေးညီလာခံကို ပြောခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52723395
WHO ရဲ႕ ကို႐ိုနာအေရး ကိုင္တြယ္ပုံကို စစ္ေဆးဖို႔ အဖြဲ႕ဝင္ႏိုင္ငံေတြ ဆုံးျဖတ္ WHO ရဲ႕ ကို႐ိုနာအေရး ကိုင္တြယ္ပုံကို စစ္ေဆးဖို႔ အဖြဲ႕ဝင္ႏိုင္ငံေတြ ဆုံးျဖတ္ Reviewed by THITHTOOLWIN on 07:02 Rating: 5
Powered by Blogger.