ရုရွားမွာ Covid-19 ကူးစက္သူ အလ်င္အျမန္ တုိးမ်ားေန

ကိုရုိနာဗို္င္းရပ္စ္ ကာလအတြင္းကင္းလွည့္ေနေသာ ရုရွားရဲမ်ား။
Zawgyi/Unicode

ရုရွားႏိုင္ငံဟာ ၾကာသပေတးေန႔မွ ျပင္သစ္နဲ႔ ဂ်ာမဏီႏိုင္ငံေတြထက္ ကိုရိုနာဗိုင္းရပ္စ္ေရာဂါပိုး အကူးစက္ခံရသူ အေရအတြက္ ပိုမ်ားသြားတဲ့ အတြက္ အခုဆို ကမာၻမွာ ဒီေရာဂါပိုးအကူးစက္ခံရသူ ပဥ̔ၥမေျမာက္ အမ်ားဆံုးႏိုင္ငံျဖစ္လာပါၿပီ။

ေမာ္စကိုၿမိဳ႕ေတာ္ဝန္ကလည္း အစိုးရစာရင္းဇယားထက္ တကယ္တမ္း အကူးစက္ခံရသူ အေရအတြက္ဟာ သိပ္ကိုမ်ားေနေၾကာင္း ေျပာပါတယ္။

အစိုးရထုတ္ျပန္တဲ့ စာရင္းမွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း အကူးစက္ခံရသူ (၁၁ ၂၃၁) ျဖစ္လာတာေၾကာင့္ အခုခ်ိန္ထိ ဒီေရာဂါ အကူးစက္ခံရသူ (၁၇၇ ၁၆၀) ျဖစ္သြားေၾကာင္း ေဖၚျပထားတာေၾကာင့္ ဒါဟာ ဂ်ာမဏီ တို႔ ျပင္သစ္တို႔ထက္ ပိုမ်ားေနတာ ျဖစ္ပါတယ္။

ဒီေရာဂါျဖစ္ပြါးရာ ဗဟိုဌာနဟာ ေမာ္စကိုၿမိဳ႕ေတာ္မွာ ျဖစ္ၿပီး ညတြင္းခ်င္းမွာပဲ ေနာက္ထပ္ အကူးစက္ခံရသူ (၆၇၀၃) ျဖစ္လာတာေၾကာင့္ အခုဆို၉ ေသာင္းေက်ာ္ (၉ ၂ ၆၇၆) ရွိေနၿပီလို႔ အစိုးရက ထုတ္ျပန္ပါတယ္။ ဒါေပမယ့္ ေမာ္စကိုၿမိဳ႕ေတာ္ဝန္ကေတာ့ အစိုးရထုတ္ျပန္တာထက္ ၃ ဆ ေက်ာ္ ပိုမ်ားၿပီး ၃ သိန္းေလာက္ ရွိႏိုင္တယ္လို႔ ခန္႔မွန္းပါတယ္။

ဒါ့အျပင္ အခုအခ်ိန္ဟာ အားကစားရံုေတြ၊ စားေသာက္ဆိုင္ေတြနဲ႔ ရုပ္ရွင္ရံုေတြ ျပန္ဖြင့္ဖို႔ သိပ္ေစာေနေသးေၾကာင္းနဲ႔. ၿမိဳ႕ေတာ္ေမာ္စကုိအတြက္ ေနအိမ္ေတြမွာပဲ သီးျခားေနၾကဖို႔ ကန္႔သတ္ခ်က္ကို ေမလ ၃၁ ရက္ေန႔ အထိ သက္တမ္း ဆက္တိုးမွာ ျဖစ္ေၾကာင္း လည္း ၿမိဳ႕ေတာ္ဝန္က ေျပာပါတယ္။

ေမာ္စကုိၿမိဳ႕ေတာ္နဲ႔ ရုရွားက တျခားေဒသေတြမွာ အသြားအလာ ကန္႔သတ္ထားတာ သီတင္း ၆ ပတ္ရွိေနပါၿပီ။

ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------------
[Unicode]

ရုရှားနိုင်ငံဟာ ကြာသပတေးနေ့မှ ပြင်သစ်နဲ့ ဂျာမဏီနိုင်ငံတွေထက် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး အကူးစက်ခံရသူ အရေအတွက် ပိုများသွားတဲ့ အတွက် အခုဆို ကမ္ဘာမှာ ဒီရောဂါပိုးအကူးစက်ခံရသူ ပဥ္̔စမမြောက် အများဆုံးနိုင်ငံဖြစ်လာပါပြီ။

မော်စကိုမြို့တော်ဝန်ကလည်း အစိုးရစာရင်းဇယားထက် တကယ်တမ်း အကူးစက်ခံရသူ အရေအတွက်ဟာ သိပ်ကိုများနေကြောင်း ပြောပါတယ်။

အစိုးရထုတ်ပြန်တဲ့ စာရင်းမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အကူးစက်ခံရသူ (၁၁ ၂၃၁) ဖြစ်လာတာကြောင့်အခုချိန်ထိ ဒီရောဂါ အကူးစက်ခံရသူ (၁၇၇ ၁၆၀) ဖြစ်သွားကြောင်း ဖေါ်ပြထားတာကြောင့် ဒါဟာ ဂျာမဏီ တို့ ပြင်သစ်တို့ထက် ပိုများနေတာ ဖြစ်ပါတယ်။

ဒီရောဂါဖြစ်ပွါးရာ ဗဟိုဌာနဟာ မော်စကိုမြို့တော်မှာ ဖြစ်ပြီး ညတွင်းချင်းမှာပဲ နောက်ထပ် အကူးစက်ခံရသူ (၆၇၀၃) ဖြစ်လာတာကြောင့် အခုဆို ၉ သောင်းကျော် (၉ ၂ ၆၇၆) ရှိနေပြီလို့ အစိုးရက ထုတ်ပြန်ပါတယ်။ ဒါပေမယ့် မော်စကိုမြို့တော်ဝန်ကတော့ အစိုးရထုတ်ပြန်တာထက် ၃ ဆ ကျော် ပိုများပြီး ၃ သိန်းလောက် ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။

ဒါ့အပြင် အခုအချိန်ဟာ အားကစားရုံတွေ၊ စားသောက်ဆိုင်တွေနဲ့ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ဖို့ သိပ်စောနေသေးကြောင်းနဲ့. မြို့တော်မော်စကိုအတွက် နေအိမ်တွေမှာပဲ သီးခြားနေကြဖို့ ကန့်သတ်ချက်ကို မေလ ၃၁ ရက်နေ့ အထိ သက်တမ်း ဆက်တိုးမှာ ဖြစ်ကြောင်း လည်း မြို့တော်ဝန်က ပြောပါတယ်။

မော်စကိုမြို့တော်နဲ့ ရုရှားက တခြားဒေသတွေမှာ အသွားအလာ ကန့်သတ်ထားတာ သီတင်း ၆ ပတ်ရှိနေပါပြီ။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-19-spread-out-quickly-in-russia/5411141.html
ရုရွားမွာ Covid-19 ကူးစက္သူ အလ်င္အျမန္ တုိးမ်ားေန ရုရွားမွာ Covid-19 ကူးစက္သူ အလ်င္အျမန္ တုိးမ်ားေန Reviewed by THITHTOOLWIN on 20:53 Rating: 5
Powered by Blogger.