ဗင္နီဇြဲလား မွာ အာဏာသိမ္းဖို႔ ႀကိဳးပမ္းမႈ အေမရိကန္ႏိုင္ငံသား ၂ ေယာက္ပါဝင္ေၾကာင္း ဝန္ခံ

အေမရိကန္ႏိုင္ငံသား ၂ ေယာက္ရဲ႕ ေျဖာင့္ခ်က္ကို ဗင္နီဇြဲလား အစိုးရ ႐ုပ္ျမင္သံၾကားကထုတ္လႊင့္
(Zawgyi)⤵⤵⤵
ဗင္နီဇြဲလား သမၼတ နီကိုလတ္စ္မဒူ႐ိုကို ျဖဳတ္ခ်ၿပီး အေမရိကန္ႏိုင္ငံဆီ ဖမ္းဆီးေခၚေဆာင္သြားဖို႔ ႀကံစည္ခဲ့ေၾကာင္း အေမရိကန္ႏိုင္ငံသား တေယာက္က ဖြင့္ဟဝန္ခံထားတဲ့ ဗီဒီယိုကို ဗင္နီဇြဲလား အစိုးရ ႐ုပ္ျမင္သံၾကားက ထုတ္လႊင့္ျပသခဲ့ပါတယ္။

အခုဖြင့္ဟဝန္ခံတဲ့ လုက္ဒန္မန္ဟာ ၿပီးခဲ့တဲ့ စေန၊ တနဂၤေႏြရက္ေတြအတြင္း ဗင္နီဇြဲလားအစိုးရက ဖမ္းဆီးထားတဲ့ လူ ၁၃ ေယာက္ထဲက တေယာက္ ျဖစ္ပါတယ္။

သူတို႔ကို ဗင္နီဇြဲလားအစိုးရက ျပည္ပႏိုင္ငံတခုကို က်ဴးေက်ာ္ဖို႔ ငွားရမ္းေစလႊတ္လိုက္တဲ့ ေၾကးစားစစ္သားေတြလို႔ ေခၚေဝၚသုံးႏႈန္းပါတယ္။

သမၼတထရမ့္ဟာ ဗင္နီဇြဲလားကို က်ဴးေက်ာ္ၿပီး သူ႔ကို ျဖဳတ္ခ်ဖို႔ ႀကိဳးစားေနတယ္လို႔ မစၥတာမဒူ႐ိုက မၾကာခဏ ေျပာေလ့ရွိပါတယ္။

အခုျဖစ္စဥ္ဟာ အေမရိကန္အစိုးရနဲ႔ မပတ္သက္ဘူးလို႔ သမၼတထရမ့္ကေတာ့ ဒီသီတင္းပတ္ ေစာေစာပိုင္းက ျငင္းဆိုသြားပါတယ္။

အဖမ္းခံရတဲ့ အေမရိကန္ႏိုင္ငံသားေတြ ျပန္လြတ္လာဖို႔ ရွိသမွ် နည္းလမ္းမွန္သမွ်ကို အသုံးျပဳသြားမယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ပြန္ေပယိုက ဆိုပါတယ္။

ဗင္နီဇြဲလားအစိုးရ ႐ုပ္သံေၾကညာခ်က္မွာ အသက္ ၃၄ ႏွစ္အ႐ြယ္ရွိ မစၥတာဒန္မန္က ကိုလံဘီယာႏိုင္ငံတြင္းမွာရွိတဲ့ ဗင္နီဇြဲလားႏိုင္ငံသားေတြကို သင္တန္းေပးဖို႔ သူ႔ကို ငွားရမ္းခဲ့တာမွန္ကန္ေၾကာင္း ဗုဒၶဟူးေန႔က ဗင္နီဇြဲလား႐ုပ္ျမင္သံၾကားက ထုတ္လႊင့္ျပသတဲ့ ဗြီဒီယိုထဲမွာ ရွင္းလင္းေျပာဆိုသြားပါတယ္။

အဲဒီေနာက္ ဗင္နီဇြဲလားၿမိဳ႕ေတာ္ ကာရာကတ္စ္ကိုသြားၿပီး ေလဆိပ္တခုကို ထိန္းခ်ဳပ္ဖို႔ မစၥတာမဒူ႐ိုကို ဖမ္းဆီးၿပီး ျပည္ပေခၚေဆာင္သြားဖို႔ အစီအစဥ္ရွိေၾကာင္း ေျပာဆိုပါတယ္။

မစၥတာဒန္မန္ဟာ အထူးစစ္ဆင္ေရးတပ္ဖြဲ႕ရဲ႕ အဖြဲ႕ဝင္ေဟာင္းတေယာက္ျဖစ္ၿပီး သူက “ဗင္နီဇြဲလားႏိုင္ငံသားေတြ တိုင္းျပည္ကို ျပန္ခ်ဳပ္ကိုင္ႏိုင္ေအာင္ ကူညီေနတာ”လို႔ ဗြီဒီယိုထဲမွာ ထုတ္ေဖာ္ေျပာဆိုပါတယ္။

အေမရိကန္ စစ္ျပန္တေယာက္ျဖစ္ၿပီး Silvercorp USA လို႔နာမည္ေပးထားတဲ့ ဖေလာ္ရီဒါ အေျခစိုက္လုံၿခဳံေရးကုမၸဏီတခုကို ဦးေဆာင္သူ မစၥတာဒန္မန္က သူနဲ႔ အသက္ ၄၁ ႏွစ္အ႐ြယ္ရွိ အီရန္ဘယ္ရီတို႔ကို ဒီစစ္ဆင္ေရးအတြက္ ငွားရမ္းခဲ့တာလို႔ မစၥတာဒန္မန္က ဆိုပါတယ္။

ဒီစစ္ဆင္ေရးမွာ ပါဝင္ပတ္သက္တာ မွန္ကန္ေၾကာင္း ဝန္ခံခဲ့တဲ့ မစၥတာဂူဒ႐ိုကို ဗင္နီဇြဲလားႏိုင္ငံလက္ လႊဲအပ္ေပးဖို႔ ေတာင္းဆိုသြားမယ္လို႔ ဗင္နီဇြဲလားအစိုးရက ဆိုပါတယ္။

Silvercorp ကုမၸဏီဟာ အတိုက္အခံေခါင္းေဆာင္ ဟြမ္ဂြိဳင္ဒိုနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုထားတယ္လို႔ မစၥတာမဒူ႐ိုက ဆိုပါတယ္။ အတိုက္အခံေခါင္းေဆာင္ ဟြမ္ဂြိဳင္ဒိုဟာ ဗင္နီဇြဲလားရဲ႕ တရားဝင္ေခါင္းေဆာင္လို႔ အေမရိကန္နဲ႔ ဥေရာပႏိုင္ငံအမ်ားအျပားက လက္ခံထားသူ ျဖစ္ပါတယ္။

ဒီက်ဴးေက်ာ္မႈရဲ႕ တိုက္႐ိုက္ေခါင္းေဆာင္ဟာ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ပဲလို႔ မစၥတာမဒူ႐ိုက သတင္းစာရွင္းလင္းပြဲတခုမွာ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

မစၥတာဒန္မန္ရဲ႕ ဖြင့္ဟဝန္ခံခ်က္ ဗြီဒီယိုကို ႐ုပ္ျမင္သံၾကားက ထုတ္လႊင့္အၿပီး ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အေမရိကန္ႏိုင္ငံသားေတြဟာ တရားမွ်တတဲ့တရားစီရင္မႈကို ရရွိေစမယ္လို႔ သမၼတမဒူ႐ိုက ဆိုပါတယ္။

သူတို႔ကို အခုဘယ္မွာဖမ္းဆီးထားတယ္ဆိုတာကိုေတာ့ သူက ထုတ္ေဖာ္မေျပာဆိုပါဘူး။ သူတို႔ဟာ ေရွ႕ေနငွားရမ္းေတြ႕ဆုံခြင့္ ရမရလည္း ရွင္းရွင္းလင္းလင္း မသိရပါဘူး။

အဖမ္းဆီးခံအေမရိကန္ေတြက ဘယ္သူေတြလဲ

သူတို႔အေၾကာင္းကို မ်ားမ်ားစားစား မသိရေသးပါဘူး။
ဗင္နီဇြဲလားသမၼတ နီကိုလတ္စ္မဒူ႐ို
ဗင္နီဇြဲလား စစ္ဘက္ေခါင္းေဆာင္ေတြကေတာ့ မစၥတာဒန္မန္နဲ႔ မစၥတာဘယ္ရီတို႔ဟာ အေမရိကန္လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြလို႔ ဆိုေနပါတယ္။ အေမရိကန္မီဒီယာေတြကေတာ့ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေဟာင္းေတြလို႔ဆိုေပမယ့္ ဒါကိုလည္း ခိုင္ခိုင္မာမာ အတည္မျပဳႏိုင္ပါဘူး။

သူတို႔ ၂ ေယာက္အျပင္ ေနာက္ထပ္ ၁၁ ေယာက္ကိုလည္း ဖမ္းထားတယ္လို႔ ဗင္နီဇြဲလားအစိုးရကေျပာဆိုၿပီး တျခားလက္နက္ကိုင္လူ ၈ ေယာက္ကေတာ့ အာဏာသိမ္းဖို႔ႀကိဳးစားစဥ္ အသတ္ခံခဲ့ရတယ္လို႔ ဆိုပါတယ္။

မစၥတာဂြိဳင္ဒိုဘာေျပာသလဲ

မစၥတာဂူဒ႐ိုက ဗင္နီဇြဲလားအတိုက္အခံေခါင္းေဆာင္ မစၥတာဂြိဳင္ဒိုနဲ႔ အရင္က ပူးေပါင္းပတ္သက္မႈေတြ ရွိခဲ့ေၾကာင္း အႀကိမ္ႀကိမ္ ေျပာဆိုပါတယ္။

မစၥတာဂြိဳင္ဒိုကေတာ့ လုံးဝမပတ္သက္ပါဘူးလို႔ တနလၤာေန႔က ျငင္းဆိုပါတယ္။

အေမရိကန္စစ္ျပန္ဂူဒ႐ိုနဲ႔ သူနဲ႔ ဘယ္လိုမွ အဆက္အစပ္မရွိသလို သူလုပ္ေဆာင္တဲ့ ဘယ္လိုလုပ္ရပ္အတြက္မွ သူ႔မွာ တာဝန္မရွိပါဘူးလို႔ မစၥတာဂြိဳင္ဒိုကေၾကညာခ်က္တရပ္မွာ ထုတ္ျပန္ေျပာဆိုပါတယ္။

သမၼတမဒူ႐ိုဟာ ေသာၾကာေန႔က လူေသဆုံးတဲ့အထိျဖစ္ခဲ့တဲ့ ေထာင္ဆူပူမႈ၊ စေနညက ကာရာကတ္စ္မွာ ျဖစ္တဲ့ တိုက္ခိုက္မႈေတြနဲ႔ အမ်ားျပည္သူကို အျမင္ရႈပ္ေထြးေအာင္လုပ္ေနတယ္လို႔ မစၥတာဂြိဳင္ဒိုက စြပ္စြဲေျပာဆိုပါတယ္။

BBC Burmese
----------------------------
(Unicode)⤵⤵⤵
ဗင်နီဇွဲလား မှာ အာဏာသိမ်းဖို့ ကြိုးပမ်းမှု အမေရိကန်နိုင်ငံသား ၂ ယောက်ပါဝင်ကြောင်း ဝန်ခံ

ဗင်နီဇွဲလား သမ္မတ နီကိုလတ်စ်မဒူရိုကို ဖြုတ်ချပြီး အမေရိကန်နိုင်ငံဆီ ဖမ်းဆီးခေါ်ဆောင်သွားဖို့ ကြံစည်ခဲ့ကြောင်း အမေရိကန်နိုင်ငံသား တယောက်က ဖွင့်ဟဝန်ခံထားတဲ့ ဗီဒီယိုကို ဗင်နီဇွဲလား အစိုးရ ရုပ်မြင်သံကြားက ထုတ်လွှင့်ပြသခဲ့ပါတယ်။

အခုဖွင့်ဟဝန်ခံတဲ့ လုက်ဒန်မန်ဟာ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေရက်တွေအတွင်း ဗင်နီဇွဲလားအစိုးရက ဖမ်းဆီးထားတဲ့ လူ ၁၃ ယောက်ထဲက တယောက် ဖြစ်ပါတယ်။

သူတို့ကို ဗင်နီဇွဲလားအစိုးရက ပြည်ပနိုင်ငံတခုကို ကျူးကျော်ဖို့ ငှားရမ်းစေလွှတ်လိုက်တဲ့ ကြေးစားစစ်သားတွေလို့ ခေါ်ဝေါ်သုံးနှုန်းပါတယ်။

သမ္မတထရမ့်ဟာ ဗင်နီဇွဲလားကို ကျူးကျော်ပြီး သူ့ကို ဖြုတ်ချဖို့ ကြိုးစားနေတယ်လို့ မစ္စတာမဒူရိုက မကြာခဏ ပြောလေ့ရှိပါတယ်။

အခုဖြစ်စဉ်ဟာ အမေရိကန်အစိုးရနဲ့ မပတ်သက်ဘူးလို့ သမ္မတထရမ့်ကတော့ ဒီသီတင်းပတ် စောစောပိုင်းက ငြင်းဆိုသွားပါတယ်။

အဖမ်းခံရတဲ့ အမေရိကန်နိုင်ငံသားတွေ ပြန်လွတ်လာဖို့ ရှိသမျှ နည်းလမ်းမှန်သမျှကို အသုံးပြုသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုက ဆိုပါတယ်။

ဗင်နီဇွဲလားအစိုးရ ရုပ်သံကြေညာချက်မှာ အသက် ၃၄ နှစ်အရွယ်ရှိ မစ္စတာဒန်မန်က ကိုလံဘီယာနိုင်ငံတွင်းမှာရှိတဲ့ ဗင်နီဇွဲလားနိုင်ငံသားတွေကို သင်တန်းပေးဖို့ သူ့ကို ငှားရမ်းခဲ့တာမှန်ကန်ကြောင်း ဗုဒ္ဓဟူးနေ့က ဗင်နီဇွဲလားရုပ်မြင်သံကြားက ထုတ်လွှင့်ပြသတဲ့ ဗွီဒီယိုထဲမှာ ရှင်းလင်းပြောဆိုသွားပါတယ်။

အဲဒီနောက် ဗင်နီဇွဲလားမြို့တော် ကာရာကတ်စ်ကိုသွားပြီး လေဆိပ်တခုကို ထိန်းချုပ်ဖို့ မစ္စတာမဒူရိုကို ဖမ်းဆီးပြီး ပြည်ပခေါ်ဆောင်သွားဖို့ အစီအစဉ်ရှိကြောင်း ပြောဆိုပါတယ်။

မစ္စတာဒန်မန်ဟာ အထူးစစ်ဆင်ရေးတပ်ဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်းတယောက်ဖြစ်ပြီး သူက “ဗင်နီဇွဲလားနိုင်ငံသားတွေ တိုင်းပြည်ကို ပြန်ချုပ်ကိုင်နိုင်အောင် ကူညီနေတာ”လို့ ဗွီဒီယိုထဲမှာ ထုတ်ဖော်ပြောဆိုပါတယ်။

အမေရိကန် စစ်ပြန်တယောက်ဖြစ်ပြီး Silvercorp USA လို့နာမည်ပေးထားတဲ့ ဖလော်ရီဒါ အခြေစိုက်လုံခြုံရေးကုမ္ပဏီတခုကို ဦးဆောင်သူ မစ္စတာဒန်မန်က သူနဲ့ အသက် ၄၁ နှစ်အရွယ်ရှိ အီရန်ဘယ်ရီတို့ကို ဒီစစ်ဆင်ရေးအတွက် ငှားရမ်းခဲ့တာလို့ မစ္စတာဒန်မန်က ဆိုပါတယ်။

ဒီစစ်ဆင်ရေးမှာ ပါဝင်ပတ်သက်တာ မှန်ကန်ကြောင်း ဝန်ခံခဲ့တဲ့ မစ္စတာဂူဒရိုကို ဗင်နီဇွဲလားနိုင်ငံလက် လွှဲအပ်ပေးဖို့ တောင်းဆိုသွားမယ်လို့ ဗင်နီဇွဲလားအစိုးရက ဆိုပါတယ်။

Silvercorp ကုမ္ပဏီဟာ အတိုက်အခံခေါင်းဆောင် ဟွမ်ဂွိုင်ဒိုနဲ့ စာချုပ်ချုပ်ဆိုထားတယ်လို့ မစ္စတာမဒူရိုက ဆိုပါတယ်။ အတိုက်အခံခေါင်းဆောင် ဟွမ်ဂွိုင်ဒိုဟာ ဗင်နီဇွဲလားရဲ့ တရားဝင်ခေါင်းဆောင်လို့ အမေရိကန်နဲ့ ဥရောပနိုင်ငံအများအပြားက လက်ခံထားသူ ဖြစ်ပါတယ်။

ဒီကျူးကျော်မှုရဲ့ တိုက်ရိုက်ခေါင်းဆောင်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပဲလို့ မစ္စတာမဒူရိုက သတင်းစာရှင်းလင်းပွဲတခုမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

မစ္စတာဒန်မန်ရဲ့ ဖွင့်ဟဝန်ခံချက် ဗွီဒီယိုကို ရုပ်မြင်သံကြားက ထုတ်လွှင့်အပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံသားတွေဟာ တရားမျှတတဲ့တရားစီရင်မှုကို ရရှိစေမယ်လို့ သမ္မတမဒူရိုက ဆိုပါတယ်။

သူတို့ကို အခုဘယ်မှာဖမ်းဆီးထားတယ်ဆိုတာကိုတော့ သူက ထုတ်ဖော်မပြောဆိုပါဘူး။ သူတို့ဟာ ရှေ့နေငှားရမ်းတွေ့ဆုံခွင့် ရမရလည်း ရှင်းရှင်းလင်းလင်း မသိရပါဘူး။

အဖမ်းဆီးခံအမေရိကန်တွေက ဘယ်သူတွေလဲ

သူတို့အကြောင်းကို များများစားစား မသိရသေးပါဘူး။

ဗင်နီဇွဲလား စစ်ဘက်ခေါင်းဆောင်တွေကတော့ မစ္စတာဒန်မန်နဲ့ မစ္စတာဘယ်ရီတို့ဟာ အမေရိကန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေလို့ ဆိုနေပါတယ်။ အမေရိကန်မီဒီယာတွေကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်ဟောင်းတွေလို့ဆိုပေမယ့် ဒါကိုလည်း ခိုင်ခိုင်မာမာ အတည်မပြုနိုင်ပါဘူး။

သူတို့ ၂ ယောက်အပြင် နောက်ထပ် ၁၁ ယောက်ကိုလည်း ဖမ်းထားတယ်လို့ ဗင်နီဇွဲလားအစိုးရကပြောဆိုပြီး တခြားလက်နက်ကိုင်လူ ၈ ယောက်ကတော့ အာဏာသိမ်းဖို့ကြိုးစားစဉ် အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

မစ္စတာဂွိုင်ဒိုဘာပြောသလဲ

မစ္စတာဂူဒရိုက ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မစ္စတာဂွိုင်ဒိုနဲ့ အရင်က ပူးပေါင်းပတ်သက်မှုတွေ ရှိခဲ့ကြောင်း အကြိမ်ကြိမ် ပြောဆိုပါတယ်။

မစ္စတာဂွိုင်ဒိုကတော့ လုံးဝမပတ်သက်ပါဘူးလို့ တနင်္လာနေ့က ငြင်းဆိုပါတယ်။

အမေရိကန်စစ်ပြန်ဂူဒရိုနဲ့ သူနဲ့ ဘယ်လိုမှ အဆက်အစပ်မရှိသလို သူလုပ်ဆောင်တဲ့ ဘယ်လိုလုပ်ရပ်အတွက်မှ သူ့မှာ တာဝန်မရှိပါဘူးလို့ မစ္စတာဂွိုင်ဒိုကကြေညာချက်တရပ်မှာ ထုတ်ပြန်ပြောဆိုပါတယ်။

သမ္မတမဒူရိုဟာ သောကြာနေ့က လူသေဆုံးတဲ့အထိဖြစ်ခဲ့တဲ့ ထောင်ဆူပူမှု၊ စနေညက ကာရာကတ်စ်မှာ ဖြစ်တဲ့ တိုက်ခိုက်မှုတွေနဲ့ အများပြည်သူကို အမြင်ရှုပ်ထွေးအောင်လုပ်နေတယ်လို့ မစ္စတာဂွိုင်ဒိုက စွပ်စွဲပြောဆိုပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52581184
ဗင္နီဇြဲလား မွာ အာဏာသိမ္းဖို႔ ႀကိဳးပမ္းမႈ အေမရိကန္ႏိုင္ငံသား ၂ ေယာက္ပါဝင္ေၾကာင္း ဝန္ခံ ဗင္နီဇြဲလား မွာ အာဏာသိမ္းဖို႔ ႀကိဳးပမ္းမႈ အေမရိကန္ႏိုင္ငံသား ၂ ေယာက္ပါဝင္ေၾကာင္း ဝန္ခံ Reviewed by THITHTOOLWIN on 20:59 Rating: 5
Powered by Blogger.