တ႐ုတ္ကုမၸဏီ ၆၆ ရဲ႕ ႏွာေခါင္းစည္းေတြ အရည္အေသြးမမီဘူးဆိုၿပီး အေမရိကန္ပိတ္ပင္

ထုပ္ပိုးထားတဲ့ ႏွာေခါင္းစည္းမ်က္ႏွာဖံုးမ်ား (ဧၿပီ ၂၄၊ ၂၀၂၀)
(Zawgyi/Unicode)

တ႐ုတ္ႏုိင္ငံက အေမရိကန္ကို ေရာင္းခ်ေနတဲ့ ေဆးဘက္ဆုိင္ရာသုံး ႏွာေခါင္းစည္း မ်က္ႏွာဖုံးေတြဟာ အရည္အေသြး မျပည့္မီတာေၾကာင့္ဆိုၿပီး တ႐ုတ္ကုမၸဏီ ၆၆ ခုက ေရာင္းတဲ့ ႏွာေခါင္းစည္းေတြကို သမၼတထရမ့္အစိုးရက ပိတ္ပင္တားျမစ္လိုက္ပါတယ္။ အဲဒီႏွာေခါင္းစည္း မ်က္ႏွာဖုံးေတြဟာ အရည္အေသြးညံ့တယ္လို႔ ကၽြမ္းက်င္သူေတြက ေျပာပါတယ္။

ေဆးဘက္ဆုိင္ရာမွာအသုံးျပဳတဲ့ N95 ႏွာေခါင္းစည္းေတြဟာ ကိုရိုနာဗုိင္းရပ္စ္ကို ဓါတ္ခဲြခန္းမွာ စမ္းသပ္တာအပါအ၀င္ အလြန္ေသးငယ္တဲ့ အမႈန္အမႊားေလးေတြကိုေတာင္ ၉၅ ရာခိုင္ႏႈန္းေလာက္ ကာကြယ္ႏုိင္တဲ့အတြက္ ပုံမွန္ရုိးရိုး နားေခါင္းစည္းမ်က္ႏွာဖုံးေတြနဲ႔ အ၀တ္နဲ႔ လုပ္တာေတြထက္ ေရာဂါကာကြယ္ႏုိင္တာေၾကာင့္ ဆရာ၀န္ေတြ၊ သူနာျပဳေတြနဲ႔ ေဆး႐ုံေတြက ပိုၿပီးေတာ့ လိုခ်င္ၾကတာ ျဖစ္ပါတယ္။

ဒါေပမဲ့ တ႐ုတ္ကေနထုတ္တဲ့ KN95 ႏွာေခါင္းစည္းေတြဟာ ၂၄ ရာခိုင္ႏႈန္းေလာက္ပဲ ကာကြယ္ႏုိင္ၿပီး တ႐ုတ္ကေန ပို႔လိုက္တ့ဲ တသုတ္မွာဆုိရင္ ၁ ရာခိုင္ႏႈန္းေလာက္ပဲ ကာကြယ္ႏုိင္တယ္လို႔ အေမရိကန္အစိိုးရ အစားအစာနဲ႔ ေဆး၀ါး ကြပ္ကဲေရးဌာန (FDA) က ၾကာသပေတးေန႔မွာ ေျပာပါတယ္။

အခုလို အေမရိကန္အစိုးရဘက္က တားျမစ္လိုက္တဲ့အတြက္ အေမရိကန္က်န္းမာေရး၀န္ထမ္းေတြကို ႏွာေခါင္းစည္းေတြ ေရာင္းခ်ဖို႔ တရား၀င္ခြင့္ျပဳထားတဲ့ တ႐ုတ္ကုမၸဏီဟာ အရင္က ၈၀ ရွိရာကေန အခုအခါမွာ ၁၄ ခုပဲ က်န္ေတာ့တယ္လို႔ FDA က ေျပာပါတယ္။

အေမရိကန္မွာ ေဆးဘက္ဆိုင္ရာသုံး N95 ႏွာေခါင္းစည္းေတြ လိုအပ္တာေၾကာင့္ ၿပီးခဲ့တဲ့လကစၿပီး တရုတ္ကထုတ္တဲ့ N95 ႏွာေခါင္းစည္းေတြကို အေမရိကန္က ၀ယ္ယူခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင့္ COVID-19 ေရာဂါအတြက္ ေဆး၀ါအတုေတြေရာင္းခ်ေနတယ္လိုဆုိတဲ့ ကုမၸဏီေတြကိုလည္း သတိေပးစာ ၄၂ ေစာင္ ပို႔ထားတယ္လို႔ FDA က ေျပာပါတယ္။ အဲဒီေဆးေတြဟာ အတုျဖစ္ရုံသာမက အႏၲရာယ္လည္းရွိတယ္လို႔ ဆုိပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------------------
[Unicode Version]

တရုတ်နိုင်ငံက အမေရိကန်ကို ရောင်းချနေတဲ့ ဆေးဘက်ဆိုင်ရာသုံး နှာခေါင်းစည်း မျက်နှာဖုံးတွေဟာ အရည်အသွေး မပြည့်မီတာကြောင့်ဆိုပြီး တရုတ်ကုမ္ပဏီ ၆၆ ခုက ရောင်းတဲ့ နှာခေါင်းစည်းတွေကို သမ္မတထရမ့်အစိုးရက ပိတ်ပင်တားမြစ်လိုက်ပါတယ်။ အဲဒီနှာခေါင်းစည်း မျက်နှာဖုံးတွေဟာ အရည်အသွေးညံ့တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဆေးဘက်ဆိုင်ရာမှာအသုံးပြုတဲ့ N95 နှာခေါင်းစည်းတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကို ဓါတ်ခွဲခန်းမှာ စမ်းသပ်တာအပါအဝင် အလွန်သေးငယ်တဲ့ အမှုန်အမွှားလေးတွေကိုတောင် ၉၅ ရာခိုင်နှုန်းလောက် ကာကွယ်နိုင်တဲ့အတွက် ပုံမှန်ရိုးရိုး နားခေါင်းစည်းမျက်နှာဖုံးတွေနဲ့ အဝတ်နဲ့ လုပ်တာတွေထက် ရောဂါကာကွယ်နိုင်တာကြောင့် ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ဆေးရုံတွေက ပိုပြီးတော့ လိုချင်ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ တရုတ်ကနေထုတ်တဲ့ KN95 နှာခေါင်းစည်းတွေဟာ ၂၄ ရာခိုင်နှုန်းလောက်ပဲ ကာကွယ်နိုင်ပြီး တရုတ်ကနေ ပို့လိုက်တဲ့ တသုတ်မှာဆိုရင် ၁ ရာခိုင်နှုန်းလောက်ပဲ ကာကွယ်နိုင်တယ်လို့ အမေရိကန်အစိုးရ အစားအစာနဲ႔ ဆေးဝါး ကွပ်ကဲရေးဌာန (FDA) က ကြာသပတေးနေ့မှာ ပြောပါတယ်။

အခုလို အမေရိကန်အစိုးရဘက်က တားမြစ်လိုက်တဲ့အတွက် အမေရိကန်ကျန်းမာရေးဝန်ထမ်းတွေကို နှာခေါင်းစည်းတွေ ရောင်းချဖို့ တရားဝင်ခွင့်ပြုထားတဲ့ တရုတ်ကုမ္ပဏီဟာ အရင်က ၈၀ ရှိရာကနေ အခုအခါမှာ ၁၄ ခုပဲ ကျန်တော့တယ်လို့ FDA က ပြောပါတယ်။

အမေရိကန်မှာ ဆေးဘက်ဆိုင်ရာသုံး N95 နှာခေါင်းစည်းတွေ လိုအပ်တာကြောင့် ပြီးခဲ့တဲ့လကစပြီး တရုတ်ကထုတ်တဲ့ N95 နှာခေါင်းစည်းတွေကို အမေရိကန်က ဝယ်ယူခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင့် COVID-19 ရောဂါအတွက် ဆေးဝါအတုတွေရောင်းချနေတယ်လိုဆိုတဲ့ ကုမ္ပဏီတွေကိုလည်း သတိပေးစာ ၄၂ စောင် ပို့ထားတယ်လို့ FDA က ပြောပါတယ်။ အဲဒီဆေးတွေဟာ အတုဖြစ်ရုံသာမက အန္တရာယ်လည်းရှိတယ်လို့ ဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/us-chinese-face-masks/5411361.html
တ႐ုတ္ကုမၸဏီ ၆၆ ရဲ႕ ႏွာေခါင္းစည္းေတြ အရည္အေသြးမမီဘူးဆိုၿပီး အေမရိကန္ပိတ္ပင္ တ႐ုတ္ကုမၸဏီ ၆၆ ရဲ႕ ႏွာေခါင္းစည္းေတြ အရည္အေသြးမမီဘူးဆိုၿပီး အေမရိကန္ပိတ္ပင္ Reviewed by THITHTOOLWIN on 20:53 Rating: 5
Powered by Blogger.