ျမန္မာ COVID-19 ကူးစက္သူ ေနာက္တဦးထပ္တိုးၿပီး ၁၇၈ ဦးျဖစ္လာ


(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါပိုး ကူးစက္သူ ဒီကေန႔မွာ ေနာက္တေယာက္ ထပ္တိုးတာေၾကာင့္ စုစုေပါင္း ၁၇၈ ဦး ရွိသြားၿပီျဖစ္ပါတယ္။

အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) မွာ စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာ ၃၆၈ ခု၊ ေဆးသုေတသန ဦးစီးဌာနမွာ စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာ ၈၅ ခု၊ စုစုေပါင္း ၄၅၃ ခုထဲမွာ ဗိုင္းရပ္စ္ပိုးကူးစက္သူ ေနာက္တဦး ေတြ႔တာပါ။
ေမလ ၉ ရက္ ည ၈ နာရီ COVID-19 လူနာတဦးတုိးသည့္ ေၾကညာခ်က္။ (ဓာတ္ပုံ - က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန)
အခု ေရာဂါပိုးကူးစက္သူဟာ အသက္ ၄၉ ႏွစ္အရြယ္ အမ်ဳိးသမီးျဖစ္ၿပီး ရန္ကုန္ၿမဳိ႕ မရမ္းကုန္းၿမဳိ႕နယ္မွာ ေနထိုင္သူျဖစ္ပါတယ္။ သူက COVID-19 ကူးစက္ခံထားရၿပီးသူ လူနာအမွတ္ ၉၈ နဲ႔ ထိေတြ႔မႈရွိခဲ့သူ ျဖစ္ၿပီးေတာ့ အသြားအလာ ကန္႔သတ္ထားသူျဖစ္တယ္လုိ႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ အခု လူနာသစ္ကို ေဝဘာဂီအထူးကုေဆး႐ံုမွာ ကုသေပးမယ္လုိ႔လည္း ဝန္ႀကီးဌာန ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

အခုခ်ိန္ထိဆိုရင္ ေရာဂါပုိး ကူးစက္ခံရတဲ့ အတည္ျပဳလူနာ ၁၇၈ ေယာက္ထဲက ၆၈ ေယာက္မွာ ေရာဂါပိုးကင္းစင္သြားၿပီ ျဖစ္ပါတယ္။ အဲဒီထဲက ၄၆ ဦးကို ေဆး႐ံုက ဆင္းခြင့္ေပးလိုက္ၿပီး သူတို႔ေတြရဲ႕ အသြားအလာကို ဆက္ၿပီး ကန႔္သတ္ ေစာင့္ၾကည့္ေနတယ္လို႔လည္း ဆိုပါတယ္။

ကို႐ုိနာဗုိင္းရပ္စ္ေၾကာင့္ ဓာတ္ခြဲအတည္ျပဳ လူနာေတြထဲက ေသဆုံးသူ အေရအတြက္ကေတာ့ ၆ ဦး ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံဟာ အခုခ်ိန္ထိေတာ့ ေဒသတြင္းမွာ ဗုိင္းရပ္စ္ကူးစက္ခံရမႈ အနည္းဆုံးႏုိင္ငံေတြထဲက တႏိုင္ငံလည္း ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------

(Unicode)

မြန်မာ COVID-19 ကူးစက်သူ နောက်တဦးထပ်တိုးပြီး ၁၇၈ ဦးဖြစ်လာ

မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး ကူးစက်သူ ဒီကနေ့မှာ နောက်တယောက် ထပ်တိုးတာကြောင့် စုစုပေါင်း ၁၇၈ ဦး ရှိသွားပြီဖြစ်ပါတယ်။

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှာ စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၃၆၈ ခု၊ ဆေးသုတေသန ဦးစီးဌာနမှာ စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၈၅ ခု၊ စုစုပေါင်း ၄၅၃ ခုထဲမှာ ဗိုင်းရပ်စ်ပိုးကူးစက်သူ နောက်တဦး တွေ့တာပါ။

အခု ရောဂါပိုးကူးစက်သူဟာ အသက် ၄၉ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ရန်ကုန်မြို့မရမ်းကုန်းမြို့နယ်မှာ နေထိုင်သူဖြစ်ပါတယ်။ သူက COVID-19 ကူးစက်ခံထားရပြီးသူ လူနာအမှတ် ၉၈ နဲ့ ထိတွေ့မှုရှိခဲ့သူ ဖြစ်ပြီးတော့ အသွားအလာ ကန့်သတ်ထားသူဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အခု လူနာသစ်ကို ဝေဘာဂီအထူးကုဆေးရုံမှာ ကုသပေးမယ်လို့လည်း ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အခုချိန်ထိဆိုရင် ရောဂါပိုး ကူးစက်ခံရတဲ့ အတည်ပြုလူနာ ၁၇၈ ယောက်ထဲက ၆၈ ယောက်မှာ ရောဂါပိုးကင်းစင်သွားပြီ ဖြစ်ပါတယ်။ အဲဒီထဲက ၄၆ ဦးကို ဆေးရုံက ဆင်းခွင့်ပေးလိုက်ပြီး သူတို့တွေရဲ့ အသွားအလာကို ဆက်ပြီး ကန့်သတ် စောင့်ကြည့်နေတယ်လို့လည်း ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဓာတ်ခွဲအတည်ပြု လူနာတွေထဲက သေဆုံးသူ အရေအတွက်ကတော့ ၆ ဦး ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အခုချိန်ထိတော့ ဒေသတွင်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရမှု အနည်းဆုံးနိုင်ငံတွေထဲက တနိုင်ငံလည်း ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid19-update/5412926.html
ျမန္မာ COVID-19 ကူးစက္သူ ေနာက္တဦးထပ္တိုးၿပီး ၁၇၈ ဦးျဖစ္လာ ျမန္မာ COVID-19 ကူးစက္သူ ေနာက္တဦးထပ္တိုးၿပီး ၁၇၈ ဦးျဖစ္လာ Reviewed by THITHTOOLWIN on 22:43 Rating: 5
Powered by Blogger.