ေခ်ာက္၊ ဖ်ာပုံအပါအဝင္ ၿမိဳ႕ ၃ ၿမိဳ႕မွာ အပူခ်ိန္စံခ်ိန္သစ္တင္

အရင္ႏွစ္ေတြကလည္း အပူခ်ိန္ျမင့္တက္တဲ့ဒဏ္ကို သိသိသာသာခံစားလာရ
(Zawgyi)⤵⤵⤵
ေမလအတြင္း ျမန္မာႏိုင္ငံက ၿမိဳအသီးသီးမွာ အပူခ်ိန္ေတြျမင့္တက္ေနၿပီး ေခ်ာက္၊ ဖ်ာပုံ နဲ႔ ႀကိဳ႕ပင္ေကာက္ ၿမိဳ႕ေတြမွာေတာ့ ပုံမွန္ထက္ အပူခ်ိန္စံခ်ိန္အသစ္တင္တဲ့အထိ ျမင့္တက္ခဲ့တယ္လို႔ မိုးေလဝသနဲ႔ ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒၚခင္ခ်ိဳခ်ိဳရွိန္က ဘီဘီစီကိုေျပာပါတယ္။

ႀကိဳ႕ပင္ေကာက္ၿမိဳ႕မွာ ေမ ၆ ရက္ေန႔က ၄၂ ဒႆမ ၅ ဒီဂရီစင္တီ ဂရိတ္နဲ႔လည္းေကာင္း၊ ဖ်ာပုံၿမိဳ႕မွာ ေမ ၇ ရက္ေန႔က ၃၉ ဒႆမ ၂ ဒီဂရီစင္တီဂရိတ္နဲ႔လည္းေကာင္း ေခ်ာက္ၿမိဳ႕မွာ ၄၇ ဒႆမ ၅ ဒီဂရီစင္တီဂရိတ္နဲ႔ အသီးသီး စံခ်ိန္တင္ျမင့္တက္ခဲ့တယ္လို႔ သိရပါတယ္။

' ' ဒီမိုးႀကိဳကာလမွာ ေျမမ်က္ႏွာျပင္က ပူလာေလ့ရွိတယ္။ ဒါေၾကာင့္ အပူခ်ိန္ေတြကလည္း ျမင့္တက္ လာတယ္။ ျဖစ္တတ္တဲ့သေဘာေပမယ့္ အပူခ်ိန္ေတြကလည္း တစ္ႏွစ္ထက္ တစ္ႏွစ္ပိုမိုျမင့္ တက္လာ ေနတာေလ။ မုတ္သုံဝင္မွပဲ အပူဒဏ္သက္သာမွာ။ မုတ္သုံကေတာ့ ျမန္မာႏိုင္ငံေတာင္ပိုင္းကို ေမ ၆ ရက္က ေန ၂၁ ရက္အတြင္း ဝင္မယ္လို႔ခန႔္မွန္းထားတယ္'' လို႔ ေဒၚခင္ခ်ိဳခ်ိဳရွိန္ကေျပာျပပါတယ္။

အပူခ်ိန္ စံခ်ိန္မခ်ိဳးေပမယ့္ ၄၀ ဒီဂရီစင္တီဂရိတ္နဲ႔ အထက္မွာ ရွိေနတဲ့ ၿမိဳ႕ေပါင္း ၂၀ေက်ာ္ရွိလာၿပီး ဒီၿမိဳ႕ ေတြမွာလည္း အပူဒဏ္ေၾကာင့္ အပူရွပ္တာ ၊ အပူဒဏ္ေၾကာင့္ သတိလစ္ေမ့ေျမာတာ ( Heat stroke ) ရႏိုင္တာေတြလည္းရွိတာေၾကာင့္ သတိျပဳဖို႔ လိုတယ္လို႔ သူကေျပာပါတယ္။

' ' အပူပိုင္းဇုန္လို႔ေခၚတဲ့ စစ္ကိုင္းတိုင္းေအာက္ပိုင္းမႏၲေလးတိုင္း ေနျပည္ေတာ္အပါအဝင္ ေပါ့အဲဒီေနရာ ေတြက အဓိကသတိထားဖို႔လိုတာေပါ့။ ေနာက္တစ္ခုကလည္း ကမ္း႐ိုးတန္းျမစ္ဝကြၽန္းေပၚေဒသ ဧရာဝတီ၊ ပဲခူး ရန္ကုန္ေပါ့။ သူတို႔က ကုန္းေျမကပူတယ္။ ပင္လယ္ျပင္ကလာတဲ့ ေရေငြ႕ပါတဲ့ ေလေတြနဲ႔ေပါင္းၿပီး ပိုအိုက္တာေပါ့။ ေခြၽးေတြထြက္ၿပီး အပူခ်ိန္ျမင့္တက္တာကိုခံစားရမယ္။ ခႏၶာကိုယ္ကခုခံအားေတြ အားနည္းသြားတာေပါ့။အထူးသျဖင့္ သက္ႀကီး႐ြယ္အိုေတြဂ႐ုစိုက္ရမယ္'' လို႔ အပူခ်ိန္ျမင့္တက္ႏိုင္တဲ့ ၿမိဳ႕ေတြရဲ႕အေျခအေနကို ေဒၚခင္ခ်ိဳခ်ိဳရွိန္က ေျပာျပပါတယ္။
အပူခ်ိန္ေတြျမင့္လာေပမယ့္ ကိုဗစ္-၁၉ ေၾကာင့္ အပူေရွာင္ စခန္းေတြဖြင့္လွစ္ႏိုင္ျခင္းမရွိ
အပူခ်ိန္စံခ်ိန္တင္ျမင့္တက္တဲ့ၿမိဳ႕ေတြထဲက တစ္ခုျဖစ္တဲ့ ေခ်ာက္ၿမိဳ႕နယ္မွာ မႏွစ္ကအပူခ်ိန္ျမင့္စဥ္ ကာလမွာ အပူေရွာင္စခန္းေတြဖြင့္လွစ္တာ၊ ေရခ်ိဳးဆိပ္ေတြအတြက္ စီမံေပးတာေတြ လုပ္ႏိုင္ခဲ့ေပမယ့္ ဒီႏွစ္မွာေတာ့ ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ မလုပ္ေပးႏိုင္ဘူးလို႔ ေခ်ာက္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ေဆြဝင္းက ဘီဘီစီကိုေျပာျပပါတယ္။

' ' အခုကေတာ့ အပူဒဏ္ကာကြယ္ေရးအတြက္ႏႈိးေဆာ္ခ်က္ေတြသတိေပးတာေတြပဲ လွည့္လည္သတိေပးဖို႔ ဒီေန႔ျပင္ေနတယ္။ အပူေရွာင္စခန္းကေတာ့ လူစုလူေဝးျဖစ္မွာစိုးလို႔ မဖြင့္ႏိုင္ဘူး။ သက္ႀကီး႐ြယ္အိုတခ်ိဳ႕က ေတာ့ မႏွစ္က အပူေရွာင္စခန္းဖြင့္တဲ့ ဓမၼာ႐ုံတို႔ဘာတို႔မွာလာေနတာေတာ့ရွိတယ္။ ဒါကိုလည္း ရပ္ကြက္ အုပ္မႉးေတြကိုမွာထားရတယ္။ လူစုလူေဝးမျဖစ္ဖို႔ကိုေတာ့။ ကပ္ေရာဂါက အေရးႀကီးအေျခအေနျဖစ္ေန ေတာ့ က်န္တာေတြမလုပ္ေပးႏိုင္ဘူးျဖစ္ေနတာေပါ့''လို႔ သူကေျပာပါတယ္။

ၿပီးခဲ့တဲ့၂၀၁၉ ခုႏွစ္ ေမလတုံးကလည္း မိုးေလသဝနဲ႔ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္တဲ့ အခ်က္အလက္ေတြအရ ေခ်ာက္၊ ဂန႔္ေဂါ၊ ေက်ာက္ဆည္၊ ဟဲဟိုး၊ ဖလမ္းစတဲ့ ၿမိဳ႕ေတြမွာ ႏွစ္ေပါင္း ၄၀ ေက်ာ္အတြင္း အပူစံခ်ိန္တင္ျမင့္တက္ခဲ့ၿပီး အပူဆုံးျဖစ္ခဲ့ပါတယ္။

BBC Burmese
-----------------------------------
(Unicode)⤵⤵⤵
ချောက်၊ ဖျာပုံအပါအဝင် မြို့ ၃ မြို့မှာ အပူချိန်စံချိန်သစ်တင်

မေလအတွင်း မြန်မာနိုင်ငံက မြိုအသီးသီးမှာ အပူချိန်တွေမြင့်တက်နေပြီး ချောက်၊ ဖျာပုံ နဲ့ ကြို့ပင်ကောက် မြို့တွေမှာတော့ ပုံမှန်ထက် အပူချိန်စံချိန်အသစ်တင်တဲ့အထိ မြင့်တက်ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုချိုရှိန်က ဘီဘီစီကိုပြောပါတယ်။

ကြို့ပင်ကောက်မြို့မှာ မေ ၆ ရက်နေ့က ၄၂ ဒဿမ ၅ ဒီဂရီစင်တီ ဂရိတ်နဲ့လည်းကောင်း၊ ဖျာပုံမြို့မှာ မေ ၇ ရက်နေ့က ၃၉ ဒဿမ ၂ ဒီဂရီစင်တီဂရိတ်နဲ့လည်းကောင်း ချောက်မြို့မှာ ၄၇ ဒဿမ ၅ ဒီဂရီစင်တီဂရိတ်နဲ့ အသီးသီး စံချိန်တင်မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

' ' ဒီမိုးကြိုကာလမှာ မြေမျက်နှာပြင်က ပူလာလေ့ရှိတယ်။ ဒါကြောင့် အပူချိန်တွေကလည်း မြင့်တက် လာတယ်။ ဖြစ်တတ်တဲ့သဘောပေမယ့် အပူချိန်တွေကလည်း တစ်နှစ်ထက် တစ်နှစ်ပိုမိုမြင့် တက်လာ နေတာလေ။ မုတ်သုံဝင်မှပဲ အပူဒဏ်သက်သာမှာ။ မုတ်သုံကတော့ မြန်မာနိုင်ငံတောင်ပိုင်းကို မေ ၆ ရက်က နေ ၂၁ ရက်အတွင်း ဝင်မယ်လို့ခန့်မှန်းထားတယ်'' လို့ ဒေါ်ခင်ချိုချိုရှိန်ကပြောပြပါတယ်။

အပူချိန် စံချိန်မချိုးပေမယ့် ၄၀ ဒီဂရီစင်တီဂရိတ်နဲ့ အထက်မှာ ရှိနေတဲ့ မြို့ပေါင်း ၂၀ကျော်ရှိလာပြီး ဒီမြို့ တွေမှာလည်း အပူဒဏ်ကြောင့် အပူရှပ်တာ ၊ အပူဒဏ်ကြောင့် သတိလစ်မေ့မြောတာ ( Heat stroke ) ရနိုင်တာတွေလည်းရှိတာကြောင့် သတိပြုဖို့ လိုတယ်လို့ သူကပြောပါတယ်။

' ' အပူပိုင်းဇုန်လို့ခေါ်တဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်း နေပြည်တော်အပါအဝင် ပေါ့အဲဒီနေရာ တွေက အဓိကသတိထားဖို့လိုတာပေါ့။ နောက်တစ်ခုကလည်း ကမ်းရိုးတန်းမြစ်ဝကျွန်းပေါ်ဒေသ ဧရာဝတီ၊ ပဲခူး ရန်ကုန်ပေါ့။ သူတို့က ကုန်းမြေကပူတယ်။ ပင်လယ်ပြင်ကလာတဲ့ ရေငွေ့ပါတဲ့ လေတွေနဲ့ပေါင်းပြီး ပိုအိုက်တာပေါ့။ ချွေးတွေထွက်ပြီး အပူချိန်မြင့်တက်တာကိုခံစားရမယ်။ ခန္ဓာကိုယ်ကခုခံအားတွေ အားနည်းသွားတာပေါ့။အထူးသဖြင့် သက်ကြီးရွယ်အိုတွေဂရုစိုက်ရမယ်'' လို့ အပူချိန်မြင့်တက်နိုင်တဲ့ မြို့တွေရဲ့အခြေအနေကို ဒေါ်ခင်ချိုချိုရှိန်က ပြောပြပါတယ်။

အပူချိန်စံချိန်တင်မြင့်တက်တဲ့မြို့တွေထဲက တစ်ခုဖြစ်တဲ့ ချောက်မြို့နယ်မှာ မနှစ်ကအပူချိန်မြင့်စဉ် ကာလမှာ အပူရှောင်စခန်းတွေဖွင့်လှစ်တာ၊ ရေချိုးဆိပ်တွေအတွက် စီမံပေးတာတွေ လုပ်နိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မလုပ်ပေးနိုင်ဘူးလို့ ချောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းက ဘီဘီစီကိုပြောပြပါတယ်။

' ' အခုကတော့ အပူဒဏ်ကာကွယ်ရေးအတွက်နှိုးဆော်ချက်တွေသတိပေးတာတွေပဲ လှည့်လည်သတိပေးဖို့ ဒီနေ့ပြင်နေတယ်။ အပူရှောင်စခန်းကတော့ လူစုလူဝေးဖြစ်မှာစိုးလို့ မဖွင့်နိုင်ဘူး။ သက်ကြီးရွယ်အိုတချို့က တော့ မနှစ်က အပူရှောင်စခန်းဖွင့်တဲ့ ဓမ္မာရုံတို့ဘာတို့မှာလာနေတာတော့ရှိတယ်။ ဒါကိုလည်း ရပ်ကွက် အုပ်မှူးတွေကိုမှာထားရတယ်။ လူစုလူဝေးမဖြစ်ဖို့ကိုတော့။ ကပ်ရောဂါက အရေးကြီးအခြေအနေဖြစ်နေ တော့ ကျန်တာတွေမလုပ်ပေးနိုင်ဘူးဖြစ်နေတာပေါ့''လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့၂၀၁၉ ခုနှစ် မေလတုံးကလည်း မိုးလေသဝနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ချောက်၊ ဂန့်ဂေါ၊ ကျောက်ဆည်၊ ဟဲဟိုး၊ ဖလမ်းစတဲ့ မြို့တွေမှာ နှစ်ပေါင်း ၄၀ ကျော်အတွင်း အပူစံချိန်တင်မြင့်တက်ခဲ့ပြီး အပူဆုံးဖြစ်ခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52597728
ေခ်ာက္၊ ဖ်ာပုံအပါအဝင္ ၿမိဳ႕ ၃ ၿမိဳ႕မွာ အပူခ်ိန္စံခ်ိန္သစ္တင္ ေခ်ာက္၊ ဖ်ာပုံအပါအဝင္ ၿမိဳ႕ ၃ ၿမိဳ႕မွာ အပူခ်ိန္စံခ်ိန္သစ္တင္ Reviewed by THITHTOOLWIN on 21:05 Rating: 5
Powered by Blogger.