အၾကမ္းဖက္အဖြဲ႔မ်ား လႈပ္ရွားေနရာကလြဲလို႔ က်န္ေဒသေတြ အပစ္ရပ္မယ္လို႔ တပ္မေတာ္ေၾကညာ


(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ အၾကမ္းဖက္အဖဲြ႔အစည္းလို႔ သတ္မွတ္ထားတဲ့ အဖဲြ႔အစည္းေတြ ရွိတဲ့ ေနရာေတြကလဲြၿပီး က်န္တဲ့ေနရာေတြမွာ ေမလ ၁၀ ရက္ေန႔ကေန ၾသဂုတ္လ ၃၁ ရက္ေန႔အထိ အပစ္အခတ္ ရပ္စဲသြားမွာျဖစ္တယ္လို႔ ျမန္မာ့တပ္မေတာ္က ေမလ ၉ ရက္ စေနေန႔မွာ ေၾကညာပါတယ္။

COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးနဲ႔ ကုသေရးလုပ္ငန္းေတြကို ထိေရာက္စြာ ေဆာင္ရြက္ႏုိင္ဖို႔နဲ႔ ထာ၀ရၿငိိမ္းခ်မ္းေရး ေဖာ္ေဆာင္ႏုိင္ဖို႔ အခုလို အပစ္အခတ္ ရပ္စဲတာလို႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးရဲ႕ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

လက္ရွိမွာ အၾကမ္းဖက္အဖြဲ႔အစည္းအျဖစ္ အစိုးရက သတ္မွတ္ေၾကညာထားတာ ရခိုင္လက္နက္ကိုင္အဖြဲ႔ AA နဲ႔ ARSA အဖြဲ႔တို႔ရွိၿပီး တို္က္ပြဲေတြ အမ်ားဆံုးျဖစ္ေနတာကလည္း ရခိုင္ျပည္နယ္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္ ပတ္ဝန္းက်င္မွာ ျဖစ္ပါတယ္။

အခုလို အပစ္အခတ္ ရပ္စဲထားတဲ့ ကာလအတြင္း တုိင္းရင္းသား လက္နက္ကိုင္အဖဲြ႔ေတြ အေနနဲ႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ရဲ႕ ၿငိမ္းခ်မ္းေရး မူ၀ါဒ အခ်က္ ၆ ခ်က္ထဲက ၄ ခ်က္ကို အေလးအနက္လိုက္နာဖို႔ တုိက္တြန္းထားပါတယ္။

အဲဒီ ၄ ခ်က္ကေတာ့ သေဘာတူစာခ်ဳပ္ေတြအတုိင္း ကတိတည္ဖို႔၊ ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္ေတြကို အျမတ္မထုတ္ဖို႔၊ ေဒသခံ ျပည္သူေတြအေပၚ ၀န္ထုပ္၀န္ပိုး မျဖစ္ေစဖို႔နဲ႔ ႏုိင္ငံေတာ္က ထုတ္ျပန္ထားတဲ့ တည္ဆဲဥပေဒေတြကို ေလးစားလိုက္နာဖို႔ေတြ ျဖစ္တယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ တုိင္းရင္းသား လက္နက္ကိုင္အဖဲြ႔ အခ်င္းခ်င္း အင္အားသုံး တုိက္ခုိက္တာေတြ၊ ေဒသခံေတြအေပၚ အႏုိင္က်င့္တာေတြ မလုပ္ဖို႔နဲ႔ အုပ္ခ်ဳပ္မႈယႏၲရား၊ လမ္းပန္းဆက္သြယ္ေရးနဲ႔ လူထုရဲ႕ အက်ိဳးစီးပြားေတြ မထိခုိက္ရေအာင္ တာ၀န္ယူဖို႔ တုိက္တြန္းထားပါတယ္။

အဲဒီအခ်က္ေတြကို လိုက္နာျခင္းမရွိဘူး ဆုိရင္ေတာ့ တပ္မေတာ္အေနနဲ႔ လိုအပ္သလို အေရးယူသြားမယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။ ဘယ္လိုအေရးယူ လုပ္ေဆာင္မယ္ ဆုိတာကိုေတာ့ အတိအက် ေျပာမထားပါဘူး။

ဒါ့အျပင္ တပ္မေတာ္အေနနဲ႔ ႏုိင္ငံတြင္း COVID-19 ကပ္ေရာဂါ တုိက္ဖ်က္ေရးမွာ အင္တုိက္အားတုိက္ ကူညီေဆာင္ရြက္သြားမယ္လို႔လည္း ေျပာထားပါတယ္။

ၿပီးခဲ့တဲ့ ရက္ပုိင္းအတြင္းကေတာ့ ကရင္ျပည္နယ္ ဖာပြန္ခ႐ုိင္အတြင္းမွာ ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU) ရဲ႕ COVID-19 က်န္းမာေရး စစ္ေဆးေရးဂိတ္ ၂ ခုကို ျမန္မာအစိုးရတပ္ေတြဘက္က ဖယ္ရွားခဲ့ၿပီးတဲ့ေနာက္ အဲဒီမွာ တုိက္ပဲြေတြ ျဖစ္ပြားၿပီး စစ္ေရးအရ တင္းမာမႈေတြ ရွိခဲ့ပါတယ္။

ေမလ ၈ ရက္၊ ေသာၾကာေန႔က COVID-19 တိုက္ဖ်က္ေရးဆိုင္ရာ အစိုးရရဲ႕ ညႇိႏႈိင္းပူးေပါင္းေရး ေကာ္မတီနဲ႔ အပစ္ရပ္လက္မွတ္ထိုးထားတဲ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ေတြ ေဆြးေႏြးၿပီးတဲ့ေနာက္ ဒီဂိတ္ေတြ ဖယ္ရွားတဲ့ကိစၥ သီးျခားေဆြးေႏြးသြားမယ္လုိ႔ ေျပာထားပါတယ္။

ကမာၻတ၀န္း အခုလို ကပ္ေရာဂါဆုိးႀကီး ျဖစ္ေနခ်ိန္မွာ လက္နက္ကိုင္ပဋိပကၡေတြ ရပ္တန္႔ေပးဖို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က မတ္လ ၂၃ ရက္ေန႔မွာ တုိက္တြန္းထားၿပီး တပ္မေတာ္ရဲ႕ ထုတ္ျပန္ခ်က္ထဲမွာလည္း အဲဒီတိုက္တြန္းခ်က္ကို ကိုးကား ေဖာ္ျပထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------
(Unicode)

အကြမ်းဖက်အဖွဲ့များ လှုပ်ရှားနေရာကလွဲလို့ ကျန်ဒေသတွေ အပစ်ရပ်မယ်လို့ တပ်မတော်ကြေညာ

မြန်မာနိုင်ငံမှာ အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေ ရှိတဲ့ နေရာတွေကလွဲပြီး ကျန်တဲ့နေရာတွေမှာ မေလ ၁၀ ရက်နေ့ကနေ သြဂုတ်လ ၃၁ ရက်နေ့အထိ အပစ်အခတ် ရပ်စဲသွားမှာဖြစ်တယ်လို့ မြန်မာ့တပ်မတော်က မေလ ၉ရက် စနေနေ့မှာ ကြေညာပါတယ်။

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေကို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့နဲ့ ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ အခုလို အပစ်အခတ် ရပ်စဲတာလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

လက်ရှိမှာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရက သတ်မှတ်ကြေညာထားတာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ ARSA အဖွဲ့တို့ရှိပြီး တိုက်ပွဲတွေ အများဆုံးဖြစ်နေတာကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ပတ်ဝန်းကျင်မှာ ဖြစ်ပါတယ်။

အခုလို အပစ်အခတ် ရပ်စဲထားတဲ့ ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ငြိမ်းချမ်းရေး မူဝါဒ အချက် ၆ ချက်ထဲက ၄ ချက်ကို အလေးအနက်လိုက်နာဖို့ တိုက်တွန်းထားပါတယ်။

အဲဒီ ၄ ချက်ကတော့ သဘောတူစာချုပ်တွေအတိုင်း ကတိတည်ဖို့၊ ငြိမ်းချမ်းရေး သဘောတူညီချက်တွေကို အမြတ်မထုတ်ဖို့၊ ဒေသခံ ပြည်သူတွေအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့နဲ့ နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေတွေကို လေးစားလိုက်နာဖို့တွေ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချင်းချင်း အင်အားသုံး တိုက်ခိုက်တာတွေ၊ ဒေသခံတွေအပေါ် အနိုင်ကျင့်တာတွေ မလုပ်ဖို့နဲ့ အုပ်ချုပ်မှုယန္တရား၊ လမ်းပန်းဆက်သွယ်ရေးနဲ့ လူထုရဲ့ အကျိုးစီးပွားတွေ မထိခိုက်ရအောင် တာဝန်ယူဖို့ တိုက်တွန်းထားပါတယ်။

အဲဒီအချက်တွေကို လိုက်နာခြင်းမရှိဘူး ဆိုရင်တော့ တပ်မတော်အနေနဲ့ လိုအပ်သလို အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ဘယ်လိုအရေးယူ လုပ်ဆောင်မယ် ဆိုတာကိုတော့ အတိအကျ ပြောမထားပါဘူး။

ဒါ့အပြင် တပ်မတော်အနေနဲ့ နိုင်ငံတွင်း COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးမှာ အင်တိုက်အားတိုက် ကူညီဆောင်ရွက်သွားမယ်လို့လည်း ပြောထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကတော့ ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ COVID-19 ကျန်းမာရေး စစ်ဆေးရေးဂိတ် ၂ ခုကို မြန်မာအစိုးရတပ်တွေဘက်က ဖယ်ရှားခဲ့ပြီးတဲ့နောက် အဲဒီမှာ တိုက်ပွဲတွေ ဖြစ်ပွားပြီး စစ်ရေးအရ တင်းမာမှုတွေ ရှိခဲ့ပါတယ်။

မေလ ၈ ရက်၊ သောကြာနေ့က COVID-19 တိုက်ဖျက်ရေးဆိုင်ရာ အစိုးရရဲ့ ညှိနှိုင်းပူးပေါင်းရေး ကော်မတီနဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေးပြီးတဲ့နောက် ဒီဂိတ်တွေ ဖယ်ရှားတဲ့ကိစ္စ သီးခြားဆွေးနွေးသွားမယ်လို့ ပြောထားပါတယ်။

ကမ္ဘာတဝန်း အခုလို ကပ်ရောဂါဆိုးကြီး ဖြစ်နေချိန်မှာ လက်နက်ကိုင်ပဋိပက္ခတွေ ရပ်တန့်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က မတ်လ ၂၃ ရက်နေ့မှာ တိုက်တွန်းထားပြီး တပ်မတော်ရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း အဲဒီတိုက်တွန်းချက်ကို ကိုးကား ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-military-release/5412966.html
အၾကမ္းဖက္အဖြဲ႔မ်ား လႈပ္ရွားေနရာကလြဲလို႔ က်န္ေဒသေတြ အပစ္ရပ္မယ္လို႔ တပ္မေတာ္ေၾကညာ အၾကမ္းဖက္အဖြဲ႔မ်ား လႈပ္ရွားေနရာကလြဲလို႔ က်န္ေဒသေတြ အပစ္ရပ္မယ္လို႔ တပ္မေတာ္ေၾကညာ Reviewed by THITHTOOLWIN on 22:49 Rating: 5
Powered by Blogger.