က်ိဳင္းတုံေဆး႐ုံရွိ Covid-19 လူနာ ၃ ဦးေဆး႐ုံမွ ဆင္းခြင့္မရေသး


(Zawgyi)⤵⤵⤵
သွ်မ္းျပည္အေရွ႕ပိုင္း က်ိဳင္းတုံျပည္သူ႔ေဆး႐ုံရွိ Covid-19 positive ပိုးေတြ႕ လူနာ ၃ ဦးစလုံး ေဆး႐ုံမွ ဆင္းခြင့္မရေသးေၾကာင္းသိရသည္။

က်ိဳင္းတုံျပည္သူ႔ေဆး႐ုံရွိ ပိုးေတြ႕ လူနာအမွတ္ ၆၄ သည္ ဧၿပီလ ၁၁ ရက္တြင္လည္းေကာင္း၊ ပိုးေတြ႕လူနာ အမွတ္ ၉၆ သည္ ဧၿပီလ ၁၈ ရက္ကလည္းေကာင္း လူနာအမွတ္ ၁၁၂ ကိုဧၿပီလ ၂၀ ရက္ေန႔ကလည္းေကာင္း ပိုးေတြ႕လူနာမ်ားအျဖစ္ အစိုးရ၏ က်န္းမာေရးဌာနက တရားဝင္ေၾကျငာခဲ့သည္။

“လူနာ အမွတ္ ၉၆ (ဆရာဝန္)က ႏွစ္ႀကိမ္ ဆက္တိုက္ Negative ျဖစ္ၿပီ။ အခု လူနာကို သီးသန႔္ အခန္းမွာ ၁၄ ရက္ ထားထားတယ္။ ၾကားထဲ ဘာမွ မျဖစ္ရင္ ေဆး႐ုံက ဆင္းခြင့္ ရေတာ့မယ္။ ေမလ ၂၀ ရက္ေန႔မွ ၁၄ ရက္ျပည့္မယ္။” ဟု က်ိဳင္းတုံျပည္သူ႔ေဆး႐ုံ ေဒါက္တာလွေဌးမင္း က သွ်မ္းသံေတာ္ဆင့္ ကိုေျပာသည္။

လူနာ အမွတ္ ၁၁၂ (သူနာျပဳ) ႏွင့္ လူနာအမွတ္ ၆၄ (မိုင္းျဖတ္မွလူငယ္) တို႔ သည္ ဓါတ္ခြဲနမူနာ စစ္သည့္ အခါတြင္ Negative တစ္ႀကိမ္ျဖစ္ Positive တစ္ႀကိမ္ ျဖစ္ တစ္လွည့္စီ္ ျဖစ္ေနေၾကာင္း သိရသည္။

“သုံးေယာက္စလုံးက က်န္းမာေရးေကာင္းမြန္ေနၾကတယ္။ လူနအမွတ္ ၆၄ က ၅ ႀကိမ္ရွိသြားၿပီ စစ္တာ။ လူနာအမွတ္ ၁၁၂ က တတိယအႀကိမ္ စစ္ေတာ့ Negative ျဖစ္ၿပီး စတုတၱတအႀကိမ္မွာ Positive ျဖစ္တယ္။လူနာအမွတ္ ၆၄ ကလည္း တတိယအႀကိမ္မွာ Negative ထြက္တယ္။ ၄ ႀကိမ္ နဲ႔ ၅ ႀကိမ္မွာ Positive ထြက္တယ္။” ဟု က်ိဳင္းတုံျပည္သူ႔ေဆး႐ုံ ေဒါက္တာလွေဌးမင္း က ေျပာသည္။

ယေန႔တြင္ ျမန္မာႏိုင္ငံတစ္ဝွမ္း Covid-19 ပိုးေတြ႕ရွိသူ ၁၈၁ ဦး ရွိၿပီး ျပန္လည္ သက္သာလာသူ ၈၄ ဦး ၊ ေသဆုံးသူ ၆ ဦး ရွိေၾကာင္း သိရသည္။

သွ်မ္းျပည္နယ္တြင္မူ ပိုးေတြ႕လူနာစုစုေပါင္း ၆ ဦးရွိၿပီး ၂ ဦးမွာ သက္သာေပ်ာက္ကင္း သြားၿပီျဖစ္သျဖင့္ ေဆး႐ုံမွ ဆင္းခြင့္သြားၿပီျဖစ္ရာ လက္ရွိ ေဆး႐ုံတြင္ ကိုဗစ္ ၁၉ ေၾကာင့္ေဆးကုသ မႈခံယူေနသူလူနာ သွ်မ္းျပည္အေရွ႕ပိုင္း က်ိဳင္းတုံျပည္သူ႔ေဆး႐ုံတြင္ ၃ ဦး ႏွင့္ သွ်မ္းျပည္ေတာင္ပိုင္း ေတာင္ႀကီး စဝ္စံထြန္းေဆး႐ုံတြင္ ၁ ဦး စုစုေပါင္း ၄ ဦး က်န္ရွိေနပါသည္။

နန္းဆိုင္ဖူး - သွ်မ္းသံေတာ္ဆင့္
--------------------------------
(Unicode)⤵⤵⤵
ကျိုင်းတုံဆေးရုံရှိ Covid-19 လူနာ ၃ ဦးဆေးရုံမှ ဆင်းခွင့်မရသေး

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံပြည်သူ့ဆေးရုံရှိ Covid-19 positive ပိုးတွေ့ လူနာ ၃ ဦးစလုံး ဆေးရုံမှ ဆင်းခွင့်မရသေးကြောင်းသိရသည်။

ကျိုင်းတုံပြည်သူ့ဆေးရုံရှိ ပိုးတွေ့ လူနာအမှတ် ၆၄ သည် ဧပြီလ ၁၁ ရက်တွင်လည်းကောင်း၊ ပိုးတွေ့လူနာ အမှတ် ၉၆ သည် ဧပြီလ ၁၈ ရက်ကလည်းကောင်း လူနာအမှတ် ၁၁၂ ကိုဧပြီလ ၂၀ ရက်နေ့ကလည်းကောင်း ပိုးတွေ့လူနာများအဖြစ် အစိုးရ၏ ကျန်းမာရေးဌာနက တရားဝင်ကြေငြာခဲ့သည်။

“လူနာ အမှတ် ၉၆ (ဆရာဝန်)က နှစ်ကြိမ် ဆက်တိုက် Negative ဖြစ်ပြီ။ အခု လူနာကို သီးသန့် အခန်းမှာ ၁၄ ရက် ထားထားတယ်။ ကြားထဲ ဘာမှ မဖြစ်ရင် ဆေးရုံက ဆင်းခွင့် ရတော့မယ်။ မေလ ၂၀ ရက်နေ့မှ ၁၄ ရက်ပြည့်မယ်။” ဟု ကျိုင်းတုံပြည်သူ့ဆေးရုံ ဒေါက်တာလှဌေးမင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လူနာ အမှတ် ၁၁၂ (သူနာပြု) နှင့် လူနာအမှတ် ၆၄ (မိုင်းဖြတ်မှလူငယ်) တို့ သည် ဓါတ်ခွဲနမူနာ စစ်သည့် အခါတွင် Negative တစ်ကြိမ်ဖြစ် Positive တစ်ကြိမ် ဖြစ် တစ်လှည့်စီ် ဖြစ်နေကြောင်း သိရသည်။

“သုံးယောက်စလုံးက ကျန်းမာရေးကောင်းမွန်နေကြတယ်။ လူနအမှတ် ၆၄ က ၅ ကြိမ်ရှိသွားပြီ စစ်တာ။ လူနာအမှတ် ၁၁၂ က တတိယအကြိမ် စစ်တော့ Negative ဖြစ်ပြီး စတုတ္တတအကြိမ်မှာ Positive ဖြစ်တယ်။လူနာအမှတ် ၆၄ ကလည်း တတိယအကြိမ်မှာ Negative ထွက်တယ်။ ၄ ကြိမ် နဲ့ ၅ ကြိမ်မှာ Positive ထွက်တယ်။” ဟု ကျိုင်းတုံပြည်သူ့ဆေးရုံ ဒေါက်တာလှဌေးမင်း က ပြောသည်။

ယနေ့တွင် မြန်မာနိုင်ငံတစ်ဝှမ်း Covid-19 ပိုးတွေ့ရှိသူ ၁၈၁ ဦး ရှိပြီး ပြန်လည် သက်သာလာသူ ၈၄ ဦး ၊ သေဆုံးသူ ၆ ဦး ရှိကြောင်း သိရသည်။

သျှမ်းပြည်နယ်တွင်မူ ပိုးတွေ့လူနာစုစုပေါင်း ၆ ဦးရှိပြီး ၂ ဦးမှာ သက်သာပျောက်ကင်း သွားပြီဖြစ်သဖြင့် ဆေးရုံမှ ဆင်းခွင့်သွားပြီဖြစ်ရာ လက်ရှိ ဆေးရုံတွင် ကိုဗစ် ၁၉ ကြောင့်ဆေးကုသ မှုခံယူနေသူလူနာ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ၃ ဦး နှင့် သျှမ်းပြည်တောင်ပိုင်း တောင်ကြီး စဝ်စံထွန်းဆေးရုံတွင် ၁ ဦး စုစုပေါင်း ၄ ဦး ကျန်ရှိနေပါသည်။

နန်းဆိုင်ဖူး - သျှမ်းသံတော်ဆင့်
https://burmese.shannews.org/archives/16586
က်ိဳင္းတုံေဆး႐ုံရွိ Covid-19 လူနာ ၃ ဦးေဆး႐ုံမွ ဆင္းခြင့္မရေသး က်ိဳင္းတုံေဆး႐ုံရွိ Covid-19 လူနာ ၃ ဦးေဆး႐ုံမွ ဆင္းခြင့္မရေသး Reviewed by THITHTOOLWIN on 08:25 Rating: 5
Powered by Blogger.