(Zawgyi)⤵⤵⤵
ေနျပည္ေတာ္ေကာင္စီ နယ္ေျမအတြင္းမွာ ညမထြက္ရအမိန႔္ကို အနည္းငယ္ ေျဖေလွ်ာ့ေပးလိုက္ေပမယ့္ လူစုလူေဝးနဲ႔ က်င္းပမယ့္အခမ္းအနားေတြ၊ ပြဲလမ္းသဘင္ေတြ မလုပ္ဖို႔၊ ႐ုပ္ရွင္႐ုံေတြ ေဘာ္ဒါေဆာင္ေတြနဲ႔ မူႀကိဳေက်ာင္းေတြကို မဖြင့္ဖို႔ ကန႔္သတ္ခ်က္ကို ေမလကုန္ထိ ထပ္မံတိုးျမႇင့္လိုက္ပါတယ္။
အရင္ ထုတ္ျပန္ထားတဲ့အမိန႔္က ေမလ ၁၅ ရက္ထိ ျဖစ္ၿပီး၊ အဲဒီအမိန႔္ သက္တမ္း မကုန္ခင္ တစ္ရက္အလိုမွာ၊ ကန႔္သတ္ခ်က္ေတြကို ေမလကုန္ထိ သက္တမ္းထပ္တိုးလိုက္ေၾကာင္း ေနျပည္ေတာ္ေကာင္စီက မေန႔က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။
ကိုဗစ္19 ကာကြယ္ထိန္းခ်ဳပ္ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီရဲ႕ ၫႊန္ၾကားခ်က္နဲ႔ ေနျပည္ေတာ္ ေကာင္စီနယ္ေျမ အပါအဝင္ တိုင္းနဲ႔ ျပည္နယ္တခ်ိဳ႕မွာ ညမထြက္ရအမိန႔္ကို အရင္က ည ၁၀ နာရီကေန မနက္ ၄ နာရီ အစား၊ အခု ည ၁၂ နာရီ ကေန မနက္ ၄ နာရီ ထိေလွ်ာ့ေပးလိုက္ပါတယ္။
ဗဟိုေကာ္မတီရဲ႕ ဥကၠ႒ျဖစ္တဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကေတာ့ အမိန႔္နဲ႔ ၫႊန္ၾကားခ်က္ေတြကို တစ္ဆင့္ခ်င္း ေျဖေလ်ာ့ေပးေနေပမယ့္၊ ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈေတြကို လုံးဝထိန္းခ်ဳပ္ႏိုင္တာမ်ိဳး မဟုတ္ေသးတာေၾကာင့္ ျပည္သူေတြအေနနဲ႔ ေပါ့ဆမေနဘဲ၊ က်န္းမာေရးသတိနဲ႔ ေနထိုင္ၾကဖို႔ ေမလ ၁၄
ရက္ မေန႔က ထုတ္ျပန္တဲ့ ျပည္သူသို႔ အသိေပးပန္ၾကားခ်က္မွာ ေဖာ္ျပထားပါတယ္။
ဒီသတင္းကိုRFA သတင္းေထာက္ မသက္စုေအာင္ ေပးပို႔တာပါ။
RFA Burmese
--------------------------------------
(Unicode)⤵⤵⤵
ညမထွက်ရအမိန့် အနည်းငယ် ဖြေလျှော့ပေးလိုက်ပေမယ့်၊ ကန့်သတ်ချက်တစ်ချို့ မေလကုန်ထိ တိုးမြှင့်
နေပြည်တော်ကောင်စီ နယ်မြေအတွင်းမှာ ညမထွက်ရအမိန့်ကို အနည်းငယ် ဖြေလျှော့ပေးလိုက်ပေမယ့် လူစုလူဝေးနဲ့ ကျင်းပမယ့်အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေ မလုပ်ဖို့၊ ရုပ်ရှင်ရုံတွေ ဘော်ဒါဆောင်တွေနဲ့ မူကြိုကျောင်းတွေကို မဖွင့်ဖို့ ကန့်သတ်ချက်ကို မေလကုန်ထိ ထပ်မံတိုးမြှင့်လိုက်ပါတယ်။
အရင် ထုတ်ပြန်ထားတဲ့အမိန့်က မေလ ၁၅ ရက်ထိ ဖြစ်ပြီး၊ အဲဒီအမိန့် သက်တမ်း မကုန်ခင် တစ်ရက်အလိုမှာ၊ ကန့်သတ်ချက်တွေကို မေလကုန်ထိ သက်တမ်းထပ်တိုးလိုက်ကြောင်း နေပြည်တော်ကောင်စီက မနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ကိုဗစ်19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ ညွှန်ကြားချက်နဲ့ နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် တိုင်းနဲ့ ပြည်နယ်တချို့မှာ ညမထွက်ရအမိန့်ကို အရင်က ည ၁၀ နာရီကနေ မနက် ၄ နာရီ အစား၊ အခု ည ၁၂ နာရီ ကနေ မနက် ၄ နာရီ ထိလျှော့ပေးလိုက်ပါတယ်။
ဗဟိုကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကတော့ အမိန့်နဲ့ ညွှန်ကြားချက်တွေကို တစ်ဆင့်ချင်း ဖြေလျော့ပေးနေပေမယ့်၊ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကို လုံးဝထိန်းချုပ်နိုင်တာမျိုး မဟုတ်သေးတာကြောင့် ပြည်သူတွေအနေနဲ့ ပေါ့ဆမနေဘဲ၊ ကျန်းမာရေးသတိနဲ့ နေထိုင်ကြဖို့ မေလ ၁၄
ရက် မနေ့က ထုတ်ပြန်တဲ့ ပြည်သူသို့ အသိပေးပန်ကြားချက်မှာ ဖော်ပြထားပါတယ်။
ဒီသတင်းကိုRFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။
RFA Burmese
https://www.facebook.com/rfaburmese
