Semiconductor ေရာင္းခ်မႈ အေမရိကန္က ကန္႔သတ္မယ့္အေပၚ တရုတ္လက္တံု႔ျပန္မည္

Semiconductor အီလက္ထရြန္းနစ္ ခ်စ္ပ္ျပားကို ထည့္ေနစဥ္
(Zawgyi/Unicode)

Semiconductor အီလက္ထရြန္းနစ္ ခ်စ္ပ္ျပားထုတ္လုပ္သူေတြအေနနဲ႔ သူတို႔ရဲ့ ထုတ္ကုန္ေတြကို တ႐ုတ္ နည္းပညာ ကုမၸဏီ Huawei ကို ေရာင္းခ်ခြင့္ကို တားျမစ္ဖို႔ သမၼတ Trump အစိုးရအဖြဲ႕က ေသာၾကာေန႔က စတင္လုပ္ေဆာင္လိုက္တဲ့ အတြက္ အေမ ရိကန္နဲ႔ တ႐ုတ္ၾကား ဆက္ဆံေရး ပိုၿပီး တင္းမာလာခဲ့ပါတယ္။

အေမရိကန္လုပ္ software နဲ႔ နည္းပညာသုံးခ်စ္ပ္ျပားေတြကို Huawei ကုမၼဏီက ဝယ္ယူေနတာကို ပစ္မွတ္ထားၿပီး Semiconductor ခ်စ္ပ္ျပားေတြ ျပည္ပတင္ပို႔ခြင့္ စည္းမ်ဥ္းေတြကို ျပန္လည္ ျပင္ဆင္သြားမယ္လို႔ အေမရိကန္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ေျပာဆိုလိုက္တာပါ။ တ႐ုတ္ Huawei ကုမၸဏီဟာ အေမရိကန္တို႔ရဲ့ ျပည္ပပို႔ကုန္ ထိန္းခ်ဳပ္မႈ စည္းမ်ဥ္းေတြကို ေလၽွာ့တြက္ေနတယ္ လို႔လည္း အဲဒီ ဝန္ႀကီးဌာနက ေျပာပါတယ္။

အေမရိကန္တို႔ရဲ ႔ လုပ္ေဆာင္ခ်က္အေပၚ ခ်က္ခ်င္းလက္တုံ႔ျပန္တဲ့ အေနနဲ႔ တ႐ုတ္နိုင္ငံကလည္း အေမရိကန္ ကုမၸဏီေတြကို မယုံ ၾကည္ရတ့ဲ ကုမၸဏီေတြစာရင္းမွာ ထည့္သြင္းသြားဖို႔ အဆင္သင့္ျဖစ္ေနၿပီျဖစ္တဲ့အေၾကာင္း ေသာၾကာေန႔ထုတ္ တ႐ုတ္ Global times သတင္းစာမွာ ေရးထားပါတယ္။

မယုံၾကည္ရတဲ့ ကုမၼဏီေတြကို တ႐ုတ္က စုံစမ္းစစ္ေဆးသြားမယ့္အထဲ အေမရိကန္ နည္းပညာ ကုမၼဏီေတြျဖစ္တဲ့ Apple ၊ Cisco systems နဲ႔ Qualcomm တို႔ပါဝင္သလို Boeing ေလယာဥ္ကုမၼဏီက ေလယာဥ္ေတြဝယ္ယူဖို႔ကိုလည္း ဆိုင္းငံ့ထားမွာျဖစ္တယ္လို႔Global times သတင္းစာက ေျပာပါတယ္။

ဒီလို အျပန္အလွန္ လုပ္ေဆာင္ခ်က္ေတြေၾကာင့္ ကမၻာမွာ စမတ္ဖုန္း ဒုတိယ အမ်ားဆုံး ထုတ္လုပ္တဲ့ Huawei ကုမၸဏီ အထိနာမွာ ျဖစ္သလို သူ႔ကို Semiconductor ေတြ ေပးသြင္းေနတဲ့ ထိုင္ဝမ္ ကုမၸဏီ TMSC လည္း အထိနာမွာ ျဖစ္ပါတယ္။ TMSC ကုမၸဏီက အေမရိကန္ အာရီဇိုးနား ျပည္နယ္မွာ စက္႐ုံတစ္ခု ဖြင့္မယ္လို႔ ၾကာသပေတးေန႔ ေႏွာင္းပိုင္းကပဲ ေၾကညာထားခဲ့တာလည္း ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
---------------------------------

Semiconductor ရောင်းချမှု အမေရိကန်က ကန့်သတ်မယ့်အပေါ် တရုတ်လက်တုံ့ပြန်မည်

(Unicode)

Semiconductor အီလက်ထရွန်းနစ် ချစ်ပ်ပြားထုတ်လုပ်သူတွေအနေနဲ့ သူတို့ရဲ့ ထုတ်ကုန်တွေကို တရုတ် နည်းပညာ ကုမ္ပဏီ Huaweiကို ရောင်းချခွင့်ကို တားမြစ်ဖို့ သမ္မတ Trump အစိုးရအဖွဲ့က သောကြာနေ့က စတင်လုပ်ဆောင်လိုက်တဲ့ အတွက် အမေ ရိကန်နဲ့ တရုတ်ကြား ဆက်ဆံရေး ပိုပြီး တင်းမာလာခဲ့ပါတယ်။

အမေရိကန်လုပ် software နဲ့ နည်းပညာသုံးချစ်ပ်ပြားတွေကို Huawei ကုမ္မဏီက ဝယ်ယူနေတာကို ပစ်မှတ်ထားပြီး Semiconductor ချစ်ပ်ပြားတွေ ပြည်ပတင်ပို့ခွင့် စည်းမျဉ်းတွေကို ပြန်လည် ပြင်ဆင်သွားမယ်လို့ အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောဆိုလိုက်တာပါ။ တရုတ် Huawei ကုမ္ပဏီဟာ အမေရိကန်တို့ရဲ့ ပြည်ပပို့ကုန် ထိန်းချုပ်မှု စည်းမျဉ်းတွေကို လျှော့တွက်နေတယ် လို့လည်း အဲဒီ ဝန်ကြီးဌာနက ပြောပါတယ်။

အမေရိကန်တို့ရဲ့ လုပ်ဆောင်ချက်အပေါ် ချက်ချင်းလက်တုံ့ပြန်တဲ့ အနေနဲ့ တရုတ်နိုင်ငံကလည်း အမေရိကန် ကုမ္ပဏီတွေကို မယုံ ကြည်ရတဲ့ ကုမ္ပဏီတွေစာရင်းမှာ ထည့်သွင်းသွားဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့အကြောင်း သောကြာနေ့ထုတ် တရုတ် Global times သတင်းစာမှာ ရေးထားပါတယ်။

မယုံကြည်ရတဲ့ ကုမ္မဏီတွေကို တရုတ်က စုံစမ်းစစ်ဆေးသွားမယ့်အထဲ အမေရိကန် နည်းပညာ ကုမ္မဏီတွေဖြစ်တဲ့ Apple ၊ Cisco systems နဲ့Qualcomm တို့ပါဝင်သလို Boeing လေယာဉ်ကုမ္မဏီက လေယာဉ်တွေဝယ်ယူဖို့ကိုလည်း ဆိုင်းငံ့ထားမှာဖြစ်တယ်လို့Global times သတင်းစာက ပြောပါတယ်။

ဒီလို အပြန်အလှန် လုပ်ဆောင်ချက်တွေကြောင့် ကမ္ဘာမှာ စမတ်ဖုန်း ဒုတိယ အများဆုံး ထုတ်လုပ်တဲ့ Huawei ကုမ္ပဏီ အထိနာမှာ ဖြစ်သလို သူ့ကို Semiconductor တွေ ပေးသွင်းနေတဲ့ ထိုင်ဝမ် ကုမ္ပဏီ TMSC လည်း အထိနာမှာ ဖြစ်ပါတယ်။ TMSC ကုမ္ပဏီက အမေရိကန် အာရီဇိုးနား ပြည်နယ်မှာ စက်ရုံတစ်ခု ဖွင့်မယ်လို့ ကြာသပတေးနေ့ နှောင်းပိုင်းကပဲ ကြေညာထားခဲ့တာလည်း ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/semiconductor-us-china-/5421979.html
Semiconductor ေရာင္းခ်မႈ အေမရိကန္က ကန္႔သတ္မယ့္အေပၚ တရုတ္လက္တံု႔ျပန္မည္ Semiconductor ေရာင္းခ်မႈ အေမရိကန္က ကန္႔သတ္မယ့္အေပၚ တရုတ္လက္တံု႔ျပန္မည္ Reviewed by THITHTOOLWIN on 08:24 Rating: 5
Powered by Blogger.