ျမန္မာ COVID-19 ကူးစက္သူ ၁ ဦးထပ္တိုး၊ စုစုေပါင္း ၁၈၁ ဦး ရွိၿပီ

ရန္ကုန္ၿမိဳ႕ရွိ လမ္းတခုတြင္ ၀တ္စံုျပည့္၀တ္ၿပီး ပိုးသတ္ေဆးဖ်န္းေနၾကတဲ့ ေစတနာ့၀န္ထမ္းမ်ား (ေမ ၀၈၊ ၂၀၂၀)
(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါကူးစက္သူ ေနာက္ထပ္တစ္ဦးကုိ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက အတည္ျပဳလုိက္တဲ့အတြက္ အခုဆုိရင္ ေသဆုံးသူ ၆ ဦး အပါအ၀င္ စုစုေပါင္း ၁၈၁ ေယာက္အထိ ရွိသြားပါၿပီ။

ရန္ကုန္ၿမိဳ႕၊ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန နဲ႔ ေဆးသုေတသန ဦးစီးဌာနတုိ႔က ဓာတ္ခြဲနမူနာ စုစုေပါင္း ၁၅၄ ခုကုိ စစ္ေဆးရာမွာ လူနာသစ္ကုိ အတည္ျပဳႏိုင္ခဲ့ေၾကာင္း ဗုဒၶဟူးေန႔ည ၈ နာရီသတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့တာပါ။
ေရာဂါကူးစက္ခံထားရေၾကာင္း အတည္ျပဳခဲ့တဲ့ ရန္ကုန္တုိင္း အလုံၿမိဳ႕နယ္က အသက္ ၅၂ ႏွစ္အရြယ္ အမ်ဳိးသမီးဟာ ျပည္ပခရီးသြား ရာဇ၀င္မရွိေပမဲ့ ေရာဂါအတည္ျပဳလူနာနဲ႔ ထိေတြ႔ဆက္ဆံမႈရွိခဲ့သူျဖစ္ၿပီး အသြားအလာ ကန္႔သတ္ခံထားရသူလည္း ျဖစ္ပါတယ္။

လတ္တေလာ ေစာင့္ၾကည့္လူနာအသစ္ ၈၃ ေယာက္ ရွိေနၿပီး ေရာဂါကင္းစင္သူ ၇၉ ေယာက္အနက္ ၆၆ ေယာက္ကုိ ေဆး႐ုံက ဆင္းခြင့္ျပဳခဲ့ၿပီးေတာ့ အသြားအလာကန္႔သတ္ေစာင့္ၾကည့္ေနေၾကာင္းလည္း က်န္းမာေရး၀န္ႀကီးဌာနက ေျပာပါတယ္။

ျမန္မာႏုိင္ငံမွာ ဒီေန႔အထိဆိုရင္ ဓာတ္ခဲြစမ္းသပ္မႈေပါင္း ၁၂,၀၀၀ ေက်ာ္ ရွိခဲ့ရာမွာ COVID-19 ေရာဂါ အတည္ျပဳလူနာေတြနဲ႔ ထိေတြ႔သူေတြၾကားမွာ ကူးစက္မႈ ၃.၅ ရာခိုင္ႏႈန္း ေစာင့္ၾကည့္လူနာေတြၾကားမွာ ၁.၆ ရာခိုင္ႏႈန္းနဲ႔ ေရာဂါလကၡဏာ မျပေပမဲ့ ျပည္တြင္း၊ ျပည္ပ ခရီးသြားရာဇ၀င္ရွိတဲ့အတြက္ အသြားအလာ ကန္႔သတ္ထားသူၾကားမွာ ကူးစက္မႈႏႈန္း ၀.၂ ရာခိုင္ႏႈန္း ရွိေၾကာင္းလည္း က်န္းမာေရး၀န္ႀကီးဌာနရဲ႕ ဗုဒၶဟူးေန႔ အေစာပုိင္း သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------
[Unicode Version]

မြန်မာ COVID-19 ကူးစက်သူ ၁ ဦးထပ်တိုး၊ စုစုပေါင်း ၁၈၁ ဦးရှိပြီ

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ နောက်ထပ်တစ်ဦးကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အတည်ပြုလိုက်တဲ့အတွက် အခုဆိုရင် သေဆုံးသူ ၆ ဦး အပါအဝင် စုစုပေါင်း ၁၈၁ ယောက်အထိ ရှိသွားပါပြီ။

ရန်ကုန်မြို့၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန နဲ့ ဆေးသုတေသန ဦးစီးဌာနတို့က ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၅၄ ခုကို စစ်ဆေးရာမှာ လူနာသစ်ကို အတည်ပြုနိုင်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့ည ၈ နာရီသတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။

ရောဂါကူးစက်ခံထားရကြောင်း အတည်ပြုခဲ့တဲ့ ရန်ကုန်တိုင်း အလုံမြို့နယ်က အသက် ၅၂ နှစ်အရွယ် အမျိုးသမီးဟာ ပြည်ပခရီးသွား ရာဇဝင်မရှိပေမဲ့ ရောဂါအတည်ပြုလူနာနဲ့ ထိတွေ့ဆက်ဆံမှုရှိခဲ့သူဖြစ်ပြီး အသွားအလာ ကန့်သတ်ခံထားရသူလည်း ဖြစ်ပါတယ်။

လတ်တလော စောင့်ကြည့်လူနာအသစ် ၈၃ ယောက် ရှိနေပြီး ရောဂါကင်းစင်သူ ၇၉ ယောက်အနက် ၆၆ ယောက်ကို ဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီးတော့ အသွားအလာကန့်သတ်စောင့်ကြည့်နေကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့အထိဆိုရင် ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၁၂,၀၀၀ ကျော် ရှိခဲ့ရာမှာ COVID-19 ရောဂါ အတည်ပြုလူနာတွေနဲ့ ထိတွေ့သူတွေကြားမှာ ကူးစက်မှု ၃.၅ ရာခိုင်နှုန်း စောင့်ကြည့်လူနာတွေကြားမှာ ၁.၆ ရာခိုင်နှုန်းနဲ့ ရောဂါလက္ခဏာ မပြပေမဲ့ ပြည်တွင်း၊ ပြည်ပ ခရီးသွားရာဇဝင်ရှိတဲ့အတွက် အသွားအလာ ကန့်သတ်ထားသူကြားမှာ ကူးစက်မှုနှုန်း ဝ.၂ ရာခိုင်နှုန်း ရှိကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဗုဒ္ဓဟူးနေ့ အစောပိုင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid/5418061.html
ျမန္မာ COVID-19 ကူးစက္သူ ၁ ဦးထပ္တိုး၊ စုစုေပါင္း ၁၈၁ ဦး ရွိၿပီ ျမန္မာ COVID-19 ကူးစက္သူ ၁ ဦးထပ္တိုး၊ စုစုေပါင္း ၁၈၁ ဦး ရွိၿပီ Reviewed by THITHTOOLWIN on 21:42 Rating: 5
Powered by Blogger.