ဘူးသီးေတာင္နဲ႕ေက်ာက္ေတာ္ျမိဳ႕နယ္ရဲ႕ ၂ ရက္တာ ေပါက္ကြဲမႈျဖစ္စဥ္၂ ခုအတြင္း ကေလးငယ္၂ ဦးေသဆံုးျပီး ၆ ဦးဒဏ္ရာရ


နိရဥၥရာ၊ ေမ ၁၃/ ၂၀၂၀

ရခုိင္ျပည္နယ္က ဘူးသီးေတာင္ၿမိဳ႕နယ္နဲ႕ ေက်ာက္ေတာ္ၿမိဳ႕နယ္တို႕ရဲ႕  ၂ ရက္တာအတြင္း ျဖစ္ပြားခဲ့တဲ့ ေပါက္ကြဲမႈ ျဖစ္စဥ္ႏွစ္ခုမွာ မူဆလင္ကေလးငယ္ ၂ ဦး ေသဆံုးျပီး အရပ္သား ၆ ဦး ဒဏ္ရာ ရရွိသြားခဲ့တယ္လို႕ သိရပါတယ္။

ဘူးသီးေတာင္ၿမိဳ႕နယ္ ျဖစ္စဥ္ကေတာ့ ေမလ ၁၂ ရက္ နံနက္ ၁၁ နာရီခန္႕က သရက္ျပင္ (မူဆလင္) ေက်းရြာကေန လူမရွိေတာ့တဲ့ သရက္ျပင္ (ရခိုင္) ေက်းရြာထဲသို႔ သရက္သီးခူးရန္သြားစဥ္မွာ မိုင္းနင္းမိျပီး ေပါက္ကြဲမႈ ျဖစ္ကာ ကေလးငယ္ ၂ ဦး ေသဆံုးခဲ့ရတာျဖစ္တယ္လို႕ ဖံုညိဳလိပ္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးေမာင္သန္းလိႈင္က ေျပာပါတယ္။

ေသဆံုး သူေတြကေတာ့ သရက္ျပင္ မူဆလင္ေက်းရြာမွ မေရဟဲနာေဘေဂါင္ (၈) ႏွစ္နဲ႕ ေမာင္အဒူလာမိန္ (၁၂) ႏွစ္တုိ႔ ျဖစ္ၾကျပီး  ဒဏ္ရာရရွိသြားသူကေတာ့ ဖုန္ညိဳလိပ္မူဆလင္ေက်းရြာက မဆာဒါရာဘီဘီ (၁၃) ႏွစ္ ျဖစ္တယ္လို႕ ဆိုပါတယ္။

“ကြ်န္ေတာ္တို႔ရြာကို ေတာင္ပိုင္းေျမာက္ပိုင္း ခြဲထားတယ္။ မူဆလင္ေတြတစ္ဘက္၊ ရခုိင္ေတြ တစ္ဘက္ ေနၾကတာပါ။ ကေလးေတြက မူဆလင္ေတြပါ။ ဟိုေသဆံုးသြားတဲ့ ကေလး ႏွစ္ေယာက္နဲ႔ ဒဏ္ရာရသြားတဲ့ ကေလးေတြက အရင္က ရခုိင္ေတြ ေနခဲ့တဲ့ သရက္ျပင္ရြာကို သရက္သီး သြားခူးၾကရာမွာ ရြာထဲမွာ  မိုင္းေပါက္ကြဲၿပီး အခုလို ျဖစ္သြားတာပါ။ ဖုံညိဳလိပ္နဲ႔ အဲဒီမိုင္းေပါက္တဲ့ ေနရာနဲ႔က နီးနီးေလးပါ။ မိုင္းေပါက္ကြဲတဲ့ အသံကို “၀ုန္း” ဆုိၿပီး အသံအက်ယ္ႀကီး ၾကားရပါတယ္”လို႕  ဦးေမာင္သန္းလိႈင္က ေျပာပါတယ္။

ဘူးသီးေတာင္ျမိဳ႕နယ္ေဆးရံုက ေဒါက္တာေစာမင္းသိန္းက ဒဏ္ရာရရွိသြားတဲ့ အမ်ိဳးသမီးငယ္ရဲ႕  လည္ပင္းဒဏ္ရာဟာ ျပင္းထန္တဲ့အတြက္ ဘူးသီးေတာင္ေဆးရံုမွာ ခြဲစိပ္ကုသဖို႕ အခက္ခဲ ရွိတဲ့ အတြက္ ေမာင္ေတာ ခရိုင္ ေဆးရံုသို႔ ဒီကေန႕  နံနက္ ၇ နာရီခြဲခန္႔က ပို႔ေဆာင္လုိက္ရတယ္လို႕  နိရဥၥရာသို႔ ေျပာပါတယ္။

ေနာက္ျဖစ္စဥ္တစ္ခုကေတာ့ ေမလ ၁၁ ရက္ေန႔ ညေန ၃ နာရီခန္႔က ေက်ာက္ေတာ္ၿမိဳ႕၊ ကစၥပနဒီ တံတားအနီးမွာ ေပါက္ကြဲမႈ တစ္ခု ျဖစ္ပြားခဲ့တာပါ။

အဲဒီျဖစ္စဥ္မွာ ေပါက္ကြဲမႈ တစ္ခု ျဖစ္ပြား ခဲ့ၿပီးေနာက္ ပိုက္သည္(မူဆလင္)ေက်းရြာအတြင္းသကို လက္နက္ႀကီး က်ည္က်ေရာက္ ေပါက္ကြဲခဲ့တဲ့ အတြက္ ေက်းရြာသား ၅  ဦးမွာ ဒဏ္ရာရရွိသြားခဲ့ပါတယ္။

ဒဏ္ရာရွိသြားတဲ့ သူေတြကေတာ့  ဦးလွေမာင္သာ (၅၅) ႏွစ္၊ ဦးအပ္ဒမာေလာ္ဒီ (၃၇) ႏွစ္၊ မနရ္ေဂ်ာ္ေနာ္ (၁၇) ႏွစ္၊ မေတာ္ယူဘာ (၁၇) ႏွစ္နဲ႕ ေမာင္ေမာင္စိုး (၁၇) ႏွစ္ တုိ႔ျဖစ္ေၾကာင္း သိရသည္။
အမည္မေဖာ္လိုသူက “ ေပါက္ကြဲမႈ ျဖစ္ျပီး သိပ္မၾကာခင္မွာဘဲ ရြာထဲကို လက္နက္ႀကီး လာက်တာပါ။ ေလာေလာဆယ္ ဒဏ္ရာနည္းတဲ့ ၃ ေယာက္ကို ရြာက ေဆးခန္းမွာပဲ ကုသေပးထားပါတယ္။ ရြာနားက သခ်ႋဳင္းမွာလည္း လက္နက္ႀကီးတစ္လံုး ေျမထဲစိုက္ဝင္ေနပါတယ္။ လက္နက္ႀကီးက အလတ္စားပါ။ ပန္ကာေတြ ပါပါတယ္။ ဘာအမ်ိဳးစားလဲေတာ့ မသိပါဘူး။ အဲဒီနားကို ရြာသားေတြ ေၾကာက္ၿပီး မသြားရဲၾကပါဘူး” လို႕ဆိုပါတယ္။

ယမန္ေန႔ ညေနပိုင္းမွာေတာ့  ဦးလွေမာင္သာႏွင့္ ဦးအပ္ဒမာေလာ္ဒီတုိ႔မွာ ဒဏ္ရာျပင္းထန္တဲ့ အတြက္ ေက်ာက္ေတာ္ၿမိဳ႕နယ္ အေပါက္ဝ တုိက္နယ္ေဆးရံုကေန တစ္ဆင့္ စစ္ေတြေဆးရံုႀကီးသုိ႔ ပို႕ေဆာင္ခဲ့ရတယ္လို႕ ဆိုပါတယ္။

ေဆာင္းဇာျခည္ / Narinjara
------------------------------
Unicode:
ဘူးသီးတောင်နဲ့ကျောက်တော်မြို့နယ်ရဲ့ ၂ ရက်တာ ပေါက်ကွဲမှုဖြစ်စဉ် နှစ်ခုအတွင်း ကလေးငယ်၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ

နိရဥ္စရာ၊ မေ ၁၃/ ၂၀၂၀

ရခိုင်ပြည်နယ်က ဘူးသီးတောင်မြို့နယ်နဲ့ ကျောက်တော်မြို့နယ်တို့ရဲ့  ၂ ရက်တာအတွင်း ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှု ဖြစ်စဉ်နှစ်ခုမှာ မူဆလင်ကလေးငယ် ၂ ဦး သေဆုံးပြီး အရပ်သား ၆ ဦး ဒဏ်ရာ ရရှိသွားခဲ့တယ်လို့ သိရပါတယ်။

ဘူးသီးတောင်မြို့နယ် ဖြစ်စဉ်ကတော့ မေလ ၁၂ ရက် နံနက် ၁၁ နာရီခန့်က သရက်ပြင် (မူဆလင်) ကျေးရွာကနေ လူမရှိတော့တဲ့ သရက်ပြင် (ရခိုင်) ကျေးရွာထဲသို့ သရက်သီးခူးရန်သွားစဉ်မှာ မိုင်းနင်းမိပြီး ပေါက်ကွဲမှု ဖြစ်ကာ ကလေးငယ် ၂ ဦး သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဖုံညိုလိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်က ပြောပါတယ်။

သေဆုံး သူတွေကတော့ သရက်ပြင် မူဆလင်ကျေးရွာမှ မရေဟဲနာဘေဂေါင် (၈) နှစ်နဲ့ မောင်အဒူလာမိန် (၁၂) နှစ်တို့ ဖြစ်ကြပြီး  ဒဏ်ရာရရှိသွားသူကတော့ ဖုန်ညိုလိပ်မူဆလင်ကျေးရွာက မဆာဒါရာဘီဘီ (၁၃) နှစ် ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ရွာကို တောင်ပိုင်းမြောက်ပိုင်း ခွဲထားတယ်။ မူဆလင်တွေတစ်ဘက်၊ ရခိုင်တွေ တစ်ဘက် နေကြတာပါ။ ကလေးတွေက မူဆလင်တွေပါ။ ဟိုသေဆုံးသွားတဲ့ ကလေး နှစ်ယောက်နဲ့ ဒဏ်ရာရသွားတဲ့ ကလေးတွေက အရင်က ရခိုင်တွေ နေခဲ့တဲ့ သရက်ပြင်ရွာကို သရက်သီး သွားခူးကြရာမှာ ရွာထဲမှာ  မိုင်းပေါက်ကွဲပြီး အခုလို ဖြစ်သွားတာပါ။ ဖုံညိုလိပ်နဲ့ အဲဒီမိုင်းပေါက်တဲ့ နေရာနဲ့က နီးနီးလေးပါ။ မိုင်းပေါက်ကွဲတဲ့ အသံကို “ဝုန်း” ဆိုပြီး အသံအကျယ်ကြီး ကြားရပါတယ်”လို့  ဦးမောင်သန်းလှိုင်က ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်ဆေးရုံက ဒေါက်တာစောမင်းသိန်းက ဒဏ်ရာရရှိသွားတဲ့ အမျိုးသမီးငယ်ရဲ့  လည်ပင်းဒဏ်ရာဟာ ပြင်းထန်တဲ့အတွက် ဘူးသီးတောင်ဆေးရုံမှာ ခွဲစိပ်ကုသဖို့ အခက်ခဲ ရှိတဲ့ အတွက် မောင်တော ခရိုင် ဆေးရုံသို့ ဒီကနေ့  နံနက် ၇ နာရီခွဲခန့်က ပို့ဆောင်လိုက်ရတယ်လို့  နိရဥ္စရာသို့ ပြောပါတယ်။

နောက်ဖြစ်စဉ်တစ်ခုကတော့ မေလ ၁၁ ရက်နေ့ ညနေ ၃ နာရီခန့်က ကျောက်တော်မြို့၊ ကစ္စပနဒီ တံတားအနီးမှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာပါ။

အဲဒီဖြစ်စဉ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွား ခဲ့ပြီးနောက် ပိုက်သည်(မူဆလင်)ကျေးရွာအတွင်းသကို လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲခဲ့တဲ့ အတွက် ကျေးရွာသား ၅  ဦးမှာ ဒဏ်ရာရရှိသွားခဲ့ပါတယ်။
ဒဏ်ရာရှိသွားတဲ့ သူတွေကတော့  ဦးလှမောင်သာ (၅၅) နှစ်၊ ဦးအပ်ဒမာလော်ဒီ (၃၇) နှစ်၊ မနရ်ဂျော်နော် (၁၇) နှစ်၊ မတော်ယူဘာ (၁၇) နှစ်နဲ့ မောင်မောင်စိုး (၁၇) နှစ် တို့ဖြစ်ကြောင်း သိရသည်။

အမည်မဖော်လိုသူက “ ပေါက်ကွဲမှု ဖြစ်ပြီး သိပ်မကြာခင်မှာဘဲ ရွာထဲကို လက်နက်ကြီး လာကျတာပါ။ လောလောဆယ် ဒဏ်ရာနည်းတဲ့ ၃ ယောက်ကို ရွာက ဆေးခန်းမှာပဲ ကုသပေးထားပါတယ်။ ရွာနားက သချႋုင်းမှာလည်း လက်နက်ကြီးတစ်လုံး မြေထဲစိုက်ဝင်နေပါတယ်။ လက်နက်ကြီးက အလတ်စားပါ။ ပန်ကာတွေ ပါပါတယ်။ ဘာအမျိုးစားလဲတော့ မသိပါဘူး။ အဲဒီနားကို ရွာသားတွေ ကြောက်ပြီး မသွားရဲကြပါဘူး” လို့ဆိုပါတယ်။

ယမန်နေ့ ညနေပိုင်းမှာတော့  ဦးလှမောင်သာနှင့် ဦးအပ်ဒမာလော်ဒီတို့မှာ ဒဏ်ရာပြင်းထန်တဲ့ အတွက် ကျောက်တော်မြို့နယ် အပေါက်ဝ တိုက်နယ်ဆေးရုံကနေ တစ်ဆင့် စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဆောင်းဇာခြည် / Narinjara
https://www.facebook.com/narinjara.info
ဘူးသီးေတာင္နဲ႕ေက်ာက္ေတာ္ျမိဳ႕နယ္ရဲ႕ ၂ ရက္တာ ေပါက္ကြဲမႈျဖစ္စဥ္၂ ခုအတြင္း ကေလးငယ္၂ ဦးေသဆံုးျပီး ၆ ဦးဒဏ္ရာရ ဘူးသီးေတာင္နဲ႕ေက်ာက္ေတာ္ျမိဳ႕နယ္ရဲ႕ ၂ ရက္တာ ေပါက္ကြဲမႈျဖစ္စဥ္၂ ခုအတြင္း ကေလးငယ္၂ ဦးေသဆံုးျပီး ၆ ဦးဒဏ္ရာရ Reviewed by THITHTOOLWIN on 22:25 Rating: 5
Powered by Blogger.