ျမန္မာ့ အိမ္ေမြးဆင္ ၄၀၀၀ နီးပါးကို မိုက္ခ႐ိုခ်စ္ပ္တပ္ၿပီး မွတ္ပုံတင္

၂၀၀၉ ခုႏွစ္တုန္းက ဖိုးက်ား ဆင္ထိန္းသိမ္းေရးစခန္းက ဆင္တခ်ိဳ႕ကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံတဝန္းက အိမ္ေမြးဆင္ အေကာင္ေရ ၄ ေထာင္နီးပါးကို ခႏၶာကိုယ္ထဲ မိုက္ခ႐ို ခ်စ္ပ္ လွ်ပ္စစ္ ဆားကစ္ျပားေလးေတြ ထည့္သြင္းတပ္ဆင္တာကို ၂၀၂၀ မတ္လက စၿပီးေတာ့ ျမန္မာ့သစ္လုပ္ငန္းက ဦးေဆာင္ၿပီး လုပ္ေဆာင္ေနပါတယ္။

"ဆင္ရဲ႕ ခႏၶာကိုယ္ နား႐ြက္ေနာက္နားထဲ မိုက္ခ႐ိုခ်စ္ပ္ကို ထည့္တာပါ၊ ဒါတပ္ လိုက္ေပးၿပီးသြားရင္ ဆင္နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကို မိုက္ခ႐ိုခ်စ္ပ္ ဖတ္လိုက္တာနဲ႔ ခ်က္ခ်င္းသိရမွာပါ" လို႔ ျမန္မာ့သစ္လုပ္ငန္း သစ္ထုတ္ေရးဌာန ဒုတိယ အေထြေထြမန္ေနဂ်ာ ဦးေက်ာ္ထိုက္က ေျပာပါတယ္။

အဲ့ဒီ မိုက္ခ႐ိုခ်စ္ပ္ထဲမွာ ဆင္ရဲ႕ အရပ္အျမင့္၊ ဘယ္ရက္မွာ ေမြးတယ္၊ ပိုင္ရွင္က ဘယ္သူ ျဖစ္တယ္ ဆိုတာေတြ ပါရွိမွာျဖစ္ၿပီး ဆင္ေတြရဲ႕ အခ်က္အလက္ေတြကို ဒစ္ဂ်စ္တယ္လ္စနစ္နဲ႔ သိမ္းဆည္းႏိုင္မွာ ျဖစ္ပါတယ္။

အရင္တုန္းက ဆင္ေတြကို စာ႐ြက္စာတမ္းေတြနဲ႔ မွတ္ပုံတင္တာ ရွိခဲ့ဖူးေပမယ့္ အခုလို ဒစ္ဂ်ယ္တယ္လ္စနစ္နဲ႔ အခ်က္အလက္ယူတာကေတာ့ ပထမဆုံးအႀကိမ္ ျဖစ္ပါတယ္။

"ပုဂၢလိက ဆင္တစ္ေကာင္ေသမယ္ဆိုရင္ ေတာဆင္တစ္ေကာင္ဖမ္းၿပီး အစားထိုးတာမ်ိဳး ရွိတယ္၊ အဲ့ဒါမ်ိဳးကို ကာကြယ္တားဆီးဖို႔ ေနာက္ၿပီး ႏိုင္ငံျခားကို တရားမဝင္ ကုန္သြယ္မႈေတြ မလုပ္ႏိုင္ေအာင္ ထိန္းခ်ဳပ္တာ" လို႔လည္း သစ္ထုတ္ေရးဌာန ဒုတိယ အေထြေထြမန္ေနဂ်ာ ဦးေက်ာ္ထိုက္က ေျပာပါတယ္။

"ဆင္ကေလးေလးေတြေပါ့ေနာ္ အသက္ ၅ ႏွစ္မျပည့္ေသးတဲ့ ဆင္ေလးေတြ မပါပါဘူး၊ ၅ ႏွစ္ေအာက္ ဆင္ ၅၂၈ ေကာင္ ဖယ္လိုက္ရင္ က်န္တဲ့ဆင္ေတြကို မွတ္ပုံတင္မွာ ျဖစ္တယ္" လို႔ ဦးေက်ာ္ထိုက္က ဆက္ေျပာပါတယ္။

ေလာေလာဆယ္ မိုက္ခ႐ိုခ်စ္ပ္နဲ႔ မွတ္ပုံတင္ရမယ့္ ဆင္ေကာင္ေရက ၃၉၄၉ ေကာင္ရွိၿပီး အဲ့ဒီထဲမွာ သစ္ေတာဦးစီးဌာနက ပိုင္တဲ့ ဆင္အေကာင္ ၈၀၊ ျမန္မာ့သစ္လုပ္ငန္းပိုင္တဲ့ ဆင္ ၂၂၅၃ ေကာင္၊ ပုဂၢလိကပိုင္ဆင္က ၁၆၁၃ ေကာင္ ရွိတယ္လို႔ ျမန္မာ့သစ္လုပ္ငန္းက ထုတ္ျပန္ပါတယ္။

ဒီအမ်ိဳးအစားဆင္ေတြကို အိမ္ေမြးဆင္ေတြလို႔ သတ္မွတ္ၿပီး ျမန္မာ့သစ္လုပ္ငန္းနဲ႔ သစ္ေတာဦးစီးဌာန ပူးေပါင္းၿပီး အခ်က္အလက္ေတြ ေကာက္ယူေနတာ ျဖစ္ပါတယ္။

"မိုက္ခ႐ိုခ်စ္ပ္ ထည့္ရတဲ့ ဆင္ေတြထဲ ျမန္မာ့သစ္လုပ္ငန္းေအာက္မွာရွိတဲ့ ဆင္ထိန္းသိမ္းေရးစခန္း ၂၂ ခုက ဆင္ေတြ အားလုံးလည္း အက်ဳံးဝင္ပါတယ္" လို႔ သစ္ထုတ္ေရးဌာန ဒုတိယ အေထြေထြမန္ေနဂ်ာ ဦးေက်ာ္ထိုက္က ေျပာပါတယ္။
 ေန႔စဥ္ဘဝထဲမွာ ပါေနတဲ့ ရွားပါးဆင္ေတြ
အိမ္ေမြးဆင္ေတြ မွတ္ပုံတင္တာကို သစ္ေတာဦးစီးဌာက ေရးဆြဲထား တဲ့ Myanmar Elephant Conservation Action Plan (MECAP) ျမန္မာ့ဆင္မ်ိဳးစိတ္ ထိန္းသိမ္းေစာင့္ေရွာက္ေရး လုပ္ငန္းစီမံခ်က္ကို အေကာင္အထည္ေဖာ္တာျဖစ္ၿပီး ဆင္နဲ႔ ဆင္အစိတ္အပိုင္းေတြကို တရားမဝင္ အမဲလိုက္ သတ္ျဖတ္တာ၊ တရားမဝင္ ကူးသန္းေရာင္းဝယ္တာကို တားဆီးဖို႔နဲ႔ ဆင္ေတြကို ပိုၿပီး စနစ္တက် မွတ္ပုံတင္ႏိုင္ဖို႔ ရည္႐ြယ္တာ ျဖစ္တယ္လို႔လည္း ဦးေက်ာ္ထိုက္က ေျပာပါတယ္။

သယံဇာတ ႏွင့္သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ သစ္ထုတ္လုပ္ငန္းေတြမွာ ေတာဆင္႐ိုင္းေတြကို ဖမ္းဆီး ခိုင္းေစတာကို ၂ဝ၁၄ ခုႏွစ္ကတည္းက စတင္ရပ္ဆိုင္ခဲ့တာ ျဖစ္တယ္လို႔ ေဖာ္ျပပါတယ္။

ေတာဆင္႐ိုင္းေတြကိုလည္း လြန္ခဲ့တဲ့ ၁၅ ႏွစ္ေလာက္ကတည္းက ဖမ္းခြင့္မျပဳေတာ့ဘူးလို႔ သစ္ထုတ္ေရးဌာန ဒုတိယ အေထြေထြမန္ေနဂ်ာ ဦးေက်ာ္ထိုက္က ေျပာပါတယ္။

ဒါ့အျပင္ ဇီဝမ်ိဳးစုံ၊ မ်ိဳးကြဲနဲ႔ သဘာဝထိန္းသိမ္းေရး နယ္ေျမေတြ ကာကြယ္ေစာင့္ေရွာက္ျခင္းဆိုင္ရာဥပေဒအရ "ဆင္ေတြကို သစ္ေတာဦးစီးဌာနမွာ တရားဝင္မွတ္ပုံတင္ရမွာ ျဖစ္ၿပီး မွတ္ပုံတင္ထားတဲ့ ဆင္ေတြကိုပဲ တရားဝင္ မိုက္ခ႐ိုခ်စ္ပ္ တပ္ဆင္ၿပီး ေမြးခြင့္ ေပးမွာ ျဖစ္တယ္" လို႔ ဦးေက်ာ္ထိုက္က ေျပာပါတယ္။

BBC Burmese
---------------------------------------
(Unicode)⤵⤵⤵
မြန်မာ့ အိမ်မွေးဆင် ၄၀၀၀ နီးပါးကို မိုက်ခရိုချစ်ပ်တပ်ပြီး မှတ်ပုံတင်

မြန်မာနိုင်ငံတဝန်းက အိမ်မွေးဆင် အကောင်ရေ ၄ ထောင်နီးပါးကို ခန္ဓာကိုယ်ထဲ မိုက်ခရို ချစ်ပ် လျှပ်စစ် ဆားကစ်ပြားလေးတွေ ထည့်သွင်းတပ်ဆင်တာကို ၂၀၂၀ မတ်လက စပြီးတော့ မြန်မာ့သစ်လုပ်ငန်းက ဦးဆောင်ပြီး လုပ်ဆောင်နေပါတယ်။

"ဆင်ရဲ့ ခန္ဓာကိုယ် နားရွက်နောက်နားထဲ မိုက်ခရိုချစ်ပ်ကို ထည့်တာပါ၊ ဒါတပ် လိုက်ပေးပြီးသွားရင် ဆင်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မိုက်ခရိုချစ်ပ် ဖတ်လိုက်တာနဲ့ ချက်ချင်းသိရမှာပါ" လို့ မြန်မာ့သစ်လုပ်ငန်း သစ်ထုတ်ရေးဌာန ဒုတိယ အထွေထွေမန်နေဂျာ ဦးကျော်ထိုက်က ပြောပါတယ်။

အဲ့ဒီ မိုက်ခရိုချစ်ပ်ထဲမှာ ဆင်ရဲ့ အရပ်အမြင့်၊ ဘယ်ရက်မှာ မွေးတယ်၊ ပိုင်ရှင်က ဘယ်သူ ဖြစ်တယ် ဆိုတာတွေ ပါရှိမှာဖြစ်ပြီး ဆင်တွေရဲ့ အချက်အလက်တွေကို ဒစ်ဂျစ်တယ်လ်စနစ်နဲ့ သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။

အရင်တုန်းက ဆင်တွေကို စာရွက်စာတမ်းတွေနဲ့ မှတ်ပုံတင်တာ ရှိခဲ့ဖူးပေမယ့် အခုလို ဒစ်ဂျယ်တယ်လ်စနစ်နဲ့ အချက်အလက်ယူတာကတော့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

"ပုဂ္ဂလိက ဆင်တစ်ကောင်သေမယ်ဆိုရင် တောဆင်တစ်ကောင်ဖမ်းပြီး အစားထိုးတာမျိုး ရှိတယ်၊ အဲ့ဒါမျိုးကို ကာကွယ်တားဆီးဖို့ နောက်ပြီး နိုင်ငံခြားကို တရားမဝင် ကုန်သွယ်မှုတွေ မလုပ်နိုင်အောင် ထိန်းချုပ်တာ" လို့လည်း သစ်ထုတ်ရေးဌာန ဒုတိယ အထွေထွေမန်နေဂျာ ဦးကျော်ထိုက်က ပြောပါတယ်။

"ဆင်ကလေးလေးတွေပေါ့နော် အသက် ၅ နှစ်မပြည့်သေးတဲ့ ဆင်လေးတွေ မပါပါဘူး၊ ၅ နှစ်အောက် ဆင် ၅၂၈ ကောင် ဖယ်လိုက်ရင် ကျန်တဲ့ဆင်တွေကို မှတ်ပုံတင်မှာ ဖြစ်တယ်" လို့ ဦးကျော်ထိုက်က ဆက်ပြောပါတယ်။

လောလောဆယ် မိုက်ခရိုချစ်ပ်နဲ့ မှတ်ပုံတင်ရမယ့် ဆင်ကောင်ရေက ၃၉၄၉ ကောင်ရှိပြီး အဲ့ဒီထဲမှာ သစ်တောဦးစီးဌာနက ပိုင်တဲ့ ဆင်အကောင် ၈၀၊ မြန်မာ့သစ်လုပ်ငန်းပိုင်တဲ့ ဆင် ၂၂၅၃ ကောင်၊ ပုဂ္ဂလိကပိုင်ဆင်က ၁၆၁၃ ကောင် ရှိတယ်လို့ မြန်မာ့သစ်လုပ်ငန်းက ထုတ်ပြန်ပါတယ်။

ဒီအမျိုးအစားဆင်တွေကို အိမ်မွေးဆင်တွေလို့ သတ်မှတ်ပြီး မြန်မာ့သစ်လုပ်ငန်းနဲ့ သစ်တောဦးစီးဌာန ပူးပေါင်းပြီး အချက်အလက်တွေ ကောက်ယူနေတာ ဖြစ်ပါတယ်။

"မိုက်ခရိုချစ်ပ် ထည့်ရတဲ့ ဆင်တွေထဲ မြန်မာ့သစ်လုပ်ငန်းအောက်မှာရှိတဲ့ ဆင်ထိန်းသိမ်းရေးစခန်း ၂၂ ခုက ဆင်တွေ အားလုံးလည်း အကျုံးဝင်ပါတယ်" လို့ သစ်ထုတ်ရေးဌာန ဒုတိယ အထွေထွေမန်နေဂျာ ဦးကျော်ထိုက်က ပြောပါတယ်။

အိမ်မွေးဆင်တွေ မှတ်ပုံတင်တာကို သစ်တောဦးစီးဌာက ရေးဆွဲထား တဲ့ Myanmar Elephant Conservation Action Plan (MECAP) မြန်မာ့ဆင်မျိုးစိတ် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်တာဖြစ်ပြီး ဆင်နဲ့ ဆင်အစိတ်အပိုင်းတွေကို တရားမဝင် အမဲလိုက် သတ်ဖြတ်တာ၊ တရားမဝင် ကူးသန်းရောင်းဝယ်တာကို တားဆီးဖို့နဲ့ ဆင်တွေကို ပိုပြီး စနစ်တကျ မှတ်ပုံတင်နိုင်ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့လည်း ဦးကျော်ထိုက်က ပြောပါတယ်။

သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သစ်ထုတ်လုပ်ငန်းတွေမှာ တောဆင်ရိုင်းတွေကို ဖမ်းဆီး ခိုင်းစေတာကို ၂ဝ၁၄ ခုနှစ်ကတည်းက စတင်ရပ်ဆိုင်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

တောဆင်ရိုင်းတွေကိုလည်း လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက ဖမ်းခွင့်မပြုတော့ဘူးလို့ သစ်ထုတ်ရေးဌာန ဒုတိယ အထွေထွေမန်နေဂျာ ဦးကျော်ထိုက်က ပြောပါတယ်။

ဒါ့အပြင် ဇီဝမျိုးစုံ၊ မျိုးကွဲနဲ့ သဘာဝထိန်းသိမ်းရေး နယ်မြေတွေ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေအရ "ဆင်တွေကို သစ်တောဦးစီးဌာနမှာ တရားဝင်မှတ်ပုံတင်ရမှာ ဖြစ်ပြီး မှတ်ပုံတင်ထားတဲ့ ဆင်တွေကိုပဲ တရားဝင် မိုက်ခရိုချစ်ပ် တပ်ဆင်ပြီး မွေးခွင့် ပေးမှာ ဖြစ်တယ်" လို့ ဦးကျော်ထိုက်က ပြောပါတယ်။

BBC Burmese

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား