ထိုင်းကပြန်ဝင်လာသူတွေအားလုံး COVID-19 စစ်ဆေး

မဲဆောက်မြို့သို့ ရောက်ရှိလာသည့် နေရပ်ပြန်မြန်မာအလုပ်သမားများ သယ်ဆောင်လာသည့် ကားများ။ (မေ ၂၃၊ ၂၀၂၀)
(Unicode)⤵⤵⤵
ထိုင်းနိုင်ငံမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေ နေအိမ်ပြန်ခွင့် ရနေကြပြီဖြစ်ပြီး သူတို့အားလုံးကို COVID-19 ရောဂါ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ကိုဗစ်အရေးပေါ်ကာလ ညမထွက်ရအမိန့်နဲ့ နယ်မြေဖြတ်သန်းခွင့် ပိတ်ပင်ထားတဲ့ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေကို လုံခြုံရေးအစီအစဉ်တွေ၊ ထောက်ခံစာတွေနဲ့ နေရပ်ပြန်ခွင့်ပေးခဲ့ပါတယ်။ မြန်မာဘက်ကတော့ ဒီနေ့ဝင်လာသူ ၄၀၀ ကျော်ရှိနိုင်တယ်လို့ ခန့်မှန်းထားပြီး အားလုံးကို အထူးအစီအစဉ်အနေနဲ့ ကိုဗစ်ရောဂါပိုးရှိမရှိ စစ်ဆေးသွားမှာဖြစ်ကြောင်း ကရင်ပြည်နယ် မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။

“ဒီနေ့ကစပြီး ဆက်ပြီး တိုးမြှင့်ဆောင်ရွက်တာက ဝင်လာသမျှကို ကိုဗစ်စစ်ဆေးပြီးမှသာ Quarantine စင်တာကို ပို့မယ်။ သံရုံးအစီအစဉ်နဲ့လာတာက ကားဆယ်စီး လူ ၂၁၀၊ ကလေးတဦးပါတော့ ၂၁၁ ယောက်၊ မနက်ပိုင်းက အကြောင်းအမျိုးမျိုးနဲ့ တာ့ခ်ခရိုင်ကို ရောက်နေတာက ၁၀၁ ယောက်၊ ဆိုတော့ ၃၁၂ ယောက်။ ခုနဆက်ဝင်တာ ၃၇ ယောက်၊ ၃၄၉ ယောက်၊ ဒီပြင် နောက် လေယာဉ်နဲ့ဝင်တာနဲ့ ကျန်တဲ့အဖွဲ့နဲ့ဆို ၄၅၀ လောက်ထိဖြစ်သွားမယ်။ လောလောဆယ် ၃၄၉ ရှိတယ်။ အဲဒီလူတွေကို အာခေါင်တို့ဖတ်နဲ့ နှာခေါင်းတို့ဖတ်ကို စစ်ပြီးရင် ပေါ့စတစ်သမားဆိုရင် ဝေဘာဂီပို့မယ်၊ ပိုးမရှိဘူး နဂ္ဂတစ်ဆိုရင်တော့ ကျနော်တို့ ကရင်ပြည်နယ်မှာပဲဖြစ်ဖြစ် သက်ဆိုင်ရာ တိုင်းဒေသကြီးတွေနဲ့ ချိတ်ဆက်ပြီး Quarantine စင်တာတွေဆီ ပို့မယ်။”

COVID-19 အရေးပေါ် ကြေညာထားတဲ့ ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ဖြစ်ပြီး ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေအတွက် ထိုင်းအစိုးရက ရက် ၆၀ လမ်းဖွင့်ပေးခဲ့တာကြောင့် မေလ ၂၂ ရက်နေ့ ညကစပြီး မြန်မာနိုင်ငံသားတွေ နယ်စပ်ကို စသွားခွင့် ရကြတာပါ။ ဒါဟာ ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ စီစဉ်ခဲ့တာဖြစ်ကြောင်း တာ့ခ်ခရိုင်မြို့တော်ဝန် Orsit Samphantharat ကလည်း ထိုင်းဘာသာနဲ့ အခုလို ပြောသွားပါတယ်။

“ဒီကနေ့ မြန်မာနိုင်ငံသားတွေ တာ့ခ်ခရိုင်ကို ပြန်ရောက်လာပါပြီ။ ဘန်ကောက်ကနေ လာတာကတော့ ၂၁၀ ဦးပါ။ ညမထွက်ရအမိန့် ထုတ်ပြန်ထားချိန်မှာပဲ သူတို့ကို ချောချောမွေ့မွေ့ဖြစ်အောင် တာ့ခ်ခရိုင် နယ်စပ်ဂိတ်တွေကနေ ဆောင်ရွက်ပေးနေပါတယ်။ မြန်မာနိုင်ငံဘက်ကို ရောက်တော့လည်း သူတို့ကို ကားတွေက လာခေါ်သွားပါတယ်။”

အခုလို ပြန်ခွင့်ရတဲ့ မြန်မာနိုင်ငံသားတွေဟာ ပြန်လိုတဲ့အကြောင်း မြန်မာနိုင်ငံသံရုံးနဲ့ အလုပ်သမားရေးရာ အဖွဲ့တွေမှာ စာရင်းပေးသွင်းထားသူတွေဖြစ်ပြီး ကိုဗစ် အရေးပေါ်ကာလ ဖြစ်တာကြောင့် ထိုင်းစစ်ဘက်ဆိုင်ရာ အာဏာပိုင်တွေက ယာယီခရီးသွားခွင့်ပြုချက် ရရှိထားသူများ ဖြစ်ပါတယ်။

အခုဆိုရင် နေ့စဉ်ပြန်ခွင့်ရသူ လူဦးရေ တနေ့ထက်တနေ့ ပိုများလာတယ်လို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် ဥက္ကဋ္ဌ ဦးအောင်ကျော်ကလည်း ပြောပါတယ်။

“အခု မနေ့က လူဦးရေ ၂၁၀ ပြန်တယ်ဆိုပေမယ့် ဒီနေ့ ၃၃၆ ယောက်ဖြစ်သလို မနက်ဖြန်ဆို ၄၆၂ ယောက် သွားလို့ရအောင် ဖြစ်သွားပါပြီ။ သံမှူးကြီးကိုယ်တိုင် ပြောတာက စစထွက်ချင်းမှာပဲ တာထွက်လို့ရအောင် စီစဉ်တာဖြစ်ပေမယ့် နောက်ပိုင်းမှာ ဒီထက်ပိုပြီး သွားလို့ရအောင် စီစဉ်ဆောင်ရွက်ထားတာပါလို့ ပြောထားပါတယ်။”

အလုပ်လက်မဲ့ဖြစ်ပြီး နေရပ်ပြန်ချင်သူ အလုပ်သမားလူဦးရေ ၃ သောင်းလောက်ဟာ မြန်မာသံရုံးကို စာရင်းပေးသွင်းထားပေမယ့် ကားခမတတ်နိုင်တဲ့ အလုပ်သမားတွေ ရှိတာကြောင့် နှစ်နိုင်ငံအစိုးရတွေဘက်က စဉ်းစားပေးဖို့ လိုအပ်တယ်လို့ ဦးအောင်ကျော်က ပြောပါတယ်။

နေရပ်ပြန် အလုပ်သမားတွေဟာ တဦးကို ဘတ်ငွေ ၁၂၀၀ လောက် အကုန်ကျခံပြီး ပြန်နေရတာပါ။ အရင်တုန်းကတော့ ကားခ တဦးကို ဘတ်ငွေ ၄၀၀ ကနေ ၅၀၀ ဝန်းကျင်လောက်ပဲ ကုန်ကျတာပါ။ COVID-19 အရေးပေါ်ကာလမှာ ကျန်းမာရေး ဆောင်ရွက်ချက်အရ ကားပေါ်ကို လိုက်ပါမယ့် လူဦးရေ လျှော့ချလိုက်တာကြောင့် ကားတစီးမှာ လူဦးရေ ၂၁ ဦးသာ လိုက်ပါလို့ရပါတယ်။ နေထိုင်းစားသောက်ရေး ခက်ခဲပြီး အလုပ်လက်မဲ့ ဖြစ်နေချိန်မှာတော့ အလုပ်သမားတွေအတွက် ကားခအခက်အခဲ ကြုံနေကြတာလည်း ဖြစ်ပါတယ်။

မအေးအေးမာ  / ဗွီအိုအေ (မြန်မာပိုင်း)
-----------------------------------------------------
(Zawgyi)⤵⤵⤵
ထုိင္းကျပန္ဝင္လာသူေတြအားလံုး COVID-19 စစ္ေဆး

ထိုင္းႏုိင္ငံမွာ ပိတ္မိေနတဲ့ ျမန္မာႏုိင္ငံသားေတြ ေနအိမ္ျပန္ခြင့္ ရေနၾကၿပီျဖစ္ၿပီး သူတို႔အားလံုးကို COVID-19 ေရာဂါ စစ္ေဆးသြားမွာ ျဖစ္ပါတယ္။ အျပည့္အစုံကို ထုိင္းအေျခစုိက္ ဗြီအိုေအ ျမန္မာပုိင္းသတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ကိုဗစ္အေရးေပၚကာလ ညမထြက္ရအမိန္႔နဲ႔ နယ္ေျမျဖတ္သန္းခြင့္ ပိတ္ပင္ထားတဲ့ ထုိင္းႏိုင္ငံမွာ ျမန္မာအလုပ္သမားေတြကို လံုၿခံဳေရးအစီအစဥ္ေတြ၊ ေထာက္ခံစာေတြနဲ႔ ေနရပ္ျပန္ခြင့္ေပးခဲ့ပါတယ္။ ျမန္မာဘက္ကေတာ့ ဒီေန႔၀င္လာသူ ၄၀၀ ေက်ာ္ရွိႏိုင္တယ္လုိ႔ ခန္႔မွန္းထားၿပီး အားလံုးကုိ အထူးအစီအစဥ္အေနနဲ႔ ကုိဗစ္ေရာဂါပုိးရွိမရွိ စစ္ေဆးသြားမွာျဖစ္ေၾကာင္း ကရင္ျပည္နယ္ ျမ၀တီခ႐ုိင္ အုပ္ခ်ဳပ္ေရးမွဴး ဦးေတဇာေအာင္က ေျပာပါတယ္။

“ဒီေန႔ကစၿပီး ဆက္ၿပီး တုိးျမႇင့္ေဆာင္ရြက္တာက ၀င္လာသမ်ွကို ကုိဗစ္စစ္ေဆးၿပီးမွသာ Quarantine စင္တာကုိ ပို႔မယ္။ သံ႐ုံးအစီအစဥ္နဲ႔လာတာက ကားဆယ္စီး လူ ၂၁၀၊ ကေလးတဦးပါေတာ့ ၂၁၁ ေယာက္၊ မနက္ပုိင္းက အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ တာ့ခ္ခ႐ုိင္ကုိ ေရာက္ေနတာက ၁၀၁ ေယာက္၊ ဆုိေတာ့ ၃၁၂ ေယာက္။ ခုနဆက္၀င္တာ ၃၇ ေယာက္၊ ၃၄၉ ေယာက္၊ ဒီျပင္ ေနာက္ ေလယာဥ္နဲ႔၀င္တာနဲ႔ က်န္တဲ့အဖဲြ႔နဲ႔ဆုိ ၄၅၀ ေလာက္ထိျဖစ္သြားမယ္။ ေလာေလာဆယ္ ၃၄၉ ရွိတယ္။ အဲဒီလူေတြကို အာေခါင္တုိ႔ဖတ္နဲ႔ ႏွာေခါင္းတုိ႔ဖတ္ကို စစ္ၿပီးရင္ ေပါ့စတစ္သမားဆုိရင္ ေ၀ဘာဂီပို႔မယ္၊ ပိုးမရွိဘူး နဂၢတစ္ဆုိရင္ေတာ့ က်ေနာ္တုိ႔ ကရင္ျပည္နယ္မွာပဲျဖစ္ျဖစ္ သက္ဆုိင္ရာ တိုင္းေဒသႀကီးေတြနဲ႔ ခ်ိတ္ဆက္ၿပီး Quarantine စင္တာေတြဆီ ပို႔မယ္။”

COVID-19 အေရးေပၚ ေၾကညာထားတဲ့ ထိုင္းႏုိင္ငံမွာ အလုပ္လက္မဲ့ျဖစ္ၿပီး ပိတ္မိေနတဲ့ ျမန္မာႏုိင္ငံသားေတြအတြက္ ထိုင္းအစိုးရက ရက္ ၆၀ လမ္းဖြင့္ေပးခဲ့တာေၾကာင့္ ေမလ ၂၂ ရက္ေန႔ ညကစၿပီး ျမန္မာႏုိင္ငံသားေတြ နယ္စပ္ကို စသြားခြင့္ ရၾကတာပါ။ ဒါဟာ ထိုင္း-ျမန္မာ ႏွစ္ႏုိင္ငံအစိုးရေတြရဲ႕ ပူးေပါင္းေဆာင္ရြက္မႈနဲ႔ စီစဥ္ခဲ့တာျဖစ္ေၾကာင္း တာ့ခ္ခ႐ုိင္ၿမိဳ႕ေတာ္၀န္ Orsit Samphantharat ကလည္း ထုိင္းဘာသာနဲ႔ အခုလို ေျပာသြားပါတယ္။

“ဒီကေန႔ ျမန္မာႏုိင္ငံသားေတြ တာ့ခ္ခ႐ုိင္ကုိ ျပန္ေရာက္လာပါၿပီ။ ဘန္ေကာက္ကေန လာတာကေတာ့ ၂၁၀ ဦးပါ။ ညမထြက္ရအမိန္႔ ထုတ္ျပန္ထားခ်ိန္မွာပဲ သူတို႔ကုိ ေခ်ာေခ်ာေမြ႔ေမြ႔ျဖစ္ေအာင္ တာ့ခ္ခ႐ုိင္ နယ္စပ္ဂိတ္ေတြကေန ေဆာင္ရြက္ေပးေနပါတယ္။ ျမန္မာႏုိင္ငံဘက္ကို ေရာက္ေတာ့လည္း သူတို႔ကို ကားေတြက လာေခၚသြားပါတယ္။”

အခုလို ျပန္ခြင့္ရတဲ့ ျမန္မာႏုိင္ငံသားေတြဟာ ျပန္လိုတဲ့အေၾကာင္း ျမန္မာႏုိင္ငံသံ႐ုံးနဲ႔ အလုပ္သမားေရးရာ အဖြဲ႔ေတြမွာ စာရင္းေပးသြင္းထားသူေတြျဖစ္ၿပီး ကုိဗစ္ အေရးေပၚကာလ ျဖစ္တာေၾကာင့္ ထုိင္းစစ္ဘက္ဆိုင္ရာ အာဏာပုိင္ေတြက ယာယီခရီးသြားခြင့္ျပဳခ်က္ ရရိွထားသူမ်ား ျဖစ္ပါတယ္။

အခုဆုိရင္ ေန႔စဥ္ျပန္ခြင့္ရသူ လူဦးေရ တေန႔ထက္တေန႔ ပုိမ်ားလာတယ္လို႔ ေရႊ႕ေျပာင္းအလုပ္သမား အခြင့္အေရးကြန္ရက္ ဥကၠ႒ ဦးေအာင္ေက်ာ္ကလည္း ေျပာပါတယ္။

“အခု မေန႔က လူဦးေရ ၂၁၀ ျပန္တယ္ဆိုေပမယ့္ ဒီေန႔ ၃၃၆ ေယာက္ျဖစ္သလုိ မနက္ျဖန္ဆုိ ၄၆၂ ေယာက္ သြားလို႔ရေအာင္ ျဖစ္သြားပါၿပီ။ သံမွဴးႀကီးကုိယ္တုိင္ ေျပာတာက စစထြက္ခ်င္းမွာပဲ တာထြက္လို႔ရေအာင္ စီစဥ္တာျဖစ္ေပမယ့္ ေနာက္ပုိင္းမွာ ဒီထက္ပုိၿပီး သြားလို႔ရေအာင္ စီစဥ္ေဆာင္ရြက္ထားတာပါလို႔ ေျပာထားပါတယ္။”

အလုပ္လက္မဲ့ျဖစ္ၿပီး ေနရပ္ျပန္ခ်င္သူ အလုပ္သမားလူဦးေရ ၃ ေသာင္းေလာက္ဟာ ျမန္မာသံ႐ုံးကုိ စာရင္းေပးသြင္းထားေပမယ့္ ကားခမတတ္ႏုိင္တဲ့ အလုပ္သမားေတြ ရွိတာေၾကာင့္ ႏွစ္ႏုိင္ငံအစိုးရေတြဘက္က စဥ္းစားေပးဖို႔ လိုအပ္တယ္လို႔ ဦးေအာင္ေက်ာ္က ေျပာပါတယ္။

ေနရပ္ျပန္ အလုပ္သမားေတြဟာ တဦးကို ဘတ္ေငြ ၁၂၀၀ ေလာက္ အကုန္က်ခံၿပီး ျပန္ေနရတာပါ။ အရင္တုန္းကေတာ့ ကားခ တဦးကို ဘတ္ေငြ ၄၀၀ ကေန ၅၀၀ ၀န္းက်င္ေလာက္ပဲ ကုန္က်တာပါ။ COVID-19 အေရးေပၚကာလမွာ က်န္းမာေရး ေဆာင္ရြက္ခ်က္အရ ကားေပၚကို လိုက္ပါမယ့္ လူဦးေရ ေလွ်ာ့ခ်လိုက္တာေၾကာင့္ ကားတစီးမွာ လူဦးေရ ၂၁ ဦးသာ လုိက္ပါလို႔ရပါတယ္။ ေနထုိင္းစားေသာက္ေရး ခက္ခဲၿပီး အလုပ္လက္မဲ့ ျဖစ္ေနခ်ိန္မွာေတာ့ အလုပ္သမားေတြအတြက္ ကားခအခက္အခဲ ႀကံဳေနၾကတာလည္း ျဖစ္ပါတယ္။

မေအးေအးမာ  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/migrant-workers-from-thailand-test-covid19/5432839.html
ထိုင်းကပြန်ဝင်လာသူတွေအားလုံး COVID-19 စစ်ဆေး ထိုင်းကပြန်ဝင်လာသူတွေအားလုံး COVID-19 စစ်ဆေး Reviewed by THITHTOOLWIN on 21:26 Rating: 5
Powered by Blogger.