မြန်မာ COVID-19 ရောဂါပျောက်ကင်းသူ ၁၂၀ ရှိပြီ

ရန်ကုန်မြို့တွင် အိမ်တိုင်ရာရောက် ကျန်းမာရေး လိုက်လံစစ်ဆေးနေသည့် ကျန်းမာရေးဝန်ထမ်းများ။ (မေ ၁၇၊ ၂၀၂၀)
(Unicode)⤵⤵⤵
မြန်မာနိုင်ငံမှာ ဒီနေ့ COVID-19 ရောဂါ ကူးစက်ခံရသူ နောက်ထပ် တယောက်မှ မတွေ့ရှိရဘဲ ရောဂါပိုးကင်းစင်သူ ၁၂၀ ရှိသွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

COVID-19 ရောဂါ ဓာတ်ခွဲနမူနာ စုစုပေါင်း ၃၁၃ ခုကို ဒီနေ့ စစ်ဆေးခဲ့တာမှာ နောက်ထပ် ရောဂါပိုးကူးစက်သူ တယောက်မှ မတွေ့ရှိဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ မေလ ၂၃ ရက်နေ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဒါကြောင့် ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်းဟာ ၂၀၁ ယောက်ပဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဆေးကုသမှုခံရပြီး ရောဂါပိုး ကင်းစင်လာသူ နောက်ထပ် ၄ ယောက် ထပ်မံတွေ့ရှိခဲ့တာကြောင့် ဗိုင်းရပ်စ်ကင်းစင်သူ စုစုပေါင်း ၁၂၀ ရှိသွားပြီလို့ အတည်ပြုထားပါတယ်။

အဲဒီထဲက ၁၀၇ ယောက်ကို ဆေးရုံကနေ ဆင်းခွင့်ပေးလိုက်ပြီး သတ်မှတ်ထားတဲ့ နေရာတွေမှာ အသွားအလာကန့်သတ်ပြီး သီးခြားစောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

မနေ့ ဇွန်လ ၂၂ ရက်နေ့ကတော့ ဓာတ်ခွဲနမူနာ စုစုပေါင်း ၇၄၀ ကို စမ်းသပ်စစ်ဆေးခဲ့တာမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၂ ဦး ရှိခဲ့တယ်လို့ ဒီကနေ့မနက် ၇ နာရီ သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂ ယောက်စလုံးဟာ ချင်းပြည်နယ် တီးတိန်မြို့က အမျိုးသားတွေဖြစ်ကြပြီး တဦးက အသက် ၃၈ နှစ်နဲ့ တဦးကတော့ ၂၆ နှစ် ဖြစ်ပါတယ်။ သူတို့ ၂ ဦးစလုံးဟာ COVID-19 အတည်ပြုလူနာတွေနဲ့ ထိတွေ့ဆက်ဆံမှု မရှိပေမယ့်လည်း မလေးရှားနိုင်ငံကနေ ပြန်လာသူတွေဖြစ်ပြီး တီးတိန်ဆေးရုံမှာ အသွားအလာ ကန့်သတ်ထားရှိခံရသူတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အခုချိန်ထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၇,၀၀၀ ကျော်ကို စမ်းသပ်စစ်ဆေးခဲ့ပြီး ကယားပြည်နယ်ကလွဲလို့ ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၃ ခုမှာ ရောဂါကူးစက်တဲ့ လူနာတွေ ရှိနေပါတယ်။

နိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၃၀ ထဲက မြို့နယ် ၅၄ မြို့နယ်မှာ COVID-19 ရောဂါကူးစက်ခံရသူ ၂၀၁ ဦးနဲ့ သေဆုံးသူ ၆ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အတည်ပြု ထုတ်ပြန်ထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
----------------------------------------
(Zawgyi)⤵⤵⤵
ျမန္မာ COVID-19 ေရာဂါေပ်ာက္ကင္းသူ ၁၂၀ ရွိၿပီ

ျမန္မာႏုိင္ငံမွာ ဒီေန႔ COVID-19 ေရာဂါ ကူးစက္ခံရသူ ေနာက္ထပ္ တေယာက္မွ မေတြ႔ရွိရဘဲ ေရာဂါပိုးကင္းစင္သူ ၁၂၀ ရွိသြားၿပီလို႔ က်န္းမာေရး၀န္ႀကီးဌာနက ေျပာပါတယ္။

COVID-19 ေရာဂါ ဓာတ္ခဲြနမူနာ စုစုေပါင္း ၃၁၃ ခုကုိ ဒီေန႔ စစ္ေဆးခဲ့တာမွာ ေနာက္ထပ္ ေရာဂါပိုးကူးစက္သူ တေယာက္မွ မေတြ႔ရွိဘူးလို႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ဒီေန႔ ေမလ ၂၃ ရက္ေန႔ ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

ဒါေၾကာင့္ ဗုိင္းရပ္စ္ကူးစက္ခံရသူ စုစုေပါင္းဟာ ၂၀၁ ေယာက္ပဲ ျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ ေဆးကုသမႈခံရၿပီး ေရာဂါပိုး ကင္းစင္လာသူ ေနာက္ထပ္ ၄ ေယာက္ ထပ္မံေတြ႔ရွိခဲ့တာေၾကာင့္ ဗုိင္းရပ္စ္ကင္းစင္သူ စုစုေပါင္း ၁၂၀ ရွိသြားၿပီလို႔ အတည္ျပဳထားပါတယ္။

အဲဒီထဲက ၁၀၇ ေယာက္ကို ေဆး႐ံုကေန ဆင္းခြင့္ေပးလိုက္ၿပီး သတ္မွတ္ထားတဲ့ ေနရာေတြမွာ အသြားအလာကန္႔သတ္ၿပီး သီးျခားေစာင့္ၾကည့္ေနတယ္လို႔ ေျပာပါတယ္။

မေန႔ ဇြန္လ ၂၂ ရက္ေန႔ကေတာ့ ဓာတ္ခဲြနမူနာ စုစုေပါင္း ၇၄၀ ကို စမ္းသပ္စစ္ေဆးခဲ့တာမွာ ဗုိင္းရပ္စ္ပိုးေတြ႔ရွိသူ ၂ ဦး ရွိခဲ့တယ္လို႔ ဒီကေန႔မနက္ ၇ နာရီ သတင္းထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

ဗုိင္းရပ္စ္ကူးစက္ခံရသူ ၂ ေယာက္စလုံးဟာ ခ်င္းျပည္နယ္ တီးတိန္ၿမိဳ႕က အမ်ိဳးသားေတြျဖစ္ၾကၿပီး တဦးက အသက္ ၃၈ ႏွစ္နဲ႔ တဦးကေတာ့ ၂၆ ႏွစ္ ျဖစ္ပါတယ္။ သူတို႔ ၂ ဦးစလုံးဟာ COVID-19 အတည္ျပဳလူနာေတြနဲ႔ ထိေတြ႔ဆက္ဆံမႈ မရွိေပမယ့္လည္း မေလးရွားႏုိင္ငံကေန ျပန္လာသူေတြျဖစ္ၿပီး တီးတိန္ေဆး႐ုံမွာ အသြားအလာ ကန္႔သတ္ထားရွိခံရသူေတြ ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံမွာ အခုခ်ိန္ထိ ဓာတ္ခဲြနမူနာ စုစုေပါင္း ၁၇,၀၀၀ ေက်ာ္ကို စမ္းသပ္စစ္ေဆးခဲ့ၿပီး ကယားျပည္နယ္ကလဲြလို႔ က်န္တဲ့ ျပည္နယ္နဲ႔ တုိင္းေဒသႀကီး ၁၃ ခုမွာ ေရာဂါကူးစက္တဲ့ လူနာေတြ ရွိေနပါတယ္။

ႏိုင္ငံတ၀န္း ၿမိဳ႕နယ္ေပါင္း ၃၃၀ ထဲက ၿမိဳ႕နယ္ ၅၄ ၿမိဳ႕နယ္မွာ COVID-19 ေရာဂါကူးစက္ခံရသူ ၂၀၁ ဦးနဲ႔ ေသဆုံးသူ ၆ ဦးရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက အတည္ျပဳ ထုတ္ျပန္ထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/myanmar-covid19/5432923.html
မြန်မာ COVID-19 ရောဂါပျောက်ကင်းသူ ၁၂၀ ရှိပြီ မြန်မာ COVID-19 ရောဂါပျောက်ကင်းသူ ၁၂၀ ရှိပြီ Reviewed by THITHTOOLWIN on 21:30 Rating: 5
Powered by Blogger.