ကိုရိုနာကြောင့် တရုတ်ကုန်ထုတ်လုပ်ငန်းတွေ အိန္ဒိယကို ရွှေ့ပြောင်းလာနိုင်သလား

 ကိုရိုနာကြောင့် တရုတ်အားပျော့လာချိန်ဟာ အိန္ဒိယအတွက် အခွင့်ကောင်းလို့ယူဆနေ
(Unicode)⤵⤵⤵
ကမ္ဘာပေါ်မှာ ကိုဗစ် ၁၉ ကူးစက်ခံရတဲ့သူပေါင်း သန်းနဲ့ချီရှိလာချိန်မှာ တရုတ်အပေါ် ထိုးနှက်တိုက်ခိုက်မှုတွေကလည်း များသထက်များလာပါတယ်။

ကမ္ဘာတလွှားက စက်ရုံတွေရဲ့ အဓိက စုဝေးရာ ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့အနေအထားဟာ ဆက်လက်တည်ငြိမ်နိုင်ပါ့မလား။

အိမ်နီးချင်းအိန္ဒိယ အတွက်အခွင့်အလမ်းသစ်ဖြစ်လာမလား။ အိန္ဒိယက တရုတ်နေရာကို သူတို့ အစားဝင်နိုင်ဖို့ စိတ်အားထက်သန်နေပါတယ်။

ကမ္ဘာမှာ တရုတ်အားပျော့လာတဲ့ အနေအထားဟာ အိန္ဒိယအနေနဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ဖို့ရာ အခွင့်ကောင်းပါပဲလို့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး နီတင်ဂတ်ကာရီက ဆိုပါတယ်။

မြောက်ပိုင်း အူတရာပရာဒက်ရှ် ပြည်နယ်ရဲ့ လူဦးရေဟာ ဘရာဇီးနိုင်ငံ လူဦးရေလောက်ရှိပါတယ်။ အခုအူတရာပရာဒက်ရှ်ပြည်နယ်က တရုတ်ကို ကျောခိုင်းချင်တဲ့ လုပ်ငန်းတွေကို ဆွဲဆောင်ဖို့ စီးပွားရေးဆိုင်ရာ ကော်မတီတောင် ဖွဲ့စည်းထားပြီးပါပြီ။

တရုတ်ကနေ ရွှေ့ပြောင်းလာချင်တဲ့ စက်မှုလုပ်ငန်းတွေအတွက် အိန္ဒိယဟာ လူဇင်ဘတ်ရဲ့ နှစ်ဆကျယ်ဝန်းတဲ့ နေရာကို အဆင်သင့်ပြင်ထားပြီး အမေရိကန် ကုမ္ပဏီကြီး ၁၀၀၀ ကျော်ကို ချဉ်းကပ်ဆက်သွယ်လာတယ်လို့ Bloomberg ကသတင်းထုတ်ပါတယ်။

အိန္ဒိယအစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးဌာန Invest India ရဲ့ အကြီးအကဲ ဒိပါဘာဂလာက အဲသလို ချဉ်းကပ်ဆက်သွယ်မှုဟာ စဉ်ဆက်မပြတ်လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်ပါလို့ ဆိုပါတယ်။ ကိုဗစ်ဟာ အဲဒီလုပ်ငန်းစဉ်ကို အရှိန်မြှင့်ပေးလိုက်တာပါလို့ ဆိုပါတယ်။

အိန္ဒိယ၊ အမေရိကန် ကြား ရင်းနှီးမြှုပ်နှံမှုတိုးပွားလာရေး လော်ဘီလုပ်နေတဲ့ အမေရိကန် အိန္ဒိယ စီးပွားကောင်စီ (USIBC) က အိန္ဒိယဟာ သိသိသာသာ တိုးမြှင့် ဆွဲဆောင်မှုတွေလုပ်လာနေတယ်လို့ ဆိုပါတယ်။

“အိန္ဒိယက ဆွဲဆောင်ရာမှာ ဗဟိုအဆင့်မှာရော ပြည်နယ်အဆင့်မှာပါ ကုမ္ပဏီတွေဆီ ပစ္စည်းသွင်းမယ့်အပိုင်းကို ဦးစားပေး ဆွဲဆောင်တာ တွေ့ရပါတယ်”လို့ (USIBC) ရဲ့ အကြီးအကဲ နီရှာဘီဆဝါက ဘီဘီစီကို ပြောပါတယ်။ အိန္ဒိယနိုင်ငံ အတွင်းမှာ ကုန်ထုတ်လုပ်ငန်းတချို့ ရှိနှင့်ပြီးသား ကုမ္ပဏီတွေဟာ တရုတ်ကိုကျောခိုင်းပြီး အဦးဆုံးရွှေ့ပြောင်းလာသူတွေ ဖြစ်နိုင်ပါတယ်လို့ ဆိုပါတယ်။
အမေရိကန်ကုမ္ပဏီကြီးတွေ အိန္ဒိယမှာ ရွှေ့ပြောင်းရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ဆွဲဆောင်
ဒါပေမဲ့ ဒီအဆင့်ဟာ အကဲဖြတ်သုံးသပ်ဆဲ အဆင့်သာ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်တွေဟာ အလျင်အမြန်ထွက်ပေါ်လာမယ်လို့တော့ မထင်ရပါဘူးလို့လည်း ဆိုပါတယ်။

တကမ္ဘာလုံးက ကုမ္ပဏီတွေရဲ့ စာရင်းပိတ် လက်ကျန်ရှင်းတမ်းက အရှူံးပြနေချိန်မှာ ပစ္စည်းတင်သွင်းမယ့် ဖောက်သည်အားလုံး အသစ်ပြောင်းလိုက်ဖို့ ဆိုတာ အပြောလွယ်ပေမယ့် အလုပ်ခက်လှပါတယ်။

ကုမ္ပဏီတိုင်းလိုလိုဟာ ကပ်ဘေးကြောင့် ငွေသားရော၊ အရင်းပါ ကျပ်တည်းနေကြပါတယ်။ ဒီလိုအချိန်မျိုးမှာ အပြောင်းအလဲတခုခုလုပ်ဖို့ဆိုတာ အင်မတန်သတိကြီးကြီး ထားကြမှာပါလို့ စီးပွားရေးပညာရှင် ရုပဆပ်ဘရာမန်ညာကဆိုပါတယ်။

အိန္ဒိယက မြေအသင့်ပြင်ဆင်ထားတာဟာ မှန်ကန်တဲ့ ခြေလှမ်းတလှမ်းပါ။ ဒါပေမယ့် ကုမ္ပဏီကြီးတွေဟာ မြေဈေးတခုတည်းကိုကြည့်ပြီး ရွှေ့ ပြောင်းလာလိမ့်မယ်လို့တော့ မထင်ကြောင်း တရုတ်အရေးစောင့်ကြည်သူ ရာဟူးဂျက်ကော့က ဆိုပါတယ်။

ထုတ်လုပ်မှုနဲ့သွင်းအားစုဆိုတာဟာ လူတချို့ထင်ထားတာထက် ခွဲရခက်ပါတယ်။ ဒါ့ကြောင့် နေ့ချင်းညချင်း ခွဲထုတ်လို့ ရတဲ့ အရာမျိုး မဟုတ်ပါဘူးလို့ ဆိုပါတယ်။

တရုတ်ကဘာတွေပေးထားနိုင်သလဲ

ဆိပ်ကမ်းကောင်းတွေ၊ အဝေးပြေးလမ်းမကြီးတွေ၊ အရည်အသွေးမီတဲ့ အလုပ်သမားတွေ၊ တခြားလိုအပ်ချက်ပေါင်းစုံ ပေးထားနိုင်ပါတယ်။ အဲဒါတွေအားလုံးဟာ အချိန်အတိအကျ လည်ပတ်ရတဲ့ နိုင်ငံတကာ လုပ်ငန်းကြီးတွေ အတွက် သိပ်အရေးကြီးပါတယ်။
တရုတ်ကဖြည့်ဆည်းပေးတဲ့ လိုအပ်ချက်တွေကို အိန္ဒိယကပေးနိုင်မလား
တကမ္ဘာလုံးက နိုင်ငံပေါင်းစုံ ကော်ပိုရေးရှင်းကြီးတွေအတွက် အိန္ဒိယကို ရွေးဖို့ခက်နိုင်တဲ့ အကြောင်းတကြောင်းရှိပါသေးတယ်။ အဲဒါကတော့ ကမ္ဘာ့အဓိက ပစ္စည်းသွင်း ကုမ္ပဏီကြီးတွေရဲ့ ကွန်ရက်နဲ့ အိန္ဒိယနဲ့ဟာ ကောင်းစွာချိတ်ဆက်မိထားတဲ့ အခြေအနေ မရှိပါဘူး။

ပြီးခဲ့တဲ့နှစ်က အိန္ဒိယဟာ အာရှနိုင်ငံပေါင်း ၁၂ နှစ်နိုင်ငံပါဝင် ချုပ်ဆိုထားတဲ့ အလွန်အရေးကြီးတဲ့ ကုန်သွယ်ရေးသဘောတူစာချုပ်တခုကနေ နုတ်ထွက်ခဲ့ပါတယ်။ Regional Comprehensive Economic Partnership (RCEP) လို့ခေါ်တဲ့ အဲဒီကုန်သွယ် စာချုပ်ဟာ အာဆီယံနိုင်ငံတွေအပြင် တရုတ်၊ သြစတြေးလျ၊ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ အိန္ဒိယ တို့ပါဝင်ချုပ်ဆိုထားတဲ့ စာချုပ်ဖြစ်ပါတယ်။ ၇ နှစ်ကြာ ဆွေးနွေးညှိနှိုင်းခဲ့ပေမယ့် မပြေလည်ဘဲ နုတ်ထွက်သွားခဲ့တာပါ။

အဲသလိုဆုံးဖြတ်ချက်မျိုးကြောင့် အဲဒီနိုင်ငံဈေးကွက်တွေဆီ ပစ္စည်းရောင်းချမယ့် ပို့ကုန်သမားတွေဟာ အကောက်ခွန်ကင်းလွတ်ခွင့် ရဖို့ ခက်သွားပါတယ်။

အိန္ဒိယထဲ ရွှေ့ပြောင်းလာမယ့် စက်ရုံတွေဟာ အဲသလိုအချက်အလက်မျိုးကို စဉ်းစားကြပါလိမ့်မယ်။

“ကျွန်တော်ဟာ အိန္ဒိယမှာ ပစ္စည်းထုတ်လုပ်ပြီး စင်္ကာပူကို ရောင်းချမယ်ဆိုရင် ဘာတွေလိုအပ်မလဲဆိုတော့ အိန္ဒိယနဲ့ စင်္ကာပူအကြား ကုန်သွယ်စာချုပ်ဘယ်လိုချုပ်ထားသလဲဆိုတာကို ကြည့်ဖို့လိုပါတယ်။ ဈေးပြိုင်ရောင်းချတဲ့အခါ အဲဒီအချက်ဟာ အရေးကြီးပါတယ်”လို့ အာရှဟာအနာဂတ်စာအုပ်ရေးသားသူ ပရတ်ဂ်ခန်နာက ဘီဘီစီကို ပြောပါတယ်။

ဒေသတွင်းကုန်သွယ်ရေးက အဓိက အရေးကြီးတဲ့ အချက်လို့ သူက ယုံကြည်ထားပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးဟာ အလိုလိုနောက်က လိုက်ပါလာလိမ့်မယ်လို့ သူကယူဆပါတယ်။

အိန္ဒိယဟာ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ အချက်တွေကို သွေဖည်မှုရှိသလို ကမ္ဘာ့ကုမ္ပဏီကြီးတွေအတွက် စိတ်ပျက်စရာဖြစ်စေမယ့် မမျှတတဲ့ ဥပဒေတွေလည်း နိုင်ငံတွင်းမှာ ပြဋ္ဌာန်းထားတာတွေရှိပါတယ်။

အွန်လိုင်းရောင်းချမယ့် ကုမ္ပဏီကြီးတွေအတွက် မရှိမဖြစ်ကုန်တွေကိုသာ ရောင်းချခွင့်ပြုတယ်ဆိုတဲ့ ကန့်သတ်ချက်မျိုး၊ အိမ်နီးချင်းနိုင်ငံတွေဆီက ရင်းနှီးမြှုပ်နှံမှုတွေ လွယ်လွယ်ကူကူ မစီးဝင်နိုင်အောင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို နည်းနည်းကစားထားတဲ့ အချက်မျိုးတွေဟာ အိန္ဒိယကို နိုင်ငံတကာ ကုမ္ပဏီကြီးတွေ မလာရဲအောင် နံရံဆီးကာထားတာနဲ့ တူနေပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီရဲ့ မဲဆွယ်စည်းရုံးတဲ့ အချက်ထဲမှာ ပြည်တွင်းလုပ်ငန်းတွေကို ဦးစားပေးရေးဆိုတာ ပါပါတယ်။ ပြည်ပကုမ္ပဏီတွေကို အိန္ဒိယကန်ထရိုက်တွေ အတွက် ဆွဲဆောင်နေတဲ့ တချိန်တည်းမှာပဲ အဲသလို မူဝါဒမျိုးကလည်း တခြားတဖက်မှာ ရှိနေတာ ဖြစ်ပါတယ်။

အိန္ဒိယဟာ စည်းမျဉ်းစည်းကမ်းတွေကို ရှေ့နောက်ညီညွတ်တည်ငြိမ်အောင် လုပ်နိုင်မှ ကမ္ဘာ့စီးပွားရေး လုပ်ငန်းတွေ အိန္ဒိယမှာ အခြေချအောင် ဆွဲဆောင်နိုင်မှာ ဖြစ်တယ်လို့ မစ္စတာဘီဆဝါကဆိုပါတယ်။
အိန္ဒိယကလွဲပြီး တခြားရွေးချယ်စရာ ဘာတွေရှိသလဲ။

တရုတ်ကနေ ထွက်ခွာလာရင်တောင် လက်ရှိအခြေအနေမှာ နိုင်ငံတကာ ကုမ္ပဏီကြီးတွေ အတွက် အကြိုက်နှစ်သက်ဆုံးတိုင်းပြည်တွေဟာ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်တို့ ဖြစ်နိုင်ပါတယ်။ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့ကို နည်းပညာ အားသာချက်ကြောင့် ကြိုက်နှစ်သက်နိုင်ပါတယ်။ ဗီယက်နမ်နဲ့ ဘင်္ဂလားဒေ့ရှ်ကို လုပ်ခဈေးချိုတဲ့ နိုင်ငံတွေမို့ ကြိုက်နှစ်သက်နိုင်ပါတယ်လို့ မစ္စတာဂျက်ကော့က ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုး မပြန့်အောင် တရုတ်က လုံလောက်အောင် မလုပ်ခဲ့ဘူးလို့ ထရမ့်က အပြစ်တင်
ကုန်ထုတ်လုပ်ငန်းအခြေခံတဲ့ နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးတွေဟာ သူတို့ရဲ့ ကုန်ထုတ်လုပ်ငန်းတွေကို တရုတ်ကနေ အဲဒီနိုင်ငံတွေဆီ ရွှေ့ပြောင်းနေတာ ဆယ်စုနှစ်ချီ ကြာနေပါပြီ။ အဓိက ရွှေ့ပြောင်းကြတဲ့ အချက်ကတော့ တရုတ်မှာ လုပ်အားခ ဈေးတက်လာလို့ရယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွက် လိုက်နာကုန်ကျရတဲ့ စရိတ်စက ကြီးမြင့်လို့ရယ် ဖြစ်ပါတယ်။

အခုနှစ်ပိုင်းမှာ အမေရိကန်-တရုတ် ကုန်သွယ်စစ်ပွဲကြောင့် တဖြည်းဖြည်းချင်း ထွက်ခွာနေကြတာလည်း ရှိပါတယ်။ ကုန်သွယ်စစ်ပွဲ မစခင် တလအလိုဖြစ်တဲ့ ၂၀၁၈ ခု ဇွန်လမှာကတည်းက အမေရိကန်ဟာ ဗီယက်နမ်ကနေ သွင်းကုန်တွေ ၅၀ ရာနှုန်း ပိုမိုဝယ်ယူလာပါတယ်။ ထိုင်ဝမ်ကနေ ၃၀ ရာနှုန်းပိုမိုဝယ်ယူလာခဲ့တယ်လို့ South China Morning Post သတင်းစာရဲ့ ကိန်းဂဏန်းတွေအရ သိရှိရပါတယ်။

အိန္ဒိယကတော့ ဈေးကွက်အပြင်ဘက် ရောက်နေခဲ့ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ နိုင်ငံတကာ ကုန်ထုတ်လုပ်ငန်းကုမ္ပဏီကြီးတွေ လိုချင်တဲ့ အချက်တချို့ အခြေအနေ တချို့ကို ဖန်တီးမပေးလို့ပါ။ နိုင်ငံတကာ ကုန်ထုန်လုပ်ငန်းကုမ္ပဏီကြီးတွေအနေနဲ့ ဒေသတွင်းဈေးကွက်ထက် ပိုမိုတဲ့ လိုလားချက်ရှိပါတယ်။ အဲဒါကတော့ သက်ဆိုင်ရာ နိုင်ငံမှာ အခြေချကုန်ထုတ်လုပ်ပြီး ကမ္ဘာတလွှားကို တင်ပို့ရောင်းချနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။

လောလောဆယ် သီတင်းပတ်တွေအတွင်း အိန္ဒိယပြည်နယ်တချို့ဟာ နိုင်ငံတကာကုမ္ပဏီကြီးတွေကို ဆွဲဆောင်နိုင်ဖို့ ရည်မှန်းပြီး အလုပ်သမားတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတချို့ကို ပြင်ဆင်ပေးခဲ့ပါတယ်။

ဥပမာအားဖြင့် အူတာပရာဒက်ရှ် ပြည်နယ်နဲ့ မက်ဒရာပရာဒက်ရှ်ပြည်နယ်တို့မှာ အလုပ်သမားတွေအတွက် အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်တဲ့ ကျန်းမာသန့်ရှင်းရေး၊ လေဝင်လေထွက်ကောင်းမွန်ရေး၊ အလင်းရောင် ကောင်းမွန်ရေး၊ သန့်ရှင်းတဲ့ အိမ်သာလိုအပ်ချက်လို အရာမျိုးနဲ့ ပတ်သက်ပြီး ဖြေလျှော့လိုက်ပါတယ်။

ဒါပေမယ့် ဒီနည်းနဲ့ မက်လုံးပေး ဆွဲဆောင်တာဟာ ပြောင်းပြန်အကျိုးသက်ရောက်မှုကို ဖြစ်စေတယ်လို့ မစ္စတာ ဂျက်ကော့က ထောက်ပြပါတယ်။ နိုင်ငံတကာ ကုမ္ပဏီကြီးအတွက် စားသုံးသူရဲ့ ယုံကြည်မှု ပျက်ပြားစေနိုင်ပါတယ်။ သူတို့မှာ မဖြစ်မနေလိုက်နာကျင့်သုံးရတဲ့ အလုပ်သမားနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်း၊ လုပ်ငန်းခွင်လုံခြုံရေးနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေရှိပါတယ်။ အဲဒီစည်းကမ်းတွေကို ချိုးဖောက်ပြီး အလုပ်သမားတွေကို ကျင့်ဝတ်နဲ့မညီတဲ့ ခိုင်းစေမှုမျိုးတွေ လုပ်တယ်ဆိုရင် သူတို့ ကုန်အမှတ်တံဆိပ်ကို ထိခိုက်စေနိုင်ပါတယ်။
အလုပ်သမားတွေကို လုံလောက်တဲ့ အကာအကွယ်ပေးမှုတွေ ရှိဖို့လို
၂၀၁၃ ခုနှစ် ဘင်္ဂလားဒေ့ရှ် ရာနာပလာဇာက အထည်ချုပ်စက်ရုံ မီးလောင်ပြိုကျခဲ့တဲ့ အဖြစ်အပျက်ဟာ အရေးကြီးတဲ့ အပြောင်းအလဲတခုဖြစ်စေခဲ့ပါတယ်။ အဲဒီအထည်ချုပ်စက်ရုံဟာ ဝေါလ်မတ်လို နိုင်ငံတကာ လက်လီစတိုးဆိုင်ကြီးကို ပစ္စည်းသွင်းနေတဲ့ စက်ရုံပါ။ အလုပ်သမားတွေရဲ့ အခြေခံလိုအပ်ချက်မရှိဘဲ ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးခဲ့တဲ့ အခြေအနေ ဘေးကင်းလုံခြုံမှု မရှိတဲ့ အခြေအနေအတွက် တိုးတက်ကောင်းမွန်အောင် လုပ်ဖို့ ဖိအားပေးခံခဲ့ရပါတယ်။

တကယ်တော့ အိန္ဒိယဟာ ပိုကောင်းမွန်တဲ့စံချိန်စံနှုန်းတွေဖြစ်လာအောင် ကြိုးစားသင့်ပါတယ်။ အလုပ်သမားတွေရဲ့ လိုအပ်ချက်ကို လျှော့ချဖြတ်တောက်ပြီး ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်မယ်ဆိုတာဟာ နိုင်ငံတကာ ကုန်သွယ်ရေး လက်တွေ့နဲ့ ကင်းကွာပြီး ရှေးဆန်တဲ့ ဗျူရိုကရက်အတွေးအခေါ်မျိုး ဖြစ်ပါတယ်လို့ဆိုပါတယ်။

အမေရိကန်ကတရုတ်ကို ဒဏ်ခတ်မယ့်အစီအစဉ်မှာ ဂျပန်ကပူးပေါင်းပါဝင်တဲ့ အနေနဲ့ သူတို့ကော်ပိုရေးရှင်းတွေ တရုတ်ကထွက်ခွာဖို့ဆောင်ရွက်တာရှိသလို ဗြိတိန်ကိုလည်း ဟွာဝေးရဲ့ 5G ကွန်ရက်နဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်ဖို့ လွှတ်တော်အမတ်တွေကို ဖိအားပေးခံရတာတွေရှိပါတယ်။

အိန္ဒိယအနေနဲ့ ကမ္ဘာကုန်သွယ်ရေးကို ဆွဲဆောင်နိုင်ဖို့၊ ကြီးမားတဲ့ ပထဝီနိုင်ငံရေး အပြောင်းအလဲကြီးဖြစ်ပေါ်စေဖို့ဆိုရင် အခြေခံကျကျပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ အချိန်တန်ပြီလို့ ကျွမ်းကျင်သူတွေက ဆိုနေကြပါတယ်။

BBC Burmese
------------------------------------------------
(Zawgyi)⤵⤵⤵
ကို႐ိုနာေၾကာင့္ တ႐ုတ္ကုန္ထုတ္လုပ္ငန္းေတြ အိႏၵိယကို ေ႐ႊ႕ေျပာင္းလာႏိုင္သလား

ကမာၻေပၚမွာ ကိုဗစ္ ၁၉ ကူးစက္ခံရတဲ့သူေပါင္း သန္းနဲ႔ခ်ီရွိလာခ်ိန္မွာ တ႐ုတ္အေပၚ ထိုးႏွက္တိုက္ခိုက္မႈေတြကလည္း မ်ားသထက္မ်ားလာပါတယ္။

ကမာၻတလႊားက စက္႐ုံေတြရဲ႕ အဓိက စုေဝးရာ ျဖစ္တဲ့ တ႐ုတ္ႏိုင္ငံရဲ႕အေနအထားဟာ ဆက္လက္တည္ၿငိမ္ႏိုင္ပါ့မလား။

အိမ္နီးခ်င္းအိႏၵိယ အတြက္အခြင့္အလမ္းသစ္ျဖစ္လာမလား။ အိႏၵိယက တ႐ုတ္ေနရာကို သူတို႔ အစားဝင္ႏိုင္ဖို႔ စိတ္အားထက္သန္ေနပါတယ္။

ကမာၻမွာ တ႐ုတ္အားေပ်ာ့လာတဲ့ အေနအထားဟာ အိႏၵိယအေနနဲ႔ ႏိုင္ငံတကာရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ဆြဲေဆာင္ဖို႔ရာ အခြင့္ေကာင္းပါပဲလို႔ ပို႔ေဆာင္ဆက္သြယ္ေရးဝန္ႀကီး နီတင္ဂတ္ကာရီက ဆိုပါတယ္။

ေျမာက္ပိုင္း အူတရာပရာဒက္ရွ္ ျပည္နယ္ရဲ႕ လူဦးေရဟာ ဘရာဇီးႏိုင္ငံ လူဦးေရေလာက္ရွိပါတယ္။ အခုအူတရာပရာဒက္ရွ္ျပည္နယ္က တ႐ုတ္ကို ေက်ာခိုင္းခ်င္တဲ့ လုပ္ငန္းေတြကို ဆြဲေဆာင္ဖို႔ စီးပြားေရးဆိုင္ရာ ေကာ္မတီေတာင္ ဖြဲ႕စည္းထားၿပီးပါၿပီ။

တ႐ုတ္ကေန ေ႐ႊ႕ေျပာင္းလာခ်င္တဲ့ စက္မႈလုပ္ငန္းေတြအတြက္ အိႏၵိယဟာ လူဇင္ဘတ္ရဲ႕ ႏွစ္ဆက်ယ္ဝန္းတဲ့ ေနရာကို အဆင္သင့္ျပင္ထားၿပီး အေမရိကန္ ကုမၸဏီႀကီး ၁၀၀၀ ေက်ာ္ကို ခ်ဥ္းကပ္ဆက္သြယ္လာတယ္လို႔ Bloomberg ကသတင္းထုတ္ပါတယ္။

အိႏၵိယအစိုးရရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈတိုးျမႇင့္ေရးဌာန Invest India ရဲ႕ အႀကီးအကဲ ဒိပါဘာဂလာက အဲသလို ခ်ဥ္းကပ္ဆက္သြယ္မႈဟာ စဥ္ဆက္မျပတ္လုပ္ေဆာင္ေနတဲ့ လုပ္ငန္းစဥ္ပါလို႔ ဆိုပါတယ္။ ကိုဗစ္ဟာ အဲဒီလုပ္ငန္းစဥ္ကို အရွိန္ျမႇင့္ေပးလိုက္တာပါလို႔ ဆိုပါတယ္။

အိႏၵိယ၊ အေမရိကန္ ၾကား ရင္းႏွီးျမႇဳပ္ႏွံမႈတိုးပြားလာေရး ေလာ္ဘီလုပ္ေနတဲ့ အေမရိကန္ အိႏၵိယ စီးပြားေကာင္စီ (USIBC) က အိႏၵိယဟာ သိသိသာသာ တိုးျမႇင့္ ဆြဲေဆာင္မႈေတြလုပ္လာေနတယ္လို႔ ဆိုပါတယ္။

“အိႏၵိယက ဆြဲေဆာင္ရာမွာ ဗဟိုအဆင့္မွာေရာ ျပည္နယ္အဆင့္မွာပါ ကုမၸဏီေတြဆီ ပစၥည္းသြင္းမယ့္အပိုင္းကို ဦးစားေပး ဆြဲေဆာင္တာ ေတြ႕ရပါတယ္”လို႔ (USIBC) ရဲ႕ အႀကီးအကဲ နီရွာဘီဆဝါက ဘီဘီစီကို ေျပာပါတယ္။ အိႏၵိယႏိုင္ငံ အတြင္းမွာ ကုန္ထုတ္လုပ္ငန္းတခ်ိဳ႕ ရွိႏွင့္ၿပီးသား ကုမၸဏီေတြဟာ တ႐ုတ္ကိုေက်ာခိုင္းၿပီး အဦးဆုံးေ႐ႊ႕ေျပာင္းလာသူေတြ ျဖစ္ႏိုင္ပါတယ္လို႔ ဆိုပါတယ္။

ဒါေပမဲ့ ဒီအဆင့္ဟာ အကဲျဖတ္သုံးသပ္ဆဲ အဆင့္သာ ျဖစ္ပါတယ္။ ဆုံးျဖတ္ခ်က္ေတြဟာ အလ်င္အျမန္ထြက္ေပၚလာမယ္လို႔ေတာ့ မထင္ရပါဘူးလို႔လည္း ဆိုပါတယ္။

တကမာၻလုံးက ကုမၸဏီေတြရဲ႕ စာရင္းပိတ္ လက္က်န္ရွင္းတမ္းက အရႉံးျပေနခ်ိန္မွာ ပစၥည္းတင္သြင္းမယ့္ ေဖာက္သည္အားလုံး အသစ္ေျပာင္းလိုက္ဖို႔ ဆိုတာ အေျပာလြယ္ေပမယ့္ အလုပ္ခက္လွပါတယ္။

ကုမၸဏီတိုင္းလိုလိုဟာ ကပ္ေဘးေၾကာင့္ ေငြသားေရာ၊ အရင္းပါ က်ပ္တည္းေနၾကပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာ အေျပာင္းအလဲတခုခုလုပ္ဖို႔ဆိုတာ အင္မတန္သတိႀကီးႀကီး ထားၾကမွာပါလို႔ စီးပြားေရးပညာရွင္ ႐ုပဆပ္ဘရာမန္ညာကဆိုပါတယ္။

အိႏၵိယက ေျမအသင့္ျပင္ဆင္ထားတာဟာ မွန္ကန္တဲ့ ေျခလွမ္းတလွမ္းပါ။ ဒါေပမယ့္ ကုမၸဏီႀကီးေတြဟာ ေျမေစ်းတခုတည္းကိုၾကည့္ၿပီး ေ႐ႊ႕ ေျပာင္းလာလိမ့္မယ္လို႔ေတာ့ မထင္ေၾကာင္း တ႐ုတ္အေရးေစာင့္ၾကည္သူ ရာဟူးဂ်က္ေကာ့က ဆိုပါတယ္။

ထုတ္လုပ္မႈနဲ႔သြင္းအားစုဆိုတာဟာ လူတခ်ိဳ႕ထင္ထားတာထက္ ခြဲရခက္ပါတယ္။ ဒါ့ေၾကာင့္ ေန႔ခ်င္းညခ်င္း ခြဲထုတ္လို႔ ရတဲ့ အရာမ်ိဳး မဟုတ္ပါဘူးလို႔ ဆိုပါတယ္။

တ႐ုတ္ကဘာေတြေပးထားႏိုင္သလဲ

ဆိပ္ကမ္းေကာင္းေတြ၊ အေဝးေျပးလမ္းမႀကီးေတြ၊ အရည္အေသြးမီတဲ့ အလုပ္သမားေတြ၊ တျခားလိုအပ္ခ်က္ေပါင္းစုံ ေပးထားႏိုင္ပါတယ္။ အဲဒါေတြအားလုံးဟာ အခ်ိန္အတိအက် လည္ပတ္ရတဲ့ ႏိုင္ငံတကာ လုပ္ငန္းႀကီးေတြ အတြက္ သိပ္အေရးႀကီးပါတယ္။

တကမာၻလုံးက ႏိုင္ငံေပါင္းစုံ ေကာ္ပိုေရးရွင္းႀကီးေတြအတြက္ အိႏၵိယကို ေ႐ြးဖို႔ခက္ႏိုင္တဲ့ အေၾကာင္းတေၾကာင္းရွိပါေသးတယ္။ အဲဒါကေတာ့ ကမာၻ႔အဓိက ပစၥည္းသြင္း ကုမၸဏီႀကီးေတြရဲ႕ ကြန္ရက္နဲ႔ အိႏၵိယနဲ႔ဟာ ေကာင္းစြာခ်ိတ္ဆက္မိထားတဲ့ အေျခအေန မရွိပါဘူး။

ၿပီးခဲ့တဲ့ႏွစ္က အိႏၵိယဟာ အာရွႏိုင္ငံေပါင္း ၁၂ ႏွစ္ႏိုင္ငံပါဝင္ ခ်ဳပ္ဆိုထားတဲ့ အလြန္အေရးႀကီးတဲ့ ကုန္သြယ္ေရးသေဘာတူစာခ်ဳပ္တခုကေန ႏုတ္ထြက္ခဲ့ပါတယ္။ Regional Comprehensive Economic Partnership (RCEP) လို႔ေခၚတဲ့ အဲဒီကုန္သြယ္ စာခ်ဳပ္ဟာ အာဆီယံႏိုင္ငံေတြအျပင္ တ႐ုတ္၊ ၾသစေၾတးလ်၊ဂ်ပန္၊ နယူးဇီလန္၊ ေတာင္ကိုရီးယား၊ အိႏၵိယ တို႔ပါဝင္ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ျဖစ္ပါတယ္။ ၇ ႏွစ္ၾကာ ေဆြးေႏြးညႇိႏႈိင္းခဲ့ေပမယ့္ မေျပလည္ဘဲ ႏုတ္ထြက္သြားခဲ့တာပါ။

အဲသလိုဆုံးျဖတ္ခ်က္မ်ိဳးေၾကာင့္ အဲဒီႏိုင္ငံေစ်းကြက္ေတြဆီ ပစၥည္းေရာင္းခ်မယ့္ ပို႔ကုန္သမားေတြဟာ အေကာက္ခြန္ကင္းလြတ္ခြင့္ ရဖို႔ ခက္သြားပါတယ္။

အိႏၵိယထဲ ေ႐ႊ႕ေျပာင္းလာမယ့္ စက္႐ုံေတြဟာ အဲသလိုအခ်က္အလက္မ်ိဳးကို စဥ္းစားၾကပါလိမ့္မယ္။

“ကြၽန္ေတာ္ဟာ အိႏၵိယမွာ ပစၥည္းထုတ္လုပ္ၿပီး စကၤာပူကို ေရာင္းခ်မယ္ဆိုရင္ ဘာေတြလိုအပ္မလဲဆိုေတာ့ အိႏၵိယနဲ႔ စကၤာပူအၾကား ကုန္သြယ္စာခ်ဳပ္ဘယ္လိုခ်ဳပ္ထားသလဲဆိုတာကို ၾကည့္ဖို႔လိုပါတယ္။ ေစ်းၿပိဳင္ေရာင္းခ်တဲ့အခါ အဲဒီအခ်က္ဟာ အေရးႀကီးပါတယ္”လို႔ အာရွဟာအနာဂတ္စာအုပ္ေရးသားသူ ပရတ္ဂ္ခန္နာက ဘီဘီစီကို ေျပာပါတယ္။

ေဒသတြင္းကုန္သြယ္ေရးက အဓိက အေရးႀကီးတဲ့ အခ်က္လို႔ သူက ယုံၾကည္ထားပါတယ္။ ကမာၻ႔ကုန္သြယ္ေရးဟာ အလိုလိုေနာက္က လိုက္ပါလာလိမ့္မယ္လို႔ သူကယူဆပါတယ္။

အိႏၵိယဟာ ႏိုင္ငံျခားတိုက္႐ိုက္ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ပတ္သက္တဲ့ အခ်က္ေတြကို ေသြဖည္မႈရွိသလို ကမာၻ႔ကုမၸဏီႀကီးေတြအတြက္ စိတ္ပ်က္စရာျဖစ္ေစမယ့္ မမွ်တတဲ့ ဥပေဒေတြလည္း ႏိုင္ငံတြင္းမွာ ျပ႒ာန္းထားတာေတြရွိပါတယ္။

အြန္လိုင္းေရာင္းခ်မယ့္ ကုမၸဏီႀကီးေတြအတြက္ မရွိမျဖစ္ကုန္ေတြကိုသာ ေရာင္းခ်ခြင့္ျပဳတယ္ဆိုတဲ့ ကန္႔သတ္ခ်က္မ်ိဳး၊ အိမ္နီးခ်င္းႏိုင္ငံေတြဆီက ရင္းႏွီးျမႇဳပ္ႏွံမႈေတြ လြယ္လြယ္ကူကူ မစီးဝင္ႏိုင္ေအာင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ဥပေဒကို နည္းနည္းကစားထားတဲ့ အခ်က္မ်ိဳးေတြဟာ အိႏၵိယကို ႏိုင္ငံတကာ ကုမၸဏီႀကီးေတြ မလာရဲေအာင္ နံရံဆီးကာထားတာနဲ႔ တူေနပါတယ္။

အိႏၵိယဝန္ႀကီးခ်ဳပ္ နရန္ဒရာမိုဒီရဲ႕ မဲဆြယ္စည္း႐ုံးတဲ့ အခ်က္ထဲမွာ ျပည္တြင္းလုပ္ငန္းေတြကို ဦးစားေပးေရးဆိုတာ ပါပါတယ္။ ျပည္ပကုမၸဏီေတြကို အိႏၵိယကန္ထ႐ိုက္ေတြ အတြက္ ဆြဲေဆာင္ေနတဲ့ တခ်ိန္တည္းမွာပဲ အဲသလို မူဝါဒမ်ိဳးကလည္း တျခားတဖက္မွာ ရွိေနတာ ျဖစ္ပါတယ္။

အိႏၵိယဟာ စည္းမ်ဥ္းစည္းကမ္းေတြကို ေရွ႕ေနာက္ညီၫြတ္တည္ၿငိမ္ေအာင္ လုပ္ႏိုင္မွ ကမာၻ႔စီးပြားေရး လုပ္ငန္းေတြ အိႏၵိယမွာ အေျခခ်ေအာင္ ဆြဲေဆာင္ႏိုင္မွာ ျဖစ္တယ္လို႔ မစၥတာဘီဆဝါကဆိုပါတယ္။

အိႏၵိယကလြဲၿပီး တျခားေ႐ြးခ်ယ္စရာ ဘာေတြရွိသလဲ။

တ႐ုတ္ကေန ထြက္ခြာလာရင္ေတာင္ လက္ရွိအေျခအေနမွာ ႏိုင္ငံတကာ ကုမၸဏီႀကီးေတြ အတြက္ အႀကိဳက္ႏွစ္သက္ဆုံးတိုင္းျပည္ေတြဟာ ဗီယက္နမ္၊ ဘဂၤလားေဒ့ရွ္၊ ေတာင္ကိုရီးယား၊ ထိုင္ဝမ္တို႔ ျဖစ္ႏိုင္ပါတယ္။ ေတာင္ကိုရီးယားနဲ႔ ထိုင္ဝမ္တို႔ကို နည္းပညာ အားသာခ်က္ေၾကာင့္ ႀကိဳက္ႏွစ္သက္ႏိုင္ပါတယ္။ ဗီယက္နမ္နဲ႔ ဘဂၤလားေဒ့ရွ္ကို လုပ္ခေစ်းခ်ိဳတဲ့ ႏိုင္ငံေတြမို႔ ႀကိဳက္ႏွစ္သက္ႏိုင္ပါတယ္လို႔ မစၥတာဂ်က္ေကာ့က ဆိုပါတယ္။

ကုန္ထုတ္လုပ္ငန္းအေျခခံတဲ့ ႏိုင္ငံတကာ ေကာ္ပိုေရးရွင္းႀကီးေတြဟာ သူတို႔ရဲ႕ ကုန္ထုတ္လုပ္ငန္းေတြကို တ႐ုတ္ကေန အဲဒီႏိုင္ငံေတြဆီ ေ႐ႊ႕ေျပာင္းေနတာ ဆယ္စုႏွစ္ခ်ီ ၾကာေနပါၿပီ။ အဓိက ေ႐ႊ႕ေျပာင္းၾကတဲ့ အခ်က္ကေတာ့ တ႐ုတ္မွာ လုပ္အားခ ေစ်းတက္လာလို႔ရယ္၊ ပတ္ဝန္းက်င္ထိန္းသိမ္းေရး အတြက္ လိုက္နာကုန္က်ရတဲ့ စရိတ္စက ႀကီးျမင့္လို႔ရယ္ ျဖစ္ပါတယ္။

အခုႏွစ္ပိုင္းမွာ အေမရိကန္-တ႐ုတ္ ကုန္သြယ္စစ္ပြဲေၾကာင့္ တျဖည္းျဖည္းခ်င္း ထြက္ခြာေနၾကတာလည္း ရွိပါတယ္။ ကုန္သြယ္စစ္ပြဲ မစခင္ တလအလိုျဖစ္တဲ့ ၂၀၁၈ ခု ဇြန္လမွာကတည္းက အေမရိကန္ဟာ ဗီယက္နမ္ကေန သြင္းကုန္ေတြ ၅၀ ရာႏႈန္း ပိုမိုဝယ္ယူလာပါတယ္။ ထိုင္ဝမ္ကေန ၃၀ ရာႏႈန္းပိုမိုဝယ္ယူလာခဲ့တယ္လို႔ South China Morning Post သတင္းစာရဲ႕ ကိန္းဂဏန္းေတြအရ သိရွိရပါတယ္။

အိႏၵိယကေတာ့ ေစ်းကြက္အျပင္ဘက္ ေရာက္ေနခဲ့ပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ ႏိုင္ငံတကာ ကုန္ထုတ္လုပ္ငန္းကုမၸဏီႀကီးေတြ လိုခ်င္တဲ့ အခ်က္တခ်ိဳ႕ အေျခအေန တခ်ိဳ႕ကို ဖန္တီးမေပးလို႔ပါ။ ႏိုင္ငံတကာ ကုန္ထုန္လုပ္ငန္းကုမၸဏီႀကီးေတြအေနနဲ႔ ေဒသတြင္းေစ်းကြက္ထက္ ပိုမိုတဲ့ လိုလားခ်က္ရွိပါတယ္။ အဲဒါကေတာ့ သက္ဆိုင္ရာ ႏိုင္ငံမွာ အေျခခ်ကုန္ထုတ္လုပ္ၿပီး ကမာၻတလႊားကို တင္ပို႔ေရာင္းခ်ႏိုင္တဲ့ အေျခအေနျဖစ္ပါတယ္။

ေလာေလာဆယ္ သီတင္းပတ္ေတြအတြင္း အိႏၵိယျပည္နယ္တခ်ိဳ႕ဟာ ႏိုင္ငံတကာကုမၸဏီႀကီးေတြကို ဆြဲေဆာင္ႏိုင္ဖို႔ ရည္မွန္းၿပီး အလုပ္သမားေတြကို အကာအကြယ္ေပးတဲ့ ဥပေဒတခ်ိဳ႕ကို ျပင္ဆင္ေပးခဲ့ပါတယ္။

ဥပမာအားျဖင့္ အူတာပရာဒက္ရွ္ ျပည္နယ္နဲ႔ မက္ဒရာပရာဒက္ရွ္ျပည္နယ္တို႔မွာ အလုပ္သမားေတြအတြက္ အေျခခံအက်ဆုံး လိုအပ္ခ်က္ျဖစ္တဲ့ က်န္းမာသန္႔ရွင္းေရး၊ ေလဝင္ေလထြက္ေကာင္းမြန္ေရး၊ အလင္းေရာင္ ေကာင္းမြန္ေရး၊ သန္႔ရွင္းတဲ့ အိမ္သာလိုအပ္ခ်က္လို အရာမ်ိဳးနဲ႔ ပတ္သက္ၿပီး ေျဖေလွ်ာ့လိုက္ပါတယ္။

ဒါေပမယ့္ ဒီနည္းနဲ႔ မက္လုံးေပး ဆြဲေဆာင္တာဟာ ေျပာင္းျပန္အက်ိဳးသက္ေရာက္မႈကို ျဖစ္ေစတယ္လို႔ မစၥတာ ဂ်က္ေကာ့က ေထာက္ျပပါတယ္။ ႏိုင္ငံတကာ ကုမၸဏီႀကီးအတြက္ စားသုံးသူရဲ႕ ယုံၾကည္မႈ ပ်က္ျပားေစႏိုင္ပါတယ္။ သူတို႔မွာ မျဖစ္မေနလိုက္နာက်င့္သုံးရတဲ့ အလုပ္သမားနဲ႔ ပတ္သက္တဲ့ စည္းမ်ဥ္းစည္းကမ္း၊ ပတ္ဝန္းက်င္ထိန္းသိမ္းေရးနဲ႔ ပတ္သက္တဲ့ စည္းမ်ဥ္းစည္းကမ္း၊ လုပ္ငန္းခြင္လုံၿခဳံေရးနဲ႔ ပတ္သက္တဲ့ စည္းမ်ဥ္းစည္းကမ္းေတြရွိပါတယ္။ အဲဒီစည္းကမ္းေတြကို ခ်ိဳးေဖာက္ၿပီး အလုပ္သမားေတြကို က်င့္ဝတ္နဲ႔မညီတဲ့ ခိုင္းေစမႈမ်ိဳးေတြ လုပ္တယ္ဆိုရင္ သူတို႔ ကုန္အမွတ္တံဆိပ္ကို ထိခိုက္ေစႏိုင္ပါတယ္။

၂၀၁၃ ခုႏွစ္ ဘဂၤလားေဒ့ရွ္ ရာနာပလာဇာက အထည္ခ်ဳပ္စက္႐ုံ မီးေလာင္ၿပိဳက်ခဲ့တဲ့ အျဖစ္အပ်က္ဟာ အေရးႀကီးတဲ့ အေျပာင္းအလဲတခုျဖစ္ေစခဲ့ပါတယ္။ အဲဒီအထည္ခ်ဳပ္စက္႐ုံဟာ ေဝါလ္မတ္လို ႏိုင္ငံတကာ လက္လီစတိုးဆိုင္ႀကီးကို ပစၥည္းသြင္းေနတဲ့ စက္႐ုံပါ။ အလုပ္သမားေတြရဲ႕ အေျခခံလိုအပ္ခ်က္မရွိဘဲ ဆိုးဆိုးဝါးဝါး ထိခိုက္ပ်က္စီးခဲ့တဲ့ အေျခအေန ေဘးကင္းလုံၿခဳံမႈ မရွိတဲ့ အေျခအေနအတြက္ တိုးတက္ေကာင္းမြန္ေအာင္ လုပ္ဖို႔ ဖိအားေပးခံခဲ့ရပါတယ္။

တကယ္ေတာ့ အိႏၵိယဟာ ပိုေကာင္းမြန္တဲ့စံခ်ိန္စံႏႈန္းေတြျဖစ္လာေအာင္ ႀကိဳးစားသင့္ပါတယ္။ အလုပ္သမားေတြရဲ႕ လိုအပ္ခ်က္ကို ေလွ်ာ့ခ်ျဖတ္ေတာက္ၿပီး ရင္းႏွီးျမႇဳပ္ႏွံသူေတြကို ဆြဲေဆာင္ႏိုင္မယ္ဆိုတာဟာ ႏိုင္ငံတကာ ကုန္သြယ္ေရး လက္ေတြ႕နဲ႔ ကင္းကြာၿပီး ေရွးဆန္တဲ့ ဗ်ဴ႐ိုကရက္အေတြးအေခၚမ်ိဳး ျဖစ္ပါတယ္လို႔ဆိုပါတယ္။

အေမရိကန္ကတ႐ုတ္ကို ဒဏ္ခတ္မယ့္အစီအစဥ္မွာ ဂ်ပန္ကပူးေပါင္းပါဝင္တဲ့ အေနနဲ႔ သူတို႔ေကာ္ပိုေရးရွင္းေတြ တ႐ုတ္ကထြက္ခြာဖို႔ေဆာင္႐ြက္တာရွိသလို ၿဗိတိန္ကိုလည္း ဟြာေဝးရဲ႕ 5G ကြန္ရက္နဲ႔ပတ္သက္ၿပီး ျပန္လည္သုံးသပ္ဖို႔ လႊတ္ေတာ္အမတ္ေတြကို ဖိအားေပးခံရတာေတြရွိပါတယ္။

အိႏၵိယအေနနဲ႔ ကမာၻကုန္သြယ္ေရးကို ဆြဲေဆာင္ႏိုင္ဖို႔၊ ႀကီးမားတဲ့ ပထဝီႏိုင္ငံေရး အေျပာင္းအလဲႀကီးျဖစ္ေပၚေစဖို႔ဆိုရင္ အေျခခံက်က်ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ဖို႔ အခ်ိန္တန္ၿပီလို႔ ကြၽမ္းက်င္သူေတြက ဆိုေနၾကပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-52778864
ကိုရိုနာကြောင့် တရုတ်ကုန်ထုတ်လုပ်ငန်းတွေ အိန္ဒိယကို ရွှေ့ပြောင်းလာနိုင်သလား ကိုရိုနာကြောင့် တရုတ်ကုန်ထုတ်လုပ်ငန်းတွေ အိန္ဒိယကို ရွှေ့ပြောင်းလာနိုင်သလား Reviewed by THITHTOOLWIN on 21:22 Rating: 5
Powered by Blogger.