COVID-19 ထိပ္တိုက္ရင္ဆိုင္ရတဲ့ ျမန္မာေဆးဘက္ဝန္ထမ္းေတြ စိတ္ဖိစီးမႈ ခံစားၾကရ

ရန္ကုန္ၿမိဳ႕ရွိ Quarantine စင္တာတခုမွာ လုပ္အားေပးေနတဲ့ ေစတနာ့ ဆရာ၀န္တခ်ိဳ႕ (ေမ ၀၈၊ ၂၀၂၀)
(Zawgyi/Unicode)

COVID-19 ကပ္ေရာဂါႀကီးေၾကာင့္ ကပ္ေရာဂါတိုက္ဖ်က္ေရးေရွ႕တန္းက ေဆာင္႐ြက္ေနၾကတဲ့ ျမန္မာ့က်န္းမာေရးဝန္ထမ္းေတြမွာ စိတ္ပိုင္းဆိုင္ရာ ႐ိုက္ခတ္မႈေတြ ႀကဳံေတြ႕ေနရတဲ့ အေၾကာင္းကို ေျပာျပပါမယ္။ ဒီအေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၱာထြန္းက တင္ျပေပးပါမယ္။

COVID-19 ေရာဂါကူးစက္ခံထားရတဲ့ လူနာေတြကို ျပဳစုကုသေပးေနရတဲ့ က်န္းမာေရး ဝန္ထမ္းေတြအေနနဲ႔ ေရာဂါကူးစက္ခံရႏိုင္ေခ် ပိုမ်ားတာေၾကာင့္ သူတို႔မွာ စိတ္ဖိအားေတြ မ်ားလာတယ္လို႔ က်န္းမာေရးဝန္ထမ္းေတြ ကိုယ္တိုင္ ဗြီအိုေအကို ေျပာျပပါတယ္။

က်န္းမာေရးဝန္ထမ္းေတြ ႀကဳံေတြ႕ရတဲ့အေျခအေနနဲ႔ ပတ္သက္လို႔ အလုပ္သမားေဆး႐ုံက ေဆး႐ုံအုပ္ႀကီး ေဒါက္တာ တင္မင္းထြန္းက VOA ကို ခုလိုေျပာပါတယ္။

“အဓိကကေတာ့ သူတို႔မွာ ဒီစိတ္ပိုင္းဆိုင္ရာေပါ့။ စိတ္ပိုင္းဆိုင္ရာမွာဆိုရင္ သူတို႔အေနနဲ႔ ခန႔္မသင့္လို႔မ်ား ကူးသြားမလားေပါ့ေနာ္။ ဒါတစ္ခ်က္ေပါ့။ ေနာက္စိတ္ဖိစီးမႈ မ်ားတာေပါ့၊ ဒီ ကိုယ့္ကို အခ်ိန္မေ႐ြး ကူးလာႏိုင္တဲ့ လူနာေတြနဲ႔ ထိေတြ႕ေနရတဲ့အခါက်ေတာ့ စိတ္ဖိစီးမႈမ်ားတာေပါ့၊ ေနာက္တခုက သူတို႔ဆီကေန တဆင့္ထပ္ၿပီး သူတို႔မိသားစုကို ျပန္ကူးမွာကို စိတ္ပူၾကတာေပါ့။ အဲ့တာေတြပါပဲ အဓိကကေတာ့ေလ။”

က်န္းမာေရးဝန္ထမ္းေတြအေနနဲ႔ ေရာဂါပိုးကူးစက္တာကေန ကာကြယ္ႏိုင္ဖို႔ ဝတ္ရတဲ့ ဝတ္စုံေတြေၾကာင့္လည္း စိတ္ဖိစီးမႈေတြ ရွိလာၾကတယ္လို႔ ဆိုပါတယ္။

လုပ္ငန္းခြင္အတြင္း အဆင္မေျပမႈေတြ၊ ဖိအားမ်ားတာေတြေၾကာင့္ ဒီလို ကာလမွာ က်န္းမာေရးဝန္ထမ္းေတြ အေနနဲ႔ စိတ္ဓာတ္က်လာေတြ ရွိလာႏိုင္တဲ့အတြက္ လုပ္ငန္းခြင္အတြင္း ေပ်ာ္႐ႊင္ေအာင္ စိတ္ပိုင္းဆိုင္ရာ ျမႇင့္တင္ေရးေတြ လုပ္ေပးသင့္တယ္လို႔ အေထြေထြေရာဂါ အထူကုဆရာဝန္ႀကီး Dr. မိုးေအာင္ေက်ာ္ႏိုင္က ေျပာပါတယ္။

“စိတ္ဓာတ္က်တဲ့ အပိုင္းေလးေတြ ရွိလာႏိုင္တယ္။ ဘယ္လိုလူေတြမွာ ရွိလာႏိုင္လဲဆိုေတာ့ ကိုယ့္ရဲ႕ လုပ္ငန္းခြင္မွာ အဆင္မေျပတာေတြ ႀကဳံလာတဲ့အခါမွာေပါ့၊ ခါတိုင္းႀကဳံေနတာထက္ ခုလက္ရွိ အသက္အႏၲရာယ္ ၿခိမ္းေျခာက္ေနတဲ့ ေရာဂါနဲ႔ ရင္ဆိုင္ေနရတဲ့ အခ်ိန္မွာ အဆင္မေျပမႈေတြနဲ႔ မ်ားလာရင္ သူတို႔ကိုယ္၌မွာလည္း စိတ္ဓာတ္က်တာေတြျဖစ္လာႏိုင္တယ္ေပါ့ေနာ္။ စိတ္ဓာတ္က်ျခင္း မျဖစ္ေအာင္ေတာ့ motivation လို႔ေခၚတာေပါ့ ကိုယ့္ရဲ႕ လုပ္ငန္းေတြမွာ ေပ်ာ္ပိုက္လာေအာင္ ကိုယ့္ရဲ႕ ပတ္ဝန္းက်င္ အသိုင္းအဝန္းကေနတစ္ဆင့္ တစ္ေယာက္နဲ႔ တစ္ေယာက္ကို ေဖးမကူညီ စိတ္ဓာတ္ျမႇင့္တင္တဲ့ ကိစၥေလးေတြလိုတယ္။ ေနာက္အထူးသျဖင့္ အထက္ဌာနပိုင္းဆိုင္ရာေတြက ပိုၿပီးေတာ့ လိုတယ္။ အခုလည္း ဆရာတို႔အေနနဲ႔ ဒီက်န္းမာေရးဝန္ထမ္းေတြကို စိတ္ပိုင္းဆိုင္ရာ ျမႇင့္တင္ေရး လူတန္းစားေပါင္းစုံကေန ေဆာင္႐ြက္ေနတာကိုလည္း ေတြ႕ရတယ္ေပါ့ေနာ္။ ဒါေလးေတြက သူတို႔ရဲ႕ စိတ္ပိုင္းဆိုင္ရာ ထိခိုက္မႈေလးေတြကို ကာကြယ္ႏိုင္တဲ့ အထဲမွာပါတယ္၊ ကုစားေပးႏိုင္တဲ့ ေကာင္းမြန္တဲ့လုပ္ရပ္ တစ္ခု ျဖစ္တယ္ေပါ့ေနာ္။”

ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres ကလည္း ကိုဗစ္ ကပ္ေရာဂါကာလအတြင္း က်န္းမာေရးဝန္ထမ္းေတြ၊ စိတ္ေရာဂါအခံရွိသူေတြ၊ ကပ္ေရာဂါႀကီးကို လက္ေတြ႕ရင္ဆိုင္ေနၾကရသူေတြရဲ႕ စိတ္က်န္းမာေရးအတြက္ အင္မတန္ စိုးရိမ္စရာျဖစ္ေနတဲ့အတြက္ ဒီအေျခအေနကို အစိုးရေတြအေနနဲ႔ အာ႐ုံစိုက္ၾကဖို႔ကို တိုက္တြန္းထားပါတယ္။

ဒီကိစၥကို ျပႆနာ တရပ္လို သေဘာထားၿပီး ကိုင္တြယ္ေျဖရွင္းၾကဖို႔ အစိုးရေတြ လူထုအေျချပဳအဖြဲ႕ေတြနဲ႔ က်န္မာေရးအာဏာပိုင္ေတြကို ကုလအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က တိုက္တြန္းခဲ့တာျဖစ္ပါတယ္ရွင္။

အိမ့္သႏၲာထြန္း  / ဗြီအိုေအ (ျမန္မာပုိင္း)
---------------------------------------
[Unicode Version]

COVID-19 ထိပ်တိုက်ရင်ဆိုင်ရတဲ့ မြန်မာဆေးဘက်ဝန်ထမ်းတွေ စိတ်ဖိစီးမှု ခံစားကြရ

COVID-19 ကပ်ရောဂါကြီးကြောင့် ကပ်ရောဂါတိုက်ဖျက်ရေးရှေ့တန်းက ဆောင်ရွက်နေကြတဲ့ မြန်မာ့ကျန်းမာရေးဝန်ထမ်းတွေမှာ စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုတွေ ကြုံတွေ့နေရတဲ့ အကြောင်းကို ပြောပြပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက တင်ပြပေးပါမယ်။

COVID-19 ရောဂါကူးစက်ခံထားရတဲ့ လူနာတွေကို ပြုစုကုသပေးနေရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့ ရောဂါကူးစက်ခံရနိုင်ချေ ပိုများတာကြောင့် သူတို့မှာ စိတ်ဖိအားတွေ များလာတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေ ကိုယ်တိုင် ဗွီအိုအေကို ပြောပြပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေ ကြုံတွေ့ရတဲ့အခြေအနေနဲ့ ပတ်သက်လို့ အလုပ်သမားဆေးရုံက ဆေးရုံအုပ်ကြီး ဒေါက်တာ တင်မင်းထွန်းက VOA ကို ခုလိုပြောပါတယ်။

“အဓိကကတော့ သူတို့မှာ ဒီစိတ်ပိုင်းဆိုင်ရာပေါ့။ စိတ်ပိုင်းဆိုင်ရာမှာဆိုရင် သူတို့အနေနဲ့ ခန့်မသင့်လို့များ ကူးသွားမလားပေါ့နော်။ ဒါတစ်ချက်ပေါ့။ နောက်စိတ်ဖိစီးမှု များတာပေါ့၊ ဒီ ကိုယ့်ကို အချိန်မရွေး ကူးလာနိုင်တဲ့ လူနာတွေနဲ့ ထိတွေ့နေရတဲ့အခါကျတော့ စိတ်ဖိစီးမှုများတာပေါ့၊ နောက်တခုက သူတို့ဆီကနေ တဆင့်ထပ်ပြီး သူတို့မိသားစုကို ပြန်ကူးမှာကို စိတ်ပူကြတာပေါ့။ အဲ့တာတွေပါပဲ အဓိကကတော့လေ။”

ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ရောဂါပိုးကူးစက်တာကနေ ကာကွယ်နိုင်ဖို့ ဝတ်ရတဲ့ ဝတ်စုံတွေကြောင့်လည်း စိတ်ဖိစီးမှုတွေ ရှိလာကြတယ်လို့ ဆိုပါတယ်။

လုပ်ငန်းခွင်အတွင်း အဆင်မပြေမှုတွေ၊ ဖိအားများတာတွေကြောင့် ဒီလို ကာလမှာ ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့ စိတ်ဓာတ်ကျလာတွေ ရှိလာနိုင်တဲ့အတွက် လုပ်ငန်းခွင်အတွင်း ပျော်ရွှင်အောင် စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ရေးတွေ လုပ်ပေးသင့်တယ်လို့ အထွေထွေရောဂါ အထူကုဆရာဝန်ကြီး Dr. မိုးအောင်ကျော်နိုင်က ပြောပါတယ်။

“စိတ်ဓာတ်ကျတဲ့ အပိုင်းလေးတွေ ရှိလာနိုင်တယ်။ ဘယ်လိုလူတွေမှာ ရှိလာနိုင်လဲဆိုတော့ ကိုယ့်ရဲ့ လုပ်ငန်းခွင်မှာ အဆင်မပြေတာတွေ ကြုံလာတဲ့အခါမှာပေါ့၊ ခါတိုင်းကြုံနေတာထက် ခုလက်ရှိ အသက်အန္တရာယ် ခြိမ်းခြောက်နေတဲ့ ရောဂါနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ အဆင်မပြေမှုတွေနဲ့ များလာရင် သူတို့ကိုယ်၌မှာလည်း စိတ်ဓာတ်ကျတာတွေဖြစ်လာနိုင်တယ်ပေါ့နော်။ စိတ်ဓာတ်ကျခြင်း မဖြစ်အောင်တော့ motivation လို့ခေါ်တာပေါ့ ကိုယ့်ရဲ့ လုပ်ငန်းတွေမှာ ပျော်ပိုက်လာအောင် ကိုယ့်ရဲ့ ပတ်ဝန်းကျင် အသိုင်းအဝန်းကနေတစ်ဆင့် တစ်ယောက်နဲ့ တစ်ယောက်ကို ဖေးမကူညီ စိတ်ဓာတ်မြှင့်တင်တဲ့ ကိစ္စလေးတွေလိုတယ်။ နောက်အထူးသဖြင့် အထက်ဌာနပိုင်းဆိုင်ရာတွေက ပိုပြီးတော့ လိုတယ်။ အခုလည်း ဆရာတို့အနေနဲ့ ဒီကျန်းမာရေးဝန်ထမ်းတွေကို စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ရေး လူတန်းစားပေါင်းစုံကနေ ဆောင်ရွက်နေတာကိုလည်း တွေ့ရတယ်ပေါ့နော်။ ဒါလေးတွေက သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုလေးတွေကို ကာကွယ်နိုင်တဲ့ အထဲမှာပါတယ်၊ ကုစားပေးနိုင်တဲ့ ကောင်းမွန်တဲ့လုပ်ရပ် တစ်ခု ဖြစ်တယ်ပေါ့နော်။”

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကလည်း ကိုဗစ် ကပ်ရောဂါကာလအတွင်း ကျန်းမာရေးဝန်ထမ်းတွေ၊ စိတ်ရောဂါအခံရှိသူတွေ၊ ကပ်ရောဂါကြီးကို လက်တွေ့ရင်ဆိုင်နေကြရသူတွေရဲ့ စိတ်ကျန်းမာရေးအတွက် အင်မတန် စိုးရိမ်စရာဖြစ်နေတဲ့အတွက် ဒီအခြေအနေကို အစိုးရတွေအနေနဲ့ အာရုံစိုက်ကြဖို့ကို တိုက်တွန်းထားပါတယ်။

ဒီကိစ္စကို ပြဿနာ တရပ်လို သဘောထားပြီး ကိုင်တွယ်ဖြေရှင်းကြဖို့ အစိုးရတွေ လူထုအခြေပြုအဖွဲ့တွေနဲ့ ကျန်မာရေးအာဏာပိုင်တွေကို ကုလအတွင်းရေးမှူးချုပ် Antonio Guterres က တိုက်တွန်းခဲ့တာဖြစ်ပါတယ်ရှင်။

အိမ့်သန္တာထွန်း  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-myanmar-health-worker/5421110.html
COVID-19 ထိပ္တိုက္ရင္ဆိုင္ရတဲ့ ျမန္မာေဆးဘက္ဝန္ထမ္းေတြ စိတ္ဖိစီးမႈ ခံစားၾကရ COVID-19 ထိပ္တိုက္ရင္ဆိုင္ရတဲ့ ျမန္မာေဆးဘက္ဝန္ထမ္းေတြ စိတ္ဖိစီးမႈ ခံစားၾကရ Reviewed by THITHTOOLWIN on 21:44 Rating: 5
Powered by Blogger.